မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

တခ်ိန္က ပရိသတ္ေတြ တမ္းတမ္းစြဲ ျဖစ္ခဲ့တဲ့ မင္းသားေခ်ာ သူထူးစံအေနနဲ႔ အႏုပညာေလာကနဲ႔ အနည္းငယ္ ကင္းကြာေနတာကို သတိထားမိၾကမယ္ ထင္ပါတယ္။ ဒါေၾကာင့္ သူထူးစံကို အားေပးတဲ့ ပရိသတ္ေတြကေတာ့ သူထူးစံအေနနဲ႔ ဘာေၾကာင့္ ႐ုပ္ရွင္ေတြမႀကိဳက္ေတာ့ပဲ အႏုပညာေလာကနဲ႔ ကင္းကြာေနလည္းဆိုတာကိုေတာ့ စိတ္ဝင္စားေနၾကတာ ျဖစ္ပါတယ္။ သူထူးစံကေတာ သူ႔ပရိသတ္ေတြအတြက္ MC 7 နဲ႔အင္တာဗ်ဴးတြင္ သူ႔အေနနဲ႔ ကမ္းလွမ္းထားတဲ့ ဗီဒီယိုေတြကို လက္မခံျဖစ္တဲ့အေၾကာင္းရဲ႕ လက္ရွိျမန္မာ့႐ုပ္ရွင္ေလာကအေၾကာင္းနဲ႔ ပတ္သက္တာေလးေတြကို ေျပာျပသြားခဲ့ပါတယ္။

မင္းသားသူထူးစံကေတာ့ “ကြၽန္ေတာ္ကားမ႐ိုက္တာေတာ့ ေတာ္ေတာ္ၾကာၿပီ။ ႐ုပ္ရွင္မ႐ိုက္ျဖစ္ေပမယ့္လည္း နယ္ေတြဘာေတြသြားရင္ေတာ့ ကြၽန္ေတာ့္ကို ပရိသတ္ေတြကေတာ့အားေပးေနတုန္းပါပဲ။ ကားမ႐ိုက္ျဖစ္ေတာ့တာက ကြၽန္ေတာ္ေျခေထာက္က်ိဳးသြားတာလည္းပါတယ္။ ၿပီးေတာ့ ႐ုပ္ရွင္ေတြ မ႐ိုက္ခ်င္တာလည္းပါတယ္။ ကြၽန္ေတာ့္ကို လာကမ္းလွမ္းတဲ့ ကာ႐ိုက္တာေတြကလည္း ကြၽန္ေတာ္လုပ္ၿပီးသားေတြမ်ားတယ္။ ကြၽန္ေတာ္အႏုပညာလုပ္ေနတာ ၁၈ ႏွစ္ေလာက္လည္းၾကာၿပီ။ ႐ိုက္ထားတဲ့ကားေတြကလည္း မ်ားၿပီ။ ပရိသတ္ေတြကို ကြၽန္ေတာေကာင္းေကာင္း တင္ဆက္ေပးခ်င္တာေလ။ ဒါေၾကာင့္ ေ႐ြးၿပီး႐ိုက္တာပါ။ ဗီဒိယိုေတြကိုလည္း ေကာင္းေကာင္းျပန္႐ိုက္ေစခ်င္တယ္။ ကြၽန္ေတာ့္ဘက္ကဘာေတြ ေလ်ာ့ေပးရမလဲ။ ေဈးေလ်ာ့ေပးရမွာလား။ အႏုပညာကိုေတာ့ မေလ်ာ့ပစ္ခ်င္ပါဘူး။ အခုေနာက္ပိုင္းမွာ အႏုပညာေလ်ာ့တဲ့အရာေလးေတြ ေတြ႕လာရတယ္။ ဒီလိုမ်ိဳးလုပ္ေနရင္ေတာ့ တုန႔္ျပန္မႈေတြက ေကာင္းလာမွာမဟုတ္ပါဘူး”

“လက္ရွိမွာ ကြၽန္ေတာ္တို႔ ဗီဒီယိုေလာကမွာ အဓိကလိုအပ္တာက ေကာင္းေကာင္း႐ိုက္ႏိုင္တဲ့ ဒါ႐ိုက္တာ လိုအပ္ပါတယ္။ သပ္သပ္ရပ္ရပ္႐ိုက္ႏိုင္တဲ့ ဒါ႐ိုက္တာေတြ လိုအပ္တယ္။ အရင္ကေတာ့ ရွိခဲ့တယ္။ အခုလည္း ရွိေစခ်င္တယ္။ ဒါဆိုရင္ေတာ့ သ႐ုပ္ေဆာင္အသစ္ေတြလည္း ေနရာရလာမယ္။ ႐ုပ္ရွင္ကားေတြလည္း ေကာင္းေကာင္းထြက္လာမယ္။ အခုအဲ့လိုမ်ိဳးဒါ႐ိုက္တာေတြက အရမ္းရွားတယ္။ ေကာင္းေကာင္းသ႐ုပ္ေဆာင္ႏိုင္တဲ့သူေတြ မ်ားတယ္။ ေကာင္းေကာင္း႐ိုက္ႏိုင္တဲ့ ဒါ႐ိုက္တာေတြ နည္းတယ္။ ဒါ႐ိုက္တာအသစ္ေတြကို မ်ားမ်ား႐ိုက္ေစခ်င္ပါတယ္”

“ကြၽန္ေတာ္ကို ကမ္းလွမ္းတဲ့ ဇာတ္ကားေတာ္ေတာ္မ်ားမ်ားကို ဖ်က္ပစ္လိုက္ပါတယ္။ ဇာတ္လမ္းတြဲေတြကိုလည္း ဖ်က္ပစ္လိုက္ပါတယ္။ ဘာလို႔လည္းဆိုေတာ့ အခ်ိန္ေပးရမွာေလ။ သပ္သပ္ရပ္ရပ္နဲ႔ ကြၽန္ေတာ္႐ိုက္ခ်င္တာပါ။ ကြၽန္ေတာ္မင္းသားေနရာမွ မဟုတ္ပါဘူး။ ဇာတ္ကားက ေကာင္းေကာင္းေလးဆိုရင္ အဆင္ေျပပါတယ္။ ကြၽန္ေတာ့္ပဲ ကံမေကာင္းတာလားမသိဘူး။ လာကမ္းလွမ္းတဲ့ဇာတ္ကားေတြက ကြၽန္ေတာ္နည္းနည္းေမးလိုက္တာနဲ႔ ေသခ်ာျပန္မေျဖႏိုင္ၾကပါဘူး။ အဲ့ဒါေၾကာင့္ပါ။ နည္းနည္းထူးျခားတဲ့ကားေတြဆို ကြၽန္ေတာ္မ႐ိုက္ဖူးဘူးဗ်ာ။ ဒါေၾကာင့္အဲ့လိုကမ္းလွမ္းမႈေတြရွိရင္ေတာ့ ကြၽန္ေတာ္႐ိုက္ခ်င္ပါတယ္” ဟု ေျပာၾကားသြား ခဲ့ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Nanmalgyi
# Unicode Version ျဖင့္ ဖတ္ပါ #
တချိန်က ပရိသတ်တွေ တမ်းတမ်းစွဲ ဖြစ်ခဲ့တဲ့ မင်းသားချော သူထူးစံအနေနဲ့ အနုပညာလောကနဲ့ အနည်းငယ် ကင်းကွာနေတာကို သတိထားမိကြမယ် ထင်ပါတယ်။ ဒါကြောင့် သူထူးစံကို အားပေးတဲ့ ပရိသတ်တွေကတော့ သူထူးစံအနေနဲ့ ဘာကြောင့် ရုပ်ရှင်တွေမကြိုက်တော့ပဲ အနုပညာလောကနဲ့ ကင်းကွာနေလည်းဆိုတာကိုတော့ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ သူထူးစံကတော သူ့ပရိသတ်တွေအတွက် MC 7 နဲ့အင်တာဗျူးတွင် သူ့အနေနဲ့ ကမ်းလှမ်းထားတဲ့ ဗီဒီယိုတွေကို လက်မခံဖြစ်တဲ့အကြောင်းရဲ့ လက်ရှိမြန်မာ့ရုပ်ရှင်လောကအကြောင်းနဲ့ ပတ်သက်တာလေးတွေကို ပြောပြသွားခဲ့ပါတယ်။

မင်းသားသူထူးစံကတော့ “ကျွန်တော်ကားမရိုက်တာတော့ တော်တော်ကြာပြီ။ ရုပ်ရှင်မရိုက်ဖြစ်ပေမယ့်လည်း နယ်တွေဘာတွေသွားရင်တော့ ကျွန်တော့်ကို ပရိသတ်တွေကတော့အားပေးနေတုန်းပါပဲ။ ကားမရိုက်ဖြစ်တော့တာက ကျွန်တော်ခြေထောက်ကျိုးသွားတာလည်းပါတယ်။ ပြီးတော့ ရုပ်ရှင်တွေ မရိုက်ချင်တာလည်းပါတယ်။ ကျွန်တော့်ကို လာကမ်းလှမ်းတဲ့ ကာရိုက်တာတွေကလည်း ကျွန်တော်လုပ်ပြီးသားတွေများတယ်။ ကျွန်တော်အနုပညာလုပ်နေတာ ၁၈ နှစ်လောက်လည်းကြာပြီ။ ရိုက်ထားတဲ့ကားတွေကလည်း များပြီ။ ပရိသတ်တွေကို ကျွန်တောကောင်းကောင်း တင်ဆက်ပေးချင်တာလေ။ ဒါကြောင့် ရွေးပြီးရိုက်တာပါ။ ဗီဒိယိုတွေကိုလည်း ကောင်းကောင်းပြန်ရိုက်စေချင်တယ်။ ကျွန်တော့်ဘက်ကဘာတွေ လျော့ပေးရမလဲ။ ဈေးလျော့ပေးရမှာလား။ အနုပညာကိုတော့ မလျော့ပစ်ချင်ပါဘူး။ အခုနောက်ပိုင်းမှာ အနုပညာလျော့တဲ့အရာလေးတွေ တွေ့လာရတယ်။ ဒီလိုမျိုးလုပ်နေရင်တော့ တုန့်ပြန်မှုတွေက ကောင်းလာမှာမဟုတ်ပါဘူး”

“လက်ရှိမှာ ကျွန်တော်တို့ ဗီဒီယိုလောကမှာ အဓိကလိုအပ်တာက ကောင်းကောင်းရိုက်နိုင်တဲ့ ဒါရိုက်တာ လိုအပ်ပါတယ်။ သပ်သပ်ရပ်ရပ်ရိုက်နိုင်တဲ့ ဒါရိုက်တာတွေ လိုအပ်တယ်။ အရင်ကတော့ ရှိခဲ့တယ်။ အခုလည်း ရှိစေချင်တယ်။ ဒါဆိုရင်တော့ သရုပ်ဆောင်အသစ်တွေလည်း နေရာရလာမယ်။ ရုပ်ရှင်ကားတွေလည်း ကောင်းကောင်းထွက်လာမယ်။ အခုအဲ့လိုမျိုးဒါရိုက်တာတွေက အရမ်းရှားတယ်။ ကောင်းကောင်းသရုပ်ဆောင်နိုင်တဲ့သူတွေ များတယ်။ ကောင်းကောင်းရိုက်နိုင်တဲ့ ဒါရိုက်တာတွေ နည်းတယ်။ ဒါရိုက်တာအသစ်တွေကို များများရိုက်စေချင်ပါတယ်”

“ကျွန်တော်ကို ကမ်းလှမ်းတဲ့ ဇာတ်ကားတော်တော်များများကို ဖျက်ပစ်လိုက်ပါတယ်။ ဇာတ်လမ်းတွဲတွေကိုလည်း ဖျက်ပစ်လိုက်ပါတယ်။ ဘာလို့လည်းဆိုတော့ အချိန်ပေးရမှာလေ။ သပ်သပ်ရပ်ရပ်နဲ့ ကျွန်တော်ရိုက်ချင်တာပါ။ ကျွန်တော်မင်းသားနေရာမှ မဟုတ်ပါဘူး။ ဇာတ်ကားက ကောင်းကောင်းလေးဆိုရင် အဆင်ပြေပါတယ်။ ကျွန်တော့်ပဲ ကံမကောင်းတာလားမသိဘူး။ လာကမ်းလှမ်းတဲ့ဇာတ်ကားတွေက ကျွန်တော်နည်းနည်းမေးလိုက်တာနဲ့ သေချာပြန်မဖြေနိုင်ကြပါဘူး။ အဲ့ဒါကြောင့်ပါ။ နည်းနည်းထူးခြားတဲ့ကားတွေဆို ကျွန်တော်မရိုက်ဖူးဘူးဗျာ။ ဒါကြောင့်အဲ့လိုကမ်းလှမ်းမှုတွေရှိရင်တော့ ကျွန်တော်ရိုက်ချင်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top