ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×




Credit: myanmarnote
# Unicode Version ဖြင့် ဖတ်ပါ #
သြစတီးယား ကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ ရေထဲမှာ လူသေအလောင်းလို့ထင်ပြီး ဆယ်ယူခဲ့မိရာမှ ငိုအားထက် ရယ်အားသန်ခဲ့ရတဲ့အဖြစ် ကြုံခဲ့ရပါတယ်။ အဆိုပါ အလောင်းလို့ ယူဆရတဲ့ အရာတစ်ခုဟာ မြစ်ကူးတံတားအောက်ခြေမှာ တွယ်ငြိနေတာဖြစ်ပါတယ်။

ဒါပေမယ့် တကယ်တမ်း ဆယ်ယူလိုက်တဲ့အခါမှာတော့ လူကြီးကစားစရာ လေထိုးအရုပ်ကြီး ဖြစ်နေပါတယ်။ ဒီအဖြစ်အပျက်ဟာ သြစတီးယားနိုင်ငံ၊ အထက်သြစတီးယားပြည်နယ်တစ်ခုဖြစ်တဲ့ Steyr မြို့မှာ ဖြစ်ခဲ့တာပါ။ အဆိုပါလူကြီးကစားစရာ အရုပ်ကြီးဟာ တံတားတိုင်တစ်ခုမှာ ငြိနေတာဖြစ်ပြီး၊ ဖြတ်သွားဖြတ်လာတစ်ဦးက အရင်ဆုံး တွေ့ခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ သူဟာ ဒေသခံကယ်ဆယ်ရေးအဖွဲ့တွေထံ ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။ လမ်းသွားလမ်းလာ လူ တစ်ရာကျော်လောက်ကလည်း မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ ကယ်ဆယ်ရေးလုပ်ငန်းကို စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြပြီး တကယ်တမ်း တွေ့လိုက်ရတဲ့အရာကြောင့် အားလုံး ရယ်ပွဲဖွဲ့ခဲ့ကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmarnote
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top