မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ဝိုင္ႀကိဳက္တဲ့ ကိုကို၊ မမေတြအတြက္ေတာ့ ဝမ္းနည္းစရာပါပဲ။ တစ္ပတ္ကို ဝိုင္ (၁၀) ခြက္နဲ႔အထက္ေသာက္သုံးျခင္းဟာ သင္ေမၽွာ္မွန္းထားတဲ့အသက္ထက္

(၂) ႏွစ္ပိုေစာၿပီး ေသဆုံးေစႏိုင္တယ္လို႔ မွတ္တမ္းတစ္ခုမွာ ေဖာ္ျပထားပါတယ္။ တစ္နည္းအားျဖင့္ "စိတ္ခ်ရတဲ့ပမာဏထက္ ပိုလို႔ေသာက္သုံးမယ္ဆို စီးကရက္လိုမ်ိဳးပဲ တစ္ယူနစ္တိုင္းမွာ သင့္ကိုအသက္ (၁၅) မိနစ္တိုေစႏိုင္ပါတယ္" လို႔ The Daily Telegraph ရဲ႕ သိပၸံပညာရပ္ အယ္ဒီတာ ဆာရာ နတ္ပ္တြန္ (Sarah Knapton) ကဆိုပါတယ္။

Cambridge တကၠသိုလ္နဲ႔ British Heart ေဖာင္ေဒရွင္းတို႔ရဲ႕. သတိေပးခ်က္ေတြကလည္း ထြက္ေပၚလာခဲ့ပါတယ္။ ၎တို႔ရဲ႕ေလ့လာေတြ႕ရွိခ်က္အရ အယ္လ္ကိုေဟာကို တစ္ပတ္ (၁၂.၅) ယူနစ္ တနည္းအားျဖင့့္ ဝိုင္ (၅) ခြက္ႏႈန္း (သို႔) ဘီယာပိုင့္ေတြနဲ႔ေသာက္သင့္တယ္လို႔ Lancet ကေဖာ္ျပထားပါတယ္။ ဒီထက္ပိုေသာက္မယ္ဆိုရင္ေတာ့ အဝလြန္ျခင္း၊ ေသြးေပါင္ခ်ိန္တက္ျခင္း၊ ႏွလုံးနဲ႔ဆိုင္တဲ့ ေရာဂါေတြျဖစ္ၿပီး အသက္အႏၲရာယ္ဆုံး႐ႈံးတဲ့အထိေတာင္ ျဖစ္ႏိုင္တယ္လို႔ The Guardian ကတင္ျပထားပါတယ္။


Cambridge တကၠသိုလ္ရဲ႕ ပါေမာကၡတစ္ဦးျဖစ္သူ ေဒးဗစ္ စပီဂယ္လ္ေဟာကာ (Dvid Spiegelhalter) ဆိုသူက "တစ္ေန႔ (၂) ယူနစ္အထက္ေသာက္မယ္ဆိုရင္ေတာ့ ငယ္ငယ္႐ြယ္႐ြယ္ေသဆုံးႏိုင္ေခ်က တျဖည္းျဖည္းျမင့္တက္လာမွာပဲ" လို႔ေျပာၾကားခဲ့ပါတယ္။ ႏိုင္ငံ (၁၉) ခုမွာရွိတဲ့ အရက္ေသာက္တတ္သူ (၆၀၀,၀၀၀) နီးပါးရဲ႕ က်န္းမားေရးေဆးစစ္ခ်က္ကို ျပဳလုပ္ခဲ့တဲ့ သုေတသနမွာေတာ့ တစ္နည္းအားျဖင့္လည္း အယ္လ္ကိုေဟာေသာက္သုံးျခင္းဟာ သင့္က်န္းမာေရးကို ေကာင္းေစႏိုင္တယ္ဆိုၿပီး ေတြ႕ရွိခဲ့ၾကပါတယ္။

(၂၀၁၆) ခုႏွစ္ရဲ႕ Britain lowered guidelines မွာေတာ့ ေဆးပညာဌာနရဲ႕အႀကီးအကဲမႈးျဖစ္တဲ့ ဒိန္း စေရးလ္ ေဒးဗစ္ (Dame Sally Davies) ဆိုသူက "ေယာက္်ားေလးေရာ၊ မိန္းကေလးေရာ တစ္ပတ္ကို အယ္လ္ကိုေဟာ (၁၄) ယူနစ္ထက္ပိုမေသာက္သင့္ဘူးလို႔ ဆိုပါတယ္။ ဒီေလ့လာေတြ႕ရွိခ်က္က အယ္လ္ကိုေဟာကို ခ်င့္ခ်ိန္ေသာက္သုံးေပးရင္ ႏွလုံးနဲ႔ ႏွလုံးေသြးေၾကာေရာဂါေတြအတြက္ အေထာက္အကူျဖစ္ေစႏိုင္တယ္ဆိုတဲ့ ေတြ႕ရွိထားခ်က္ကို စိန္ေခၚသလိုျဖစ္သြားၿပီလို႔လည္း ဆိုပါတယ္။

မ်ိဳးဆက္သစ္ေတြနဲ႔ ပုံမွန္အရက္နဲ႔မျပတ္သူေတြအတြက္ေတာ့ ဒီအရာဟာ အသက္အႏၲရာယ္ကိုစိုးရိမ္ရၿပီး အသက္တိုေစႏိုင္တာျဖစ္လို႔ ဆင္ျခင္ၾကဖို႔ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။ ဒါဆို ဝိုင္ကမ်ားက်န္းမာေရးအတြက္ ပိုေကာင္းတာလားဆိုၿပီးေမးစရာရွိလာပါတယ္။ BBC Health ရဲ႕ သတင္းေထာက္တစ္ဦးျဖစ္သူ အဲလတ္္စ္ ေတရီယံ (Alex Therrien) က "ေဆးျဖစ္ဝါးျဖစ္ေသာက္သူေတြကေတာ့ ဘယ္လိုမွေသဆုံးႏိုင္ေခ် မျမင့္မားလာပါဘူး" လို႔ဆိုပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ မွတ္တမ္းေတြကေတာ့ အယ္လ္ကိုေဟာကို ခ်င့္ခ်ိန္ေသာက္သုံးတာက က်န္းမားေရးအက်ိဳးေက်းဇူးရွိပါတယ္ဆိုတဲ့ ကၽြန္ေတာ္တို႔ရဲ႕ယုံၾကည္ခ်က္ခ်ဳပ္ကို စိန္ေခၚသြားခဲ့ပါၿပီ။ ေတရီယံကေတာ့ "အယ္လ္ကိုေဟာေသာက္သုံးျခင္းဟာ ေသေစႏိုင္ေလာက္တဲ့ ႏွလုံးေရာဂါကိုေတာင္ ေလ်ာ့ခ်ေပးႏိုင္တဲ့ အစြမ္းရွိပါတယ္" လို႔ဆိုပါတယ္။ ဒါေပမဲ့လည္း ေကာင္းက်ိဳးထက္ ဆိုးကိ္ဳးကပိုမ်ားေနတာမို႔ သိပၸံပညာရွင္ေတြက အဆိုပါအက်ိဳးေက်းဇူးကို ထည့္မစဥ္းစားေနေတာ့ပါဘူး။


အခ်ိဳ႕သိပၸံပညာရွင္ေတြကေတာ့ ၿပီးခဲ့တဲ့ေလ့လာေတြ႕ရွိခ်က္အရ အနီေရာင္ဝိုင္က ကၽြန္ေတာ္တို႔ႏွလုံးစြမ္းေဆာင္ရည္အတြက္ အေထာက္အကူျဖစ္ေစႏိုင္တယ္ဆိုၿပီး ယုံၾကည္ေနၾကတယ္လို႔ ေတရီယံကဆိုပါတယ္။ ေနာက္ထပ္ သုေတသနျပဳခ်က္တစ္ခုမွာဆိုရင္လည္း တစ္ပတ္ သုံးႀကိမ္ကေန ေလးႀကိမ္အတြင္းေသာက္ေပးတာက ဆီးခ်ိဳေရာဂါကို ေလ်ာ့က်ေစႏိုင္ေၾကာင္း ေတြ႕ရွိခဲ့ၾကျပန္ပါတယ္။ ေနာက္ဆုံးသုေတသနျပဳခ်က္ရဲ႕ရလဒ္ကိုေတာ့ ဘယ္သူမွမယုံၾကည္ၾကေသးပါဘူး။ ဒီရလဒ္က မမွန္ကန္တဲ့ ေကာလာဟလတစ္ခုဆိုရင္ေတာ့ လူထုၾကားကေန အျမန္ေပ်ာက္ကြယ္သြားသင့္တယ္လို႔ The Hearlad သတင္းစာမွာေဖာ္ျပထားပါတယ္။

ယခုဆိုရင္ အယ္လ္ကိုေဟာက လူေတာ္ေတာ္မ်ားမ်ားရဲ႕ ေခတ္သစ္စိတ္အပန္းေျဖစရာတစ္ခု ျဖစ္လို႔ေနပါၿပီ။ စိတ္ ဖိစီးမႈေတြမ်ားျပားလွတဲ့ ေလာကႀကီးထဲ ေခ်ာကလတ္တစ္ေတာင့္၊ ဝိုင္တစ္ခြက္နဲ႔ ဘာဂါတစ္လုံးကေနရလိုက္တဲ့ ေလာကစည္းစိမ္ေၾကာင့္ ဘယ္ေလာက္စိတ္သတ္သာရသြားလဲဆိုတာကိုေတာ့ တိုင္းတာရခက္ပါတယ္လို႔ ဆိုပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:yoyarlay
 # Unicode Version ျဖင့္ ဖတ္ပါ #
ဝိုင်ကြိုက်တဲ့ ကိုကို၊ မမတွေအတွက်တော့ ဝမ်းနည်းစရာပါပဲ။ တစ်ပတ်ကို ဝိုင် (၁၀) ခွက်နဲ့အထက်သောက်သုံးခြင်းဟာ သင်မျှော်မှန်းထားတဲ့အသက်ထက်

(၂) နှစ်ပိုစောပြီး သေဆုံးစေနိုင်တယ်လို့ မှတ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။ တစ်နည်းအားဖြင့် "စိတ်ချရတဲ့ပမာဏထက် ပိုလို့သောက်သုံးမယ်ဆို စီးကရက်လိုမျိုးပဲ တစ်ယူနစ်တိုင်းမှာ သင့်ကိုအသက် (၁၅) မိနစ်တိုစေနိုင်ပါတယ်" လို့ The Daily Telegraph ရဲ့ သိပ္ပံပညာရပ် အယ်ဒီတာ ဆာရာ နတ်ပ်တွန် (Sarah Knapton) ကဆိုပါတယ်။

Cambridge တက္ကသိုလ်နဲ့ British Heart ဖောင်ဒေရှင်းတို့ရဲ့. သတိပေးချက်တွေကလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ၎င်းတို့ရဲ့လေ့လာတွေ့ရှိချက်အရ အယ်လ်ကိုဟောကို တစ်ပတ် (၁၂.၅) ယူနစ် တနည်းအားဖြင့် ဝိုင် (၅) ခွက်နှုန်း (သို့) ဘီယာပိုင့်တွေနဲ့သောက်သင့်တယ်လို့ Lancet ကဖော်ပြထားပါတယ်။ ဒီထက်ပိုသောက်မယ်ဆိုရင်တော့ အဝလွန်ခြင်း၊ သွေးပေါင်ချိန်တက်ခြင်း၊ နှလုံးနဲ့ဆိုင်တဲ့ ရောဂါတွေဖြစ်ပြီး အသက်အန္တရာယ်ဆုံးရှုံးတဲ့အထိတောင် ဖြစ်နိုင်တယ်လို့ The Guardian ကတင်ပြထားပါတယ်။

Cambridge တက္ကသိုလ်ရဲ့ ပါမောက္ခတစ်ဦးဖြစ်သူ ဒေးဗစ် စပီဂယ်လ်ဟောကာ (Dvid Spiegelhalter) ဆိုသူက "တစ်နေ့ (၂) ယူနစ်အထက်သောက်မယ်ဆိုရင်တော့ ငယ်ငယ်ရွယ်ရွယ်သေဆုံးနိုင်ချေက တဖြည်းဖြည်းမြင့်တက်လာမှာပဲ" လို့ပြောကြားခဲ့ပါတယ်။ နိုင်ငံ (၁၉) ခုမှာရှိတဲ့ အရက်သောက်တတ်သူ (၆၀၀,၀၀၀) နီးပါးရဲ့ ကျန်းမားရေးဆေးစစ်ချက်ကို ပြုလုပ်ခဲ့တဲ့ သုတေသနမှာတော့ တစ်နည်းအားဖြင့်လည်း အယ်လ်ကိုဟောသောက်သုံးခြင်းဟာ သင့်ကျန်းမာရေးကို ကောင်းစေနိုင်တယ်ဆိုပြီး တွေ့ရှိခဲ့ကြပါတယ်။

(၂၀၁၆) ခုနှစ်ရဲ့ Britain lowered guidelines မှာတော့ ဆေးပညာဌာနရဲ့အကြီးအကဲမှုးဖြစ်တဲ့ ဒိန်း စရေးလ် ဒေးဗစ် (Dame Sally Davies) ဆိုသူက "ယောက်ျားလေးရော၊ မိန်းကလေးရော တစ်ပတ်ကို အယ်လ်ကိုဟော (၁၄) ယူနစ်ထက်ပိုမသောက်သင့်ဘူးလို့ ဆိုပါတယ်။ ဒီလေ့လာတွေ့ရှိချက်က အယ်လ်ကိုဟောကို ချင့်ချိန်သောက်သုံးပေးရင် နှလုံးနဲ့ နှလုံးသွေးကြောရောဂါတွေအတွက် အထောက်အကူဖြစ်စေနိုင်တယ်ဆိုတဲ့ တွေ့ရှိထားချက်ကို စိန်ခေါ်သလိုဖြစ်သွားပြီလို့လည်း ဆိုပါတယ်။

မျိုးဆက်သစ်တွေနဲ့ ပုံမှန်အရက်နဲ့မပြတ်သူတွေအတွက်တော့ ဒီအရာဟာ အသက်အန္တရာယ်ကိုစိုးရိမ်ရပြီး အသက်တိုစေနိုင်တာဖြစ်လို့ ဆင်ခြင်ကြဖို့ထပ်လောင်း ပြောကြားခဲ့ပါတယ်။ ဒါဆို ဝိုင်ကများကျန်းမာရေးအတွက် ပိုကောင်းတာလားဆိုပြီးမေးစရာရှိလာပါတယ်။ BBC Health ရဲ့ သတင်းထောက်တစ်ဦးဖြစ်သူ အဲလတ်စ် တေရီယံ (Alex Therrien) က "ဆေးဖြစ်ဝါးဖြစ်သောက်သူတွေကတော့ ဘယ်လိုမှသေဆုံးနိုင်ချေ မမြင့်မားလာပါဘူး" လို့ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မှတ်တမ်းတွေကတော့ အယ်လ်ကိုဟောကို ချင့်ချိန်သောက်သုံးတာက ကျန်းမားရေးအကျိုးကျေးဇူးရှိပါတယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ယုံကြည်ချက်ချုပ်ကို စိန်ခေါ်သွားခဲ့ပါပြီ။ တေရီယံကတော့ "အယ်လ်ကိုဟောသောက်သုံးခြင်းဟာ သေစေနိုင်လောက်တဲ့ နှလုံးရောဂါကိုတောင် လျော့ချပေးနိုင်တဲ့ အစွမ်းရှိပါတယ်" လို့ဆိုပါတယ်။ ဒါပေမဲ့လည်း ကောင်းကျိုးထက် ဆိုးကိုးကပိုများနေတာမို့ သိပ္ပံပညာရှင်တွေက အဆိုပါအကျိုးကျေးဇူးကို ထည့်မစဉ်းစားနေတော့ပါဘူး။

အချို့သိပ္ပံပညာရှင်တွေကတော့ ပြီးခဲ့တဲ့လေ့လာတွေ့ရှိချက်အရ အနီရောင်ဝိုင်က ကျွန်တော်တို့နှလုံးစွမ်းဆောင်ရည်အတွက် အထောက်အကူဖြစ်စေနိုင်တယ်ဆိုပြီး ယုံကြည်နေကြတယ်လို့ တေရီယံကဆိုပါတယ်။ နောက်ထပ် သုတေသနပြုချက်တစ်ခုမှာဆိုရင်လည်း တစ်ပတ် သုံးကြိမ်ကနေ လေးကြိမ်အတွင်းသောက်ပေးတာက ဆီးချိုရောဂါကို လျော့ကျစေနိုင်ကြောင်း တွေ့ရှိခဲ့ကြပြန်ပါတယ်။ နောက်ဆုံးသုတေသနပြုချက်ရဲ့ရလဒ်ကိုတော့ ဘယ်သူမှမယုံကြည်ကြသေးပါဘူး။ ဒီရလဒ်က မမှန်ကန်တဲ့ ကောလာဟလတစ်ခုဆိုရင်တော့ လူထုကြားကနေ အမြန်ပျောက်ကွယ်သွားသင့်တယ်လို့ The Hearlad သတင်းစာမှာဖော်ပြထားပါတယ်။

ယခုဆိုရင် အယ်လ်ကိုဟောက လူတော်တော်များများရဲ့ ခေတ်သစ်စိတ်အပန်းဖြေစရာတစ်ခု ဖြစ်လို့နေပါပြီ။ စိတ် ဖိစီးမှုတွေများပြားလှတဲ့ လောကကြီးထဲ ချောကလတ်တစ်တောင့်၊ ဝိုင်တစ်ခွက်နဲ့ ဘာဂါတစ်လုံးကနေရလိုက်တဲ့ လောကစည်းစိမ်ကြောင့် ဘယ်လောက်စိတ်သတ်သာရသွားလဲဆိုတာကိုတော့ တိုင်းတာရခက်ပါတယ်လို့ ဆိုပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:yoyarlay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top