ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ပုဇြန္ေတာင္ၿမိဳ႕နယ္ အေနာ္ရထားလမ္း ၅၄ လမ္းထိပ္အနီးတြင္ စက္တင္ဘာ ၆ ရက္ နံနက္ ၄ နာရီခန္႔က
ဆြမ္းခ်ိဳင့္သြားပို႔သည့္ တကၠသိုလ္ဒုတိယႏွစ္ ေက်ာင္းသားတစ္ဦး ကားတိုက္ခံရမႈေၾကာင့္ ေသဆံုးခဲ့ရမႈတြင္ သက္ေသခံေမာ္ေတာ္ယာဥ္ကိုသိမ္းဆည္းရမိခဲ့ေၾကာင္း ယာဥ္ထိန္းရဲတပ္ဖြဲ႔ထံမွ စံုစမ္းသိရွိရသည္။

“သက္ေသခံအျဖစ္ သိမ္းဆည္းထားတဲ့ကားကို အခင္း ျဖစ္ေန႔က ေဆးေက်ာင္းတက္ေနသူ ေမာင္းခဲ့တာလို႔ ကနဦး စံုစမ္းစစ္ေဆးခ်က္အရ သိရၿပီး ယာဥ္ပိုင္ရွင္က ေဆးေက်ာင္းသားရဲ႕ မိခင္။ ေဆးတကၠသိုလ္ ေနာက္ဆံုးႏွစ္တက္ေနတဲ့ ေက်ာင္းသားကိုေတာ့ မစစ္ရေသးဘူး။ သူက မေန႔ကတည္းက က်ဴရွင္သြားမယ္ဆိုၿပီး အိမ္ကထြက္သြားတာ။ အခုထိ ျပန္မလာေသးဘူးလို႔ သူ႔မိဘေတြဆီက သိရတယ္”ဟု ယာဥ္ထိန္းရဲအရာရွိက ေျပာသည္။

စက္တင္ဘာလ ၆ ရက္ နံနက္ ၄ နာရီဝန္းက်င္က ပုဇြန္ေတာင္ၿမိဳ႕နယ္၊ အေနာ္ရထာလမ္းႏွင့္ ၅၄ လမ္းထိပ္တြင္ အရွိန္လြန္ေမာင္းလာသည့္ အျဖဴေရာင္ ကိုယ္ပိုင္ယာဥ္တစ္စီးက လမ္းျဖတ္ကူးေနေသာ အမ်ိဳးသားတစ္ဦးကို ဝင္တိုက္ၿပီးေနာက္ လြင့္ထြက္လဲက်သြားစဥ္ ကားျဖင့္ ထပ္မံႀကိတ္ကာ ေမာင္းႏွင္ထြက္ေျပးခဲ့ေၾကာင္း CCTV မွတ္တမ္းမ်ားအရ သိရသည္။

“ကားတိုက္ခံရသူက ႐ူပေဗဒ ဒုတိယႏွစ္ ေက်ာင္းသား ပုဇြန္ေတာင္ ေညာင္ကုန္း ေက်ာင္းတိုက္ဝင္းထဲမွာရွိတဲ့ ေလသာေက်ာင္းမွာေနတာ။ အခင္းျဖစ္ေန႔က ဆြမ္းခ်ိဳင့္သြားပို႔ခ်ိန္ ကားတိုက္ခံရတာ။ ေက်ာေပးလမ္းေလွ်ာက္လာခ်ိန္မွာ ေနာက္ကေန ကားက ဝင္တိုက္မိလို႔ လြင့္ထြက္သြားခ်ိန္ ကားနဲ႔ ထပ္ႀကိတ္ခံရတာေၾကာင့္ ေသဆံုးသြားရွာတာ”ဟု အမွတ္ (၂) ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး႐ံုးအဖြဲ႔ဝင္တစ္ဦးက ရွင္းျပသည္။

ယာဥ္တိုက္မႈျဖစ္စဥ္ကို ပုဇြန္ေတာင္ၿမိဳ႕နယ္၊ အမွတ္ (၂) ရပ္ကြက္အတြင္း တပ္ဆင္ထားသည့္ CCTV ကင္မရာ မွတ္တမ္းမ်ားမွ ရရွိခဲ့ၿပီးေနာက္ တိုက္ေျပးယာဥ္ RVR အမ်ိဳးအစား အျဖဴေရာင္ယာဥ္၏ ယာဥ္နံပါတ္ကို ထင္ရွားစြာ မျမင္ခဲ့ရေသာ္လည္း ယင္းေမာ္ေတာ္ယာဥ္မွ ယာဥ္နံပါတ္ရွိ အဂၤလိပ္အကၡရာ P ႏွင့္ ေနာက္ဆံုးဂဏန္း ၇ တို႔ကို ေတြ႔ရွိခဲ့သည္။

ယင္းေနာက္ ဘုရင့္ေနာင္ရွိ RVR Service Center သို႔ သြားေရာက္စံုစမ္းခဲ့ရာ RVR အမ်ိဳးအစား အျဖဴေရာင္ေမာ္ေတာ္ယာဥ္ *P/***7 ယာဥ္တစ္စီးမွာ လာေရာက္ျပဳျပင္သြားေၾကာင္း သိရွိရၿပီးေနာက္ ယာဥ္ပိုင္ရွင္၏လိပ္စာကို စံုစမ္းခဲ့ရာ စမ္းေခ်ာင္းၿမိဳ႕နယ္ရွိ ေအာင္ခ်မ္းသာလမ္းတြင္ ေနထိုင္သူျဖစ္ေၾကာင္း သိရွိခဲ့သည္။

“ယာဥ္ပိုင္ရွင္လိပ္စာအရဆို စမ္းေခ်ာင္း၊ ေအာင္ခ်မ္းသာလမ္းမွာေနတာ။ ဒါေပမဲ့ သြားစံုစမ္းေတာ့ အဲဒီေနရာက ေျမကြက္လပ္ႀကီး။ ၿခံပိုင္ရွင္ကဝယ္ထားတာ ၁၀ ႏွစ္ေက်ာ္ၿပီဆိုေပမယ့္ အိမ္လာမေဆာက္ေသးဘူးလို႔ ပတ္ဝန္းက်င္က ေျပာတယ္။ ဒါနဲ႔ RVR ကားဆားဗစ္စင္တာဆီ ျပန္သြားၿပီး Butterfly လာလဲ သြားတဲ့ကားရဲ႕ ေဘာက္ခ်ာစာရင္းကို ျပန္စစ္ရာကေန ယာဥ္ပိုင္ရွင္ေနတဲ့လိပ္စာကို ရခဲ့တာ”ဟု ယာဥ္ထိန္းရဲအရာရွိက ရွင္းျပသည္။

ေသဆံုးခဲ့ေသာ အသက္ ၂၀ ႏွစ္ ကိုသူရိန္ေသြးမွာ ႐ူပေဗဒအထူးျပဳဘာသာရပ္ျဖင့္ ဒုတိယႏွစ္ အေဝးသင္တက္ေရာက္ေနၿပီး ပုဇြန္ေတာင္ၿမိဳ႕နယ္ရွိ ေလသာေက်ာင္းတြင္ ယာယီေနထိုင္စဥ္ ဆြမ္းခ်ိဳင့္သြားပို႔ခ်ိန္ ကားတိုက္ခံရျခင္းျဖစ္သည္။

ယာဥ္တိုက္ခံရၿပီးေနာက္ လမ္းေပၚလဲက်ေနစဥ္ လူတစ္ဦးေရာက္ရွိလာၿပီး ကိုသူရိန္ေသြး၏ လက္ကိုင္ဖုန္းကိုယူကာ ထြက္ေျပးခဲ့ေၾကာင္းလည္း CCTV မွတ္တမ္းမ်ားတြင္ ေတြ႔ရွိရသည္။

ယင္းေနာက္ တစ္နာရီေက်ာ္အၾကာတြင္ စည္ပင္ဝန္ထမ္းမ်ားက ကိုသူရိန္ေသြးကိုေတြ႔ရွိသျဖင့္ လမ္းေဘးခ်ကာကယ္တင္ႏိုင္ရန္ ႀကိဳးစားေနစဥ္ ၎မွာ ေသဆံုးသြားခဲ့ၿပီး လမ္းတစ္ေလွ်ာက္ တပ္ဆင္ထားသည့္ CCTV မွတ္တမ္းမ်ားအရ အရွိန္လြန္ေမာင္းသည့္ RVR အမ်ိဳး အစား အျဖဴေရာင္ယာဥ္မွာ လူတိုက္ၿပီးေနာက္ ဗိုလ္ခ်ဳပ္လမ္းမွ သိမ္ျဖဴလမ္းအထိ လမ္းေျပာင္းျပန္ ယာဥ္ ေမာင္းႏွင္သြားေၾကာင္း ေတြ႔ရွိရသည္။

“စံုမီးဖြင့္ၿပီး ကားကို အရွိန္နဲ႔ေမာင္းလာတာ။ အဲဒီအခ်ိန္ ဗိုလ္ခ်ဳပ္လမ္းေပၚ ေမာင္းေနတဲ့ ကားသမားေတြထဲက အငွားယာဥ္ေမာင္းတစ္ေယာက္က လမ္းေျပာင္းျပန္ႀကီး ေမာင္းလာတဲ့ RVR ကားရဲ႕နံပါတ္ကို မွတ္မိခဲ့တယ္


ေနာက္ေန႔ အြန္လိုင္းေပၚမွာပ်ံ႕ေနတဲ့သတင္းေတြ ဖတ္ရၿပီး သူျမင္ခဲ့ရတဲ့ကားရဲ႕ ယာဥ္နံပါတ္ကို ယာဥ္ထိန္း႐ံုးဆီ လာသတင္းေပးခဲ့တယ္။ သူေျပာတဲ့ကားနံပါတ္နဲ႔ အခုသိမ္းထားတဲ့ ကားနံပါတ္က ကြက္တိပဲ”ဟု ယာဥ္ထိန္းရဲအရာရွိက ေျပာသည္။

တိုက္ေျပးယာဥ္ေမာင္းဟု သံသယရွိသူ ေဆးေက်ာင္းသားေမာင္းႏွင္ခဲ့သည့္ RVR အမ်ိဳးအစားေမာ္ေတာ္ယာဥ္မွာ အခင္းျဖစ္ေန႔က စံုမီးပြင့္ေနလ်က္ ၎ေနထိုင္ရာ ဘုရင့္ေနာင္၊ ေ႐ႊစပယ္ရိပ္မြန္အိမ္ရာသို႔ ျပန္ဝင္လာသည္ကို အိမ္ရာဝင္းတြင္ တပ္ဆင္ထားသည့္ CCTV မွတ္တမ္းမ်ားတြင္ ေတြ႔ရွိခဲ့သည္။

“စံုစမ္းရသေလာက္ဆို သူ (ေဆးေက်ာင္းသား)က အခင္းျဖစ္မတိုင္ခင္ ညမွာ သူငယ္ခ်င္းေတြနဲ႔ ကလပ္သြားခဲ့တယ္လို႔ သိရတယ္။ ကလပ္မွာေသာက္စားၿပီး ကားေမာင္းအျပန္လမ္းမွာ အခုလိုအထိ ျဖစ္သြားတာလို႔ ယူဆရတယ္”ဟု ယာဥ္ထိန္းရဲအရာရွိက ဆိုသည္။

ယာဥ္တိုက္မႈျဖစ္စဥ္ကို ပုဇြန္ေတာင္ ၿမိဳ႕မရဲစခန္းက ပုဒ္မ ၃၀၄-က ႏွင့္ ထြက္ေျပးတိမ္းေရွာင္မႈ ပုဒ္မ ၂၀၂ တို႔ျဖင့္ အမႈဖြင့္အေရးယူထားၿပီး ေသဆံုးသူ ကိုသူရိန္ေသြး ၏နာေရးကို သန္လ်င္ၿမိဳ႕နယ္ရွိ ၎၏မိဘမ်ားေနအိမ္တြင္ ျပဳလုပ္ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: TheVoice
# Unicode Version ျဖင့္ ဖတ္ပါ #
ပုဇွန်တောင်မြို့နယ် အနော်ရထားလမ်း ၅၄ လမ်းထိပ်အနီးတွင် စက်တင်ဘာ ၆ ရက် နံနက် ၄ နာရီခန့်က
ဆွမ်းချိုင့်သွားပို့သည့် တက္ကသိုလ်ဒုတိယနှစ် ကျောင်းသားတစ်ဦး ကားတိုက်ခံရမှုကြောင့် သေဆုံးခဲ့ရမှုတွင် သက်သေခံမော်တော်ယာဉ်ကိုသိမ်းဆည်းရမိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“သက်သေခံအဖြစ် သိမ်းဆည်းထားတဲ့ကားကို အခင်း ဖြစ်နေ့က ဆေးကျောင်းတက်နေသူ မောင်းခဲ့တာလို့ ကနဦး စုံစမ်းစစ်ဆေးချက်အရ သိရပြီး ယာဉ်ပိုင်ရှင်က ဆေးကျောင်းသားရဲ့ မိခင်။ ဆေးတက္ကသိုလ် နောက်ဆုံးနှစ်တက်နေတဲ့ ကျောင်းသားကိုတော့ မစစ်ရသေးဘူး။ သူက မနေ့ကတည်းက ကျူရှင်သွားမယ်ဆိုပြီး အိမ်ကထွက်သွားတာ။ အခုထိ ပြန်မလာသေးဘူးလို့ သူ့မိဘတွေဆီက သိရတယ်”ဟု ယာဉ်ထိန်းရဲအရာရှိက ပြောသည်။

စက်တင်ဘာလ ၆ ရက် နံနက် ၄ နာရီဝန်းကျင်က ပုဇွန်တောင်မြို့နယ်၊ အနော်ရထာလမ်းနှင့် ၅၄ လမ်းထိပ်တွင် အရှိန်လွန်မောင်းလာသည့် အဖြူရောင် ကိုယ်ပိုင်ယာဉ်တစ်စီးက လမ်းဖြတ်ကူးနေသော အမျိုးသားတစ်ဦးကို ဝင်တိုက်ပြီးနောက် လွင့်ထွက်လဲကျသွားစဉ် ကားဖြင့် ထပ်မံကြိတ်ကာ မောင်းနှင်ထွက်ပြေးခဲ့ကြောင်း CCTV မှတ်တမ်းများအရ သိရသည်။

“ကားတိုက်ခံရသူက ရူပဗေဒ ဒုတိယနှစ် ကျောင်းသား ပုဇွန်တောင် ညောင်ကုန်း ကျောင်းတိုက်ဝင်းထဲမှာရှိတဲ့ လေသာကျောင်းမှာနေတာ။ အခင်းဖြစ်နေ့က ဆွမ်းချိုင့်သွားပို့ချိန် ကားတိုက်ခံရတာ။ ကျောပေးလမ်းလျှောက်လာချိန်မှာ နောက်ကနေ ကားက ဝင်တိုက်မိလို့ လွင့်ထွက်သွားချိန် ကားနဲ့ ထပ်ကြိတ်ခံရတာကြောင့် သေဆုံးသွားရှာတာ”ဟု အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

ယာဉ်တိုက်မှုဖြစ်စဉ်ကို ပုဇွန်တောင်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်အတွင်း တပ်ဆင်ထားသည့် CCTV ကင်မရာ မှတ်တမ်းများမှ ရရှိခဲ့ပြီးနောက် တိုက်ပြေးယာဉ် RVR အမျိုးအစား အဖြူရောင်ယာဉ်၏ ယာဉ်နံပါတ်ကို ထင်ရှားစွာ မမြင်ခဲ့ရသော်လည်း ယင်းမော်တော်ယာဉ်မှ ယာဉ်နံပါတ်ရှိ အင်္ဂလိပ်အက္ခရာ P နှင့် နောက်ဆုံးဂဏန်း ၇ တို့ကို တွေ့ရှိခဲ့သည်။

ယင်းနောက် ဘုရင့်နောင်ရှိ RVR Service Center သို့ သွားရောက်စုံစမ်းခဲ့ရာ RVR အမျိုးအစား အဖြူရောင်မော်တော်ယာဉ် *P/***7 ယာဉ်တစ်စီးမှာ လာရောက်ပြုပြင်သွားကြောင်း သိရှိရပြီးနောက် ယာဉ်ပိုင်ရှင်၏လိပ်စာကို စုံစမ်းခဲ့ရာ စမ်းချောင်းမြို့နယ်ရှိ အောင်ချမ်းသာလမ်းတွင် နေထိုင်သူဖြစ်ကြောင်း သိရှိခဲ့သည်။

“ယာဉ်ပိုင်ရှင်လိပ်စာအရဆို စမ်းချောင်း၊ အောင်ချမ်းသာလမ်းမှာနေတာ။ ဒါပေမဲ့ သွားစုံစမ်းတော့ အဲဒီနေရာက မြေကွက်လပ်ကြီး။ ခြံပိုင်ရှင်ကဝယ်ထားတာ ၁၀ နှစ်ကျော်ပြီဆိုပေမယ့် အိမ်လာမဆောက်သေးဘူးလို့ ပတ်ဝန်းကျင်က ပြောတယ်။ ဒါနဲ့ RVR ကားဆားဗစ်စင်တာဆီ ပြန်သွားပြီး Butterfly လာလဲ သွားတဲ့ကားရဲ့ ဘောက်ချာစာရင်းကို ပြန်စစ်ရာကနေ ယာဉ်ပိုင်ရှင်နေတဲ့လိပ်စာကို ရခဲ့တာ”ဟု ယာဉ်ထိန်းရဲအရာရှိက ရှင်းပြသည်။

သေဆုံးခဲ့သော အသက် ၂၀ နှစ် ကိုသူရိန်သွေးမှာ ရူပဗေဒအထူးပြုဘာသာရပ်ဖြင့် ဒုတိယနှစ် အဝေးသင်တက်ရောက်နေပြီး ပုဇွန်တောင်မြို့နယ်ရှိ လေသာကျောင်းတွင် ယာယီနေထိုင်စဉ် ဆွမ်းချိုင့်သွားပို့ချိန် ကားတိုက်ခံရခြင်းဖြစ်သည်။

ယာဉ်တိုက်ခံရပြီးနောက် လမ်းပေါ်လဲကျနေစဉ် လူတစ်ဦးရောက်ရှိလာပြီး ကိုသူရိန်သွေး၏ လက်ကိုင်ဖုန်းကိုယူကာ ထွက်ပြေးခဲ့ကြောင်းလည်း CCTV မှတ်တမ်းများတွင် တွေ့ရှိရသည်။

ယင်းနောက် တစ်နာရီကျော်အကြာတွင် စည်ပင်ဝန်ထမ်းများက ကိုသူရိန်သွေးကိုတွေ့ရှိသဖြင့် လမ်းဘေးချကာကယ်တင်နိုင်ရန် ကြိုးစားနေစဉ် ၎င်းမှာ သေဆုံးသွားခဲ့ပြီး လမ်းတစ်လျှောက် တပ်ဆင်ထားသည့် CCTV မှတ်တမ်းများအရ အရှိန်လွန်မောင်းသည့် RVR အမျိုး အစား အဖြူရောင်ယာဉ်မှာ လူတိုက်ပြီးနောက် ဗိုလ်ချုပ်လမ်းမှ သိမ်ဖြူလမ်းအထိ လမ်းပြောင်းပြန် ယာဉ် မောင်းနှင်သွားကြောင်း တွေ့ရှိရသည်။

“စုံမီးဖွင့်ပြီး ကားကို အရှိန်နဲ့မောင်းလာတာ။ အဲဒီအချိန် ဗိုလ်ချုပ်လမ်းပေါ် မောင်းနေတဲ့ ကားသမားတွေထဲက အငှားယာဉ်မောင်းတစ်ယောက်က လမ်းပြောင်းပြန်ကြီး မောင်းလာတဲ့ RVR ကားရဲ့နံပါတ်ကို မှတ်မိခဲ့တယ်


နောက်နေ့ အွန်လိုင်းပေါ်မှာပျံ့နေတဲ့သတင်းတွေ ဖတ်ရပြီး သူမြင်ခဲ့ရတဲ့ကားရဲ့ ယာဉ်နံပါတ်ကို ယာဉ်ထိန်းရုံးဆီ လာသတင်းပေးခဲ့တယ်။ သူပြောတဲ့ကားနံပါတ်နဲ့ အခုသိမ်းထားတဲ့ ကားနံပါတ်က ကွက်တိပဲ”ဟု ယာဉ်ထိန်းရဲအရာရှိက ပြောသည်။

တိုက်ပြေးယာဉ်မောင်းဟု သံသယရှိသူ ဆေးကျောင်းသားမောင်းနှင်ခဲ့သည့် RVR အမျိုးအစားမော်တော်ယာဉ်မှာ အခင်းဖြစ်နေ့က စုံမီးပွင့်နေလျက် ၎င်းနေထိုင်ရာ ဘုရင့်နောင်၊ ရွှေစပယ်ရိပ်မွန်အိမ်ရာသို့ ပြန်ဝင်လာသည်ကို အိမ်ရာဝင်းတွင် တပ်ဆင်ထားသည့် CCTV မှတ်တမ်းများတွင် တွေ့ရှိခဲ့သည်။

“စုံစမ်းရသလောက်ဆို သူ (ဆေးကျောင်းသား)က အခင်းဖြစ်မတိုင်ခင် ညမှာ သူငယ်ချင်းတွေနဲ့ ကလပ်သွားခဲ့တယ်လို့ သိရတယ်။ ကလပ်မှာသောက်စားပြီး ကားမောင်းအပြန်လမ်းမှာ အခုလိုအထိ ဖြစ်သွားတာလို့ ယူဆရတယ်”ဟု ယာဉ်ထိန်းရဲအရာရှိက ဆိုသည်။

ယာဉ်တိုက်မှုဖြစ်စဉ်ကို ပုဇွန်တောင် မြို့မရဲစခန်းက ပုဒ်မ ၃၀၄-က နှင့် ထွက်ပြေးတိမ်းရှောင်မှု ပုဒ်မ ၂၀၂ တို့ဖြင့် အမှုဖွင့်အရေးယူထားပြီး သေဆုံးသူ ကိုသူရိန်သွေး ၏နာရေးကို သန်လျင်မြို့နယ်ရှိ ၎င်း၏မိဘများနေအိမ်တွင် ပြုလုပ်ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: TheVoice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top