ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×






































 ဒါနရွိသူသည္ ျဖစ္ေလရာဘ၀၌ ဥစၥာျပည့္စံုၾက၏။ ဥစၥာျပည့္စံုလွ်င္ (ပင္ကို စိတ္ရင္းေကာင္းသူ၊ ၀ိ၀ဋၬ နိႆိတဒါန ျပဳခဲ့သူအတြက္) သီလလံုၿခံဳ၏။ ဥပုသ္ရက္ရွည္ ေစာင့္ခြင့္ရ၏။ ဥစၥာမရွိလွ်င္ ၀မ္းေရးပူပင္ရသျဖင့္ အူမ မေတာင့္၍ သီလမေစာင့္ႏိုင္ရံုသာမက ငါးပါးသီလလံုဖို႔ရန္ ခဲယဥ္း၏။ ဒါနရွိမွ သီလလြယ္ကူသည္။ ပညာရွာေဖြရာ၌လည္း ဒါနရွင္တို႔သာလွ်င္ လြယ္ကူစြာ ရွာႏိုင္၏။

ဒါနရွင္တို႔သည္ သူတကာက ေစာ္ကားလွ်င္အဖတ္ မထင္၍ျဖစ္ေစ၊ စိတ္သေဘာထားႀကီး၍ ျဖစ္ေစ သည္းခံလြယ္၏။ ပစၥည္းဥစၥာ မရွိက “ ငါ့ကို ပစၥည္းမရွိလို႔ ေစာ္ကားတာပဲ ” ဟု အထင္ရွိ၍ သည္းမခံလိုၾကပါ။ ဒါနရွင္တို႔သည္ ေနရာတိုင္းတြင္ သူတစ္ပါးတို႔၏ ေလးစားျခင္းကို ခံရသျဖင့္ မိမိအား အရိုအေသေပးသူတို႔အေပၚမွာ ေမတၱာဂရုဏာ ျဖစ္လြယ္၏။ ဥစၥာမရွိလွ်င္ ထိုသို႔ ရိုေသသူလည္း နည္းပါးၾကသျဖင့္ ကိုယ့္ကို ဂရုမစိုက္သူကို ျပန္၍ အမ်က္ထြက္ကာ ေမတၱာဂရုဏာ ျဖစ္ရမည့္အစား ေဒါသ မာနေတြသာ တိုးပြားတတ္ေလသည္။ ဤနည္းအားျဖင့္ ဒါနေၾကာင့္ ခႏၲီေမတၱာ ပါရမီမ်ားလည္း ျဖစ္လြယ္၏။

“ဥစၥာမရွိ ကတိမတည္” ႏိုင္ေသာ ေလာကႀကီး၀ယ္ ဥစၥာပါရမီျဖစ္ဖို႔ အေရးမွာလည္း ဒါနသည္ အကူအညီေပး၏။ ဤသို႔ စသည္ျဖင့္ ဒါနမပါလွ်င္ ပါရမီအားလံုး ျပည့္ဖို႔အေရး၌ အေႏွာင့္အယွက္ ေပးတတ္ရကား ဘုရားေလာင္း ဟူသမွ်တို႔ ဒါနကိုသာ ပထမဆံုး ျမင္ေတာ္မူၾကေပသည္။ ငါတို႔ ဘုရားရွင္မွာ စ တည္ေတာ္မူစဥ္ကလည္း သုေမဓာဘ၀၌ ဒါနကို စ တည္ခဲ့၍ ေ၀ႆႏၲရာဘ၀၌ ကမၸတ္ဖံုးလ်က္ ပါရမီအားလံုးကို နိဂံုးခ်ဳပ္ေတာ္ မူခဲ့ေပသည္။ ။

ေက်းဇူးေတာ္ရွင္ မဟာဂႏၶာရံုဆရာေတာ္
အရွင္ဇနကာဘိ၀ံသ

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဓမၼရတနာ
# Unicode Version ျဖင့္ ဖတ္ပါ #
 ဒါနရှိသူသည် ဖြစ်လေရာဘဝ၌ ဥစ္စာပြည့်စုံကြ၏။ ဥစ္စာပြည့်စုံလျှင် (ပင်ကို စိတ်ရင်းကောင်းသူ၊ ဝိဝဋ္ဋ နိဿိတဒါန ပြုခဲ့သူအတွက်) သီလလုံခြုံ၏။ ဥပုသ်ရက်ရှည် စောင့်ခွင့်ရ၏။ ဥစ္စာမရှိလျှင် ဝမ်းရေးပူပင်ရသဖြင့် အူမ မတောင့်၍ သီလမစောင့်နိုင်ရုံသာမက ငါးပါးသီလလုံဖို့ရန် ခဲယဉ်း၏။ ဒါနရှိမှ သီလလွယ်ကူသည်။ ပညာရှာဖွေရာ၌လည်း ဒါနရှင်တို့သာလျှင် လွယ်ကူစွာ ရှာနိုင်၏။

ဒါနရှင်တို့သည် သူတကာက စော်ကားလျှင်အဖတ် မထင်၍ဖြစ်စေ၊ စိတ်သဘောထားကြီး၍ ဖြစ်စေ သည်းခံလွယ်၏။ ပစ္စည်းဥစ္စာ မရှိက “ ငါ့ကို ပစ္စည်းမရှိလို့ စော်ကားတာပဲ ” ဟု အထင်ရှိ၍ သည်းမခံလိုကြပါ။ ဒါနရှင်တို့သည် နေရာတိုင်းတွင် သူတစ်ပါးတို့၏ လေးစားခြင်းကို ခံရသဖြင့် မိမိအား အရိုအသေပေးသူတို့အပေါ်မှာ မေတ္တာဂရုဏာ ဖြစ်လွယ်၏။ ဥစ္စာမရှိလျှင် ထိုသို့ ရိုသေသူလည်း နည်းပါးကြသဖြင့် ကိုယ့်ကို ဂရုမစိုက်သူကို ပြန်၍ အမျက်ထွက်ကာ မေတ္တာဂရုဏာ ဖြစ်ရမည့်အစား ဒေါသ မာနတွေသာ တိုးပွားတတ်လေသည်။ ဤနည်းအားဖြင့် ဒါနကြောင့် ခန္တီမေတ္တာ ပါရမီများလည်း ဖြစ်လွယ်၏။

“ဥစ္စာမရှိ ကတိမတည်” နိုင်သော လောကကြီးဝယ် ဥစ္စာပါရမီဖြစ်ဖို့ အရေးမှာလည်း ဒါနသည် အကူအညီပေး၏။ ဤသို့ စသည်ဖြင့် ဒါနမပါလျှင် ပါရမီအားလုံး ပြည့်ဖို့အရေး၌ အနှောင့်အယှက် ပေးတတ်ရကား ဘုရားလောင်း ဟူသမျှတို့ ဒါနကိုသာ ပထမဆုံး မြင်တော်မူကြပေသည်။ ငါတို့ ဘုရားရှင်မှာ စ တည်တော်မူစဉ်ကလည်း သုမေဓာဘဝ၌ ဒါနကို စ တည်ခဲ့၍ ဝေဿန္တရာဘဝ၌ ကမ္ပတ်ဖုံးလျက် ပါရမီအားလုံးကို နိဂုံးချုပ်တော် မူခဲ့ပေသည်။ ။

ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်
အရှင်ဇနကာဘိဝံသ

ဖိုးသူတော် (www.phothutaw.com)
Credit:ဓမ္မရတနာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top