ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×






















ကားရုိက္ေတြ ေလွ်ာ့ခ်င္ေနၿပီ။
သရုပ္ေဆာင္မုိးေဟကုိ တစ္ေယာက္ အသက္ ၃၀ ေက်ာ္လာတာနဲ႔ အမွ် ဇာတ္ကားရုိက္ကူးေရးေတြလည္း သိပ္မလုပ္ခ်င္ ေတာ့ ဘူးလုိ႔ ဆုိပါတယ္။ သူ႔အေနနဲ႔ ကုိယ္ပုိင္စီးပြားေရးေတြကုိလည္း ဦးေဆာင္ေနရသလုိ မိခင္ကုိလည္း ျပဳစုေနရတာ ျဖစ္တဲ့ အတြက္ အႏုပညာအလုပ္ေတြ သိပ္မလုပ္ျဖစ္တာလုိ႔ ေျပာပါတယ္။

သရုပ္ေဆာင္မုိးေဟကုိ  က ဇာတ္ကားရုိက္ကူးမႈေတြနဲ႔ ပတ္သက္ၿပီး လႈပ္ရွားမႈ သိပ္မရွိေတာ့ပါဘူး။ မိခင္ရဲ႕ က်န္းမာေရးကုိ ျပဳစုေနရတာ ေၾကာင့္လည္း အႏုပညာအလုပ္ေတြ သိပ္မလုပ္ျဖစ္တာလုိ႔ သိရပါတယ္။ မုိးေဟကုိရဲ႕ အသက္ ၃၀ ေက်ာ္အရြယ္ စိတ္ခံစားခ်က္ကုိလည္း မီဒီယာေတြကေနတဆင့္ ေျပာျပလာပါတယ္။





































'' အသက္ ၃၀ ေက်ာ္ၿပီဆုိေတာ့ ကားရုိက္ေတြလည္း ေလွ်ာ့ခ်င္ေနၿပီ မရုိက္ခ်င္ေတာ့ဘူး။ အသက္ ၂၀ ေက်ာ္မွာ ကိုယ္ဘယ္လုိ ေနခ်င္တယ္၊ အသက္ ၃၀ ေက်ာ္မွာ ကုိယ္ဘယ္လုိ ေနခ်င္တယ္ ဆုိတာေတြဟာ ကုိယ့္ရဲ႕ ေရြးခ်ယ္မႈလုိ႔ပဲ ထင္ပါတယ္။ ကုိယ့္ရဲ႕ စီမံခန္႔ခြဲမႈ၊ ကုိယ့္ရဲ႕ Plan ေပၚမွာပဲ မူတည္ပါတယ္'' လို႔ဆုိပါတယ္။

ဇာတ္ကားရုိက္ကူးေရးေတြ သိပ္မရွိေတာ့တဲ့ မုိးေဟကုိ ဟာ ဒီေန႔အခ်ိန္ထိ ပရိသတ္အခုိင္အမာနဲ႔ ရပ္တည္ေနဆဲျဖစ္တဲ့ အႏုပညာရွင္ တစ္ ေယာက္ ျဖစ္ပါတယ္။ သူဟာ တစ္ေန႔ထက္ တစ္ေန႔ ပုိၿပီး လွပလာရတဲ့ လွ်ဳိ႕ဝွက္ခ်က္ကုိေမးၾကည့္လုိက္တဲ့အခါမွာေတာ့ သေဘာက် ရယ္ေမာ ရင္း ျပန္လည္ ေျဖဆုိခဲ့ပါတယ္။





































'' ခ်စ္လုိ႔ လွေနတာပဲ ေနမွာပါ။ အမွန္ေတာ့ မလွပါဘူး။ မုိး ရုိက္သည္ျဖစ္ေစ ၊ မရုိက္သည္ျဖစ္ေစ မုိးပရိသတ္ေတြက ခ်စ္ခင္ၿပီး မုိးကုိ ေစာင့္ ဆုိင္းေပးတဲ့အတြက္ အမ်ားႀကီးေက်းဇူးတင္ပါတယ္လုိ႔ ေျပာခ်င္ပါတယ္'' ဆုိၿပီးေတာ့ စက္တင္ဘာလ ၁၃ ရက္ေန႔ ညက ျပဳလုပ္တဲ့ ၂၄ နာရီ ၁ ခ်စ္ဆုိတဲ့ ရုပ္ရွင္အထူးျပပြဲမွာ မီဒီယာေတြကုိေျပာျပခဲ့ပါတယ္။

 အႏုပညာအလုပ္ဘက္ကုိ ဦးစားမေပးျဖစ္ေတာ့တဲ့ မုိးေဟကုိက ကုိယ္ပုိင္စီးပြားေရးျဖစ္တဲ့ မိုးရုပ္ရွင္ထုတ္လုပ္ေရးနဲ႔အတူ ပုိးထည္ဆုိင္ေတြ ကုိလည္း ဦးေဆာင္ေနတာျဖစ္ပါတယ္။ မုိးရုပ္ရွင္ထုတ္လုပ္ေရးကေန ေရွ႕ဆက္ ေဆာင္ရြက္သြားမယ့္ အေၾကာင္းအရာေတြကုိလည္း ဆက္လက္ ေျပာျပလာပါတယ္။

'' မုိးရုပ္ရွင္ထုတ္လုပ္ေရးအေနနဲ႔ေတာ့ ဒီႏွစ္ထဲမွာ ရုံတင္တဲ့ ဇာတ္ကားေလးေတြရွိပါတယ္။ ပရိသတ္ေတြအားေပးၾကပါဦးလုိ႔လည္း ေျပာခ်င္ ပါတယ္ရွင္။ရုိက္ဖုိ႔ေရြးထားတဲ့ ဇာတ္လမ္းေတြဆုိရင္လည္း ၂၀၁၉ ခုႏွစ္ထဲမွာ ရုိက္ဖုိ႔ ျပင္ဆင္ထားပါတယ္။ အနားနီးရင္ေတာ့ အားလုံးကုိ ျပန္ ေၾကာ္ျငာေပးပါ့မယ္'' လုိ႔ သူကဆုိပါတယ္။

မုိးရုပ္ရွင္ထုတ္လုပ္ေရးအေနနဲ႔ ခုိးဆုိးလုႏႈိက္ရုပ္ရွင္ဇာတ္ကားႀကီးကစၿပီး ရုပ္ရွင္ဇာတ္ကားလည္းေအာင္ျမင္ခဲ့သလုိ ထုတ္လုပ္ေရးအေနနဲ႔ ကလည္း နာမည္ရ ရွိခဲ့တဲ့ ပထမဆုံးရုပ္ရွင္ဇာတ္ကားျဖစ္ပါတယ္။ ဒုတိယေျမာက္ရုပ္ရွင္ဇာတ္ကားႀကီးျဖစ္တဲ့ ေတာက်ီးကန္း(သုိ႔မဟုတ္) ခုိးဆုိးလုႏႈိက္ ၂ ရုပ္ရွင္ဇာတ္ကားကုိလည္း ဒီဇင္ဘာလ ၂၂ ရက္ေန႔မွာ ရုံတင္ျပသသြားမယ္လုိ႔ သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
 ကားရိုက်တွေ လျှော့ချင်နေပြီ။
သရုပ်ဆောင်မိုးဟေကို တစ်ယောက် အသက် ၃၀ ကျော်လာတာနဲ့ အမျှ ဇာတ်ကားရိုက်ကူးရေးတွေလည်း သိပ်မလုပ်ချင် တော့ ဘူးလို့ ဆိုပါတယ်။ သူ့အနေနဲ့ ကိုယ်ပိုင်စီးပွားရေးတွေကိုလည်း ဦးဆောင်နေရသလို မိခင်ကိုလည်း ပြုစုနေရတာ ဖြစ်တဲ့ အတွက် အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တာလို့ ပြောပါတယ်။

သရုပ်ဆောင်မိုးဟေကို  က ဇာတ်ကားရိုက်ကူးမှုတွေနဲ့ ပတ်သက်ပြီး လှုပ်ရှားမှု သိပ်မရှိတော့ပါဘူး။ မိခင်ရဲ့ ကျန်းမာရေးကို ပြုစုနေရတာ ကြောင့်လည်း အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တာလို့ သိရပါတယ်။ မိုးဟေကိုရဲ့ အသက် ၃၀ ကျော်အရွယ် စိတ်ခံစားချက်ကိုလည်း မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

'' အသက် ၃၀ ကျော်ပြီဆိုတော့ ကားရိုက်တွေလည်း လျှော့ချင်နေပြီ မရိုက်ချင်တော့ဘူး။ အသက် ၂၀ ကျော်မှာ ကိုယ်ဘယ်လို နေချင်တယ်၊ အသက် ၃၀ ကျော်မှာ ကိုယ်ဘယ်လို နေချင်တယ် ဆိုတာတွေဟာ ကိုယ့်ရဲ့ ရွေးချယ်မှုလို့ပဲ ထင်ပါတယ်။ ကိုယ့်ရဲ့ စီမံခန့်ခွဲမှု၊ ကိုယ့်ရဲ့ Plan ပေါ်မှာပဲ မူတည်ပါတယ်'' လို့ဆိုပါတယ်။

ဇာတ်ကားရိုက်ကူးရေးတွေ သိပ်မရှိတော့တဲ့ မိုးဟေကို ဟာ ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေဆဲဖြစ်တဲ့ အနုပညာရှင် တစ် ယောက် ဖြစ်ပါတယ်။ သူဟာ တစ်နေ့ထက် တစ်နေ့ ပိုပြီး လှပလာရတဲ့ လျှို့ဝှက်ချက်ကိုမေးကြည့်လိုက်တဲ့အခါမှာတော့ သဘောကျ ရယ်မော ရင်း ပြန်လည် ဖြေဆိုခဲ့ပါတယ်။

'' ချစ်လို့ လှနေတာပဲ နေမှာပါ။ အမှန်တော့ မလှပါဘူး။ မိုး ရိုက်သည်ဖြစ်စေ ၊ မရိုက်သည်ဖြစ်စေ မိုးပရိသတ်တွေက ချစ်ခင်ပြီး မိုးကို စောင့် ဆိုင်းပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်'' ဆိုပြီးတော့ စက်တင်ဘာလ ၁၃ ရက်နေ့ ညက ပြုလုပ်တဲ့ ၂၄ နာရီ ၁ ချစ်ဆိုတဲ့ ရုပ်ရှင်အထူးပြပွဲမှာ မီဒီယာတွေကိုပြောပြခဲ့ပါတယ်။

 အနုပညာအလုပ်ဘက်ကို ဦးစားမပေးဖြစ်တော့တဲ့ မိုးဟေကိုက ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးနဲ့အတူ ပိုးထည်ဆိုင်တွေ ကိုလည်း ဦးဆောင်နေတာဖြစ်ပါတယ်။ မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ ရှေ့ဆက် ဆောင်ရွက်သွားမယ့် အကြောင်းအရာတွေကိုလည်း ဆက်လက် ပြောပြလာပါတယ်။

'' မိုးရုပ်ရှင်ထုတ်လုပ်ရေးအနေနဲ့တော့ ဒီနှစ်ထဲမှာ ရုံတင်တဲ့ ဇာတ်ကားလေးတွေရှိပါတယ်။ ပရိသတ်တွေအားပေးကြပါဦးလို့လည်း ပြောချင် ပါတယ်ရှင်။ရိုက်ဖို့ရွေးထားတဲ့ ဇာတ်လမ်းတွေဆိုရင်လည်း ၂၀၁၉ ခုနှစ်ထဲမှာ ရိုက်ဖို့ ပြင်ဆင်ထားပါတယ်။ အနားနီးရင်တော့ အားလုံးကို ပြန် ကြော်ငြာပေးပါ့မယ်'' လို့ သူကဆိုပါတယ်။

မိုးရုပ်ရှင်ထုတ်လုပ်ရေးအနေနဲ့ ခိုးဆိုးလုနှိုက်ရုပ်ရှင်ဇာတ်ကားကြီးကစပြီး ရုပ်ရှင်ဇာတ်ကားလည်းအောင်မြင်ခဲ့သလို ထုတ်လုပ်ရေးအနေနဲ့ ကလည်း နာမည်ရ ရှိခဲ့တဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ တောကျီးကန်း(သို့မဟုတ်) ခိုးဆိုးလုနှိုက် ၂ ရုပ်ရှင်ဇာတ်ကားကိုလည်း ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top