မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×
Credit:tawthu
# Unicode Version ဖြင့် ဖတ်ပါ #
Khin Mi Mi Kyaw account မှ (3.9.2018)ရက်နေ့တွင် တင်ခဲ့သော Post နှင့် ပတ်သက်၍ Facebook လူမှုကွန်ရက် စာမျက်နှာများတွင် မဟုတ်မမှန်သည့် အကြောင်းအရာ ကိစ္စများ အားလုံး လုပ်ကြံချဲ့ထွင်းရေးသားချက်များတင်ခဲ့ပါသည်။၎င်းPost တွင် တင်ခဲ့သော အကြောင်းအရာများမှာ တဖက်သက် လုပ်ကြံစွပ်စွဲချက်များသာဖြစ်ပါတယ်ဆိုတာ အားလုံး သိမြင်နားလည် ရအောင် တင်လိုက်ရပါသည်။
အထက်ပါကိစ္စနှင့် ပတ်သက်၍ လူမှုအသိုင်းအဝိုင်းမှာ ထင်ယောင် ထင်မှား ဖြစ်စေခဲ့ပါသည်။ကျွန်မရဲ့ဂုဏ်သိက္ခာနဲ့ ကိုယ့်ကျင့်တရားကို ထိခိုက်စော်ကားရေးသားထားပါတယ်။ကျွန်မ သည် မိကောင်းဖခင် သားသမီးတစ်ယောက်ပါ။သူတစ်ပါးကိုဆဲရေးတိုင်ထွားလုပ်တက်တဲ့သူမဟုတ်ပါ။
ကျွန်မ(နမ့်ခမ်း)အမျိုးသမီး အဆောင်တွင် Post တင်ခဲ့သော Khin Mi Mi Kyaw တို့ ညီမနှစ်ယောက်နှင့် တစ်ခန်းတည်းနေရပါသည်။ကျွန်မနဲ့ ထိုညီမနှစ်ယောက်ခင်မင်ရင်းနှီးခဲ့ပါသည်။နောက်ပိုင်းမှာ KMMK အစ်မ ဖြစ်သူ၏ မနက်စောစော/ညသန်းခေါင်ယံဖုန်းပြောသံတွေကြောင့်ဆူညံပြီအိပ်မရဖြစ်ခဲ့ရပါတယ်။နောက်ပိုင်း ကျွန်မကျန်းမာရေးပါထိခိုက်လာတဲ့အတွက်အသံတိုးပေးဖို့ကောင်းကောင်းမွန်မွန်တောင်းဆိုခဲ့ရုံသာမက KMMK ကိုပါအစ်မကိုအသံတိုးဖို့ပြောပေးရန်တောင်းဆိုခဲ့ပါသေးတယ်
စာကျက်ချိန်ရောက်သည့်အခါမှာလည်း ကျွန်မမှာစာကျက်သံနားငြီးတယ်ဆိုပီးတစ်ခွန်းမှမပြောခဲ့ဘူူးပါ။ ကျွန်မတို့သုံးယောက်နေသည့်အခန်းမှာမကျယ်သော်လည်းအလုံခန်းဖြစ်သောကြောင့် KMMK ၏ အစ်မစာကျက်သံမှာတစ်ပါးသူဖြစ်တဲ့ကျွန်မ စာကျက်၍မရလောက်အောင်
ကျယ်လွန်းသဖြင့် ကျွန်မမှာ အသံလျှော့ ကျက်ပေးရန် တောင်းဆိုခဲ့ပါတယ်။နောက်ပိုင်းမှာ KMMK အစ်မရဲ့ ရန်လိုတဲ့ အပြုမူတွေကို ကြုံတွေ့ရပါတော့တယ်။ ကျွန်မ စိတ်အနှောက်အယှက်ဖြစ်အောင် အိပ်မရအောင် စကားအရာအပြုမူများနဲ့တွေ့မြင်ကြားနေခဲ့ရပါတယ်။ကျွန်မကိုယ်တိုင်
ပြောလျှင် ပြဿနာတက်မည်စိုးသောကြောင့် အဆောင်မှူး ထံသွားပြောခဲ့ပါသည်။အဆောင်မှူးမှ လကုန်အခန်းပြောင်းပေးမယ်ပြောခဲ့သဖြင့် ကျွန်မသီးခံ၍သာနေခဲ့ပါသည်။ဒါပေ့မယ် KMMK အစ်မ၏ စောင်းမြောင်းပြောဆိုဆဲဆိုမှုတွေဟာ တစ်နေ့ထက်တစ်နေ့ ဆိုးဝါးလာခဲ့ပါတယ်။
(2.9.2018) တနင်္ဂနွေ နံနက်ခင်း စောပိုင်း 5:45Am မှ စတင်ပီး အခန်းထဲတွင် ဖုန်းပြောသံ၊အိပ်ရေးပျက်စေလိုသည့်ရည်ရွယ်ချက်ဖြင့်စာထအော်ခဲ့ပါတယ်။ ကျွန်မမှာလည်း အိပ်မရ၍အသံတိုးပေးရန်ပြောခဲ့ပါတယ်။သို့သော်KMMK၏အစ်မမှာ စကားချေတင်များနေခဲ့ရင်းပင် ကျွန်မ ကုတင်ပေါ်သို့ကျော်တက်လာပီး ကျွန်မကိုယ်ပေါ်တက်ခွကာ လည်ပင်းညစ်၍ ဆံပင်တွေဆွဲ ခေါင်းတွေပါ ရိုက်ပါတယ်။KMMKမှာလည်းကျွန်မ လက်ကိုဆွဲထားသဖြင့် ကျွန်မရုန်းလို့မရခဲ့ပါ။
ကျွန်မ မှာလဲ ကုတင်၏ လက်တစ်ကမ်းရှိ မှန်တင်ခုံပေါ်သို့ စမ်းမိစမ်းရာ လက်ထဲတွင်ပါလာသောအရာဖြင့် ပေါင်ကို ခြစ်မိခြစ်ရာခြစ်လိုက်တာဖြစ်ပါတယ်။ကျွန်မအသက် အန္တရယ်ကိုထိပါးလာခြင်းကြောင့် တုန့်ပြန်မှားမိခဲ့ပါတယ်။နှစ်ယောက်တစ်ယောက် နိုင်ထက်စီးနင်း မှုမှာကျွန်မကိုယ် ကျွန်မ ကာကွယ်ခဲ့တာပါ။ဒီအမှတ်မထင် အဖြစ်အပျက်မှာ ကျွန်မဘာမှ မရည်ရွယ်ခဲ့ပါ။ယခု ကျွန်မ မှားမိတဲ့ တုန့်ပြန်မှု အတွက်
လူကျင့်ဝတ်နှင့်အညီပြန်လည်တောင်းပန်ခဲ့ပါတယ်။ရရှိခဲ့သော ဒဏ်ရာများအတွက်လည်းဆေးရုံဆင်းသည်အထိကျေနပ်အောင် ဆေးကုသပေးခဲ့ပြီးဖြစ်ပါတယ်။
ယခု ကျွန်မ ရဲ့နာမည်၊ဂုဏ်သိက္ခာပျက်စေလိုသောရည်ရွယ်ချက်ဖြင့် ကျွန်မ ဓာတ်ပုံနှင့် FacebookAcc များကိုလည်းဖြတ်သိမ်းပေးပါလို့ ဒီကနေပဲပြောချင်ပါတယ်ရှင့်။မောင်နှမခြင်း ကိုယ်ချင်းစာကြည့်စေချင်ပါတယ်။KMMK တင်ခဲ့သော အကြောင်းအရာများမှာ တစ်ဖက်သက် လုပ်ကြံစွပ်စွဲ ရေးသားထားပါသဖြင့် သတင်းမီဒီယာ Page များလည်းတင်ထားသောဂPost များပြန်လည်ဖျက်သိမ်းပေးပါ။ အထက်ပါကိစ္စနှင့် ပတ်သက်၍
ကျွန်မဂုဏ်သိက္ခာထိပါးစေသည့် မဟုတ်မမှန် သတင်းကိစ္စဖြန့်ခြင်း၊ရေးသားပြောဆိုခြင်းများရှိပါက တရားဥပဒေနှင့်အညီ ထိရောက်စွာ တရားစွဲဆိုပါမည်။
မှတ်ချက်။ ။ Kyi Sin Win Thant ဖေ့ဘုတ်အကောင့်မှ ကူးယူတင်ပြပါသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:tawthu
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top