ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ဒီျဖစ္ရပ္က ထုိင္းႏုိင္ငံ၊ ပတၱရားၿမိဳ႕မွာ ျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး အသက္ (၂၃)ႏွစ္အရြယ္ နာပါသြန္ ဆုိတဲ့ မိန္းကေလးဟာ သ၀န္တုိတဲ့ ရည္းစားေၾကာင့္ အသက္ဆုံးရႈံးခဲ့ရတာပါ။ နာပါသြန္ဟာ ပတၱရားၿမိဳ႕ရဲ႕ ျပည့္တန္ဆာတစ္ေယာက္အျဖစ္ အသက္ေမြးတာျဖစ္ၿပီး သူ႕မွာ လက္ရွိတြဲေနတဲ့ ခ်စ္သူတစ္ေယာက္ရွိပါတယ္။ ထုိင္းႏုိင္ငံမွာေတာ့ ျပည့္တန္ဆာလုပ္ငန္းေတြဟာ အသက္ေမြး၀မ္းေက်ာင္းတစ္ခုအေနနဲ႔ တရား၀င္လုပ္ေနၾကတာျဖစ္သလုိ အဲဒီမိန္းကေလးေတြရဲ႕ ခ်စ္သူေတြ၊ ပတ္သက္ရာ ပတ္သက္ေၾကာင္းေတြကလည္း သူတုိ႔အလုပ္ကုိ နားလည္ေပးၾကပါတယ္။

နာပါသြန္ရဲ႕ ခ်စ္သူျဖစ္တဲ့ ၀ယ္ေလာ့ပ္ ကလည္း အဲဒီလုိ နားလည္ေပးတဲ့သူေတြထဲမွာ ပါ၀င္သူျဖစ္ၿပီး နာပါသြန္ အဲဒီအလုပ္ကုိ လုပ္ေနမွန္းသိရဲ႕နဲ႔ ခ်စ္သူအျဖစ္ လက္တြဲခဲ့သူပါ။ ဒါေပမယ့္ ၿပီးခဲ့တဲ့ လအတြင္းမွာေတာ့ နာပါသြန္ဟာ နယ္သာလန္လူမ်ိဳးတစ္ေယာက္နဲ႔ ဇာတ္လမ္းေတြျဖစ္ခဲ့ၿပီး အဲဒီလူက နာပါသြန္အတြက္ တစ္လကုိ ေပါင္ (၇၀၀) ပုိ႔ေပးခဲ့ပါတယ္။

အဲဒီအေၾကာင္းကုိသိသြားခဲ့ ၀ယ္ေလာ့ပ္ဟာ နာပါသြန္အေပၚ သ၀န္တုိခဲ့ၿပီး သူမရဲ႕ကားအတြင္းမွာပဲ ဦးေခါင္းကုိ ေသနတ္နဲ႔ (၆)ခ်က္တိတိ ပစ္ခတ္ခဲ့လုိ႔ နာပါသြန္တစ္ေယာက္ အသက္ဆုံးရႈံးသြားခဲ့ရပါတယ္။

တနလၤာေန႔ မနက္ပုိင္းမွာ ျဖစ္ပြားခဲ့တဲ့ ဒီျဖစ္ရပ္က နာခြန္ခရုိင္ထဲမွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ပတၱရားၿမိဳ႕ကေန (၃)နာရီေလာက္ ေမာင္းႏွင္ရတဲ့ေနရာမွာ ျဖစ္ခဲ့တာပါ။ နာပါသြန္ရဲ႕ ကားအသစ္ထဲမွာ က်ည္ဆံအခြံ (၆)ခုနဲ႔အတူ ပစၥတုိေသနတ္တစ္လက္ကုိ ေတြ႕ခဲ့ရၿပီး ယာဥ္ေမာင္းသူခုံမွာ ေသြးေတြနဲ႔ လဲက်ေနတဲ့ နာပါသြန္ကုိ ရဲေတြက ျမင္ေတြ႕ခဲ့ရပါတယ္။

စုံစမ္းမႈေတြ ျပဳလုပ္ၿပီးတဲ့အခ်ိန္မွာေတာ့ ရဲေတြက နာပါသြန္ရဲ႕ ခ်စ္သူ ၀ယ္ေလာ့ပ္ကုိ ဖမ္းဆီးဖုိ႔ ၀ရမ္းထုတ္ခဲ့ၿပီး ပတၱရားၿမိဳ႕ထဲက တည္းခုိခန္းတစ္ခုမွာ ဖမ္းဆီးမိခဲ့တာပါ။

စစ္ေဆးမႈအၿပီးမွာေတာ့ ၀ယ္ေလာ့ပ္ကုိယ္တုိင္က သ၀န္တုိခဲ့တာေၾကာင့္ သတ္ခဲ့တာလုိ႔ ထြက္ဆုိခ်က္ေပးခဲ့ပါတယ္။

သ၀န္တုိမႈဆုိတာ ေယာက်ၤားေတြအတြက္ပဲျဖစ္ျဖစ္၊ မိန္းမေတြအတြက္ပဲျဖစ္ျဖစ္ တကယ္ေၾကာက္ဖုိ႔ေကာင္းၿပီး ကုိယ့္ကုိတစ္ေယာက္ေယာက္က သ၀န္တုိေနၿပီဆုိရင္ သတိထားေနထုိင္သင့္တယ္ဆုိတာ ဒီျဖစ္ရပ္ေလးက သက္ေသျပလုိက္တာပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: gyanpone

#Unicode Version#
ဒီဖြစ်ရပ်က ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး အသက် (၂၃)နှစ်အရွယ် နာပါသွန် ဆိုတဲ့ မိန်းကလေးဟာ သဝန်တိုတဲ့ ရည်းစားကြောင့် အသက်ဆုံးရှုံးခဲ့ရတာပါ။ နာပါသွန်ဟာ ပတ္တရားမြို့ရဲ့ ပြည့်တန်ဆာတစ်ယောက်အဖြစ် အသက်မွေးတာဖြစ်ပြီး သူ့မှာ လက်ရှိတွဲနေတဲ့ ချစ်သူတစ်ယောက်ရှိပါတယ်။ ထိုင်းနိုင်ငံမှာတော့ ပြည့်တန်ဆာလုပ်ငန်းတွေဟာ အသက်မွေးဝမ်းကျောင်းတစ်ခုအနေနဲ့ တရားဝင်လုပ်နေကြတာဖြစ်သလို အဲဒီမိန်းကလေးတွေရဲ့ ချစ်သူတွေ၊ ပတ်သက်ရာ ပတ်သက်ကြောင်းတွေကလည်း သူတို့အလုပ်ကို နားလည်ပေးကြပါတယ်။

နာပါသွန်ရဲ့ ချစ်သူဖြစ်တဲ့ ၀ယ်လော့ပ် ကလည်း အဲဒီလို နားလည်ပေးတဲ့သူတွေထဲမှာ ပါ၀င်သူဖြစ်ပြီး နာပါသွန် အဲဒီအလုပ်ကို လုပ်နေမှန်းသိရဲ့နဲ့ ချစ်သူအဖြစ် လက်တွဲခဲ့သူပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ လအတွင်းမှာတော့ နာပါသွန်ဟာ နယ်သာလန်လူမျိုးတစ်ယောက်နဲ့ ဇာတ်လမ်းတွေဖြစ်ခဲ့ပြီး အဲဒီလူက နာပါသွန်အတွက် တစ်လကို ပေါင် (၇၀၀) ပို့ပေးခဲ့ပါတယ်။

အဲဒီအကြောင်းကိုသိသွားခဲ့ ၀ယ်လော့ပ်ဟာ နာပါသွန်အပေါ် သဝန်တိုခဲ့ပြီး သူမရဲ့ကားအတွင်းမှာပဲ ဦးခေါင်းကို သေနတ်နဲ့ (၆)ချက်တိတိ ပစ်ခတ်ခဲ့လို့ နာပါသွန်တစ်ယောက် အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။

တနင်္လာနေ့ မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်က နာခွန်ခရိုင်ထဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပတ္တရားမြို့ကနေ (၃)နာရီလောက် မောင်းနှင်ရတဲ့နေရာမှာ ဖြစ်ခဲ့တာပါ။ နာပါသွန်ရဲ့ ကားအသစ်ထဲမှာ ကျည်ဆံအခွံ (၆)ခုနဲ့အတူ ပစ္စတိုသေနတ်တစ်လက်ကို တွေ့ခဲ့ရပြီး ယာဉ်မောင်းသူခုံမှာ သွေးတွေနဲ့ လဲကျနေတဲ့ နာပါသွန်ကို ရဲတွေက မြင်တွေ့ခဲ့ရပါတယ်။

စုံစမ်းမှုတွေ ပြုလုပ်ပြီးတဲ့အချိန်မှာတော့ ရဲတွေက နာပါသွန်ရဲ့ ချစ်သူ ၀ယ်လော့ပ်ကို ဖမ်းဆီးဖို့ ၀ရမ်းထုတ်ခဲ့ပြီး ပတ္တရားမြို့ထဲက တည်းခိုခန်းတစ်ခုမှာ ဖမ်းဆီးမိခဲ့တာပါ။

စစ်ဆေးမှုအပြီးမှာတော့ ၀ယ်လော့ပ်ကိုယ်တိုင်က သဝန်တိုခဲ့တာကြောင့် သတ်ခဲ့တာလို့ ထွက်ဆိုချက်ပေးခဲ့ပါတယ်။

သဝန်တိုမှုဆိုတာ ယောကျင်္ားတွေအတွက်ပဲဖြစ်ဖြစ်၊ မိန်းမတွေအတွက်ပဲဖြစ်ဖြစ် တကယ်ကြောက်ဖို့ကောင်းပြီး ကိုယ့်ကိုတစ်ယောက်ယောက်က သဝန်တိုနေပြီဆိုရင် သတိထားနေထိုင်သင့်တယ်ဆိုတာ ဒီဖြစ်ရပ်လေးက သက်သေပြလိုက်တာပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: gyanpone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top