မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

Trollers ေတြ ဘယ္ေလာက္ Troll troll အျပံဳးမပ်က္ ေရွ႕ဆက္ေနတဲ့ စိုင္းစိုင္းခမ္းလႈိင္က ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသဲတစ္ျခမ္းပါပဲ။ ေမြးေန႕ေရာက္တိုင္း ရန္ကုန္နဲ႕ မႏၱေလးျမိဳ႕ၾကီးေတြမွာ Birthday Show က်င္းပခဲ့သလို အားေပးတဲ့ ပရိသတ္ေတြကလည္း ဒုနဲ႕ေဒး ပါ။ လာမယ့္ ေအာက္တိုဘာ ၁၄ ရက္ေန႕မွာေတာ့ ျပီးခဲ့ေသာဇာတ္လမ္းအက်ဥ္းဆိုတဲ့ Show ပြဲနာမည္နဲ႕ Sai Sai Show သီးသန္႕ျပဳလုပ္သြားမယ္လို႕ သတင္းရပါတယ္။

Eleven မီဒီယာနဲ႕ အင္တာဗ်ဴးတစ္ခုမွာေတာ့ စိုင္းစိုင္းက Show အေၾကာင္းနဲ႕ လက္မွတ္ကိစၥကို ခုလို ေျပာျပသြားပါတယ္။

“လက္မွတ္ကေတာ့ ေခါင္းအေျခာက္ရဆံုး အပိုင္းပါပဲ။ Birthday Show ကက်ေတာ့ ကြင္းျပင္က်ယ္ၾကီးထဲမွာ ၾကိဳက္သေလာက္ဝင္ လက္မွတ္တစ္ေစာင္ ဘယ္ေလာက္ဆိုျပီး လုပ္လို႕ရတယ္။ အခုကက်ေတာ့ ကၽြန္ေတာ့္ရဲ႕ ငယ္ဘဝ အိမ္မက္တစ္ခုျဖစ္တဲ့ အမ်ိဳးသားျပဇာတ္ရံုထဲမွာ လုပ္တာလည္း ျဖစ္တယ္။

ကၽြန္ေတာ္ငယ္ငယ္ေလးတုန္းက အမ်ိဳးသားျပဇာတ္ရံုမွာ ပထမဆံုး ဆိုဖူးတည္းက တစ္ခ်ိန္က်ရင္ေတာ့ အဲ့ဒီမွာ ပြဲလုပ္ခ်င္ခဲ့မိတယ္။ စက္တင္ဘာ ၁၆ ရက္ေန႕က်ရင္ေတာ့ Junction City မွာ ပရိသတ္တစ္ေယာက္ကို ၂ ေစာင္ႏႈန္းနဲ႕ လက္မွတ္ေရာင္းမယ္။ ၾကီးက်ယ္တာေတာ့ မဟုတ္ပါဘူး။ တစ္စံုတစ္ေယာက္က လက္မွတ္ေတြအမ်ားၾကီး ဝယ္သြားျပီးေတာ့ ေစ်းတင္ျပီး ျပန္ေရာင္မယ္ဆိုရင္ ကၽြန္ေတာ္အသည္းကြဲရမွာေလ။ အဲ့ေတာ့ တကယ္လာၾကည့္ခ်င္တဲ့ ပရိသတ္ေတြကို ဦးစားေပးျပီး ေရာင္းေပးတာပါ။” လို႕ ဆိုပါတယ္။

Show ပြဲနာမည္ေပးျဖစ္ပံုနဲ႕ ေဖ်ာ္ေျဖသြားမယ့္ပံုစံကိုလည္း စိုင္းစိုင္းက ခုလိုရွင္းျပပါတယ္။

“ သီခ်င္းေဟာင္းေတြကို သံစံုတီးဝိုင္းနဲ႕ တီးျပီး ေဖ်ာ္ေျဖမယ္လို႕ ရည္ရြယ္ထားတာ ၂ ႏွစ္ ၃ ႏွစ္ေလာက္ ၾကာပါျပီ။ “ျပီးခဲ့ေသာဇာတ္လမ္းအက်ဥ္း” ဆိုတာက ဒိတ္ဒိတ္ၾကဲထဲမွာပါဝင္တဲ့ ကၽြန္ေတာ့္သီခ်င္းတစ္ပုဒ္ရဲ႕ အမည္ျဖစ္ပါတယ္။ ကၽြန္ေတာ့္ ဘဝရဲ႕ ဂီတျဖတ္သန္းမႈ ျဖစ္စဥ္ကို ေရးထားတာပါ။ ဒါေၾကာင့္လည္း ျပီးခဲ့ေသာဇာတ္လမ္းအက်ဥ္းလို႕ ရႈိးပြဲနာမည္ ေပးျဖစ္တာပါ။

Birthday Show မွာတုန္းက ကၽြန္ေတာ္က performance မ်ိဳးစံုစဥ္းစားခဲ့တယ္။ ဒါေပမဲ့ ဒီပြဲမွာေတာ့ ဂီတကိုပဲ အဓိကထားျပီးေတာ့ ဂီတသက္သက္ တင္ဆက္ခ်င္တာပါ။ ကၽြန္ေတာ့္မွာ ခန္းမွန္ေျခ သီခ်င္းပုဒ္ေရ ၁၀၀ ထဲက အလိုက္ဖက္ဆံုး ၃၀ ေလာက္ပဲ ေရြးျပီး ဆိုသြားမွာပါ။” လို႕ ဆိုပါတယ္။

ခုလာမယ့္ Sai Sai Show က မွတ္တိုင္တစ္ခုဆိုတာထက္ အမွတ္တရအေနနဲ႕ ကၽြန္ေတာ္ျဖတ္သန္းခဲ့တဲ့ ျဖစ္စဥ္ေတြကို တင္ဆက္ခ်င္တာပါ ဆိုျပီး စိုင္းစိုင္းက ေျပာသြားခဲ့ပါတယ္။လက္မွတ္ဝယ္ခ်င္တဲ့ စိုင္းစိုင္းပရိသတ္ေတြကေတာ့ စက္တင္ဘာ ၁၆ ရက္ေန႕က်ရင္ Junction City ကို အျမန္ေျပးျပီး လက္မွတ္ဝယ္ႏိုင္ပါတယ္လို႕ သတင္းေကာင္းပါးလိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: saladmm

#Unicode Version#
Trollers တွေ ဘယ်လောက် Troll troll အပြုံးမပျက် ရှေ့ဆက်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်က နှုတ်ခမ်းနီမလေးတွေရဲ့ အသဲတစ်ခြမ်းပါပဲ။ မွေးနေ့ရောက်တိုင်း ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ Birthday Show ကျင်းပခဲ့သလို အားပေးတဲ့ ပရိသတ်တွေကလည်း ဒုနဲ့ဒေး ပါ။ လာမယ့် အောက်တိုဘာ ၁၄ ရက်နေ့မှာတော့ ပြီးခဲ့သောဇာတ်လမ်းအကျဉ်းဆိုတဲ့ Show ပွဲနာမည်နဲ့ Sai Sai Show သီးသန့်ပြုလုပ်သွားမယ်လို့ သတင်းရပါတယ်။

Eleven မီဒီယာနဲ့ အင်တာဗျူးတစ်ခုမှာတော့ စိုင်းစိုင်းက Show အကြောင်းနဲ့ လက်မှတ်ကိစ္စကို ခုလို ပြောပြသွားပါတယ်။

“လက်မှတ်ကတော့ ခေါင်းအခြောက်ရဆုံး အပိုင်းပါပဲ။ Birthday Show ကကျတော့ ကွင်းပြင်ကျယ်ကြီးထဲမှာ ကြိုက်သလောက်ဝင် လက်မှတ်တစ်စောင် ဘယ်လောက်ဆိုပြီး လုပ်လို့ရတယ်။ အခုကကျတော့ ကျွန်တော့်ရဲ့ ငယ်ဘဝ အိမ်မက်တစ်ခုဖြစ်တဲ့ အမျိုးသားပြဇာတ်ရုံထဲမှာ လုပ်တာလည်း ဖြစ်တယ်။

ကျွန်တော်ငယ်ငယ်လေးတုန်းက အမျိုးသားပြဇာတ်ရုံမှာ ပထမဆုံး ဆိုဖူးတည်းက တစ်ချိန်ကျရင်တော့ အဲ့ဒီမှာ ပွဲလုပ်ချင်ခဲ့မိတယ်။ စက်တင်ဘာ ၁၆ ရက်နေ့ကျရင်တော့ Junction City မှာ ပရိသတ်တစ်ယောက်ကို ၂ စောင်နှုန်းနဲ့ လက်မှတ်ရောင်းမယ်။ ကြီးကျယ်တာတော့ မဟုတ်ပါဘူး။ တစ်စုံတစ်ယောက်က လက်မှတ်တွေအများကြီး ဝယ်သွားပြီးတော့ ဈေးတင်ပြီး ပြန်ရောင်မယ်ဆိုရင် ကျွန်တော်အသည်းကွဲရမှာလေ။ အဲ့တော့ တကယ်လာကြည့်ချင်တဲ့ ပရိသတ်တွေကို ဦးစားပေးပြီး ရောင်းပေးတာပါ။” လို့ ဆိုပါတယ်။

Show ပွဲနာမည်ပေးဖြစ်ပုံနဲ့ ဖျော်ဖြေသွားမယ့်ပုံစံကိုလည်း စိုင်းစိုင်းက ခုလိုရှင်းပြပါတယ်။

“ သီချင်းဟောင်းတွေကို သံစုံတီးဝိုင်းနဲ့ တီးပြီး ဖျော်ဖြေမယ်လို့ ရည်ရွယ်ထားတာ ၂ နှစ် ၃ နှစ်လောက် ကြာပါပြီ။ “ပြီးခဲ့သောဇာတ်လမ်းအကျဉ်း” ဆိုတာက ဒိတ်ဒိတ်ကြဲထဲမှာပါဝင်တဲ့ ကျွန်တော့်သီချင်းတစ်ပုဒ်ရဲ့ အမည်ဖြစ်ပါတယ်။ ကျွန်တော့် ဘဝရဲ့ ဂီတဖြတ်သန်းမှု ဖြစ်စဉ်ကို ရေးထားတာပါ။ ဒါကြောင့်လည်း ပြီးခဲ့သောဇာတ်လမ်းအကျဉ်းလို့ ရှိုးပွဲနာမည် ပေးဖြစ်တာပါ။

Birthday Show မှာတုန်းက ကျွန်တော်က performance မျိုးစုံစဉ်းစားခဲ့တယ်။ ဒါပေမဲ့ ဒီပွဲမှာတော့ ဂီတကိုပဲ အဓိကထားပြီးတော့ ဂီတသက်သက် တင်ဆက်ချင်တာပါ။ ကျွန်တော့်မှာ ခန်းမှန်ခြေ သီချင်းပုဒ်ရေ ၁၀၀ ထဲက အလိုက်ဖက်ဆုံး ၃၀ လောက်ပဲ ရွေးပြီး ဆိုသွားမှာပါ။” လို့ ဆိုပါတယ်။

ခုလာမယ့် Sai Sai Show က မှတ်တိုင်တစ်ခုဆိုတာထက် အမှတ်တရအနေနဲ့ ကျွန်တော်ဖြတ်သန်းခဲ့တဲ့ ဖြစ်စဉ်တွေကို တင်ဆက်ချင်တာပါ ဆိုပြီး စိုင်းစိုင်းက ပြောသွားခဲ့ပါတယ်။လက်မှတ်ဝယ်ချင်တဲ့ စိုင်းစိုင်းပရိသတ်တွေကတော့ စက်တင်ဘာ ၁၆ ရက်နေ့ကျရင် Junction City ကို အမြန်ပြေးပြီး လက်မှတ်ဝယ်နိုင်ပါတယ်လို့ သတင်းကောင်းပါးလိုက်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: saladmm


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top