မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ေလယာဥ္ပ်ံသန္းေနစဥ္အတြင္း ယူနီေဖာင္းခၽြတ္ကာ ခရီးသည္ထိုင္ခံုမွာ ၁ နာရီၾကာ လာေရာက္အိပ္စက္ခဲ့တဲ့ ေလယာဥ္မႉးေၾကာင့္ ခရီးသည္ေတြ အထိတ္တလန္႔ ျဖစ္ခဲ့ရတယ္လို႔ Daily Record သတင္းမွာေဖာ္ျပပါတယ္။

ဒီအျဖစ္အပ်က္ဟာ အေမရိကန္နိုိင္ငံနယူးဂ်ာစီမွ ဂလက္စကိုၿမိဳ႕ကိုပ်ံသန္းေနတဲ့ ေလေၾကာင္း ခရီးစဥ္တခုမွာ ျဖစ္ပြားခဲ့တာပဲျဖစ္ပါတယ္။

ဒီအျဖစ္အပ်က္ေၾကာင့္ ေလယာဥ္ခရီးသည္ေတြဟာ သူတို႔လံုၿခံဳေရးအတြက္ လြန္စြာကို စိုးရိမ္မကင္း ျဖစ္ခဲ့ရပါတယ္။

ဒီျဖစ္စဥ္ဟာ ယူနိုက္တက္ေလေၾကာင္းလိုင္းရဲ႕ ေလယာဥ္အမွတ္ UA161 မွာ ျဖစ္ပြားခဲ့တာပါ။

ေလယာဥ္ဟာ နယူးဂ်ာလီၿမိဳ႕ရဲ႕ လစ္ဘာတီနိုင္ငံတကာ ေလဆိပ္ကေန ၾသဂုတ္ ၂၂ ရက္ ည ၇ နာရီ၄၀  မွာ ထြက္ခြာခဲ့တာျဖစ္ၿပီး ဂလက္စကိုၿမိဳ႕ကို ေနာက္ေန႔မနက္ ၇ နာရီ ၃၀ အခ်ိန္မွာ ေဘးကင္းစြာ ဆိုက္ေရာက္ခဲ့ပါတယ္။“ေလယာဥ္မႉးတဦးအေနနဲ႔ ခရီးသည္ေတြရွိတဲ့ေနရာမွာ ယူနီေဖာင္းခၽြတ္ၿပီး အိပ္ေပ်ာ္ခဲ့တာမ်ိဳး တခါမွ မႀကံဳခဲ့ဖူးဘူး” လုိ႔ ေလယာဥ္ကို လိုက္ပါစီးနင္းခဲ့တဲ့ ခရီးသည္တဦးျဖစ္တဲ့ ရဲတပ္ဖြဲ႔ဝင္ေဟာင္းတဦးက မွတ္ခ်က္ျပဳပါတယ္။

သူဟာ ေလယာဥ္မႉးအိပ္ေပ်ာ္ေနတဲ့ ပံုကိုဓာတ္ပံု႐ိုက္ မွတ္တမ္းတင္ခဲ့သူျဖစ္ၿပီး “ကင္းလွည့္ ေနတဲ့ကားေပၚမွာ ရဲတေယာက္အိပ္ေပ်ာ္ေနရင္ အဲဒီရဲဟာ က်ိန္းေသေပါက္ အျပစ္ေပးခံရမွာျဖစ္တယ္” လို႔လည္း သူကေျပာပါတယ္။

“ဒါဟာ ေလေၾကာင္းခရီးစဥ္ေတြမွာ ျဖစ္ေလ့ျဖစ္ထ ရွိတဲ့ကိစၥတခုမဟုတ္ဘူး” လို႔လည္း အမည္မေဖာ္လိုသူ ေလေၾကာင္းဝန္ထမ္းတဦးကေျပာပါတယ္။ေလယာဥ္မႉးဟာ ၁ နာရီေက်ာ္ၾကာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ခဲ့ၿပီး အိပ္ရာနိုးတဲ့အခါ ယူနီေဖာင္းျပန္ဝတ္ကာ ေလယာဥ္မႉးခန္းထဲကို ျပန္ဝင္သြားခဲ့တာျဖစ္ပါတယ္။

ေလယာဥ္မႉးရဲ႕ လုပ္ရပ္ဟာ ေလယာဥ္စီး ခရီးသည္ေတြအတြက္ စိုးရိမ္ထိတ္လန္႔စရာျဖစ္ေပမယ့္ ဒီကိစၥမွာ ေလယာဥ္မႉးေတြဟာ အလွည့္က်စနစ္နဲ႔ နားခဲ့တဲ့ ပံုစံရွိတယ္လို႔ ေလေၾကာင္းလိုင္းဆိုင္ရာ ကၽြမ္းက်င္သူတဦးက မွတ္ခ်က္ျပဳပါတယ္။

ဒီျဖစ္စဥ္နဲ႔ ပတ္သက္လုိ႔ ယူႏိုက္တက္ ေလေၾကာင္းလိုင္းဘက္ကလည္း ျပန္လည္ေျဖရွင္းခ်က္ထုတ္ျပန္ခဲ့ၿပီး “သူတိို႔ရဲ႕ထုတ္ျပန္ခ်က္မွာ အဲဒီခရီးစဥ္အတြင္း ေလယာဥ္မႉးသံုးဦး ပါဝင္ေၾကာင္းနဲ႔၊ အိပ္ေပ်ာ္ေနတဲ့ ေလယာဥ္မႉးဟာ သူနားရမယ့္ အလွည့္ေရာက္လာတာေၾကာင့္ လာေရာက္အနားယူျခင္းသာျဖစ္ေၾကာင္း” လည္း ထည့္သြင္းေရးသားထားတာ ေတြ႔ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
လေယာဉ်ပျံသန်းနေစဉ်အတွင်း ယူနီဖောင်းချွတ်ကာ ခရီးသည်ထိုင်ခုံမှာ ၁ နာရီကြာ လာရောက်အိပ်စက်ခဲ့တဲ့ လေယာဉ်မှူးကြောင့် ခရီးသည်တွေ အထိတ်တလန့် ဖြစ်ခဲ့ရတယ်လို့ Daily Record သတင်းမှာဖော်ပြပါတယ်။

ဒီအဖြစ်အပျက်ဟာ အမေရိကန်နိုင်ငံနယူးဂျာစီမှ ဂလက်စကိုမြို့ကိုပျံသန်းနေတဲ့ လေကြောင်း ခရီးစဉ်တခုမှာ ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ကြောင့် လေယာဉ်ခရီးသည်တွေဟာ သူတို့လုံခြုံရေးအတွက် လွန်စွာကို စိုးရိမ်မကင်း ဖြစ်ခဲ့ရပါတယ်။

ဒီဖြစ်စဉ်ဟာ ယူနိုက်တက်လေကြောင်းလိုင်းရဲ့ လေယာဉ်အမှတ် UA161 မှာ ဖြစ်ပွားခဲ့တာပါ။

လေယာဉ်ဟာ နယူးဂျာလီမြို့ရဲ့ လစ်ဘာတီနိုင်ငံတကာ လေဆိပ်ကနေ သြဂုတ် ၂၂ ရက် ည ၇ နာရီ၄၀  မှာ ထွက်ခွာခဲ့တာဖြစ်ပြီး ဂလက်စကိုမြို့ကို နောက်နေ့မနက် ၇ နာရီ ၃၀ အချိန်မှာ ဘေးကင်းစွာ ဆိုက်ရောက်ခဲ့ပါတယ်။“လေယာဉ်မှူးတဦးအနေနဲ့ ခရီးသည်တွေရှိတဲ့နေရာမှာ ယူနီဖောင်းချွတ်ပြီး အိပ်ပျော်ခဲ့တာမျိုး တခါမှ မကြုံခဲ့ဖူးဘူး” လို့ လေယာဉ်ကို လိုက်ပါစီးနင်းခဲ့တဲ့ ခရီးသည်တဦးဖြစ်တဲ့ ရဲတပ်ဖွဲ့ဝင်ဟောင်းတဦးက မှတ်ချက်ပြုပါတယ်။

သူဟာ လေယာဉ်မှူးအိပ်ပျော်နေတဲ့ ပုံကိုဓာတ်ပုံရိုက် မှတ်တမ်းတင်ခဲ့သူဖြစ်ပြီး “ကင်းလှည့် နေတဲ့ကားပေါ်မှာ ရဲတယောက်အိပ်ပျော်နေရင် အဲဒီရဲဟာ ကျိန်းသေပေါက် အပြစ်ပေးခံရမှာဖြစ်တယ်” လို့လည်း သူကပြောပါတယ်။

“ဒါဟာ လေကြောင်းခရီးစဉ်တွေမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ကိစ္စတခုမဟုတ်ဘူး” လို့လည်း အမည်မဖော်လိုသူ လေကြောင်းဝန်ထမ်းတဦးကပြောပါတယ်။လေယာဉ်မှူးဟာ ၁ နာရီကျော်ကြာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့ပြီး အိပ်ရာနိုးတဲ့အခါ ယူနီဖောင်းပြန်ဝတ်ကာ လေယာဉ်မှူးခန်းထဲကို ပြန်ဝင်သွားခဲ့တာဖြစ်ပါတယ်။

လေယာဉ်မှူးရဲ့ လုပ်ရပ်ဟာ လေယာဉ်စီး ခရီးသည်တွေအတွက် စိုးရိမ်ထိတ်လန့်စရာဖြစ်ပေမယ့် ဒီကိစ္စမှာ လေယာဉ်မှူးတွေဟာ အလှည့်ကျစနစ်နဲ့ နားခဲ့တဲ့ ပုံစံရှိတယ်လို့ လေကြောင်းလိုင်းဆိုင်ရာ ကျွမ်းကျင်သူတဦးက မှတ်ချက်ပြုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ယူနိုက်တက် လေကြောင်းလိုင်းဘက်ကလည်း ပြန်လည်ဖြေရှင်းချက်ထုတ်ပြန်ခဲ့ပြီး “သူတို့ရဲ့ထုတ်ပြန်ချက်မှာ အဲဒီခရီးစဉ်အတွင်း လေယာဉ်မှူးသုံးဦး ပါဝင်ကြောင်းနဲ့၊ အိပ်ပျော်နေတဲ့ လေယာဉ်မှူးဟာ သူနားရမယ့် အလှည့်ရောက်လာတာကြောင့် လာရောက်အနားယူခြင်းသာဖြစ်ကြောင်း” လည်း ထည့်သွင်းရေးသားထားတာ တွေ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top