×

မႏၱေလးၿမိဳ႕ ၈၄ လမ္း (ဗိုလ္ခ်ဳပ္ ေအာင္ဆန္း)လမ္းေပၚက စူပါမားကက္တစ္ခုမွာ အလုပ္လုပ္ေနတဲ့ အမ်ဳိးသမီး ငယ္ေလးတစ္ေယာက္ ဆိုင္ပိတ္ဂ်ဴတီခ်ိန္ၿပီးလို႔ ထမင္းခ်ဳိင့္ယူ အိမ္ျပန္ဖို႔ျပင္တယ္။ ေရွ႕ကိုလွမ္းၾကည့္ေတာ့ အိမ္က လာႀကိဳတဲ့ အစ္ကိုေရာက္ေနၿပီဆိုတာ ေတြ႕ရမွ ဟူးခနဲ သက္ျပင္းခ်တယ္။ ဂ်ဳိင္းခနဲထြက္လာတဲ့ သံတံခါးလိပ္ခ်သံႀကီးက တိတ္ဆိတ္ေနတဲ့ ၈၄ လမ္းမႀကီးေပၚ က်ယ္က်ယ္ေလာင္ ေလာင္ ထြက္ေပၚလာတယ္။ လာႀကိဳတဲ့ ဆိုင္ကယ္ေပၚတက္ရင္း ခပ္ျဖည္းျဖည္းထြက္တယ္။

ရာသီဥတုလည္းေကာင္း၊ အခ်ိန္ကလည္း ည ၈ နာရီခြဲေက်ာ္ေက်ာ္သာ ရွိေသးေပမယ့္ လမ္း ေပၚလူေတြ အရင္ကထက္စာရင္ နည္းသြားခဲ့တယ္။ အရင္ကေတာ့ မႏၲေလးက ခုလိုမဟုတ္ဘူး။ ည ၉ နာရီ၊ ၁၀ နာရီဆိုတာ ေန႔ခင္းလိုပဲ သြားလို႔၊ လာလို႔ေကာင္းတုန္း။ ဘီယာဆိုင္မွာ ခြက္ခ်င္းတိုက္ ျငင္းလို႔ခုံလို႔ ေကာင္းတုန္း။ ၈၄ လမ္းမနဲ႔ ၇၇ လမ္းေပၚက ထမင္းေၾကာ္ဆိုင္ေတြမွာ အတို႔အျမႇဳပ္စံုနဲ႔ စားလို႔၊ ေသာက္လို႔ေကာင္းတုန္း။ ည ၉ နာရီ၊ ၁၀ နာရီတင္မကဘူး။ ည၁ ခ်က္ ၂ ခ်က္လည္း လူမျပတ္ဘူး။ အခုေတာ့ မႏၲေလးက ေစာေစာစီးစီးကို အိပ္ရာ၀င္သြားပါ ေရာ့လား။

ျပႆနာေတြ ဘယ္ကစ

မႏၲေလးမွာ ေန႔ခင္းေၾကာင္ ေတာင္ ေရႊဆိုင္လုခံရတာေတြ၊ ဓားကိုင္ရမ္းတာေတြ၊ တစ္ည တည္း ဓားနဲ႔လုယက္မႈေတြ တန္း စီျဖစ္တာေတြ၊ ဓားကိုင္ရမ္းတဲ့သူ ေတြက ရဲတပ္ဖြဲ႕ကို ျပန္ခုခံတာ ေတြ၊ အိမ္အလည္လာဖို႔ ခ်ိန္းဆို ရင္း က်ပ္သိန္းေပါင္း ၅,၈၀၀ ေက်ာ္ ေက်ာက္စိမ္းနဲ႔ လက္၀တ္ ရတနာအလုခံရတာေတြ၊ ေန႔ခင္းေၾကာင္ေတာင္ ေသနတ္ပစ္ခံရၿပီး လူေသတာေတြ၊ လည္ပင္းကို ဓားနဲ႔လွီးၿပီး ဆိုင္ကယ္လုတာေတြ စတဲ့…စတဲ့ ဆက္တိုက္ျဖစ္ေနတဲ့ မႈခင္းျဖစ္စဥ္ေတြဟာ မႏၲေလးက ျပည္သူေတြအဖို႔ စိုးရိမ္စိတ္ေတြ ပိုၿပီး၀င္လာခဲ့တယ္။ ေန႔ခင္းေတာင္ မလံုၿခံဳေတာ့တဲ့အတြက္ ညဘက္ဆို ပိုဆိုးမွာလို႔ ေတြးၿပီး မသြားရဲ၊ မလာရဲေတြ ျဖစ္လာၾကတယ္။

ျပည္သူေတြခံရတဲ့ အက်ဳိးဆက္ေတြ

ည ၈ နာရီခြဲမွ ဆိုင္ပိတ္တဲ့ အေရာင္းဆိုင္ ၀န္ထမ္းေလးေတြ ကေတာ့ အိမ္ကို လာႀကိဳခိုင္းတာ မ်ဳိး၊ နီးစပ္ရာလမ္းတူသူခ်င္း စုဖြဲ႕ ျပန္တာမ်ဳိးေတြနဲ႔ ေျဖရွင္းေနရပါ တယ္။ ညလံုးေပါက္ဖြင့္တဲ့ မီနီ စတိုးေလးေတြက ၀န္ထမ္းေလး ေတြကလည္း ေၾကာက္ရြံ႕စိတ္နဲ႔ပဲ အလုပ္လုပ္ေနၾကရပါတယ္။ ေန႔ ခင္း ေစ်းေရာင္းတဲ့သူေတြက လည္း ညေနဘက္ ဆိုင္ေစာေစာသိမ္းတာမ်ဳိးေတြလည္း လုပ္လာၾကတယ္။ ‘‘အခုဆို ဆိုင္ေစာေစာသိမ္းရတယ္။ ျပန္မလာမခ်င္း အေမက ေမွ်ာ္ေနတာ။ အိမ္က တူကိုလည္း ည ၈ နာရီထိုးတာနဲ႔ အျပင္ကေန ျပန္လာဖို႔ေခၚတယ္’’လို႔ ၃၅ လမ္း ခံုးေက်ာ္ေအာက္က ေစ်းသည္ အမ်ဳိးသမီးတစ္ဦးက ေျပာျပတယ္။

ညဥ့္နက္ပိုင္း လူသြားလူလာ နည္းသြားတဲ့အတြက္ ၇၇ လမ္း၊ လမ္း ၈၀ နဲ႔ ၈၄ လမ္းမေတြမွာ ထမင္းေၾကာ္ေရာင္းတဲ့ ဆိုင္ေတြ ေရာင္းအား အေတာ္ေလးက်ဆင္း လာတယ္လို႔ ဆိုင္ရွင္ေတြက ညည္းပါတယ္။ ‘‘အရင္က ကြၽန္ေတာ္တို႔ ဆိုင္ မနက္ ၃ နာရီထိ ဖြင့္တာ။ အဲဒီခ်ိန္အထိ ေရာင္းရတုန္းပဲ။ ခု ည ၁၀ နာရီေက်ာ္ရင္ကို လူကပါးသြားၿပီ။ ၁၁၊ ၁၂ ဆို မရွိသ ေလာက္ပဲ’’လို႔ ၈၄ လမ္းက ညဘက္ဖြင့္တဲ့ ထမင္းေၾကာ္ဆုိင္ ဆိုင္ရွင္တစ္ဦးက ေျပာျပတယ္။ လမ္း ၈၀ က ထမင္းေၾကာ္ဆိုင္ရွင္တစ္ဦးကေတာ့ ေရာင္းအားက သံုးပံု ႏွစ္ပံုေလာက္ က်သြားတဲ့အတြက္ လြန္ခဲ့တဲ့ သံုးရက္ေလာက္ကပဲ ဆိုင္ပိတ္လိုက္ၿပီလို႔ ေျပာျပ တယ္။

ထမင္းေၾကာ္ဆိုင္တင္ မက ပါဘူး။ မီနီအိုးေ၀တို႔၊ ဆိုင္ကယ္ တကၠစီတို႔၊ ဆိုက္ကားတို႔ နင္းတဲ့၊ ေမာင္းတဲ့သူေတြလည္း စိုးရိမ္စိတ္ နဲ႔ အလုပ္လုပ္ေနၾကရပါတယ္။ လမ္း ၈၀ က ဆိုက္ကားသမားတစ္ဦးကေတာ့ အိမ္က စိတ္ပူတဲ့အတြက္ အရင္လို ညဥ့္နက္ေအာင္မလုပ္ေတာ့ဘဲ ည ၈ နာရီဆို အိမ္ျပန္ၿပီလို႔ ေျပာပါတယ္။ သူ႔အတြက္ လံုၿခံဳေအာင္လို႔လည္း စီမံထားတယ္ဆိုၿပီး ဆိုက္ကားေဘးမွာ ကပ္ခ်ည္ထားတဲ့ သစ္သားတုတ္တစ္ေခ်ာင္းကိုျပတယ္။

မီနီအိုးေ၀ေမာင္းတဲ့ ကိုသိန္း ၀င္းဆိုလည္း အရင္လို ညဥ့္တစ္ ခ်က္ေလာက္ထိ မေနေတာ့ပါဘူး။ ည ၁၁ ေလာက္ဆို အိမ္ျပန္ပါၿပီ။ လာငွားရင္လည္း လူေတြရဲ႕အေျခအေနေတြကို အကဲခတ္ရသလို သြားရမယ့္လမ္းေၾကာင္း လူျပတ္၊ မျပတ္၊ သြားသင့္၊ မသြားသင့္ ခ်ိန္ဆေနရတယ္လို႔ ဆိုပါတယ္။ ‘‘၀င္ေငြေတာ့ ေလ်ာ့တာေပါ့’’လို႔ ကိုသိန္း၀င္းက ခရီးသည္ေမွ်ာ္ရင္း ေျပာျပတယ္။

ရဲတပ္ဖြဲ႕ ဘာေျပာလဲ

မႏၲေလးၿမိဳ႕မွာ ျဖစ္ေပၚေနတဲ့ ျဖစ္စဥ္ေတြ ကာကြယ္ဖို႔ မႈခင္းက် ဆင္းေရး ရဲတပ္ဖြဲ႕က သိန္းငွက္စစ္ ဆင္ေရးအျဖစ္ ရက္ေပါင္း ၉၀ ၾကာျပဳလုပ္ေနၿပီး ရဲတပ္ဖြဲ႕၀င္အင္ အား ၁,၀၀၀ ေက်ာ္ အသံုးျပဳထား တယ္လို႔ ဆိုပါတယ္။ မူးယစ္ေဆး၀ါးအျပင္ မေတာ္ေလာဘနဲ႔ အရက္ေသစာ ေသာက္စားတာေတြ စတဲ့ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ပါ၀င္တယ္လို႔ မႏၲေလးခ႐ိုင္ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီးမ်ဳိးေအာင္က 7Day သတင္းစာကို ေျဖၾကား ထားပါတယ္။

ျပည္သူေတြလည္း ကာကြယ္ၿပီ

မႏၲေလးမွာ ျဖစ္ေပၚေနတဲ့ မႈခင္းျဖစ္စဥ္ေတြကို ကာကြယ္ဖို႔ မႏၲေလးျပည္သူလူထုလည္း မေန သာေတာ့ပါဘူး။ ကိုယ့္ရပ္ကြက္နဲ႔ ကိုယ္ အဖြဲ႕ေတြဖြဲ႕ၿပီး ကိုယ့္ရပ္ ကြက္လံုၿခံဳေရး စတင္ေဆာင္ရြက္ ၾကပါၿပီ။ မႏၲေလးၿမိဳ႕ ခ်မ္းျမသာ စည္ၿမိဳ႕နယ္ ကန္သာယာရပ္ကြက္မွာဆိုရင္ လြန္ခဲ့တဲ့ တစ္ႏွစ္ေက်ာ္ေက်ာ္ေလာက္ကတည္းက မႈခင္းႀကိဳတင္ကာကြယ္ေရး အင္အားစုဆိုၿပီး အဖြဲ႕ေလးတစ္ခုဖြဲ႕ကာ လႈပ္ရွားခဲ့ပါတယ္။ အဲဒီအဖြဲ႕မွာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးနဲ႔ အကြက္မွဴး ၂၅ ဦးပါ၀င္ၿပီး ရပ္ကြက္ထဲက ပရဟိတလုပ္ခ်င္တဲ့ လူငယ္ေလးေတြလည္း ပါ၀င္ပါတယ္။ လူငယ္ေလးေတြက အသက္(၁၉)၊ (၂၀) ကေန (၃၀)၀န္းက်င္ထိ ပါ၀င္ၿပီး အခုလက္ရွိအဖြဲ႕မွာ လူဦးေရ ၆၄ ဦးနဲ႔ ေဆာင္ရြက္ေနပါတယ္။

ကန္သာယာ မႈခင္းႀကိဳတင္ ကာကြယ္ေရးအင္အားစုဟာ တစ္ ႏွစ္ေက်ာ္ေက်ာ္ကာလအတြင္း ခိုး ဆိုးလုႏိႈက္လူေပါင္း ၃၀ ေက်ာ္ ရဲ လက္ အပ္ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ ဖမ္းမိတဲ့သူေတြဟာ အ ေခ်ာင္ေနအေခ်ာင္စား အလုပ္ ေကာင္းေကာင္း မလုပ္ခ်င္တဲ့သူ ေတြလည္း ပါ၀င္ၿပီး မူးယစ္ေဆး သမားေတြလည္း ပါ၀င္တယ္လို႔ ကန္သာယာ မႈခင္းႀကိဳတင္ကာ ကြယ္ေရးအင္အားစုက အဖြဲ႕ေခါင္းေဆာင္ ဦးသန္းထြန္းက ဆိုပါတယ္။ ‘‘ဖမ္းမိတဲ့လူေတြရဲ႕ ၈၅ ရာခိုင္ႏႈန္းက မူးယစ္ေဆးေၾကာင့္ လုပ္ၾကတဲ့သူေတြ’’လို႔ ဦးသန္းထြန္းက ေျပာပါတယ္။

မႏၲေလးၿမိဳ႕တြင္းက ျပည္ႀကီးေပ်ာ္ဘြယ္အေရွ႕ရပ္ကြက္မွာ လည္း လူငယ္ေတြနဲ႔ ဖြဲ႕စည္းၿပီး မႈခင္း ႀကိဳတင္ကာကြယ္ေရးကို စတင္ေဆာင္ရြက္ေနပါၿပီ။ အရင္က ညဘက္ပဲ လွည့္ကင္းေဆာင္ရြက္ရာကေန အခုဆိုေန႔ခင္းမွာပါ လွည့္ေနၾကပါၿပီ။ တစ္ခုခုျဖစ္လာရင္ ကာကြယ္ဖို႔ ေဆးအနီေရာင္သုတ္ထားတဲ့ ၀ါးရင္းတုတ္တစ္ေခ်ာင္းစီလည္း ကိုင္ေဆာင္ထားရပါတယ္။ ကိုယ့္ၿမိဳ႕ကိုယ့္ရပ္ကြက္ကို ကာကြယ္ခ်င္တဲ့ လူငယ္ေတြလည္း တျဖည္းျဖည္းအဖြဲ႕ထဲ ၀င္ေရာက္လာေနၾကပါတယ္။ ‘‘အခုအေနအထားက ျပည္သူမပါလို႔ မရေတာ့ဘူး’’လို႔ ျပည္ႀကီးေပ်ာ္ဘြယ္ အေရွ႕ရပ္ကြက္လူငယ္အဖြဲ႕က ရာအိမ္မွဴး ကိုေအာင္ျမတ္ႏိုင္ က ေျပာပါတယ္။

တစ္ခုခုျဖစ္ရင္ ကိုယ္နဲ႔မဆိုင္ ဘူးလို႔ သေဘာမထားဘဲ အနည္း ဆံုး ေအာ္ဟစ္အကူအညီေတာင္း ေပးတာမ်ဳိး ျပဳလုပ္သင့္တယ္လို႔ ကန္သာယာ မႈခင္းႀကိဳတင္ကာ ကြယ္ေရးအဖြဲ႕မွ ဦးသန္းထြန္းက ဆိုပါတယ္။ ‘‘မတရားမႈကို လက္ ပိုက္ၾကည့္မေနသင့္ပါဘူး။ ဒါႏိုင္ငံသားတိုင္းမွာ တာ၀န္ရွိပါတယ္’’လို႔ ဦးသန္းထြန္းက ေျပာတယ္။ အခု ေတာ့ အဲဒီအဖြဲ႕ေတြတင္မကဘူး။ ထြန္တံုး၊ ျမရည္နႏၵာ၊ ေအာင္ပင္ လယ္ အစရွိတဲ့ ၿမိဳ႕သစ္ရပ္ကြက္ ေတြလည္း အဖြဲ႕ေတြ ဖြဲ႕ေဆာင္ ရြက္ေနၾကပါၿပီ။

တစ္ဦးနဲ႔တစ္ဦး ယံုၾကည္မႈေတြ ေပ်ာက္ဆံုးကုန္

အရင္က မႏၲေလးဆိုတာ ဆိုင္ကယ္ခ်င္း ေဘးခ်င္းယွဥ္ရင္း အျမင္မေတာ္တာေတြ႕ေတာင္ သိသိ၊ မသိသိ လွမ္းသတိေပးတတ္ တဲ့ ၿမိဳ႕ပါ။ လမ္းမွာ ဆိုင္ကယ္ဆီျပတ္ရင္ ေတြ႕တဲ့ဆိုင္ကယ္ အကူအညီေတာင္းလို႔ရသလို ဆီမထည့္ေပးႏိုင္ေတာင္ ေျခနဲ႔ ကန္တြန္းၿပီး အိမ္အထိ လိုက္ပို႔ေပးႏုိင္သူေတြပါ။ အခုေတာ့ ဆိုင္ကယ္တစ္စီးနဲ႔ တစ္စီးကပ္လာရင္ေတာင္ ငါ့မ်ား လုမလို႔လား ေတြးမိေနၾကရၿပီ။ လမ္းမွာ အကူအညီလိုလို႔ ေတာင္း ရင္ေတာင္ ရဲရဲမေပးရဲတဲ့ အေန အထားမ်ဳိးေတြ ျဖစ္လာၾကၿပီ။

ညဘက္မိုးခ်ဳပ္မွာ အိမ္ျပန္ရ တဲ့ ဖိနပ္ဆိုင္၀န္ထမ္းအမ်ဳိးသမီး ေလးကေတာ့ ရွိစုမဲ့စုနဲ႔၀ယ္ထားတဲ့ ဖုန္းေလးနဲ႔ ပိုက္ဆံအိတ္ေလးကို လံုၿခံဳစြာသိမ္းဆည္းၿပီးမွ လာႀကိဳ တဲ့ လူနဲ႔အိမ္ျပန္ရတယ္။ ဒါေပမဲ့လည္း ဆိုင္ကယ္နဲ႔မို႔ ဘယ္အခ်ိန္ အလုခံရဦးမလဲ ေတြးေၾကာက္ရျပန္တယ္။ ‘‘ေၾကာက္ေတာ့ ေၾကာက္တယ္။ ဒါေပမဲ့လည္း ေၾကာက္ေၾကာက္နဲ႔ ျပန္ရတာပဲ’’ လို႔ ေျပာျပတယ္။ ထိုအမ်ဳိးသမီး ငယ္ေလး အိမ္ျပန္မေရာက္မခ်င္း သူ႔မိသားစု၀င္ေတြလည္း စိတ္ခ် လက္ခ် မအိပ္ႏုိင္ၾကပါဘူး။ သူတို႔ လို မျဖစ္မေန ညထြက္ေနရတဲ့ ၀န္ထမ္းေလးေတြအဖို႔ စိုးထိတ္စ ရာေကာင္းတဲ့ မႏၲေလးညေတြကို မျဖစ္မေနျဖတ္သန္းေနရဦးမွာပါ။

ညဥ့္က တျဖည္းျဖည္း နက္ လာခဲ့တယ္။ စားသံုးသူနည္းပါးေနတဲ့ ထမင္းေၾကာ္ဆိုင္ေလးေတြလည္း ဆိုင္သိမ္းဖို႔ ျပင္ဆင္ေနၾကၿပီ။ အေမွာင္ထုကလည္း တျဖည္းျဖည္း ႀကီးစိုးလာခဲ့တယ္။ မျဖစ္မေန သြားလာေနရတဲ့ ၀န္ထမ္းေလးေတြမွာလည္း ဘယ္ေလာက္ပဲ ေၾကာက္ေၾကာက္ အားတင္းရင္း မႏၲေလးလမ္းမေတြေပၚ ျဖတ္သန္းသြားေနရပါေတာ့တယ္။ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day
#Unicode Version#

မန္တလေးမြို့ ၈၄ လမ်း (ဗိုလ်ချုပ် အောင်ဆန်း)လမ်းပေါ်က စူပါမားကက်တစ်ခုမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီး ငယ်လေးတစ်ယောက် ဆိုင်ပိတ်ဂျူတီချိန်ပြီးလို့ ထမင်းချိုင့်ယူ အိမ်ပြန်ဖို့ပြင်တယ်။ ရှေ့ကိုလှမ်းကြည့်တော့ အိမ်က လာကြိုတဲ့ အစ်ကိုရောက်နေပြီဆိုတာ တွေ့ရမှ ဟူးခနဲ သက်ပြင်းချတယ်။ ဂျိုင်းခနဲထွက်လာတဲ့ သံတံခါးလိပ်ချသံကြီးက တိတ်ဆိတ်နေတဲ့ ၈၄ လမ်းမကြီးပေါ် ကျယ်ကျယ်လောင် လောင် ထွက်ပေါ်လာတယ်။ လာကြိုတဲ့ ဆိုင်ကယ်ပေါ်တက်ရင်း ခပ်ဖြည်းဖြည်းထွက်တယ်။

ရာသီဥတုလည်းကောင်း၊ အချိန်ကလည်း ည ၈ နာရီခွဲကျော်ကျော်သာ ရှိသေးပေမယ့် လမ်း ပေါ်လူတွေ အရင်ကထက်စာရင် နည်းသွားခဲ့တယ်။ အရင်ကတော့ မန္တလေးက ခုလိုမဟုတ်ဘူး။ ည ၉ နာရီ၊ ၁၀ နာရီဆိုတာ နေ့ခင်းလိုပဲ သွားလို့၊ လာလို့ကောင်းတုန်း။ ဘီယာဆိုင်မှာ ခွက်ချင်းတိုက် ငြင်းလို့ခုံလို့ ကောင်းတုန်း။ ၈၄ လမ်းမနဲ့ ၇၇ လမ်းပေါ်က ထမင်းကြော်ဆိုင်တွေမှာ အတို့အမြှုပ်စုံနဲ့ စားလို့၊ သောက်လို့ကောင်းတုန်း။ ည ၉ နာရီ၊ ၁၀ နာရီတင်မကဘူး။ ည၁ ချက် ၂ ချက်လည်း လူမပြတ်ဘူး။ အခုတော့ မန္တလေးက စောစောစီးစီးကို အိပ်ရာဝင်သွားပါ ရော့လား။

ပြဿနာတွေ ဘယ်ကစ

မန္တလေးမှာ နေ့ခင်းကြောင် တောင် ရွှေဆိုင်လုခံရတာတွေ၊ ဓားကိုင်ရမ်းတာတွေ၊ တစ်ည တည်း ဓားနဲ့လုယက်မှုတွေ တန်း စီဖြစ်တာတွေ၊ ဓားကိုင်ရမ်းတဲ့သူ တွေက ရဲတပ်ဖွဲ့ကို ပြန်ခုခံတာ တွေ၊ အိမ်အလည်လာဖို့ ချိန်းဆို ရင်း ကျပ်သိန်းပေါင်း ၅,၈၀၀ ကျော် ကျောက်စိမ်းနဲ့ လက်ဝတ် ရတနာအလုခံရတာတွေ၊ နေ့ခင်းကြောင်တောင် သေနတ်ပစ်ခံရပြီး လူသေတာတွေ၊ လည်ပင်းကို ဓားနဲ့လှီးပြီး ဆိုင်ကယ်လုတာတွေ စတဲ့…စတဲ့ ဆက်တိုက်ဖြစ်နေတဲ့ မှုခင်းဖြစ်စဉ်တွေဟာ မန္တလေးက ပြည်သူတွေအဖို့ စိုးရိမ်စိတ်တွေ ပိုပြီးဝင်လာခဲ့တယ်။ နေ့ခင်းတောင် မလုံခြုံတော့တဲ့အတွက် ညဘက်ဆို ပိုဆိုးမှာလို့ တွေးပြီး မသွားရဲ၊ မလာရဲတွေ ဖြစ်လာကြတယ်။

ပြည်သူတွေခံရတဲ့ အကျိုးဆက်တွေ

ည ၈ နာရီခွဲမှ ဆိုင်ပိတ်တဲ့ အရောင်းဆိုင် ဝန်ထမ်းလေးတွေ ကတော့ အိမ်ကို လာကြိုခိုင်းတာ မျိုး၊ နီးစပ်ရာလမ်းတူသူချင်း စုဖွဲ့ ပြန်တာမျိုးတွေနဲ့ ဖြေရှင်းနေရပါ တယ်။ ညလုံးပေါက်ဖွင့်တဲ့ မီနီ စတိုးလေးတွေက ဝန်ထမ်းလေး တွေကလည်း ကြောက်ရွံ့စိတ်နဲ့ပဲ အလုပ်လုပ်နေကြရပါတယ်။ နေ့ ခင်း ဈေးရောင်းတဲ့သူတွေက လည်း ညနေဘက် ဆိုင်စောစောသိမ်းတာမျိုးတွေလည်း လုပ်လာကြတယ်။ ‘‘အခုဆို ဆိုင်စောစောသိမ်းရတယ်။ ပြန်မလာမချင်း အမေက မျှော်နေတာ။ အိမ်က တူကိုလည်း ည ၈ နာရီထိုးတာနဲ့ အပြင်ကနေ ပြန်လာဖို့ခေါ်တယ်’’လို့ ၃၅ လမ်း ခုံးကျော်အောက်က ဈေးသည် အမျိုးသမီးတစ်ဦးက ပြောပြတယ်။

ညဉ့်နက်ပိုင်း လူသွားလူလာ နည်းသွားတဲ့အတွက် ၇၇ လမ်း၊ လမ်း ၈၀ နဲ့ ၈၄ လမ်းမတွေမှာ ထမင်းကြော်ရောင်းတဲ့ ဆိုင်တွေ ရောင်းအား အတော်လေးကျဆင်း လာတယ်လို့ ဆိုင်ရှင်တွေက ညည်းပါတယ်။ ‘‘အရင်က ကျွန်တော်တို့ ဆိုင် မနက် ၃ နာရီထိ ဖွင့်တာ။ အဲဒီချိန်အထိ ရောင်းရတုန်းပဲ။ ခု ည ၁၀ နာရီကျော်ရင်ကို လူကပါးသွားပြီ။ ၁၁၊ ၁၂ ဆို မရှိသ လောက်ပဲ’’လို့ ၈၄ လမ်းက ညဘက်ဖွင့်တဲ့ ထမင်းကြော်ဆိုင် ဆိုင်ရှင်တစ်ဦးက ပြောပြတယ်။ လမ်း ၈၀ က ထမင်းကြော်ဆိုင်ရှင်တစ်ဦးကတော့ ရောင်းအားက သုံးပုံ နှစ်ပုံလောက် ကျသွားတဲ့အတွက် လွန်ခဲ့တဲ့ သုံးရက်လောက်ကပဲ ဆိုင်ပိတ်လိုက်ပြီလို့ ပြောပြ တယ်။

ထမင်းကြော်ဆိုင်တင် မက ပါဘူး။ မီနီအိုးဝေတို့၊ ဆိုင်ကယ် တက္ကစီတို့၊ ဆိုက်ကားတို့ နင်းတဲ့၊ မောင်းတဲ့သူတွေလည်း စိုးရိမ်စိတ် နဲ့ အလုပ်လုပ်နေကြရပါတယ်။ လမ်း ၈၀ က ဆိုက်ကားသမားတစ်ဦးကတော့ အိမ်က စိတ်ပူတဲ့အတွက် အရင်လို ညဉ့်နက်အောင်မလုပ်တော့ဘဲ ည ၈ နာရီဆို အိမ်ပြန်ပြီလို့ ပြောပါတယ်။ သူ့အတွက် လုံခြုံအောင်လို့လည်း စီမံထားတယ်ဆိုပြီး ဆိုက်ကားဘေးမှာ ကပ်ချည်ထားတဲ့ သစ်သားတုတ်တစ်ချောင်းကိုပြတယ်။

မီနီအိုးဝေမောင်းတဲ့ ကိုသိန်း ဝင်းဆိုလည်း အရင်လို ညဉ့်တစ် ချက်လောက်ထိ မနေတော့ပါဘူး။ ည ၁၁ လောက်ဆို အိမ်ပြန်ပါပြီ။ လာငှားရင်လည်း လူတွေရဲ့အခြေအနေတွေကို အကဲခတ်ရသလို သွားရမယ့်လမ်းကြောင်း လူပြတ်၊ မပြတ်၊ သွားသင့်၊ မသွားသင့် ချိန်ဆနေရတယ်လို့ ဆိုပါတယ်။ ‘‘ဝင်ငွေတော့ လျော့တာပေါ့’’လို့ ကိုသိန်းဝင်းက ခရီးသည်မျှော်ရင်း ပြောပြတယ်။

ရဲတပ်ဖွဲ့ ဘာပြောလဲ

မန္တလေးမြို့မှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေ ကာကွယ်ဖို့ မှုခင်းကျ ဆင်းရေး ရဲတပ်ဖွဲ့က သိန်းငှက်စစ် ဆင်ရေးအဖြစ် ရက်ပေါင်း ၉၀ ကြာပြုလုပ်နေပြီး ရဲတပ်ဖွဲ့ဝင်အင် အား ၁,၀၀၀ ကျော် အသုံးပြုထား တယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးဝါးအပြင် မတော်လောဘနဲ့ အရက်သေစာ သောက်စားတာတွေ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ပါဝင်တယ်လို့ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမျိုးအောင်က 7Day သတင်းစာကို ဖြေကြား ထားပါတယ်။

ပြည်သူတွေလည်း ကာကွယ်ပြီ

မန္တလေးမှာ ဖြစ်ပေါ်နေတဲ့ မှုခင်းဖြစ်စဉ်တွေကို ကာကွယ်ဖို့ မန္တလေးပြည်သူလူထုလည်း မနေ သာတော့ပါဘူး။ ကိုယ့်ရပ်ကွက်နဲ့ ကိုယ် အဖွဲ့တွေဖွဲ့ပြီး ကိုယ့်ရပ် ကွက်လုံခြုံရေး စတင်ဆောင်ရွက် ကြပါပြီ။ မန္တလေးမြို့ ချမ်းမြသာ စည်မြို့နယ် ကန်သာယာရပ်ကွက်မှာဆိုရင် လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကျော်လောက်ကတည်းက မှုခင်းကြိုတင်ကာကွယ်ရေး အင်အားစုဆိုပြီး အဖွဲ့လေးတစ်ခုဖွဲ့ကာ လှုပ်ရှားခဲ့ပါတယ်။ အဲဒီအဖွဲ့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အကွက်မှူး ၂၅ ဦးပါဝင်ပြီး ရပ်ကွက်ထဲက ပရဟိတလုပ်ချင်တဲ့ လူငယ်လေးတွေလည်း ပါဝင်ပါတယ်။ လူငယ်လေးတွေက အသက်(၁၉)၊ (၂၀) ကနေ (၃၀)ဝန်းကျင်ထိ ပါဝင်ပြီး အခုလက်ရှိအဖွဲ့မှာ လူဦးရေ ၆၄ ဦးနဲ့ ဆောင်ရွက်နေပါတယ်။

ကန်သာယာ မှုခင်းကြိုတင် ကာကွယ်ရေးအင်အားစုဟာ တစ် နှစ်ကျော်ကျော်ကာလအတွင်း ခိုး ဆိုးလုနှိုက်လူပေါင်း ၃၀ ကျော် ရဲ လက် အပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းမိတဲ့သူတွေဟာ အ ချောင်နေအချောင်စား အလုပ် ကောင်းကောင်း မလုပ်ချင်တဲ့သူ တွေလည်း ပါဝင်ပြီး မူးယစ်ဆေး သမားတွေလည်း ပါဝင်တယ်လို့ ကန်သာယာ မှုခင်းကြိုတင်ကာ ကွယ်ရေးအင်အားစုက အဖွဲ့ခေါင်းဆောင် ဦးသန်းထွန်းက ဆိုပါတယ်။ ‘‘ဖမ်းမိတဲ့လူတွေရဲ့ ၈၅ ရာခိုင်နှုန်းက မူးယစ်ဆေးကြောင့် လုပ်ကြတဲ့သူတွေ’’လို့ ဦးသန်းထွန်းက ပြောပါတယ်။

မန္တလေးမြို့တွင်းက ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက်မှာ လည်း လူငယ်တွေနဲ့ ဖွဲ့စည်းပြီး မှုခင်း ကြိုတင်ကာကွယ်ရေးကို စတင်ဆောင်ရွက်နေပါပြီ။ အရင်က ညဘက်ပဲ လှည့်ကင်းဆောင်ရွက်ရာကနေ အခုဆိုနေ့ခင်းမှာပါ လှည့်နေကြပါပြီ။ တစ်ခုခုဖြစ်လာရင် ကာကွယ်ဖို့ ဆေးအနီရောင်သုတ်ထားတဲ့ ဝါးရင်းတုတ်တစ်ချောင်းစီလည်း ကိုင်ဆောင်ထားရပါတယ်။ ကိုယ့်မြို့ကိုယ့်ရပ်ကွက်ကို ကာကွယ်ချင်တဲ့ လူငယ်တွေလည်း တဖြည်းဖြည်းအဖွဲ့ထဲ ဝင်ရောက်လာနေကြပါတယ်။ ‘‘အခုအနေအထားက ပြည်သူမပါလို့ မရတော့ဘူး’’လို့ ပြည်ကြီးပျော်ဘွယ် အရှေ့ရပ်ကွက်လူငယ်အဖွဲ့က ရာအိမ်မှူး ကိုအောင်မြတ်နိုင် က ပြောပါတယ်။

တစ်ခုခုဖြစ်ရင် ကိုယ်နဲ့မဆိုင် ဘူးလို့ သဘောမထားဘဲ အနည်း ဆုံး အော်ဟစ်အကူအညီတောင်း ပေးတာမျိုး ပြုလုပ်သင့်တယ်လို့ ကန်သာယာ မှုခင်းကြိုတင်ကာ ကွယ်ရေးအဖွဲ့မှ ဦးသန်းထွန်းက ဆိုပါတယ်။ ‘‘မတရားမှုကို လက် ပိုက်ကြည့်မနေသင့်ပါဘူး။ ဒါနိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်’’လို့ ဦးသန်းထွန်းက ပြောတယ်။ အခု တော့ အဲဒီအဖွဲ့တွေတင်မကဘူး။ ထွန်တုံး၊ မြရည်နန္ဒာ၊ အောင်ပင် လယ် အစရှိတဲ့ မြို့သစ်ရပ်ကွက် တွေလည်း အဖွဲ့တွေ ဖွဲ့ဆောင် ရွက်နေကြပါပြီ။

တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုတွေ ပျောက်ဆုံးကုန်

အရင်က မန္တလေးဆိုတာ ဆိုင်ကယ်ချင်း ဘေးချင်းယှဉ်ရင်း အမြင်မတော်တာတွေ့တောင် သိသိ၊ မသိသိ လှမ်းသတိပေးတတ် တဲ့ မြို့ပါ။ လမ်းမှာ ဆိုင်ကယ်ဆီပြတ်ရင် တွေ့တဲ့ဆိုင်ကယ် အကူအညီတောင်းလို့ရသလို ဆီမထည့်ပေးနိုင်တောင် ခြေနဲ့ ကန်တွန်းပြီး အိမ်အထိ လိုက်ပို့ပေးနိုင်သူတွေပါ။ အခုတော့ ဆိုင်ကယ်တစ်စီးနဲ့ တစ်စီးကပ်လာရင်တောင် ငါ့များ လုမလို့လား တွေးမိနေကြရပြီ။ လမ်းမှာ အကူအညီလိုလို့ တောင်း ရင်တောင် ရဲရဲမပေးရဲတဲ့ အနေ အထားမျိုးတွေ ဖြစ်လာကြပြီ။

ညဘက်မိုးချုပ်မှာ အိမ်ပြန်ရ တဲ့ ဖိနပ်ဆိုင်ဝန်ထမ်းအမျိုးသမီး လေးကတော့ ရှိစုမဲ့စုနဲ့ဝယ်ထားတဲ့ ဖုန်းလေးနဲ့ ပိုက်ဆံအိတ်လေးကို လုံခြုံစွာသိမ်းဆည်းပြီးမှ လာကြို တဲ့ လူနဲ့အိမ်ပြန်ရတယ်။ ဒါပေမဲ့လည်း ဆိုင်ကယ်နဲ့မို့ ဘယ်အချိန် အလုခံရဦးမလဲ တွေးကြောက်ရပြန်တယ်။ ‘‘ကြောက်တော့ ကြောက်တယ်။ ဒါပေမဲ့လည်း ကြောက်ကြောက်နဲ့ ပြန်ရတာပဲ’’ လို့ ပြောပြတယ်။ ထိုအမျိုးသမီး ငယ်လေး အိမ်ပြန်မရောက်မချင်း သူ့မိသားစုဝင်တွေလည်း စိတ်ချ လက်ချ မအိပ်နိုင်ကြပါဘူး။ သူတို့ လို မဖြစ်မနေ ညထွက်နေရတဲ့ ဝန်ထမ်းလေးတွေအဖို့ စိုးထိတ်စ ရာကောင်းတဲ့ မန္တလေးညတွေကို မဖြစ်မနေဖြတ်သန်းနေရဦးမှာပါ။

ညဉ့်က တဖြည်းဖြည်း နက် လာခဲ့တယ်။ စားသုံးသူနည်းပါးနေတဲ့ ထမင်းကြော်ဆိုင်လေးတွေလည်း ဆိုင်သိမ်းဖို့ ပြင်ဆင်နေကြပြီ။ အမှောင်ထုကလည်း တဖြည်းဖြည်း ကြီးစိုးလာခဲ့တယ်။ မဖြစ်မနေ သွားလာနေရတဲ့ ဝန်ထမ်းလေးတွေမှာလည်း ဘယ်လောက်ပဲ ကြောက်ကြောက် အားတင်းရင်း မန္တလေးလမ်းမတွေပေါ် ဖြတ်သန်းသွားနေရပါတော့တယ်။ ။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top