×

လူတိုင္း လူတိုင္းမွာ ကိုယ့္ဘဝအက်ိဳးေပးအလိုက္ လကၡဏာေတြကို ပိုင္ဆုိင္ထားၾကပါတယ္။ လက္ကၡဏာအေရးအေၾကာင္းေတြေပၚ မူတည္ျပီး ကိုယ့္ဘဝရဲ႕ ျဖတ္သန္းမႈတစ္ေလွ်ာက္မွာ ဘယ္လိုအျဖစ္အပ်က္ေတြ ၾကံဳေတြ႔ရႏိုင္တယ္၊ ကိုယ့္ရဲ႕ လကၡဏာက ေကာင္းတယ္၊ မေကာင္းဘူးဆိုတဲ႔ အခ်က္ေတြကလည္း သတ္မွတ္ျပီးသားလိုျဖစ္ေနတာပါ။ ဒီေတာ့ ကိုယ့္ရဲ႕ လကၡဏာက ညြန္းဆုိထားတဲ႔ အခ်က္ေတြေပၚ မူတည္ျပီး ကိုယ္ဟာ အပ်ိဳၾကီး၊ လူပ်ိဳၾကီး ျဖစ္ႏိုင္လား၊ အိမ္ေထာင္က်ကံေကာင္းမွာလား၊ ဘယ္လိုအခ်က္ေတြက ေဆာင္ရန္၊ ေရွာင္ရန္ေတြျဖစ္မလဲ ဆိုတာကို ေအာက္မွာေဖာ္ျပထားတဲ႔ ဆရာမၾကီး ေဒါက္တာေစာယုႏြယ္ရဲ႕ ေဟာၾကားခ်က္ေလးေတြနဲ႔ တုိက္ဆုိင္စစ္ေဆးၾကည့္ရေအာင္ပါေနာ္။

၁ – အခ်စ္ပါရဂူ

ႏွလံုးလမ္းေၾကာင္းဟာ စေနျဂိဳဟ္ခံုေအာက္တည့္တည့္ကေန အဖ်ားႏွစ္ခြနဲ႔ စထြက္လာရင္ အခ်စ္ေရးမွာ ကၽြမ္းက်င္လိမၼာတတ္ပါတယ္။ အခ်စ္ေရးမွာ ပါးနပ္လြန္းသူေတြရဲ႕ လက္ဝါးျပင္ေပၚမွာ အဲဒီလို ႏွလံုးလမ္းေၾကာင္းမ်ိဳး ပါရွိတတ္ပါတယ္။ အခ်စ္ပါရဂူၾကီးေပါ့၊ အခ်စ္ေရးနဲ႔ပတ္သက္လာရင္ ခ်က္ဆိုနားခြက္က မီးေတာက္တဲ႔သူေတြလို႔လည္း ဆိုႏုိင္ပါတယ္။ ျပိႆရာသီဖြား ၉ ဂဏန္းသမားေတြရဲ႕ လက္ဝါးျပင္ေပၚက ႏွလံုးလမ္းေၾကာင္းဟာ ပံုထဲကလို စေနျဂိဳဟ္ခံုေအာက္ကေန အဖ်ားႏွစ္ခုနဲ႔ စထြက္လာတတ္ပါတယ္။

၂ – ေမာင့္မူပိုင္ရွင္

ပံုထဲကလို အမွတ္အသားပါရွိသူေတြကေတာ့ တစ္ဦးတစ္ေယာက္တည္းအေပၚမွာ ေမတၱာမိုးေစြျပီး ရာသက္ပန္ေပါင္းသင္းတတ္သူျဖစ္ပါတယ္။ ေရွ႔သြားေနာက္လုိက္ညီတဲ႔ အိမ္ေထာင္ေရးမ်ိဳး ရရွိႏုိင္မယ့္သူရဲ႕ လကၡဏာမွာ ဒီလိုအမွတ္အသားပါရွိတတ္ပါတယ္။

၃ – ခံစားတတ္ေသာ ႏွလံုးသားပိုင္ရွင္၏ လကၡဏာ

ဥာဏ္လမ္းေၾကာင္း သံုးေၾကာင္းခြဲျပီး တစ္ေၾကာင္းက တစ္ေၾကာင္းက စေနျဂိဳဟ္ခံုဘက္၊ တစ္ေၾကာင္းက တနလၤာျဂိဳဟ္ခံုဘက္ကို ေကာ့တက္သြားမယ္၊ တစ္ေၾကာင္းက တနလၤာျဂိဳဟ္ခံုဘက္ကို ဆင္းသြားမယ္ဆိုရင္ေတာ့ ေတးဂီတနဲ႔ ပတ္သက္တဲ႔ ပညာရပ္ေတြမွာ ထူးခၽြန္တတ္ပါတယ္။ ဂီတနဲ႔ ပတ္သက္တဲ႔ ခံစားမႈႏွလံုးသားဓါတ္ခံအားေကာင္းသလို ဂီတပညာအေပၚမွာ ေလ့လာႏုိင္စြမ္းရည္လည္း ထက္ျမက္မွာျဖစ္ပါတယ္။ ကမၻာေက်ာ္ဂီတပညာရွင္ၾကီးေတြရဲ႕ လက္ဝါးျပင္ေပၚမွာ အဲဒီလို ဥာဏ္လမ္းေၾကာင္းမ်ိဳး ပါတတ္ပါတယ္။ ဒီလိုဥာဏ္လမ္းေၾကာင္းမ်ိဳးကို ေမလရဲ႕ ၇ ၊ ၁၆ ၊ ၂၅ ရက္ေန႔ေတြမွာ ေမြးဖြားသူေတြရဲ႕ လက္ဝါးျပင္မွာ ေတြ႔ရမ်ားပါတယ္။ သိဟ္ရာသီဖြားေတြရဲ႕ လက္ဝါးျပင္မွာ ဒီလိုလမ္းေၾကာင္းမ်ိဳး ပါဖို႔ ၇၅% ေလာက္ေသခ်ာေနပါတယ္။

၄ – ေဖာ္ကြာေဝးသူ၏ လကၡဏာ(အပ်ိဳၾကီး၊ လူပ်ိဳၾကီး လကၡဏာ)

အိမ္ေထာင္ေရးလမ္းေၾကာင္းတိုျပီး အေပၚဘက္ကို တက္ေနမယ္ဆုိရင္ေတာ့ ဒီတစ္သက္စြံမွာ မဟုတ္ေတာ့ပါဘူး။ တစ္ကိုယ္တည္း အပ်ိဳၾကီး၊ လူပ်ိဳၾကီးေတြရဲ႕ လက္ဝါးျပင္ေပၚမွာ အဲဒီလို အိမ္ေထာင္ေရး လမ္းေၾကာင္းမ်ိဳး ပါတတ္ပါတယ္။ အထီးက်န္ အိမ္ေထာင္ေရးလမ္းေၾကာင္းလုိ႔လည္း ေခၚလို႔ရပါတယ္။ ေတာ္သင့္သူကို အခ်ိန္မီမေရြးလို႔ ေဖာ္ကြာေဝးသူတို႔ရဲ႕ လက္ဝါးျပင္မွာလည္း ဒီလမ္းေၾကာင္းပံုစံကို ေတြ႔ျမင္ရမွာျဖစ္ပါတယ္။ ကန္ရာသီဖြား ၁ ဂဏန္းသမားေတြရဲ႕ လက္ဝါးျပင္ေပၚက အိမ္ေထာင္ေရး လမ္းေၾကာင္းဟာဆိုရင္ တုိျပီး လက္သန္းအေပၚဘက္ဆီကို တက္ေနတတ္ပါတယ္။

၅ – အခ်စ္ေရးမွာ စံျပဳထိုက္သူ၏ လကၡဏာ

ႏွလံုးလမ္းေၾကာင္းေပၚမွာ ၾတိဂံပံုေလးျဖစ္ေနရင္ေတာ့ အခ်စ္ေရးမွာ သစၥာျမဲတတ္သူပါပဲ။ ခ်စ္သူက သစၥာေဖာက္သည့္တုိင္ေအာင္ ခ်စ္သူအေပၚ သစၥာမပ်က္တတ္သူေတြရဲ႕ လက္ဝါးျပင္ေပၚမွာ အဲဒီလို ႏွလံုးလမ္းေၾကာင္းမ်ိဳး ပါတတ္ပါတယ္။ အခ်စ္ေရးမွာ စံျပဳထုိက္သူေတြရဲ႕ ႏွလံုးလမ္းေၾကာင္းမ်ိဳးလို႔ ဆုိႏိုင္ပါတယ္။ မကာရရာသီ ၁ ဂဏန္းသမားေတြရဲ႕ လက္ဝါးျပင္ေပၚက ႏွလံုးလမ္းေၾကာင္းမွာ ၾတိဂံပံု အမွတ္အသားပါေလ့ရွိပါတယ္။

၆ – အိမ္ေထာင္ေရး ကံေကာင္းသူ၏ လကၡဏာ

အိမ္ေထာင္ေရးလမ္းေၾကာင္းေနရာမွာ မ်ဥ္းျပိဳင္ႏွစ္ေၾကာင္းထြက္ေနျပီး အျပစ္အနာအဆာ မပါရင္ေတာ့ အိမ္ေထာင္ေရးသုခခ်မ္းသာျပည့္စံုမႈကို ခံစားရတတ္ပါတယ္။ ဒီလကၡဏာပိုင္ရွင္ရဲ႕ အိမ္ေထာင္ဖက္ေတြက ရာသက္ပန္ရိုးေျမက်ေပါင္းသင္းရတဲ႔ အိမ္ေထာင္ကို ရရွိမွာျဖစ္ျပီး တစ္ဦးနဲ႔တစ္ဦးလည္း အလြန္ခ်စ္ခင္ၾကမွာျဖစ္ပါတယ္။ သားသမီးေကာင္းရတနာ ထြန္းကားတတ္ျပီး သားသမီးေကာင္းက်ိဳးကိုလည္း ခံစားရမွာပါ။ ေအးအတူပူအမွ် ခ်စ္ခင္ၾကင္နာစြာေပါင္းသင္းေနထုိင္သြားၾကတဲ႔ အိမ္ေထာင္ရွင္ေတြရဲ႕ လက္ဝါးျပင္ေပၚမွာ အဲဒီလိုအိမ္ေထာင္ေရးလမ္းေၾကာင္းမ်ိဳး ေတြ႔ရတတ္ပါတယ္။ မိန္ရာသီဖြား ၁ ဂဏန္းသမားေတြရဲ႕ လက္ဝါးျပင္ေပၚက အိမ္ေထာင္ေရးလမ္းေၾကာင္းဟာ မ်ဥ္းျပိဳင္ႏွစ္ေၾကာင္းပံုစံရွိေနျပီး အျပစ္အနာအဆာ ကင္းတတ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဗဒင္၀ါသနာအိုး

#Unicode Version#
 လူတိုင်း လူတိုင်းမှာ ကိုယ့်ဘဝအကျိုးပေးအလိုက် လက္ခဏာတွေကို ပိုင်ဆိုင်ထားကြပါတယ်။ လက်က္ခဏာအရေးအကြောင်းတွေပေါ် မူတည်ပြီး ကိုယ့်ဘဝရဲ့ ဖြတ်သန်းမှုတစ်လျှောက်မှာ ဘယ်လိုအဖြစ်အပျက်တွေ ကြုံတွေ့ရနိုင်တယ်၊ ကိုယ့်ရဲ့ လက္ခဏာက ကောင်းတယ်၊ မကောင်းဘူးဆိုတဲ့ အချက်တွေကလည်း သတ်မှတ်ပြီးသားလိုဖြစ်နေတာပါ။ ဒီတော့ ကိုယ့်ရဲ့ လက္ခဏာက ညွန်းဆိုထားတဲ့ အချက်တွေပေါ် မူတည်ပြီး ကိုယ်ဟာ အပျိုကြီး၊ လူပျိုကြီး ဖြစ်နိုင်လား၊ အိမ်ထောင်ကျကံကောင်းမှာလား၊ ဘယ်လိုအချက်တွေက ဆောင်ရန်၊ ရှောင်ရန်တွေဖြစ်မလဲ ဆိုတာကို အောက်မှာဖော်ပြထားတဲ့ ဆရာမကြီး ဒေါက်တာစောယုနွယ်ရဲ့ ဟောကြားချက်လေးတွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ရအောင်ပါနော်။

၁ – အချစ်ပါရဂူ

နှလုံးလမ်းကြောင်းဟာ စနေဂြိုဟ်ခုံအောက်တည့်တည့်ကနေ အဖျားနှစ်ခွနဲ့ စထွက်လာရင် အချစ်ရေးမှာ ကျွမ်းကျင်လိမ္မာတတ်ပါတယ်။ အချစ်ရေးမှာ ပါးနပ်လွန်းသူတွေရဲ့ လက်ဝါးပြင်ပေါ်မှာ အဲဒီလို နှလုံးလမ်းကြောင်းမျိုး ပါရှိတတ်ပါတယ်။ အချစ်ပါရဂူကြီးပေါ့၊ အချစ်ရေးနဲ့ပတ်သက်လာရင် ချက်ဆိုနားခွက်က မီးတောက်တဲ့သူတွေလို့လည်း ဆိုနိုင်ပါတယ်။ ပြိဿရာသီဖွား ၉ ဂဏန်းသမားတွေရဲ့ လက်ဝါးပြင်ပေါ်က နှလုံးလမ်းကြောင်းဟာ ပုံထဲကလို စနေဂြိုဟ်ခုံအောက်ကနေ အဖျားနှစ်ခုနဲ့ စထွက်လာတတ်ပါတယ်။

၂ – မောင့်မူပိုင်ရှင်

ပုံထဲကလို အမှတ်အသားပါရှိသူတွေကတော့ တစ်ဦးတစ်ယောက်တည်းအပေါ်မှာ မေတ္တာမိုးစွေပြီး ရာသက်ပန်ပေါင်းသင်းတတ်သူဖြစ်ပါတယ်။ ရှေ့သွားနောက်လိုက်ညီတဲ့ အိမ်ထောင်ရေးမျိုး ရရှိနိုင်မယ့်သူရဲ့ လက္ခဏာမှာ ဒီလိုအမှတ်အသားပါရှိတတ်ပါတယ်။

၃ – ခံစားတတ်သော နှလုံးသားပိုင်ရှင်၏ လက္ခဏာ

ဉာဏ်လမ်းကြောင်း သုံးကြောင်းခွဲပြီး တစ်ကြောင်းက တစ်ကြောင်းက စနေဂြိုဟ်ခုံဘက်၊ တစ်ကြောင်းက တနင်္လာဂြိုဟ်ခုံဘက်ကို ကော့တက်သွားမယ်၊ တစ်ကြောင်းက တနင်္လာဂြိုဟ်ခုံဘက်ကို ဆင်းသွားမယ်ဆိုရင်တော့ တေးဂီတနဲ့ ပတ်သက်တဲ့ ပညာရပ်တွေမှာ ထူးချွန်တတ်ပါတယ်။ ဂီတနဲ့ ပတ်သက်တဲ့ ခံစားမှုနှလုံးသားဓါတ်ခံအားကောင်းသလို ဂီတပညာအပေါ်မှာ လေ့လာနိုင်စွမ်းရည်လည်း ထက်မြက်မှာဖြစ်ပါတယ်။ ကမ္ဘာကျော်ဂီတပညာရှင်ကြီးတွေရဲ့ လက်ဝါးပြင်ပေါ်မှာ အဲဒီလို ဉာဏ်လမ်းကြောင်းမျိုး ပါတတ်ပါတယ်။ ဒီလိုဉာဏ်လမ်းကြောင်းမျိုးကို မေလရဲ့ ၇ ၊ ၁၆ ၊ ၂၅ ရက်နေ့တွေမှာ မွေးဖွားသူတွေရဲ့ လက်ဝါးပြင်မှာ တွေ့ရများပါတယ်။ သိဟ်ရာသီဖွားတွေရဲ့ လက်ဝါးပြင်မှာ ဒီလိုလမ်းကြောင်းမျိုး ပါဖို့ ၇၅% လောက်သေချာနေပါတယ်။

၄ – ဖော်ကွာဝေးသူ၏ လက္ခဏာ(အပျိုကြီး၊ လူပျိုကြီး လက္ခဏာ)

အိမ်ထောင်ရေးလမ်းကြောင်းတိုပြီး အပေါ်ဘက်ကို တက်နေမယ်ဆိုရင်တော့ ဒီတစ်သက်စွံမှာ မဟုတ်တော့ပါဘူး။ တစ်ကိုယ်တည်း အပျိုကြီး၊ လူပျိုကြီးတွေရဲ့ လက်ဝါးပြင်ပေါ်မှာ အဲဒီလို အိမ်ထောင်ရေး လမ်းကြောင်းမျိုး ပါတတ်ပါတယ်။ အထီးကျန် အိမ်ထောင်ရေးလမ်းကြောင်းလို့လည်း ခေါ်လို့ရပါတယ်။ တော်သင့်သူကို အချိန်မီမရွေးလို့ ဖော်ကွာဝေးသူတို့ရဲ့ လက်ဝါးပြင်မှာလည်း ဒီလမ်းကြောင်းပုံစံကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ကန်ရာသီဖွား ၁ ဂဏန်းသမားတွေရဲ့ လက်ဝါးပြင်ပေါ်က အိမ်ထောင်ရေး လမ်းကြောင်းဟာဆိုရင် တိုပြီး လက်သန်းအပေါ်ဘက်ဆီကို တက်နေတတ်ပါတယ်။

၅ – အချစ်ရေးမှာ စံပြုထိုက်သူ၏ လက္ခဏာ

နှလုံးလမ်းကြောင်းပေါ်မှာ တြိဂံပုံလေးဖြစ်နေရင်တော့ အချစ်ရေးမှာ သစ္စာမြဲတတ်သူပါပဲ။ ချစ်သူက သစ္စာဖောက်သည့်တိုင်အောင် ချစ်သူအပေါ် သစ္စာမပျက်တတ်သူတွေရဲ့ လက်ဝါးပြင်ပေါ်မှာ အဲဒီလို နှလုံးလမ်းကြောင်းမျိုး ပါတတ်ပါတယ်။ အချစ်ရေးမှာ စံပြုထိုက်သူတွေရဲ့ နှလုံးလမ်းကြောင်းမျိုးလို့ ဆိုနိုင်ပါတယ်။ မကာရရာသီ ၁ ဂဏန်းသမားတွေရဲ့ လက်ဝါးပြင်ပေါ်က နှလုံးလမ်းကြောင်းမှာ တြိဂံပုံ အမှတ်အသားပါလေ့ရှိပါတယ်။

၆ – အိမ်ထောင်ရေး ကံကောင်းသူ၏ လက္ခဏာ

အိမ်ထောင်ရေးလမ်းကြောင်းနေရာမှာ မျဉ်းပြိုင်နှစ်ကြောင်းထွက်နေပြီး အပြစ်အနာအဆာ မပါရင်တော့ အိမ်ထောင်ရေးသုခချမ်းသာပြည့်စုံမှုကို ခံစားရတတ်ပါတယ်။ ဒီလက္ခဏာပိုင်ရှင်ရဲ့ အိမ်ထောင်ဖက်တွေက ရာသက်ပန်ရိုးမြေကျပေါင်းသင်းရတဲ့ အိမ်ထောင်ကို ရရှိမှာဖြစ်ပြီး တစ်ဦးနဲ့တစ်ဦးလည်း အလွန်ချစ်ခင်ကြမှာဖြစ်ပါတယ်။ သားသမီးကောင်းရတနာ ထွန်းကားတတ်ပြီး သားသမီးကောင်းကျိုးကိုလည်း ခံစားရမှာပါ။ အေးအတူပူအမျှ ချစ်ခင်ကြင်နာစွာပေါင်းသင်းနေထိုင်သွားကြတဲ့ အိမ်ထောင်ရှင်တွေရဲ့ လက်ဝါးပြင်ပေါ်မှာ အဲဒီလိုအိမ်ထောင်ရေးလမ်းကြောင်းမျိုး တွေ့ရတတ်ပါတယ်။ မိန်ရာသီဖွား ၁ ဂဏန်းသမားတွေရဲ့ လက်ဝါးပြင်ပေါ်က အိမ်ထောင်ရေးလမ်းကြောင်းဟာ မျဉ်းပြိုင်နှစ်ကြောင်းပုံစံရှိနေပြီး အပြစ်အနာအဆာ ကင်းတတ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: ဗေဒင်ဝါသနာအိုး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top