ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

မေန႔ည (၂၄/၀၉/၂၀၁၈ ) က ဖြင့္လွစ္တဲ့ စင္ကာပူထီ TOTO ေဒၚလာ ၈ သန္းဆု ရဲ႕ ဒုတိယဆု ( Group 2 price ေဒၚလာ ၇ သိန္းခြဲနီးပါး) ကို စင္ကာပူ ေရာက္ျမန္မာ အလုပ္သမား ၂ ဦး ဆြတ္ခူး ရရွိသြားပါတယ္

စင္ကာပူ ရဲ႕ တစ္ပတ္ ၂ ႀကိမ္ဖြင့္ တဲ့ နာမည္ႀကီး ထီ အမ်ဳိး အစားျဖစ္တဲ့ TOTO ထီ ပထမဆု ေဒၚလာ ၈ သန္း ကို မေန႔ည က ျမန္မာ အခ်ိန္ ၈ နာရီ မွာ ဖြင့္လွစ္ခဲ့ရာ စင္ကာပူ ႏိုင္ငံ Serangoon အရပ္မွာရွိတဲ့ ဓါတ္ေလွခါး စက္ေလွခါး ျပင္ဆင္ေရး ကုမၼဏီ တစ္ခုမွာ အလုပ္ လုပ္ကိုင္ေနတဲ့ ျမန္မာ အလုပ္သမား ၂ ဦး ဒုတိယ ဆု ဆြတ္ ခူးရရွိသြား တဲ့ အတြက္ ၂ ဦး ေပါင္း ေဒၚလာ ၇ သိန္း ခြဲ နီးပါး ရရွိသြားခဲ့ပါတယ္

ထူးျခားတဲ့ကံတရား

အဆိုပါ အလုပ္သမား ၂ ဦးဟာ မေန႔က စင္ကာပူ ခ်န္ဂီေလဆိပ္ရွိ ပေရာဂ်က္မွာ အလုပ္လုပ္ကိုင္ေနရင္း ညေနပိုင္း အလုပ္နားခ်ိန္ စင္ကာပူ ထီ TOTO ကို တစ္ဦး မွ တစ္ေဒၚလာ တစ္ဦးမွ ႏွစ္ေဒၚလာ စုစုေပါင္း ၃ ေဒၚလာျဖင့္ ထူးထူးျခားျခား အလုပ္တူ အိႏၵိယ အလုပ္သမားေလးကို ထိုးခိုင္း ရာမွ ခုလို ဒုတိယဆု ဆြတ္ခူးရရွိခဲ့တာျဖစ္ၿပီး အခ်ဳိးက် ခြဲတန္းအရ ၂ ေဒၚလာသမားက ေဒၚလာ ၅ သိန္း နီးပါး နဲ႔ ၁ ေဒၚလာသမားက ေဒၚလာ ၂ သိန္းခြဲ နီးပါး ရရွိမွာျဖစ္ပါတယ္ ။

သားေလး ေမြးတာ မၾကာေသးတဲ့ အသက္ ၄၈ ႏွစ္အရြယ္ ကံထူးရွင္ အလုပ္သမား ဟာ ေဗဒင္ ဝါသနာယုံၾကည္သူ တစ္ဦးျဖစ္ၿပီး သူနဲ႔ အတူ ေပါက္ မဲ့သူ အသက္ ၄၀ အရြယ္ လုပ္ေဖၚ ကိုင္ဖက္အား ” တနလၤာ သား ေတြ ကံထူး မယ္ ထီေပါက္ကိန္း ရွိတယ္ အဲ ဒီေတာ့ မင္း က တနလၤာသား မင္းနဲ႔ ငါ ကံစပ္ ၾကမယ္ မင္းမွာ အေႂကြ ဘယ္ေလာက္ရွိလဲ ငါ့မွာ ၁ ေဒၚလာ ရွိတယ္ စပ္ထိုးၾကမယ္ ေဟ့ ” ဆိုၿပီး ၾကားက ေဝဆု ၂ ဆု ရမဲ့ အသက္ ၄၀ အရြယ္ ျမန္မာအလုပ္သမား က ၂ ေဒၚလာ စုစုေပါင္း ၃ ေဒၚလာ ကို အႏၵိယ အလုပ္သမား အား ေပးလိုက္ၿပီး ထိုးခိုင္း လိုက္ရာ မွာ အခုလို ဒုတိယ ဆု တစ္ဆု ( ေဒၚ လာ ၇ သိန္း ခြဲ ကို ေဝဆု အခ်ဳိးအစား ၂ ခ်ဳိး ၁ ခ်ဳိး ခြဲေဝရရွိၾကမွာ ျဖစ္ပါတယ္) ။

မေန႔ညက စင္ကာပူ ထီ ပထမဆု ေဒၚလာ ၈ သန္း ဟာ ပထမဆု ဆြတ္ခူး မဲ့ သူ ေပၚထြက္မလာတဲ့ အတြက္ေၾကာင့္ ဒုတိယ ဆုျဖစ္တဲ့ Group 2 ဆု ေပါက္သူ ၁၃ ဦး အား ဆုေၾကးေငြ ေဒၚလာ ၇ သိန္းခြဲနီးပါး စီ ထုတ္ေပးလိုက္တာ ၿဖစ္ၿပီး ျမန္မာအလုပ္သမား ၂ ဦးဟာ အဆိုပါ ၁၃ဆု ထဲ မွ ၁ ဆု ကို ဆြတ္ခူးရရွိခဲ့တာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေလာင္အင္း ( ေခတၱ စင္ကာပူ)
#Unicode Version#
မနေ့ည (၂၄/၀၉/၂၀၁၈ ) က ဖွင့်လှစ်တဲ့ စင်ကာပူထီ TOTO ဒေါ်လာ ၈ သန်းဆု ရဲ့ ဒုတိယဆု ( Group 2 price ဒေါ်လာ ၇ သိန်းခွဲနီးပါး) ကို စင်ကာပူ ရောက်မြန်မာ အလုပ်သမား ၂ ဦး ဆွတ်ခူး ရရှိသွားပါတယ်

စင်ကာပူ ရဲ့ တစ်ပတ် ၂ ကြိမ်ဖွင့် တဲ့ နာမည်ကြီး ထီ အမျိုး အစားဖြစ်တဲ့ TOTO ထီ ပထမဆု ဒေါ်လာ ၈ သန်း ကို မနေ့ည က မြန်မာ အချိန် ၈ နာရီ မှာ ဖွင့်လှစ်ခဲ့ရာ စင်ကာပူ နိုင်ငံ Serangoon အရပ်မှာရှိတဲ့ ဓါတ်လှေခါး စက်လှေခါး ပြင်ဆင်ရေး ကုမ္မဏီ တစ်ခုမှာ အလုပ် လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမား ၂ ဦး ဒုတိယ ဆု ဆွတ် ခူးရရှိသွား တဲ့ အတွက် ၂ ဦး ပေါင်း ဒေါ်လာ ၇ သိန်း ခွဲ နီးပါး ရရှိသွားခဲ့ပါတယ်

ထူးခြားတဲ့ကံတရား

အဆိုပါ အလုပ်သမား ၂ ဦးဟာ မနေ့က စင်ကာပူ ချန်ဂီလေဆိပ်ရှိ ပရောဂျက်မှာ အလုပ်လုပ်ကိုင်နေရင်း ညနေပိုင်း အလုပ်နားချိန် စင်ကာပူ ထီ TOTO ကို တစ်ဦး မှ တစ်ဒေါ်လာ တစ်ဦးမှ နှစ်ဒေါ်လာ စုစုပေါင်း ၃ ဒေါ်လာဖြင့် ထူးထူးခြားခြား အလုပ်တူ အိန္ဒိယ အလုပ်သမားလေးကို ထိုးခိုင်း ရာမှ ခုလို ဒုတိယဆု ဆွတ်ခူးရရှိခဲ့တာဖြစ်ပြီး အချိုးကျ ခွဲတန်းအရ ၂ ဒေါ်လာသမားက ဒေါ်လာ ၅ သိန်း နီးပါး နဲ့ ၁ ဒေါ်လာသမားက ဒေါ်လာ ၂ သိန်းခွဲ နီးပါး ရရှိမှာဖြစ်ပါတယ် ။

သားလေး မွေးတာ မကြာသေးတဲ့ အသက် ၄၈ နှစ်အရွယ် ကံထူးရှင် အလုပ်သမား ဟာ ဗေဒင် ဝါသနာယုံကြည်သူ တစ်ဦးဖြစ်ပြီး သူနဲ့ အတူ ပေါက် မဲ့သူ အသက် ၄၀ အရွယ် လုပ်ဖေါ် ကိုင်ဖက်အား ” တနင်္လာ သား တွေ ကံထူး မယ် ထီပေါက်ကိန်း ရှိတယ် အဲ ဒီတော့ မင်း က တနင်္လာသား မင်းနဲ့ ငါ ကံစပ် ကြမယ် မင်းမှာ အကြွေ ဘယ်လောက်ရှိလဲ ငါ့မှာ ၁ ဒေါ်လာ ရှိတယ် စပ်ထိုးကြမယ် ဟေ့ ” ဆိုပြီး ကြားက ဝေဆု ၂ ဆု ရမဲ့ အသက် ၄၀ အရွယ် မြန်မာအလုပ်သမား က ၂ ဒေါ်လာ စုစုပေါင်း ၃ ဒေါ်လာ ကို အန္ဒိယ အလုပ်သမား အား ပေးလိုက်ပြီး ထိုးခိုင်း လိုက်ရာ မှာ အခုလို ဒုတိယ ဆု တစ်ဆု ( ဒေါ် လာ ၇ သိန်း ခွဲ ကို ဝေဆု အချိုးအစား ၂ ချိုး ၁ ချိုး ခွဲဝေရရှိကြမှာ ဖြစ်ပါတယ်) ။

မနေ့ညက စင်ကာပူ ထီ ပထမဆု ဒေါ်လာ ၈ သန်း ဟာ ပထမဆု ဆွတ်ခူး မဲ့ သူ ပေါ်ထွက်မလာတဲ့ အတွက်ကြောင့် ဒုတိယ ဆုဖြစ်တဲ့ Group 2 ဆု ပေါက်သူ ၁၃ ဦး အား ဆုကြေးငွေ ဒေါ်လာ ၇ သိန်းခွဲနီးပါး စီ ထုတ်ပေးလိုက်တာ ဖြစ်ပြီး မြန်မာအလုပ်သမား ၂ ဦးဟာ အဆိုပါ ၁၃ဆု ထဲ မှ ၁ ဆု ကို ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: လောင်အင်း ( ခေတ္တ စင်ကာပူ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top