မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×





ကလေးတွေကိုထိန်းကျောင်းရာမှာတော့ အကြီးတွေက ကူထိန်းပေးတယ်လို့ဆိုပါတယ်။ သူမဟာ မိခင်ကောင်းတစ်ယောက်ဖြစ်ပြီး သားသမီးတွေကို ကောင်းမွန်စွာကြည့်ရှုစောင့်ရှောက်နိုင်တဲ့ လေးစားဖွယ်မိခင်ဖြစ်အောင် ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။

Credit: Hlataw

#Unicode Version#
အသက် (၃၇) နှစ်အရွယ်မှာ ကလေး (၃၈) ယောက်ကို မွေးဖွားခဲ့တဲ့ မိခင်တစ်ဦးဖြစ်လာတယ်ဆိုတာ တကယ်ရောဟုတ်ရဲ့လားဆိုတာ အားလုံးသိချင်နေကြတဲ့ မေးခွန်းဖြစ်ပါတယ်။

Kabimbiri village, Uganda မှ Nnalongo Mariam Nabatanzi ဆိုသူအမျိုးသမီးဟာ ခင်ပွန်းဖြစ်သူနဲ့သားသမီး (၃၈) ယောက်ထွန်းကားခဲ့ပါတယ်။ သူတို့ဟာအစပိုင်းမှာတော့ ကလေး (၆)ယောက်သာယူဖို့ အစီအစဉ်ရှိခဲ့တာလို့လည်း သိရပါတယ်။

အငယ်ဆုံးကလေးကလွဲပြီး သူမဟာ ကလေးတွေအားလုံးကို အိမ်မှာမွေးခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ထူးဆန်းလွန်းလှတဲ့ ကိုယ်ဝန်ဆောင်မှုက သူမကို အသက် (၃၇) နှစ်မှာ ကလေး (၃၈) ယောက်ရဲ့မိခင် ဖြစ်လာစေခဲ့တာဖြစ်ပါတယ်။ သူမဟာ အမွှာချည်းပဲ (၆)ခါ၊ သုံးမွှာပူး (၄) ခါ၊ လေးမွှာပူး (၃) ခါ မွေးခဲ့ရုံသာမက တစ်ဦးချင်းစီကိုလည်း မွေးဖွားခဲ့ပါတယ်။

ကလေး (၁၀) ယောက်ဟာမိန်းကလေးတွေဖြစ်ပြီး ကျန်တာကတော့ ယောကျာ်းလေးတွေဖြစ်ပါတယ်။ အကြီးဆုံးကလေးက (၂၃) နှစ်ရှိပြီဖြစ်ပြီး အငယ်ဆုံးလေးက အခုမှ (၄) လပဲရှိပါသေးတယ်။

ကလေးတွေကိုထိန်းကျောငး်ရာမှာတော့ အကြီးတွေက ကူထိန်းပေးတယ်လို့ဆိုပါတယ်။ သူမဟာ မိခင်ကောင်းတစ်ယောက်ဖြစ်ပြီး သားသမီးတွေကို ကောငး်မွန်စွာကြည့်ရှုစောင့်ရှောက်နိုင်တဲ့ လေးစားဖွယ်မိခင်ဖြစ်အောင် ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Hlataw


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top