မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×
ပြိဿရာသီ
မေထုန်
ကရကဋ်
သိဟ်
ကန်
တူ
ဗြိစ္ဆာ
ဓနု
မကာရ
ကုမ်
မိန်
Credit:အချစ်ဗေဒင်
#Unicode Version#
ချစ်သူစုံတွဲလေးတို့ရေ အချစ်ရေးမှာ ကံအကောင်းဆုံး ဖြစ်ချင်ကြတယ်မလား၊ ကိုယ့်ချစ်သူလေးရဲ့ ချစ်ခြင်းမေတ္တာတွေ၊ မြတ်နိုးခြင်းတွေကိုလည်း ခံယူချင်ကြတာချည်းပါပဲ။
ချစ်ခြင်းမေတ္တာလေးတွေ အပြည့်အဝ ရရှိချင်တယ်ဆိုရင်တော့ ယတြာလေးတွေ ချေကြည့်ဖို့ လိုပါတယ်နော်
ချစ်သူစုံတွဲလေးတို့ရေ အချစ်ရေးမှာ ကံအကောင်းဆုံး ဖြစ်ချင်ကြတယ်မလား၊ ကိုယ့်ချစ်သူလေးရဲ့ ချစ်ခြင်းမေတ္တာတွေ၊ မြတ်နိုးခြင်းတွေကိုလည်း ခံယူချင်ကြတာချည်းပါပဲ။ ဒီလိုမျိုး အချစ်ရေးကံကောင်းပြီး ချစ်ခြင်းမေတ္တာလေးတွေ အပြည့်အဝ ရရှိချင်တယ်ဆိုရင်တော့ ယတြာလေးတွေ ချေကြည့်ဖို့ လိုပါတယ်နော်။ ရာသီဖွားလေးတွေအလိုက် ဖော်ပြပေးလိုက်ပါတယ်။
မိဿရာသီအတွက် အချစ်ယတြာ
ကိုယ်ပြုံးနေတဲ့ မျက်နှာအပြည့် ဓါတ်ပုံကို ကဒ်လောင်းပြီး စံပယ်ပွင့်လေးတွေ တင်ထားပါ။ ပြီးရင်တော့ စံပယ်တွေ လွင့်မသွားအောင် ကျောက်စရစ်ခဲလုံး တစ်လုံးနဲ့ ဖိထားလိုက်ပါ။ အင်္ဂါနေ့တိုင်း အဲဒီဓါတ်ပုံကို ရေမွှေးဖြန်းပြီး ကျောက်စရစ်ခဲပေါ်မှာတော့ အနီရောင် ဖယောင်းတိုင် တစ်ထိုင် ထွနး်ပါ။
ပြိဿရာသီ
ကိုယ့်နာမည်ကို ငွေပြားတစ်ခုပေါ်မှာ ရေးပါ။ လပြည့်ညမှာ လရောင်နေတဲ့ မြေပြင်ပေါ်မှာ ခုနက ငွေပြားကို ချပါ။ ရေချိုးပြီး ဝတ်ကောင်းစားလှဝတ်ကာ အမွှေးနံ့သာ တစ်ခုခု ဖြန်းပြီး သပြေညွန့်ကို ညာလက်ကကိုင်ပြီး လရောင်ထဲမှာ ချထားတဲ့ ငွေပြားကို လက်ယာရစ် သုံးပတ်နဲ့ လက်ဝဲရစ် သုံးပတ် ပတ်ပါ။ သတိထားရမယ့် အချက်ကတော့ ငွေပြားပေါ်ကို အရိပ်မကျရပါဘူး။ ပတ်ပြီးရင်တော့ သပြေခက်နဲ့ ငွေပြားကို (၁၅) ချက် ရိုက်ပါ။ သောကြာနေ့တိုင်း ငွေပြားကို ရေမွှေးဖြန်းပါ။ ချစ်ခင်သူတွေ ဝိုင်းဝိုငး်လည်နေမှာ သေချာပါတယ်။
ယတြာလေးတွေ ချေကြမယ် (Photo: Getty Images)
မေထုန်
ကိုယ်ပြံုးနေတဲ့ မျက်နှာအပြည့် ဓါတ်ပုံပေါ်မှာ ကမာခွံတစ်ခုကို မှောက်ပြီး ဖုံးလိုက်ပါ။ စံပယ်ပန်းတွေကို ဓါတ်ပုံ ဘေးပတ်လည်မှာ စက်ဝိုင်းပုံစံထားပါ။ ဗုဒ္ဓဟူးနေ့ နံနက် (၆) နာရီ တိတိမှာ ဆောင်ရွက်ရမှာပါ။ (၃) ရက်ကြာထားပြီးနောက်မှ ကမာခွံကို ယူပြီး ကျောက်ဘက်မှာ ဖေယောင်းတိုင် အနီတစ်တိုင်စီ သုံးရက်ထွန်းပါ။ ပြီးရင် ထိုကမာခွံကို ဆောင်ပါ။ မျက်နှာပွင့်မှာပါ။
ကရကဋ်
ကိုယ့်ရဲ့ ဘယ်ဘက်လက်ဖဝါးပေါ်မှာ နှုတ်ခမ်းနီသုတ်လိမ်းပြီး စာရွက်ဖြူပေါ်မှာ ဖိကာ ဘယ်လက်ဝါး ပုံစံတူ ယူပါ။ လက်ဝါးပုံစံစာရွက်ရဲ့ အလယ်မှာ သံလိုက်တုံးတင်ပါ။ သံလိုက်ပေါ်မှာ အနီရောင် ဖယောင်းတိုင် တစ်တိုင် မီးထွန်းပါ။ တနင်္လာနေ့ နေထွက်ချိန်မှာ မီးထွန်းပြီး ခဏနေရင် မီးငြိမ်းလိုက်ပါ။ (၆) ရက်ဆက်တိုက် ဖယောင်းတိုင်ကို မီးထွန်းပါ။ နောက်တော့ လက်ဝါးပုံစံ စာရွက်ကို ရေမျှောလိုက်ပြီး သံလိုက်တုံးကို ဆောင်ပါ။ စန်းပွင့်ပြီး ချစ်သူရဲ့ မြတ်နိုးခြင်းတွေ ရရှိမှာပါ။
ချစ်ခြင်းမေတ္တာတွေ အပြည့်ရနေစေဖို့
သိဟ်
ကော်ဖီအောက်ခံ ကြွေပန်းကန်ပြား (၃) ချပ်ကို တန်းစီပြီ းချပါ။ အလယ်ပန်းကန်မှာ ကိုယ့်ရဲ့ဓာတ်ပုံတင်ပါ။ ဘေးပန်းကန်များမှာ ဖယောင်းတိုင်အနီတစ်တိုင် အဖြူတစ်တိုင်စီ ထွန်းပါ။ တနင်္ဂနွေနံနက်( ၉)နာရီ(၄၂)မိနစ်မှာ ထွန်းပါ။ နောက်နေ့တွေမှာ အိပ်ရာဝင်ခါနီး ထွန်းပါ။( ၉)ရက်လုပ်ပါ။ ဖယောင်းတိုင်အနီအဖြူမှရတဲ့ ဖယောင်းအနည်းငယ်ဆတူယူပြီး ခေါင်းလိမ်းဆီလိမ်းတဲ့အခါ ထည့်ပြီး လိမ်းပါ။ ထူးခြားမှာ သေချာပါတယ်။
ကန်
ဗုဒ္ဓဟူးနေ့နံနက် ၆နာရီ၄၂မိနစ်တွင် ပန်းရောင်ပလတ်စတစ်ဖလားတွင် ရေဖြည့်ပါ။ ရေမွှေးတစ်စက်ထည့်ပါ။ စံပယ်၉ပွင့်ထည့်ပါ။ ပန်းနုရောင်ဘီးတစ်ချောင်းကို ထိုရေတွင်စိမ်ပါ။ ပန်းရောင်လက်ကိုင်ပဝါဖြင့် ဖလားကိုအုပ်ပါ။ မဖွင့်ပါနှင့်။ ၆ရက်ပြည့်သော အခါထိုဘီးဖြင့်ဆံပင်ဖြီးပါ။ ထိုဘီးကိုဆောင်ပါ။ ထူးကဲသောပီယဓာတ်ရပါလိမ့်မည်။
တူ
သောကြာနေ့ ညနေ( ၆)နာရီ(၆)မိနစ်တိတိမှာ လင်ဗန်းဝိုင်းပေါ် လုံးဝိုင်းတဲ့ အဖြူရော င်ကျောက်စရစ်ခဲကို အလယ်ဗဟိုမှာထည့်ပါ။ ကျောက်စရစ်ခဲပေါ်မှာဖယောင်းတိုင်အဖြူကို တစ်နေ့တစ်တိုင်ထွန်းပါ။ (၆)ရက်ထွန်းပါ။ ကျောက်စရစ်ခဲကို လက်သည်းနီဆိုးပြီး ဆောင်ထားပါ။ လူချစ်လူခင်များလာမှာပါ။
ဗြိစ္ဆာ
အင်္ဂါနေ့နံနက် (၇)နာရီ(၂၀)မိနစ်မှာ ဖန်ခွက်တစ်ခုအတွင်း ဖန်ဂေါ်လီတစ်လုးံထည့်ပါ။ သဲထပ်ဖြည့်လိုက်ပါ။ သဲအတွင်း အမွှေးတိုင်(၃)တိုင် စိုက်ထွန်းပါ။ တစ်နေ့၃တိုင်၉ရက်ထွန်းပါ။ ရက်စေ့သောအခါသဲကိုရေထဲသွန်ပါ။ ဖန်ခွက်ကိုလူှပါ။ ဖန်ဂေါ်လီကိုဆောင်ထားပါ။
ဓနု
ကြာသပတေးနံနက် (၆) နာရီ(၄၀)မိနစ်အချိန်မှာ မင်္ဂလာဖိတ်စာတစ်ခုကြား တွယ်ချိတ် တစ်ချောင်းထည့်ပါ။ ဖိတ်စာပေါ်မှာ ဖန်ခွက်တင်ပါ။ ဖန်ခွက်အတွင်း အကျင်္ီကြယ်သီးတစ်လုံး ထည့်ပါ။ ရေထည့်ပါ။ အပေါ်ကနေ အခြားမင်္ဂလာဆောင်ဖိတ်စာတစ်နဲ့ ဖန်ခွက်ကိုအုပ်ပါ။ (၆)ရက်ထားပါ။ ပြီးရင် ကြယ်သီးအတွင်း ချိတ်ကိုသွင်းချိတ်ပြီး ဆောင်ပါ။
မကာရ
စနေနံနက်(၈) နာရီမှာ  ဝါးတူတစ်စုံ ကို သားရေကွင်းအနီရောင်နဲ့ ပူးပြီးချည်ပါ။ ကြွေပန်းကန်ပြားပေါ်မှာ ကန့်လန့်တင်ပါ။ တူပေါ်သို့ ဆင်မြီးလက်စွပ်တင်ပါ။ နေ့တိုင်းရေမွှေးဖျန်းပါ။ (၈)ရက်ထားပါ။ အဲဒိလက်စွပ်ကိုဝတ်ဆင်ပါ။ ဝါးတူကိုမီးဖိုတွင်ထားပါ။
ကုမ်
စနေနံနက် (၇) နာရီ(၂၀)မိနစ်မှာ  ငွေရောင်ခေါင်းလောင်းတစ်လုံးကို ကြိုးအနီနဲ့ဆွဲကာ ကိုယ့်ရဲ့အိပ်ခန်းပြတင်းပေါက်မှာ ချိတ်ပါ။ နေ့တိုင်းရေမွှေးဖျန်းပါ။( ရ)ရက်စေ့တဲ့အခါ ခေါင်းလောင်းငယ်ကို ဆောင်ထားပါ။
မိန်
လပြည့်ည လူခြေတိတ်ချိန် ကိုယ့်အိမ်ရှေ့အဝင်ပေါက်မှာ အသဲပုံသော့ချိတ် ချိတ်ပါ။ နံနက်လင်းတဲ့အခါ သော့ချိတ်ကို ယူပြီး လင်ပန်းနဲ့ အုပ်ပါ။ လင်ပန်းကျောဘက်မှာ ဖယောင်းတိုင်အနီ တစ်နေ့တစ်တိုင် (၉) ရက်ထွန်းပါ။ အဲဒီ သော့ချိတ်ကိုဆောင်ပါ။ ကိုယ့်ချစ်သူရဲ့ မြတ်နိုးခြင်းကို ခံရမှာ သေချာပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:အချစ်ဗေဒင်
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top