မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

႐ိုက္တာသတင္းေထာက္ ၂ ဦးဟာ သတင္းေထာက္ျဖစ္လို႔ ေထာင္ခ်ခံရတာ မဟုတ္ဘဲ ႏိုင္ငံေတာ္ လွ်ိဳ႕ဝွက္ခ်က္ ဥပေဒကို ခ်ိဳးေဖာက္မႈနဲ႔ အျပစ္ရွိတယ္လို႔ တရား႐ုံးကဆုံးျဖတ္ ေထာင္ခ်ခံရတာျဖစ္တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

႐ိုက္တာသတင္းေထာက္ ၂ဦးျဖစ္တဲ့ ကိုဝလုံးနဲ႔ ကိုေက်ာ္စိုးဦးတို႔ကိုၿပီးခဲ့တဲ့ သီတင္းပတ္အတြင္းက ေထာင္ဒဏ္ ၇ ႏွစ္စီခ်မွတ္လိုက္တဲ့ကိစၥနဲ႔ ပတ္သက္ၿပီး ဗီယက္နမ္ ႏိုင္ငံမွာ က်င္းပတဲ့ ကမာၻစီးပြားေရးဖိုရမ္ ေဆြးေႏြးပြဲတခုမွာ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားလိုက္တာပါ။
႐ိုက္တာသတင္းေထာက္ႏွစ္ဦးဟာ သူတို႔ရဲ႕ ျပစ္ဒဏ္ကို အယူခံဝင္ႏိုင္တဲ့ အေၾကာင္းနဲ႔ ခုလို ေထာင္ခ်ခံရတာဟာ လြတ္လပ္စြာထုတ္ေဖာ္ခြင့္နဲ႔ ဘာမွမဆိုင္ဘူးလို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

“မွားယြင္းၿပီးတရားစီရင္ခဲ့တယ္လို႔ ခံစားရတဲ့သူေတြရွိရင္ က်မ ေျပာခ်င္ပါတယ္၊ သူတို႔ဟာ ဂ်ာနယ္လစ္ေတြျဖစ္လို႔ ေထာင္ခ်ံခံရတာမဟုတ္ပါဘူး၊ သူတို႔ဟာ ႏိုင္ငံေတာ္ လွ်ိဳ႕ဝွက္ခ်က္ ဥပေဒကိုခ်ိဳးေဖာက္တယ္လို႔ တရား႐ုံးက ဆုံးျဖတ္ခဲ့လို႔ပါ”

ဒီအမႈကို တရား႐ုံးမွာ ပြင့္လင္းျမင္သာစြာ တရားစီရင္ခဲ့တာျဖစ္တယ္၊ တရားသူႀကီးရဲ႕ တရားစီရင္ခ်က္အက်ဥ္းခ်ဳပ္ကို ဘယ္သူမွ ဂ႐ုတစိုက္မဖတ္ၾကဘူးလို႔ ထင္ပါတယ္လို႔လည္း ေျပာသြားပါတယ္။

႐ိုက္တာသတင္းသမားေတြဘက္ကေတာ့ တရား႐ုံးရဲ႕ အမိန႔္ဟာ တရားမွ်တမႈရွိတဲ့ အတြက္ အယူခံဝင္သြားမယ္လို႔ ေျပာထားပါတယ္။

သတင္းသမားေတြကိုခုလို ေထာင္ခ်တဲ့အေပၚ ျပည္တြင္းျပည္ပက သတင္းမီဒီယာ အဖြဲ႕အစည္းေတြနဲ႔ အေနာက္ႏိုင္ငံအစိုးရေတြကေတာ့ သတင္းလြတ္လပ္ခြင့္ကို ခ်ဳပ္ခ်ယ္ပိတ္ပ င္ကန႔္သတ္မႈအျဖစ္ အျပင္းအထန္ ကန႔္ကြက္ခဲ့ၾကပါတယ္။

သတင္း-ဓာတ္ပုံ- SBS
ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB
# Unicode Version ျဖင့္ ဖတ္ပါ #
ရိုက်တာသတင်းထောက် ၂ ဦးဟာ သတင်းထောက်ဖြစ်လို့ ထောင်ချခံရတာ မဟုတ်ဘဲ နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေကို ချိုးဖောက်မှုနဲ့ အပြစ်ရှိတယ်လို့ တရားရုံးကဆုံးဖြတ် ထောင်ချခံရတာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရိုက်တာသတင်းထောက် ၂ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကိုပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ထောင်ဒဏ် ၇ နှစ်စီချမှတ်လိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဗီယက်နမ် နိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာစီးပွားရေးဖိုရမ် ဆွေးနွေးပွဲတခုမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။
ရိုက်တာသတင်းထောက်နှစ်ဦးဟာ သူတို့ရဲ့ ပြစ်ဒဏ်ကို အယူခံဝင်နိုင်တဲ့ အကြောင်းနဲ့ ခုလို ထောင်ချခံရတာဟာ လွတ်လပ်စွာထုတ်ဖော်ခွင့်နဲ့ ဘာမှမဆိုင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“မှားယွင်းပြီးတရားစီရင်ခဲ့တယ်လို့ ခံစားရတဲ့သူတွေရှိရင် ကျမ ပြောချင်ပါတယ်၊ သူတို့ဟာ ဂျာနယ်လစ်တွေဖြစ်လို့ ထောင်ချံခံရတာမဟုတ်ပါဘူး၊ သူတို့ဟာ နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေကိုချိုးဖောက်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့လို့ပါ”

ဒီအမှုကို တရားရုံးမှာ ပွင့်လင်းမြင်သာစွာ တရားစီရင်ခဲ့တာဖြစ်တယ်၊ တရားသူကြီးရဲ့ တရားစီရင်ချက်အကျဉ်းချုပ်ကို ဘယ်သူမှ ဂရုတစိုက်မဖတ်ကြဘူးလို့ ထင်ပါတယ်လို့လည်း ပြောသွားပါတယ်။

ရိုက်တာသတင်းသမားတွေဘက်ကတော့ တရားရုံးရဲ့ အမိန့်ဟာ တရားမျှတမှုရှိတဲ့ အတွက် အယူခံဝင်သွားမယ်လို့ ပြောထားပါတယ်။

သတင်းသမားတွေကိုခုလို ထောင်ချတဲ့အပေါ် ပြည်တွင်းပြည်ပက သတင်းမီဒီယာ အဖွဲ့အစည်းတွေနဲ့ အနောက်နိုင်ငံအစိုးရတွေကတော့ သတင်းလွတ်လပ်ခွင့်ကို ချုပ်ချယ်ပိတ်ပ င်ကန့်သတ်မှုအဖြစ် အပြင်းအထန် ကန့်ကွက်ခဲ့ကြပါတယ်။

သတင်း-ဓာတ်ပုံ- SBS
ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top