ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×







Credit:7daydaily
မဟာမုနိဘုရားကြီးအား ရွှေသင်္ကန်း ကပ်လှူပူဇော်နေကြစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အရပူရ))

 နိုင်ငံခြားသားခရီးသွား များအား ဝင်ကြေးကောက်ခံရန် နှင့် ခရီးသွားဝန်ဆောင်မှုများပေး နိုင်ရန် မဟာမုနိဘုရားကြီးတွင် Information Center များ တည်ဆောက်မည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်အောင်က ပြော သည်။


‘‘ဒီလကုန်လောက်မှာ စပြီး တော့ တည်ဆောက်ရေးလုပ်ငန်း တွေ ဆောင်ရွက်သွားမှာပါ။ နိုင်ငံ ခြားသားတွေကို ဝန်ဆောင်မှုပေး မှာ ဖြစ်တဲ့အတွက် မြန်မာ့မူပုံစံ နဲ့ ဒီဇိုင်းရေးဆွဲပြီးတော့ တည် ဆောက်သွားမှာပါ’’ဟု ဦးကျော် ကျော်အောင်က ပြောသည်။

Information Center များကိုမဟာမုနိဘုရားကြီး တောင်ဘက် နှင့် မြောက်ဘက်မုခ် အနောက် ဘက်ခြမ်းတို့တွင် တည်ဆောက် မည်ဖြစ်ပြီး နိုင်ငံခြားသားခရီးသွား များအတွက် နားနေခန်းနှင့် ခရီး သွားလမ်းညွှန်များကို မြန်မာ၊အင်္ဂလိပ် နှစ်ဘာသာဖြင့် ထားရှိ ပေးကာ ဝန်ဆောင်မှုပေးမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

‘‘နိုင်ငံခြားသားတွေလာရင် တော့ အအေးခန်းလေးနဲ့ တာဝါ လေးတွေအပြင် Toilet ပါထား ပေးမယ်။ ဝင်ကြေးကောက်ဖို့က တော့ တိုင်းဒေသကြီးကနေ အမိန့်ရမှ ကောက်လို့ရမှာပါ။ ၁၀ လ ပိုင်းကျော်လောက်မှာ အကြောင်း ပြန်မယ်လို့ သိရပါတယ်’’ဟု ဦးကျော်ကျော်အောင်က ပြော သည်။

မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့အနေဖြင့် နိုင်ငံခြားသားခရီး သွားဧည့်သည်များကို တစ်ဦးလျှင်ကျပ် ၅,၀၀၀ နှုန်း ဝင်ကြေးကောက်ခံရန် လျာထားပြီး တိုင်းအစိုးရခွင့်ပြုချက်ရရှိမှသာ အတည်ပြုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
# Unicode Version ဖြင့် ဖတ်ပါ #
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top