ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×

ကျောက်မဲမြို့၊စက်တင်ဘာ ၁၁ကျောက်မဲ(စရဖ)မှဗက ဇာနည်အောင်နှင့် စကခ ၁ကွန်မန်ဒိုတပ်စုမှူး ဗကသော်ဇင်အောင် ဦးစီးသောအဖွဲ့သည် အိုရီယန်တယ်တိုးဂိတ်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေစဉ် ၂၀ : ၀၀ နာရီ၌ သီပေါမြို့ဘက်မှ ကျောက်မဲမြို့ဘက်သို့ ယာဉ်မောင် တာမိုးညဲပြည်သူ့စစ်အဖွဲ့မှ သောင်းဝေ မောင်းနှင်လာသည့် 2D/4762၊ပါဂျဲရိုး(ဖြူ/ကြား) လိုင်စင်(စိစစ်ဆဲ) ယာဉ်အားရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် မှုဆယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ မူဆယ်ခရိုင်လုံခြုံရေး တာဝန်မှူးတာဝန်ထမ်းဆောင်နေသော ဒုရဲမှူး မိုးမြငိ့နိုင်လိုက်ပါလာပြီး ယာဉ်ပေါ်အားရှာဖွေရာ ယာဉ်နောက်ခန်းအတွင်းမှ အိုက်(စ်)ဟုထင်ရသော အဖြူရောင်အမှုန့် ၂၅ ဂရမ်ခန့်၊WY စာတမ်းပါ ပန်ရောင်စိတ်ကြွမူးယစ်ဆေး ၂ ပြား၊စုစုပေါင်းအလေးချိန် ၀.၁၈ ဂရမ်ခန့်။



Credit: Jet Tin Mgn

#Unicode Version#
ကျောက်မဲမြို့၊စက်တင်ဘာ ၁၁ကျောက်မဲ(စရဖ)မှဗက ဇာနည်အောင်နှင့် စကခ ၁ကွန်မန်ဒိုတပ်စုမှူး ဗကသော်ဇင်အောင် ဦးစီးသောအဖွဲ့သည် အိုရီယန်တယ်တိုးဂိတ်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေစဉ် ၂၀ : ၀၀ နာရီ၌ သီပေါမြို့ဘက်မှ ကျောက်မဲမြို့ဘက်သို့ ယာဉ်မောင် တာမိုးညဲပြည်သူ့စစ်အဖွဲ့မှ သောင်းဝေ မောင်းနှင်လာသည့် 2D/4762၊ပါဂျဲရိုး(ဖြူ/ကြား) လိုင်စင်(စိစစ်ဆဲ) ယာဉ်အားရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် မှုဆယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ မူဆယ်ခရိုင်လုံခြံုရေး တာဝန်မှူးတာဝန်ထမ်းဆောင်နေသော ဒုရဲမှူး မိုးမြငိ့နိုင်လိုက်ပါလာပြီး ယာဉ်ပေါ်အားရှာဖွေရာ ယာဉ်နောက်ခန်းအတွင်းမှ အိုက်(စ်)ဟုထင်ရသော အဖြူရောင်အမှုန့် ၂၅ ဂရမ်ခန့်၊WY စာတမ်းပါ ပန်ရောင်စိတ်ကြွမူးယစ်ဆေး ၂ ပြား၊စုစုပေါင်းအလေးချိန် ၀.၁၈ ဂရမ်ခန့်။

အညိုရောင်အစေးသုတ်လိမ်းထားသောခတ်ခူး ဟုယူဆရသည့် ၀.၄ ဂရမ်ခန့်ပါ အခဲ ၁ခု။ရောင်စုံကော်ပိုက် ၄ ချောင်း၊ခဲပြားဗူး ပန်းရောင် ၁ဗူး၊ခဲပြားဗူး အပြာရောင် ၁ဗူး၊သုံးလက်စခဲလိပ် ၁ လိပ်၊ အနက်ရောင်တိပ်များပတ်ထားသော ပုလင်း ၁ ပုလင်း၊ဒုရဲမှူး မိုးမြင့်နိုင် အမည်ပါ မြန်မာနိင်ငံရဲတပ်ဖွဲ့ အရာရှိစိစစ်ရေးလက်မှတ် ကပ်ပြား ၁ ခု၊အဖြူရောင် လေးထောင့်ကော်ခွက် ၁ ခွက်၊ HIGH-Powet စာတမ်းပါ ကော်ဗူး ၁ ဗူး၊မော်ဒယ်နံပါတ် CTU-KKW,32-LR ဂျာမန်နိင်ငံထုတ် ပစ္စတိုသေနတ် ၁ လက်၊၎င်းကျည်၅ထောင့်၊၎င်းကျည်အိမ် ၁ခု၊MITSUBI PAJERO အမျိုးအစားအဖြူရောင် မော်တော်ယာဉ် ၁ စီး အားသိမ်းဆည်းရမိခဲ့ပါသည်။

သို့ဖြစ်ပါ၍ တရားမဝင် လက်နက်/ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ ဒုရဲမှူး မိုးမြင့်နိင်နှင့် ယာဉ်မောင် သောင်းဝေတို့ ၂ ဦးအား တရားဥပဒေအရ အရေးယူအမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Jet Tin Mgn
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top