(၉) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုး အိမ္ၿခံေျမအေရာင္းျပပဲြၾကီး
×

ဟုိးလြန္ခဲ့တဲ့နွစ္ေတြကတည္းက ခ်စ္စဖြယ္ပံုစံေလးနဲ႔ ပရိသတ္ရင္ထဲကုိတိုးဝင္လာခဲ့တဲ့ ၾကည္လဲ့လဲ့ဦးဆိုတဲ့မင္းသမီးေလးကုိ ပရိသတ္ေတြမွတ္မိၾကဦးမွာပါ။ ၾကည္လဲ့လဲ့ဦးက အိမ္ေထာင္ျပဳျပီးေနာက္ပိုင္းမွာ အနုပညာေလာကက ထြက္ခြာသြားခဲ့ျပီး ပရိသတ္ေတြနဲ႔ကင္းကြာသြားခဲ့တာမို႔ လြမ္းေနၾကတဲ့ ပရိသတ္ေတြလည္းအေတာ္မ်ားမ်ားရွိပါတယ္။ အိမ္ေထာင္ျပဳျပီးေနာက္ပိုုင္းမွာ ျပည့္ျပည့္တင္းတင္းေလးျဖစ္လာတာကလည္း ေယာက္်ားျဖစ္သူကစိတ္ခ်မ္းသာေအာင္ထားလို႔လို႔ေျပာလို႔ရမယ္ထင္ပါတယ္။ ၾကည္လဲ့လဲ့ဦးနဲ႔ ခင္ပြန္းျဖစ္သူ ဇာနည္က ေပ်ာ္ရႊင္သာယာတဲ့အိမ္ေထာင္ေရးအေၾကာင္းကုိ The Radar နဲ႔ Interview မွာပရိသတ္ေတြအတြက္မွ်ေဝေပးထားပါတယ္။

ဇာနည္က ၾကည္လဲ့လဲ့ဦးကုိအစဥ္အျမဲခ်စ္ေနေၾကာင္းကုိ “ကြ်န္ေတာ္ကအခုကုိခ်စ္တာ။ ဘာလို႔လဲဆိုေတာ့ မေန႔ကခ်စ္တာထက္ဒီေန႔ပိုခ်စ္တယ္ေလ။ အခုလက္ရွိကကြ်န္ေတာ့္အတြက္ပုိအဆင္ေျပတယ္။ နဂိုသရုပ္ေဆာင္လုပ္ေနတုန္းကေရာ အခုေရာ ရုပ္ခႏၶာပုိင္းကြ်န္ေတာ့္အတြက္ေျပာင္းလဲမႈမရွိဘူးလို႔ပဲခံစားရတယ္”လုိ႔ ခပ္ျပံဳးျပံဳးနဲ႔ေျဖၾကားထားျပီး ၾကည္လဲ့လဲ့ဦးက ေဘးကေန ရွက္စနိုးနဲ႔ရယ္ေနခဲ့ပါတယ္။

ၾကည္လဲ့လဲ့ဦးက အနုပညာအလုပ္ေတြမလုပ္ျဖစ္ေတာ့ေပမယ့္ အရမ္းၾကီးကင္းကြာသြားတာမဟုတ္ေၾကာင္းကုိ “အခုက အနုပညာနဲ႔ကင္းကြာသြားတာမဟုတ္ဘူးေပါ့ေနာ္။ အခုဟာက ကုိယ္လုပ္ခ်င္တာေလးကုိ ကုိယ္ရုိက္ခ်င္တာေလးကုိဇာတ္ေလးေတြရွာ၊ငါေတာ့ဘယ္သူနဲ႔ဘယ္လုိလုပ္လိုက္မယ္ဆိုတာမ်ိဳး လုပ္ေနရတာနဲ႔တင္ေပ်ာ္ေနပါတယ္။ တစ္ခ်ိန္ခ်ိန္ေတာ့လည္းကုိယ္ရိုက္ခ်င္တဲ့ဟာေလးကုိေရြးခ်ယ္ျပီးေတာ့ ရိုက္ျဖစ္ဦးမွာေပါ့ေနာ္။အခုေလာေလာဆယ္ေတာ့ ကေလးေတြနဲ႔ အလုပ္ေတြရႈပ္၊ေယာက္်ားနဲ႔အလုပ္ေတြရႈပ္ေနေသးတယ္”လို႔ေျဖၾကားထားပါတယ္။

ဇာနည္က ၾကည္လဲ့လဲ့ဦးက နားလည္အေပးနုိင္ဆံုးမိန္းမသားျဖစ္ေၾကာင္းကုိ “အားလံုးက လူထဲကလူေတြပဲျဖစ္တဲ့အတြက္ အဆင္ေျပတာလည္းရွိမယ္၊အဆင္မေျပတာေတြလည္းရွိမယ္။ ရန္ျဖစ္တာလည္းရွိမယ္။ရန္မျဖစ္တာလည္းရွိမယ္။ ဒါေပမယ့္ ကြ်န္ေတာ္သိသေလာက္ပတ္ဝန္းက်င္ကလူေတြထက္ ကြ်န္ေတာ့္အေပၚမွာ သူက အျခားအိမ္ေထာင္သည္အမ်ိဳးသမီးေတြနဲ႔ယွဥ္ရင္ေတာ့ နားလည္မႈအရွိဆံုးအမ်ိဳးသမီးေပါ့ေနာ္။ ေမာင္နွမလိုလည္းျဖစ္တယ္။ သူ႔ကေလးေတြနဲ႔တန္းတူအေမတစ္ေယာက္လိုလည္းစိတ္ထားေပးတယ္။ကြ်န္ေတာ့္အတြက္ကေတာ့ သူနဲ႔ရတာ အဖိုးမျဖတ္နိုင္တဲ့အိမ္ေထာင္တစ္ခုပါ”လို႔ေျဖၾကားထားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးထဲမွာေရာ.. ၾကည္လဲ့လဲ့ဦးနဲ႔ ကုိဇာနည္နဲ႔ပရိသတ္ေတြရွိၾကလား။ သူတို႔နွစ္ဦးရဲ႕အနုပညာလုပ္ငန္းေတြကုိမျမင္တာၾကာလို႔လြမ္းေနပါျပီဆိုသူေတြေရာ ရွိလား။ ၾကည္လဲ့လဲ့ဦးရုပ္ရွင္ေတြျပန္ရိုက္တ့အခါေရာ ဝမ္းသာအားရၾကိဳဆုိၾကမွာလား။ ေျပာခဲ့ၾကဦးေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Can’t Wait To Say

#Unicode Version#
ဟိုးလွန်ခဲ့တဲ့နှစ်တွေကတည်းက ချစ်စဖွယ်ပုံစံလေးနဲ့ ပရိသတ်ရင်ထဲကိုတိုးဝင်လာခဲ့တဲ့ ကြည်လဲ့လဲ့ဦးဆိုတဲ့မင်းသမီးလေးကို ပရိသတ်တွေမှတ်မိကြဦးမှာပါ။ ကြည်လဲ့လဲ့ဦးက အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ အနုပညာလောကက ထွက်ခွာသွားခဲ့ပြီး ပရိသတ်တွေနဲ့ကင်းကွာသွားခဲ့တာမို့ လွမ်းနေကြတဲ့ ပရိသတ်တွေလည်းအတော်များများရှိပါတယ်။ အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ ပြည့်ပြည့်တင်းတင်းလေးဖြစ်လာတာကလည်း ယောက်ျားဖြစ်သူကစိတ်ချမ်းသာအောင်ထားလို့လို့ပြောလို့ရမယ်ထင်ပါတယ်။ ကြည်လဲ့လဲ့ဦးနဲ့ ခင်ပွန်းဖြစ်သူ ဇာနည်က ပျော်ရွှင်သာယာတဲ့အိမ်ထောင်ရေးအကြောင်းကို The Radar နဲ့ Interview မှာပရိသတ်တွေအတွက်မျှဝေပေးထားပါတယ်။

ဇာနည်က ကြည်လဲ့လဲ့ဦးကိုအစဉ်အမြဲချစ်နေကြောင်းကို “ကျွန်တော်ကအခုကိုချစ်တာ။ ဘာလို့လဲဆိုတော့ မနေ့ကချစ်တာထက်ဒီနေ့ပိုချစ်တယ်လေ။ အခုလက်ရှိကကျွန်တော့်အတွက်ပိုအဆင်ပြေတယ်။ နဂိုသရုပ်ဆောင်လုပ်နေတုန်းကရော အခုရော ရုပ်ခန္ဓာပိုင်းကျွန်တော့်အတွက်ပြောင်းလဲမှုမရှိဘူးလို့ပဲခံစားရတယ်”လို့ ခပ်ပြုံးပြုံးနဲ့ဖြေကြားထားပြီး ကြည်လဲ့လဲ့ဦးက ဘေးကနေ ရှက်စနိုးနဲ့ရယ်နေခဲ့ပါတယ်။

ကြည်လဲ့လဲ့ဦးက အနုပညာအလုပ်တွေမလုပ်ဖြစ်တော့ပေမယ့် အရမ်းကြီးကင်းကွာသွားတာမဟုတ်ကြောင်းကို “အခုက အနုပညာနဲ့ကင်းကွာသွားတာမဟုတ်ဘူးပေါ့နော်။ အခုဟာက ကိုယ်လုပ်ချင်တာလေးကို ကိုယ်ရိုက်ချင်တာလေးကိုဇာတ်လေးတွေရှာ၊ငါတော့ဘယ်သူနဲ့ဘယ်လိုလုပ်လိုက်မယ်ဆိုတာမျိုး လုပ်နေရတာနဲ့တင်ပျော်နေပါတယ်။ တစ်ချိန်ချိန်တော့လည်းကိုယ်ရိုက်ချင်တဲ့ဟာလေးကိုရွေးချယ်ပြီးတော့ ရိုက်ဖြစ်ဦးမှာပေါ့နော်။အခုလောလောဆယ်တော့ ကလေးတွေနဲ့ အလုပ်တွေရှုပ်၊ယောက်ျားနဲ့အလုပ်တွေရှုပ်နေသေးတယ်”လို့ဖြေကြားထားပါတယ်။

ဇာနည်က ကြည်လဲ့လဲ့ဦးက နားလည်အပေးနိုင်ဆုံးမိန်းမသားဖြစ်ကြောင်းကို “အားလုံးက လူထဲကလူတွေပဲဖြစ်တဲ့အတွက် အဆင်ပြေတာလည်းရှိမယ်၊အဆင်မပြေတာတွေလည်းရှိမယ်။ ရန်ဖြစ်တာလည်းရှိမယ်။ရန်မဖြစ်တာလည်းရှိမယ်။ ဒါပေမယ့် ကျွန်တော်သိသလောက်ပတ်ဝန်းကျင်ကလူတွေထက် ကျွန်တော့်အပေါ်မှာ သူက အခြားအိမ်ထောင်သည်အမျိုးသမီးတွေနဲ့ယှဉ်ရင်တော့ နားလည်မှုအရှိဆုံးအမျိုးသမီးပေါ့နော်။ မောင်နှမလိုလည်းဖြစ်တယ်။ သူ့ကလေးတွေနဲ့တန်းတူအမေတစ်ယောက်လိုလည်းစိတ်ထားပေးတယ်။ကျွန်တော့်အတွက်ကတော့ သူနဲ့ရတာ အဖိုးမဖြတ်နိုင်တဲ့အိမ်ထောင်တစ်ခုပါ”လို့ဖြေကြားထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးထဲမှာရော.. ကြည်လဲ့လဲ့ဦးနဲ့ ကိုဇာနည်နဲ့ပရိသတ်တွေရှိကြလား။ သူတို့နှစ်ဦးရဲ့အနုပညာလုပ်ငန်းတွေကိုမမြင်တာကြာလို့လွမ်းနေပါပြီဆိုသူတွေရော ရှိလား။ ကြည်လဲ့လဲ့ဦးရုပ်ရှင်တွေပြန်ရိုက်တ့အခါရော ဝမ်းသာအားရကြိုဆိုကြမှာလား။ ပြောခဲ့ကြဦးနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: Can’t Wait To Say


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top