iMyanmarHouse.com - Best Property Website for Myanmar
×

မအူပင္​-ဆားမ​ေလာက္​ကားလမ္​း ၊ အလန္​း​ေက်း႐ြာ၌ လမ္​းျဖတ္​ကူးသူ အမ်ိဳးသားတစ္​ဦး မွန္​လံုခရီးသည္​ယာဥ္​ တိုက္​မိသျဖင္​့ ​ေသဆံုး

၂၂ စက္​တင္​ဘာ ၊ ၂၀၁၈

ဧရာဝတီတိုင္​း​ေဒသႀကီး၊မအူပင္​ခရိုင္​ ၊မအူပင္​ၿမိဳ႕နယ္​ ၊ အလန္​း​ေက်း႐ြာအုပ္​စု ၊ အလန္​း​ေက်း႐ြာ ၊ မအူပင္​-ဆားမ​ေလာက္​ကားလမ္​း ၊ မိုင္​တိုင္​အမွတ္​ ၈/၇ ႏွင္​့ ၉/၀ မိုင္​ၾကား၌ စက္​တင္​ဘာ ၂၂ရက္​​ ​ေန႔လယ္​ ၁နာရီ ၄၅မိနစ္​အခ်ိန္​ခန္​႔မွာ ငါးရွဥ္​့ ၊ ငါး​ အ​ေရာင္​းအဝယ္​လုပ္​ငန္​းမွ အလုပ္​သမား ကိုသန္​းမင္​းလတ္​ ၊ (၃၆)ႏွစ္​သည္​ ကားလမ္​းမႀကီးသို႔ ျဖတ္​ကူးစဥ္​ ရန္ကုန္​ဘက္​မွ မအူပင္​ဘက္​သို႔ လာသည္​့ ​​ေမာ္​ကြၽန္​း-ရန္​ကုန္​​ ​ေျပးဆြဲ​ေသာ ဟြန္​ဒိုင္​းကား အဝါ​ေရာင္​ “​ေ႐ႊကိႏၷရီ” ခရီးသည္​တင္​ မွန္​လံုယာဥ္​မွ တိုက္​မိသျဖင္​့ အခင္​းျဖစ္​ရာတြင္​ ​ေသဆံုးမႈ ျဖစ္​ပြားပါသည္​ ။




” ​ေသဆံုးသူက အလန္​း႐ြာသား ၊ ငါးဒိုင္​က အလုပ္​သမားတစ္​​ေယာက္​ ပါ ၊ သူက မအူပင္​ဘက္​က​ေန ရန္​ကုန္​သြားတဲ့ ‘ႏိုင္​​ေအာင္​​ေက်ာ္​’ ကား​ေပၚ ငါးရွဥ္​ပံုးတင္​အၿပီး တန္​ဆာခ​ ​ေထာင္​ငါးရာ က်တဲ့အတြက္​ အ​ေႂကြျဖတ္​ဖို႔ တစ္​​ေထာင္​တန္​ ၂႐ြက္​ကိုင္​ၿပီး လမ္​းတဖက္​ ကြမ္​းယာဆိုင္​ဘက္​ ​ေျပးအသြားမွာ တဖက္က​လာတဲ့မွန္​လံုကားႀကီး တိုက္​မိလို႔ အခုလို ျဖစ္​သြားတယ္​ ဆိုတာ သိရပါတယ္​ ” ဟု အလန္​း​ေက်း႐ြာ အုပ္​ခ်ဳပ္​​ေရးမွဴး ဦး​ေဇာ္​က ​ေျပာသည္​ ။




    အဆိုပါ လူ​ေသဆံုးမႈအထိ ျဖစ္​ပြားသည္​့ ယာဥ္​တိုက္​မႈျဖစ္​စဥ္​မွ မွန္​လံုခရီးသည္​တင္​ ယာဥ္​​ေမာင္​း ကိုဟန္​မ်ိဳးလြင္​ ၊ (၃၀)ႏွစ္​ ၊ ​ေ႐ႊ​ေတာင္​​ေမွာ္​​ေက်း႐ြာ ၊ မအူပင္​ၿမိဳ႕ နယ္​​ေနသူအား ယာဥ္​မႈ(ပ) ၁၅၆ / ၂၀၁၈ ၊ ရာဇသတ္​ႀကီးဥပ​ေဒပုဒ္​မ ၃၀၄(က) ျဖင္​့ မအူပင္​ၿမိဳ႕မရဲစခန္​း၌ အမႈဖြင့္​့အ​ေရးယူ​ေဆာင္​႐ြက္​လ်က္​ရွိ​ေၾကာင္​း သက္​ဆိုင္​ရာမွ သိရသည္​ ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:  auntymay
# Unicode Version ျဖင့္ ဖတ္ပါ #
မအူပင်-ဆားမလောက်ကားလမ်း ၊ အလန်းကျေးရွာ၌ လမ်းဖြတ်ကူးသူ အမျိုးသားတစ်ဦး မှန်လုံခရီးသည်ယာဉ် တိုက်မိသဖြင့် သေဆုံး

၂၂ စက်တင်ဘာ ၊ ၂၀၁၈

ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင် ၊မအူပင်မြို့နယ် ၊ အလန်းကျေးရွာအုပ်စု ၊ အလန်းကျေးရွာ ၊ မအူပင်-ဆားမလောက်ကားလမ်း ၊ မိုင်တိုင်အမှတ် ၈/၇ နှင့် ၉/၀ မိုင်ကြား၌ စက်တင်ဘာ ၂၂ရက် နေ့လယ် ၁နာရီ ၄၅မိနစ်အချိန်ခန့်မှာ ငါးရှဉ့် ၊ ငါး အရောင်းအဝယ်လုပ်ငန်းမှ အလုပ်သမား ကိုသန်းမင်းလတ် ၊ (၃၆)နှစ်သည် ကားလမ်းမကြီးသို့ ဖြတ်ကူးစဉ် ရန်ကုန်ဘက်မှ မအူပင်ဘက်သို့ လာသည့် မော်ကျွန်း-ရန်ကုန် ပြေးဆွဲသော ဟွန်ဒိုင်းကား အဝါရောင် “ရွှေကိန္နရီ” ခရီးသည်တင် မှန်လုံယာဉ်မှ တိုက်မိသဖြင့် အခင်းဖြစ်ရာတွင် သေဆုံးမှု ဖြစ်ပွားပါသည် ။

” သေဆုံးသူက အလန်းရွာသား ၊ ငါးဒိုင်က အလုပ်သမားတစ်ယောက် ပါ ၊ သူက မအူပင်ဘက်ကနေ ရန်ကုန်သွားတဲ့ ‘နိုင်အောင်ကျော်’ ကားပေါ် ငါးရှဉ်ပုံးတင်အပြီး တန်ဆာခ ထောင်ငါးရာ ကျတဲ့အတွက် အကြွေဖြတ်ဖို့ တစ်ထောင်တန် ၂ရွက်ကိုင်ပြီး လမ်းတဖက် ကွမ်းယာဆိုင်ဘက် ပြေးအသွားမှာ တဖက်ကလာတဲ့မှန်လုံကားကြီး တိုက်မိလို့ အခုလို ဖြစ်သွားတယ် ဆိုတာ သိရပါတယ် ” ဟု အလန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်က ပြောသည် ။

    အဆိုပါ လူသေဆုံးမှုအထိ ဖြစ်ပွားသည့် ယာဉ်တိုက်မှုဖြစ်စဉ်မှ မှန်လုံခရီးသည်တင် ယာဉ်မောင်း ကိုဟန်မျိုးလွင် ၊ (၃၀)နှစ် ၊ ရွှေတောင်မှော်ကျေးရွာ ၊ မအူပင်မြို့ နယ်နေသူအား ယာဉ်မှု(ပ) ၁၅၆ / ၂၀၁၈ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄(က) ဖြင့် မအူပင်မြို့မရဲစခန်း၌ အမှုဖွင့့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာမှ သိရသည် ။


ဖိုးသူတော် (www.phothutaw.com)
Credit:  auntymay




 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top