မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

မႏၱေလးတုိင္းေဒသၾကီး၊ ေတာင္သာၿမိဳ႔နယ္၊ ျပႆႀကီးရြာမွာ ၁၀ ႏွစ္အရြယ္ ေက်ာင္းသူတစ္ဦးကုိ လက္သီးျဖင့္ထုိး လည္ပင္းညႇစ္ၿပီး သားမယားအျဖစ္ျပဳက်င့္ရန္ အားထုတ္သူအား ဖမ္းဆီးအေရးယူ ထားေၾကာင္း မႏၱေလးတုိင္းေဒသၾကီး ရဲတပ္ဖဲြ ့က ယေန ့သတင္းထုတ္ျပန္ထားပါသည္။

ျဖစ္စဥ္မွာ ၁၀-၉-၂၀၁၈ ရက္ေန႔ ေန႔လည္ ၁၂ နာရီခဲြအခ်ိန္ ေတာင္သာၿမိဳ႔နယ္၊ ျပႆႀကီးရြာေန မxxxxx ၁၀ႏွစ္သည္ ထမင္းစားၿပီး တစ္ရြာတည္းေန ေမာင္၀မ္းကဲြေတာ္ စပ္သူႏွင့္အတူ ေက်ာင္းသုိ႔ျပန္သြားစဥ္ ရြာေျမာက္ဘက္ရပ္၊ တစ္ရြာတည္းေန ႏုိင္ဇင္ကုိ ၂၄ ႏွစ္မွ ေနာက္မွလုိက္လာျပီး ႏြားေပ်ာက္လို႔ လိုက္ျပအံုးဟု ေျပာဆိုၿပီး ေခ်ာင္းေဘး ကႏၲာၿခံဳအတြင္းသို႔ ဆြဲေခၚကာ လည္ပင္အား ညႇစ္ၿပီး လက္သီးျဖင့္ထုိး၍ မxxxxတြင္ မ်က္နွာဖူးေရာင္ဒဏ္ရာ ရရွိကာ ေဘာင္းဘီအား ဆြဲခၽြတ္ၿပီး သားမယားအျဖစ္ ျပဳက်င့္ရန္ ႀကိဳးစားအားထုတ္စဥ္ အတူပါလာသည့္ ေမာင္၀မ္းကဲြေတာ္စပ္သူမွ ေအာ္ဟစ္သျဖင့္ ႏုိင္ဇင္ကုိမွာ ထြက္ေျပးသြားေသာေၾကာင္း သိရသည္။

အဆုိပါ အမႈအား ေတာင္သာၿမိဳ႔နယ္၊ ရံုးစည္ႀကီးရဲကင္းစခန္း(ပ)၂၄/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၅၁၁/၃၂၃ အရ အမႈဖြင့္စစ္ေဆးေဆာင္ရြက္ခဲ့ၿပီး တရားခံအား ည ၁၀ နာရီ ၄၅ အခ်ိန္တြင္ ဖမ္းဆီးစစ္ေဆးထားရိွေၾကာင္း သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သစ္ထူးလြင္

#Unicode Version#
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ပြဿကြီးရွာမှာ ၁၀ နှစ်အရွယ် ကျောင်းသူတစ်ဦးကို လက်သီးဖြင့်ထိုး လည်ပင်းညှစ်ပြီး သားမယားအဖြစ်ပြုကျင့်ရန် အားထုတ်သူအား ဖမ်းဆီးအရေးယူ ထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ ့က ယနေ ့သတင်းထုတ်ပြန်ထားပါသည်။

ဖြစ်စဉ်မှာ ၁၀-၉-၂၀၁၈ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန် တောင်သာမြို့နယ်၊ ပြဿကြီးရွာနေ မxxxxx ၁၀နှစ်သည် ထမင်းစားပြီး တစ်ရွာတည်းနေ မောင်ဝမ်းကွဲတော် စပ်သူနှင့်အတူ ကျောင်းသို့ပြန်သွားစဉ် ရွာမြောက်ဘက်ရပ်၊ တစ်ရွာတည်းနေ နိုင်ဇင်ကို ၂၄ နှစ်မှ နောက်မှလိုက်လာပြီး နွားပျောက်လို့ လိုက်ပြအုံးဟု ပြောဆိုပြီး ချောင်းဘေး ကန္တာခြုံအတွင်းသို့ ဆွဲခေါ်ကာ လည်ပင်အား ညှစ်ပြီး လက်သီးဖြင့်ထိုး၍ မxxxxတွင် မျက်နှာဖူးရောင်ဒဏ်ရာ ရရှိကာ ဘောင်းဘီအား ဆွဲချွတ်ပြီး သားမယားအဖြစ် ပြုကျင့်ရန် ကြိုးစားအားထုတ်စဉ် အတူပါလာသည့် မောင်ဝမ်းကွဲတော်စပ်သူမှ အော်ဟစ်သဖြင့် နိုင်ဇင်ကိုမှာ ထွက်ပြေးသွားသောကြောင်း သိရသည်။

အဆိုပါ အမှုအား တောင်သာမြို့နယ်၊ ရုံးစည်ကြီးရဲကင်းစခန်း(ပ)၂၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁/၃၂၃ အရ အမှုဖွင့်စစ်ဆေးဆောင်ရွက်ခဲ့ပြီး တရားခံအား ည ၁၀ နာရီ ၄၅ အချိန်တွင် ဖမ်းဆီးစစ်ဆေးထားရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: သစ်ထူးလွင်


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top