ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ႏြားႏို႔ကို စစ္မစစ္အခြဲျခားခင္မွာ ႏြားႏို႔ထဲကို မသမာသူ ထုတ္လုပ္သူေတြက ဘာေတြ ေရာေႏွာတတ္သလဲ ဆိုတာေလးကိုအရင္တင္ျပပါရေစ။ ပထမဆုံး အရာကေတာ့ ႏြားႏို႔အတုျဖစ္ပါတယ္။ ႏြားႏို႔လုံးဝ မပါတဲ့အတြက္ ေဈးအေပါဆုံးနည္းမို႔ အသုံးအမ်ားဆုံး ျဖစ္ပါတယ္။ ႏြားႏို႔ အတုအထဲမွာ ဘာေတြပါသလဲဆိုေတာ့ အစစ္နဲ႔ တူေအာင္ ယူရီးယား၊ Starch (ေကာ္မႈန႔္)၊ ေပါင္ဒါသၾကား၊ ေဆာ္ဒါ၊ စားအုန္းဆီ၊ အျဖဴေရာင္ေရေဆးနဲ႔ ပ်စ္ေအာင္ ေခါင္းေလ်ာ္ရည္ကို အခ်ိန္နဲ႔ ထည့္ၾကပါတယ္။

ထည့္ထားတဲ့ ပစၥည္းေတြက လူကို ဥပါဒ္အေပးဆုံးမို႔ အႏၲရာယ္ အမ်ားဆုံးလဲ ျဖစ္ပါတယ္။ ေနာက္တစ္မ်ိဳးကေတာ့ ကြၽန္မတို႔ အေတာ္မ်ားမ်ား သိၾကတဲ့ ေရေရာတာဘဲ ျဖစ္ပါတယ္။ ဒီနည္းက ႏြားႏို႔မ်ားမ်ား ပြားေစၿပီး ေရာတဲ့ ေရမသန္႕ပါက လူကို အႏၲရာယ္ေပးပါတယ္။ ေနာက္တစ္နည္းကေတာ့ အဝတ္ေလ်ာ္ ဆပ္ျပာရည္ ေရာတာဘဲ ျဖစ္ပါတယ္။

အဲ့ဒီနည္းက အျမႇဳပ္ထေစတဲ့အတြက္ ႏြားႏို႔ကို ျပစ္သေရာင္ ထင္ရေအာင္ ျဖစ္ပါတယ္။ မ်ားမ်ား စားသုံးမိပါက အဝတ္ေလ်ာ္ ဆပ္ျပာေၾကာင့္ အူလမ္းေၾကာင္းနဲ႔ ေက်ာက္ကပ္ကို ဒုကၡေပးပါတယ္။ ေနာက္တစ္မ်ိဳးကေတာ့ ႏြားႏို႔ကို အထားခံေအာင္ Benzoin Acid, Salicylic Acid နဲ႔ ေဖာ္မလင္ (Formalin) စတာေတြကို ထည့္တာပါဘဲ။

ေနာက္ဆုံးတစ္မ်ိဳးကေတာ့ ႏြားႏို႔ထဲကို အမိုးနီယား (Ammonium Sulphate) ထည့္တာပါဘဲ။ ဒီနည္းက ႏြားႏို႔ကို ပ်စ္ေစ၊ ေလးေစၿပီး ႏြားႏို႔စံခ်ိန္ စစ္တဲ့ ကိရိယာ (Lactometer) ကေတာင္ ရန္ဖန္ရန္ခါ ဖတ္ဖို႔ ခက္ခဲတဲ့အတြက္ ခြဲျခားဖို႔ အခက္ခဲဆုံးအရာဘဲ ျဖစ္ပါတယ္။


အခုႏြားႏို႔ကို ဘယ္လို ေရာေႏွာတတ္တဲ့ အေၾကာင္းကို ေျပာၿပီးၿပီမို႔ သူတို႔ကို ဘယ္လို စစ္ေဆးႏိုင္သလဲ ဆိုတာေလးကို တင္ျပသြားပါ မယ္။ အမ်ားစုေသာအရာေတြက ဓါတ္ခြဲစစ္ေဆးမွ သိႏိုင္တာမို႔ ဓါတ္ခြဲခန္းသုံး ပစၥည္းကိရိယာေတြ မပါဘဲ စားသုံးသူတို႔ မ်က္စိနဲ႔ စစ္ေဆးႏိုင္တဲ့ နည္းလမ္းေတြကို ေ႐ြးခ်ယ္ၿပီး တင္ျပလိုက္ပါတယ္။

ပထမဆုံးနည္းကေတာ့ ကိုယ္ဝယ္ထားတဲ့ ႏြားႏို႔ကိုေရေရာ မေရာသိခ်င္ရင္ေတာ့ ႏြားႏို႔ကို ေခ်ာတဲ့ မ်က္ႏွာျပင္ မွန္လိုဟာမ်ိဳးေပၚမွာ အစက္ခ်ၿပီး မွန္ကို နည္းနည္းမတ္လိုက္လို႔ ႏြားႏို႔က ျမန္ျမန္ ေရလို စီးသြား တယ္ဆိုရင္တာ့ ေရပါၿပီေပါ့ရွင္။ ႏြားႏို႔အစစ္က ေရထက္ေလးေတာ့ ခ်က္ခ်င္းမစီးဘဲ ေျဖးေျဖးခ်င္း စီးရမယ္ေလ။ အဲ့ဒီလို မစီးရင္ေတာ့ ေရေရာၿပီေပါ့ရွင္။


စီးက်ႏႈန္းကို ၾကည့္ၿပီး ေရာတဲ့ေရ အနည္းအမ်ားကို ခန႔္မွန္းလို႔ ရႏိုင္ပါတယ္ရွင္။ ေနာက္တစ္နည္းျဖစ္တဲ့ ဆပ္ျပာရည္ ေရာထားတဲ့ ႏြားႏို႔ကေတာ့ ေသာက္ရင္ ခါးသက္သက္ အရသာရွိၿပီး ႏြားႏို႔ကို လက္ညႇိဳးနဲ႔ လက္မၾကား ပြတ္ၾကည့္ရင္ ဆပ္ျပာလို ေခ်ာက်ိက်ိ ေနတာကို ေတြ႕ရပါလိမ့္မယ္။

ေနာက္ဆုံးနည္းကေတာ့ ဝယ္ထားတဲ့ ႏြားႏို႔ကို အပူမေပးခင္မွာ နည္းနည္းဖယ္ထားၿပီး က်န္တာကို အပူေပးၿပီးရင္ အေရာင္ခ်င္း ယွဥ္ၾကည့္ပါ။ လိုအပ္တာထက္ပိုတဲ့ အဝါေရာင္ကို ေျပာင္းသြားရင္ေတာ့ ႏြားႏို႔ မစစ္တာ ေသခ်ာၿပီေပါ့ရွင္။ အဲ့ဒီေတာ့ အခုအိမ္မွာ စစ္ေဆးႏိုင္တဲ့ နည္းအားလုံးကို ကြၽန္မ လက္လွမ္းမွီသေလာက္ တင္ျပၿပီးၿပီမို႔ ဒါေလးေတြကို အသုံးျပဳၿပီး ေမးလာသူ စာဖတ္သူနဲ႔တကြ စားသုံးသူမ်ား အားလုံး ႏြားႏို႔အတု အႏၲရာယ္မွ ေရွာင္ရွားႏိုင္ၾကပါေစလို႔ ဆႏၵျပဳလိုက္ရပါတယ္ရွင္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: ျမန္မာအစားအေသာက္စားသုံးသူအခြင့္အေရးကာကြယ္ေရးႏွင့္ပညာေပးေရး
# Unicode Version ျဖင့္ ဖတ္ပါ #
နွားနို့ကို စစ်မစစ်အခွဲခြားခင်မှာ နွားနို့ထဲကို မသမာသူ ထုတ်လုပ်သူတွေက ဘာတွေ ရောနှောတတ်သလဲ ဆိုတာလေးကိုအရင်တင်ပြပါရစေ။ ပထမဆုံး အရာကတော့ နွားနို့အတုဖြစ်ပါတယ်။ နွားနို့လုံးဝ မပါတဲ့အတွက် ဈေးအပေါဆုံးနည်းမို့ အသုံးအများဆုံး ဖြစ်ပါတယ်။ နွားနို့ အတုအထဲမှာ ဘာတွေပါသလဲဆိုတော့ အစစ်နဲ့ တူအောင် ယူရီးယား၊ Starch (ကော်မှုန့်)၊ ပေါင်ဒါသကြား၊ ဆော်ဒါ၊ စားအုန်းဆီ၊ အဖြူရောင်ရေဆေးနဲ့ ပျစ်အောင် ခေါင်းလျော်ရည်ကို အချိန်နဲ့ ထည့်ကြပါတယ်။

ထည့်ထားတဲ့ ပစ္စည်းတွေက လူကို ဥပါဒ်အပေးဆုံးမို့ အန္တရာယ် အများဆုံးလဲ ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ ကျွန်မတို့ အတော်များများ သိကြတဲ့ ရေရောတာဘဲ ဖြစ်ပါတယ်။ ဒီနည်းက နွားနို့များများ ပွားစေပြီး ရောတဲ့ ရေမသန့်ပါက လူကို အန္တရာယ်ပေးပါတယ်။ နောက်တစ်နည်းကတော့ အဝတ်လျော် ဆပ်ပြာရည် ရောတာဘဲ ဖြစ်ပါတယ်။

အဲ့ဒီနည်းက အမြှုပ်ထစေတဲ့အတွက် နွားနို့ကို ပြစ်သရောင် ထင်ရအောင် ဖြစ်ပါတယ်။ များများ စားသုံးမိပါက အဝတ်လျော် ဆပ်ပြာကြောင့် အူလမ်းကြောင်းနဲ့ ကျောက်ကပ်ကို ဒုက္ခပေးပါတယ်။ နောက်တစ်မျိုးကတော့ နွားနို့ကို အထားခံအောင် Benzoin Acid, Salicylic Acid နဲ့ ဖော်မလင် (Formalin) စတာတွေကို ထည့်တာပါဘဲ။

နောက်ဆုံးတစ်မျိုးကတော့ နွားနို့ထဲကို အမိုးနီယား (Ammonium Sulphate) ထည့်တာပါဘဲ။ ဒီနည်းက နွားနို့ကို ပျစ်စေ၊ လေးစေပြီး နွားနို့စံချိန် စစ်တဲ့ ကိရိယာ (Lactometer) ကတောင် ရန်ဖန်ရန်ခါ ဖတ်ဖို့ ခက်ခဲတဲ့အတွက် ခွဲခြားဖို့ အခက်ခဲဆုံးအရာဘဲ ဖြစ်ပါတယ်။

အခုနွားနို့ကို ဘယ်လို ရောနှောတတ်တဲ့ အကြောင်းကို ပြောပြီးပြီမို့ သူတို့ကို ဘယ်လို စစ်ဆေးနိုင်သလဲ ဆိုတာလေးကို တင်ပြသွားပါ မယ်။ အများစုသောအရာတွေက ဓါတ်ခွဲစစ်ဆေးမှ သိနိုင်တာမို့ ဓါတ်ခွဲခန်းသုံး ပစ္စည်းကိရိယာတွေ မပါဘဲ စားသုံးသူတို့ မျက်စိနဲ့ စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေကို ရွေးချယ်ပြီး တင်ပြလိုက်ပါတယ်။

ပထမဆုံးနည်းကတော့ ကိုယ်ဝယ်ထားတဲ့ နွားနို့ကိုရေရော မရောသိချင်ရင်တော့ နွားနို့ကို ချောတဲ့ မျက်နှာပြင် မှန်လိုဟာမျိုးပေါ်မှာ အစက်ချပြီး မှန်ကို နည်းနည်းမတ်လိုက်လို့ နွားနို့က မြန်မြန် ရေလို စီးသွား တယ်ဆိုရင်တာ့ ရေပါပြီပေါ့ရှင်။ နွားနို့အစစ်က ရေထက်လေးတော့ ချက်ချင်းမစီးဘဲ ဖြေးဖြေးချင်း စီးရမယ်လေ။ အဲ့ဒီလို မစီးရင်တော့ ရေရောပြီပေါ့ရှင်။

စီးကျနှုန်းကို ကြည့်ပြီး ရောတဲ့ရေ အနည်းအများကို ခန့်မှန်းလို့ ရနိုင်ပါတယ်ရှင်။ နောက်တစ်နည်းဖြစ်တဲ့ ဆပ်ပြာရည် ရောထားတဲ့ နွားနို့ကတော့ သောက်ရင် ခါးသက်သက် အရသာရှိပြီး နွားနို့ကို လက်ညှိုးနဲ့ လက်မကြား ပွတ်ကြည့်ရင် ဆပ်ပြာလို ချောကျိကျိ နေတာကို တွေ့ရပါလိမ့်မယ်။

နောက်ဆုံးနည်းကတော့ ဝယ်ထားတဲ့ နွားနို့ကို အပူမပေးခင်မှာ နည်းနည်းဖယ်ထားပြီး ကျန်တာကို အပူပေးပြီးရင် အရောင်ချင်း ယှဉ်ကြည့်ပါ။ လိုအပ်တာထက်ပိုတဲ့ အဝါရောင်ကို ပြောင်းသွားရင်တော့ နွားနို့ မစစ်တာ သေချာပြီပေါ့ရှင်။ အဲ့ဒီတော့ အခုအိမ်မှာ စစ်ဆေးနိုင်တဲ့ နည်းအားလုံးကို ကျွန်မ လက်လှမ်းမှီသလောက် တင်ပြပြီးပြီမို့ ဒါလေးတွေကို အသုံးပြုပြီး မေးလာသူ စာဖတ်သူနဲ့တကွ စားသုံးသူများ အားလုံး နွားနို့အတု အန္တရာယ်မှ ရှောင်ရှားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်ရှင်။


ဖိုးသူတော် (www.phothutaw.com)
Credit: မြန်မာအစားအသောက်စားသုံးသူအခွင့်အရေးကာကွယ်ရေးနှင့်ပညာပေးရေး


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top