iMyanmarHouse.com - Best Property Website for Myanmar
×

႐ြိဳင္ရယ္တည္းခိုခန္းလူသတ္မႈ အမ်ဳိးသမီးက နာၾကည္းစိတ္ေၾကာင့္သတ္ခဲ့ ကာမလိမ္လည္မႈ တရား႐ုံးတိုင္တန္းစဥ္ ပယ္ခ်ခံခဲ့ရေၾကာင္း ရဲထံထြက္ဆုိ ရန္ကုန္၊ စက္တင္ဘာ-၂

မဂၤလာေတာင္ၫြန္႔ၿမိဳ႕နယ္ ေတာင္လုံးျပန္ရပ္ကြက္ အထက္ပုဇြန္ ေတာင္လမ္းႏွင့္ ေရေက်ာ္မီးပြိဳင့္အနီးရွိ ႐ြိဳင္ရယ္တည္းခုိခန္း အခန္းအတြင္း အမ်ဳိးသားတစ္ဦး အသတ္ခံရမႈႏွင့္ ပတ္သက္၍ လင္းလင္းခိုင္ (၃၉) ႏွစ္ကို စက္တင္ဘာ ၂၁ ရက္ နံနက္ ၃ နာရီ ၁၅ မိနစ္တြင္ ေဒါပုံၿမိဳ႕နယ္ ယမုံနာ (၂) ရပ္ကြက္ ေအာင္ေမတၱာလမ္းရွိ လက္ ဖက္ရည္ဆုိင္၌ ဖမ္းဆီးရမိခဲ့ေၾကာင္း ရန္ကုန္တုိင္းေဒသႀကီး ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ခဲ့သည္။

စက္တင္ဘာ ၁၆ ရက္ နံနက္ ၈ နာရီ ၄၁ မိနစ္ခန္႔က စုံတြဲတစ္တြဲ သည္ အဆိုပါတည္းခိုခန္း၌ အခ်ိန္ ပိုင္း တည္းခိုခ က်ပ္ ၆၀၀၀ ကို အမ်ဳိး သမီးက ေပးေခ်ၿပီး အခန္းနံပါတ္ (၁၀) တြင္တည္းခိုခဲ့ရာ နံနက္ ၉ နာရီ မိနစ္ ၄၀ ခန္႔တြင္ အမ်ဳိးသမီးသာ အခန္းမွ ျပန္ထြက္သြားသျဖင့္ တည္းခိုခန္း ၀န္ထမ္းျဖစ္သူက အခန္းအတြင္း သြားေရာက္ၾကည့္႐ႈရာ အမ်ဳိးသားမွာ ေသြး အိုင္ထဲ၌ ေမွာက္လ်က္အေနအထား ျဖင့္ ေသဆုံးလ်က္ရိွသည္ကို ေတြ႕ရိွခဲ့သျဖင့္ အတူတည္းခိုေနထိုင္ခဲ့သည့္ မသကၤာဖြယ္ အမ်ဳိးသမီးကို စုံစမ္းဖမ္းဆီးရမိေရးအတြက္ ရဲတပ္ဖြဲ႕က ေဆာင္ရြက္ခဲ့သည္။

အသတ္ခံရသူမွာ မည္သူမည္၀ါျဖစ္ေၾကာင္း လုိက္လံစုံစမ္းခ်က္အရ ထြန္းလင္းေအာင္(ခ)ဖိုးေထာင္ (၃၂)ႏွစ္ျဖစ္ၿပီး ဇနီးျဖစ္သူ မ—၊ သားသမီးသုံးဦးႏွင့္အတူ ျမ၀တီ ၿမိဳ႕နယ္ဘက္တြင္ အီၾကာေကြးေရာင္းခ်သူျဖစ္ၿပီး ခရမ္းၿမိဳ႕နယ္၌၎၏ မိဘျဖစ္သူတို႔ေနထိုင္ေၾကာင္းႏွင့္ ဇနီးျဖစ္သူတို႔၏ အတည္ျပဳခ်က္အရ စက္တင္ဘာ ၁၈ ရက္တြင္ ရဲတပ္ဖြဲ႕က သိရိွခဲ့သည္။

အထက္ပါအမႈႏွင့္ ပတ္သက္၍ မဂၤလာေတာင္ၫြန္႔ၿမိဳ႕မရဲစခန္းတြင္ (ပ) ၄၉၀/၂၀၁၈၊ ျပစ္မႈဥပေဒ ပုဒ္မ -၃၀၂ ျဖင့္ အမႈဖြင့္ၿပီး တိုင္း/ ခ႐ိုင္၊ ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕၀င္မ်ားပါ၀င္သည့္ ပူးေပါင္းအဖြဲ႕က အသတ္ခံရသူႏွင့္အတူ လာေရာက္တည္းခိုသူကို လိုက္လံစုံစမ္းခ့ဲရာ ေဒါပုံၿမိဳ႕နယ္ေန လင္းလင္းခိုင္ကို အထက္ပါ လက္ဖက္ရည္ဆိုင္၌ ဖမ္းဆီးရမိခဲ့သျဖင့္ စစ္ေဆးရာ

၎သည္ ၂၀၁၇ ခုႏွစ္ စက္တင္ဘာလပိုင္းခန္႔တြင္ လူမႈကြန္ရက္ Facebook အသုံးျပဳရာမွ ထြန္းလင္းေအာင္(ခ) ဖိုးေထာင္ႏွင့္ ေတြ႕ဆုံ၍ Messenger မွတစ္ဆင့္ စကားေျပာဆိုရာတြင္ သမီးရည္းစား ျဖစ္ခ့ဲေၾကာင္း၊ ေသဆုံးသူမွာ အစ္မျဖစ္သူ၏ သားသုံးေယာက္ကို ၾကည့္႐ႈေစာင့္ေရွာက္ေနရသူျဖစ္ၿပီး လူပ်ဳိလူလြတ္ျဖစ္ေၾကာင္း လိမ္လည္ေျပာဆုိသည္ကုိ ယုံၾကည္သျဖင့္ အျပင္တြင္ေတြ႕ဆုံကာ အတူေနထိုင္ခ့ဲေၾကာင္း၊

၂၀၁၈ ခုႏွစ္ ဇူလိုင္ ၁၇ ရက္တြင္ ထြန္းလင္းေအာင္က ျမ၀တီၿမိဳ႕သို႔ အလုပ္လုပ္ရန္ ေခၚေဆာင္သျဖင့္ လုိက္ပါသြားခဲ့ေၾကာင္း၊ ေသဆုံးသူမွာ ယင္းၿမိဳ႕ရွိ ေနအိမ္တစ္လုံးမွ အမည္မသိအမ်ဳိးသမီးတစ္ဦးႏွင့္ စကားေျပာၿပီး ေနာက္ ကြမ္း၀ယ္ရန္ ထြက္သြားခ့ဲရာမွ ျပန္လည္ေရာက္ရွိလာ ျခင္းမရွိဘဲ က်န္ေနခ့ဲစဥ္ အမည္မသိအမ်ဳိးသမီးက ထိုင္းႏိုင္ငံပို႔ မည္ေျပာသျဖင့္ ေၾကာက္လန္႔ၿပီးထြက္ေျပးလာခ့ဲေၾကာင္း ရန္ကုန္ရဲ တပ္ဖြဲ႕က စက္တင္ဘာ ၂၁ ရက္ သတင္းထုတ္ျပန္ခ်က္ တြင္ ေဖာ္ျပထားသည္။

ရန္ကုန္သို႔ ျပန္လည္ေရာက္ရွိလာခ့ဲၿပီး ထြန္းလင္းေအာင္ကို နာၾကည္းစိတ္ေၾကာင့္ စက္တင္ဘာ ၁၆ ရက္တြင္ ထီေပါက္ သည္ဟု ေျပာဆုိၿပီး ဖုန္းျဖင္႔ဆက္သြယ္ခ်ိန္းဆုိကာ ပုဇြန္ေတာင္ ေစ်းေရွ႕ရွိ စားေသာက္ဆိုင္တြင္ ေတြ႕ဆုံခဲ့ေၾကာင္း၊ ထုိ႔ေနာက္ အခင္းျဖစ္တည္းခုိခန္းတြင္ အတူေနထုိင္ခဲ့ၿပီး ထြန္းလင္းေအာင္ အတြက္ေရႊဆြဲႀကိဳးအတုကို ဆဲြေပးခဲ့ေၾကာင္း၊ ေသဆုံးသူ လွဲအိပ္ေနစဥ္ ၎က အသင့္ယူေဆာင္လာေသာ ဓားျဖင့္ ႏွစ္ခ်က္ထိုးၿပီး တည္းခိုခန္းမွ ထြက္ေျပးခ့ဲေၾကာင္း စစ္ေဆး ေပၚေပါက္ခ့ဲသည္။

လင္းလင္းခိုင္၏ ဆက္လက္ ထြက္ဆိုခ်က္အခ်ဳိ႕ႏွင့္ပတ္သက္၍ ရဲအရာရိွ တစ္ဦးကို ေမးျမန္းရာ “လူပ်ဳိဆိုၿပီး ေပါင္းလာတာ ေတာ္ေတာ္ၾကာမွ ကေလးသုံးေယာက္အေဖမွန္း သိတယ္လို႔ လင္းလင္းခိုင္က ေျပာတယ္။ ထြန္းလင္းေအာင္ကလည္း ပထမဇနီးကိုထားၿပီး လာေပါင္းလုိက္၊ ျပန္သြားလိုက္နဲ႔ေပါ့။ ၿပီးေတာ့ ငါတို႔ ႏွစ္ေယာက္အတူတူ ေပါင္းမယ္ဆိုၿပီး ျမ၀တီကို ေခၚသြားတယ္။

အတူတူေပါင္းဖို႔ ပထမဇနီးကို ေတာင္းဆိုေတာ့ လက္မခံ၊ စကားေတြမ်ားၿပီး ထြန္းလင္းေအာင္လည္း ဘယ္ထြက္သြားမွန္း မသိဘူး။ ပထမဇနီးကလည္း ကေလးေတြေခၚၿပီး ခရမ္းကိုျပန္သြားတယ္။ သူ႔ကိုထားခဲ့တယ္ေပါ့။ အဲဒီလို ကာမလိမ္လည္ရယူခံရမႈနဲ႔ ပတ္သက္ၿပီး ျမ၀တီဘက္မွာ တုိင္တန္းခဲ့တာေတြြေတာ့ မရွိဘူး။ ရန္ကုန္ေတာင္ဒဂုံဘက္မွာ တရား႐ုံးကို ဦးတုိက္တိုင္တယ္၊ ပယ္ခ်ခံရတယ္လို႔ေတာ့လင္းလင္းခိုင္ရဲ႕ ေျပာျပခ်က္အရပဲ သိရေသးတယ္”ဟု ရွင္းျပခဲ့သည္။

အခင္းျဖစ္ၿပီးေနာက္ ေသဆံုးသူ ထြန္းလင္းေအာင္၏ ဇနီးႏွင့္ ေဆြမ်ိဳးသားခ်င္းမ်ား ေပၚေပါက္လာသည့္အတြက္ CCTV မွတ္တမ္းပါ မသကၤာဖြယ္ အမ်ဳိးသမီးတစ္ဦး၏ ဓာတ္ပုံကိုျပသရာ ထြန္လင္းေအာင္၏ မယားငယ္ဟု ေျပာဆိုခဲ့ေၾကာင္း၊ ယင္းေနာက္ နာမည္ႏွင့္ ေနရပ္လိပ္စာသိရသည့္အတြက္ သြားေရာက္စံုစမ္းစစ္ေဆးခ်က္အရ

ေဒါပံုၿမိဳ႕နယ္ေန လင္းလင္းခုိင္၏ မိဘမ်ား၊ ေမာင္ႏွမ်ားကိုေတြ႕ရိွခဲ့ၿပီး ၎တို႔ဆီကိုလည္း ဓားျဖင့္ထိုးမိ သည့္အေၾကာင္း ဖုန္းဆက္သည္ဟု သိရိွခဲ့ေၾကာင္းႏွင့္ ရဲတပ္ဖြဲ႕၏ အားထည့္လုပ္ေဆာင္မႈေၾကာင့္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း အဆုိပါရဲအရာရိွက ဆက္လက္ရွင္းျပခဲ့သည္။

ဖမ္းဆီးရမိသည့္ေန႔ မြန္းလြဲပိုင္းတြင္ မဂၤလာေတာင္ညြန္႔ၿမိဳ႕နယ္ တရား႐ုံးသို႔ လင္းလင္းခိုင္ကို ႐ုံးထုတ္ခဲ့ရာ ေအာက္တိုဘာ ၄ ရက္အထိ ခ်ဳပ္ရမန္ယူထားၿပီး တရားခြင္မွအထြက္ တရား႐ုံး အခ်ဳပ္ခန္းအ၀င္တြင္ မူးေမ့လဲက်ခဲ့သည့္အတြက္ရဲတပ္ဖြဲ႕၀င္မ်ားကျပဳစုေစာင့္ေရွာက္ကူညီေဆာင္ရြက္ေပးေနသည္ကို ေတြ႕ရသည္။

သတင္း – တင္႕ေဇာ္ထြန္း
ဖိုးသူေတာ္ (www.phothutaw.com)
Credit:http://bahuthuta.net
# Unicode Version ျဖင့္ ဖတ္ပါ #
ရွိုင်ရယ်တည်းခိုခန်းလူသတ်မှု အမျိုးသမီးက နာကြည်းစိတ်ကြောင့်သတ်ခဲ့ ကာမလိမ်လည်မှု တရားရုံးတိုင်တန်းစဉ် ပယ်ချခံခဲ့ရကြောင်း ရဲထံထွက်ဆို ရန်ကုန်၊ စက်တင်ဘာ-၂

မင်္ဂလာတောင်ညွန့်မြို့နယ် တောင်လုံးပြန်ရပ်ကွက် အထက်ပုဇွန် တောင်လမ်းနှင့် ရေကျော်မီးပွိုင့်အနီးရှိ ရွိုင်ရယ်တည်းခိုခန်း အခန်းအတွင်း အမျိုးသားတစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ လင်းလင်းခိုင် (၃၉) နှစ်ကို စက်တင်ဘာ ၂၁ ရက် နံနက် ၃ နာရီ ၁၅ မိနစ်တွင် ဒေါပုံမြို့နယ် ယမုံနာ (၂) ရပ်ကွက် အောင်မေတ္တာလမ်းရှိ လက် ဖက်ရည်ဆိုင်၌ ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၁၆ ရက် နံနက် ၈ နာရီ ၄၁ မိနစ်ခန့်က စုံတွဲတစ်တွဲ သည် အဆိုပါတည်းခိုခန်း၌ အချိန် ပိုင်း တည်းခိုခ ကျပ် ၆၀၀၀ ကို အမျိုး သမီးက ပေးချေပြီး အခန်းနံပါတ် (၁၀) တွင်တည်းခိုခဲ့ရာ နံနက် ၉ နာရီ မိနစ် ၄၀ ခန့်တွင် အမျိုးသမီးသာ အခန်းမှ ပြန်ထွက်သွားသဖြင့် တည်းခိုခန်း ဝန်ထမ်းဖြစ်သူက အခန်းအတွင်း သွားရောက်ကြည့်ရှုရာ အမျိုးသားမှာ သွေး အိုင်ထဲ၌ မှောက်လျက်အနေအထား ဖြင့် သေဆုံးလျက်ရှိသည်ကို တွေ့ရှိခဲ့သဖြင့် အတူတည်းခိုနေထိုင်ခဲ့သည့် မသင်္ကာဖွယ် အမျိုးသမီးကို စုံစမ်းဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့က ဆောင်ရွက်ခဲ့သည်။

အသတ်ခံရသူမှာ မည်သူမည်ဝါဖြစ်ကြောင်း လိုက်လံစုံစမ်းချက်အရ ထွန်းလင်းအောင်(ခ)ဖိုးထောင် (၃၂)နှစ်ဖြစ်ပြီး ဇနီးဖြစ်သူ မ—၊ သားသမီးသုံးဦးနှင့်အတူ မြဝတီ မြို့နယ်ဘက်တွင် အီကြာကွေးရောင်းချသူဖြစ်ပြီး ခရမ်းမြို့နယ်၌၎င်း၏ မိဘဖြစ်သူတို့နေထိုင်ကြောင်းနှင့် ဇနီးဖြစ်သူတို့၏ အတည်ပြုချက်အရ စက်တင်ဘာ ၁၈ ရက်တွင် ရဲတပ်ဖွဲ့က သိရှိခဲ့သည်။

အထက်ပါအမှုနှင့် ပတ်သက်၍ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းတွင် (ပ) ၄၉၀/၂၀၁၈၊ ပြစ်မှုဥပဒေ ပုဒ်မ -၃၀၂ ဖြင့် အမှုဖွင့်ပြီး တိုင်း/ ခရိုင်၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က အသတ်ခံရသူနှင့်အတူ လာရောက်တည်းခိုသူကို လိုက်လံစုံစမ်းခဲ့ရာ ဒေါပုံမြို့နယ်နေ လင်းလင်းခိုင်ကို အထက်ပါ လက်ဖက်ရည်ဆိုင်၌ ဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးရာ

၎င်းသည် ၂၀၁၇ ခုနှစ် စက်တင်ဘာလပိုင်းခန့်တွင် လူမှုကွန်ရက် Facebook အသုံးပြုရာမှ ထွန်းလင်းအောင်(ခ) ဖိုးထောင်နှင့် တွေ့ဆုံ၍ Messenger မှတစ်ဆင့် စကားပြောဆိုရာတွင် သမီးရည်းစား ဖြစ်ခဲ့ကြောင်း၊ သေဆုံးသူမှာ အစ်မဖြစ်သူ၏ သားသုံးယောက်ကို ကြည့်ရှုစောင့်ရှောက်နေရသူဖြစ်ပြီး လူပျိုလူလွတ်ဖြစ်ကြောင်း လိမ်လည်ပြောဆိုသည်ကို ယုံကြည်သဖြင့် အပြင်တွင်တွေ့ဆုံကာ အတူနေထိုင်ခဲ့ကြောင်း၊

၂၀၁၈ ခုနှစ် ဇူလိုင် ၁၇ ရက်တွင် ထွန်းလင်းအောင်က မြဝတီမြို့သို့ အလုပ်လုပ်ရန် ခေါ်ဆောင်သဖြင့် လိုက်ပါသွားခဲ့ကြောင်း၊ သေဆုံးသူမှာ ယင်းမြို့ရှိ နေအိမ်တစ်လုံးမှ အမည်မသိအမျိုးသမီးတစ်ဦးနှင့် စကားပြောပြီး နောက် ကွမ်းဝယ်ရန် ထွက်သွားခဲ့ရာမှ ပြန်လည်ရောက်ရှိလာ ခြင်းမရှိဘဲ ကျန်နေခဲ့စဉ် အမည်မသိအမျိုးသမီးက ထိုင်းနိုင်ငံပို့ မည်ပြောသဖြင့် ကြောက်လန့်ပြီးထွက်ပြေးလာခဲ့ကြောင်း ရန်ကုန်ရဲ တပ်ဖွဲ့က စက်တင်ဘာ ၂၁ ရက် သတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ထွန်းလင်းအောင်ကို နာကြည်းစိတ်ကြောင့် စက်တင်ဘာ ၁၆ ရက်တွင် ထီပေါက် သည်ဟု ပြောဆိုပြီး ဖုန်းဖြင့်ဆက်သွယ်ချိန်းဆိုကာ ပုဇွန်တောင် ဈေးရှေ့ရှိ စားသောက်ဆိုင်တွင် တွေ့ဆုံခဲ့ကြောင်း၊ ထို့နောက် အခင်းဖြစ်တည်းခိုခန်းတွင် အတူနေထိုင်ခဲ့ပြီး ထွန်းလင်းအောင် အတွက်ရွှေဆွဲကြိုးအတုကို ဆွဲပေးခဲ့ကြောင်း၊ သေဆုံးသူ လှဲအိပ်နေစဉ် ၎င်းက အသင့်ယူဆောင်လာသော ဓားဖြင့် နှစ်ချက်ထိုးပြီး တည်းခိုခန်းမှ ထွက်ပြေးခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။

လင်းလင်းခိုင်၏ ဆက်လက် ထွက်ဆိုချက်အချို့နှင့်ပတ်သက်၍ ရဲအရာရှိ တစ်ဦးကို မေးမြန်းရာ “လူပျိုဆိုပြီး ပေါင်းလာတာ တော်တော်ကြာမှ ကလေးသုံးယောက်အဖေမှန်း သိတယ်လို့ လင်းလင်းခိုင်က ပြောတယ်။ ထွန်းလင်းအောင်ကလည်း ပထမဇနီးကိုထားပြီး လာပေါင်းလိုက်၊ ပြန်သွားလိုက်နဲ့ပေါ့။ ပြီးတော့ ငါတို့ နှစ်ယောက်အတူတူ ပေါင်းမယ်ဆိုပြီး မြဝတီကို ခေါ်သွားတယ်။

အတူတူပေါင်းဖို့ ပထမဇနီးကို တောင်းဆိုတော့ လက်မခံ၊ စကားတွေများပြီး ထွန်းလင်းအောင်လည်း ဘယ်ထွက်သွားမှန်း မသိဘူး။ ပထမဇနီးကလည်း ကလေးတွေခေါ်ပြီး ခရမ်းကိုပြန်သွားတယ်။ သူ့ကိုထားခဲ့တယ်ပေါ့။ အဲဒီလို ကာမလိမ်လည်ရယူခံရမှုနဲ့ ပတ်သက်ပြီး မြဝတီဘက်မှာ တိုင်တန်းခဲ့တာတွေတော့ မရှိဘူး။ ရန်ကုန်တောင်ဒဂုံဘက်မှာ တရားရုံးကို ဦးတိုက်တိုင်တယ်၊ ပယ်ချခံရတယ်လို့တော့လင်းလင်းခိုင်ရဲ့ ပြောပြချက်အရပဲ သိရသေးတယ်”ဟု ရှင်းပြခဲ့သည်။

အခင်းဖြစ်ပြီးနောက် သေဆုံးသူ ထွန်းလင်းအောင်၏ ဇနီးနှင့် ဆွေမျိုးသားချင်းများ ပေါ်ပေါက်လာသည့်အတွက် CCTV မှတ်တမ်းပါ မသင်္ကာဖွယ် အမျိုးသမီးတစ်ဦး၏ ဓာတ်ပုံကိုပြသရာ ထွန်လင်းအောင်၏ မယားငယ်ဟု ပြောဆိုခဲ့ကြောင်း၊ ယင်းနောက် နာမည်နှင့် နေရပ်လိပ်စာသိရသည့်အတွက် သွားရောက်စုံစမ်းစစ်ဆေးချက်အရ

ဒေါပုံမြို့နယ်နေ လင်းလင်းခိုင်၏ မိဘများ၊ မောင်နှများကိုတွေ့ရှိခဲ့ပြီး ၎င်းတို့ဆီကိုလည်း ဓားဖြင့်ထိုးမိ သည့်အကြောင်း ဖုန်းဆက်သည်ဟု သိရှိခဲ့ကြောင်းနှင့် ရဲတပ်ဖွဲ့၏ အားထည့်လုပ်ဆောင်မှုကြောင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရဲအရာရှိက ဆက်လက်ရှင်းပြခဲ့သည်။

ဖမ်းဆီးရမိသည့်နေ့ မွန်းလွဲပိုင်းတွင် မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးသို့ လင်းလင်းခိုင်ကို ရုံးထုတ်ခဲ့ရာ အောက်တိုဘာ ၄ ရက်အထိ ချုပ်ရမန်ယူထားပြီး တရားခွင်မှအထွက် တရားရုံး အချုပ်ခန်းအဝင်တွင် မူးမေ့လဲကျခဲ့သည့်အတွက်ရဲတပ်ဖွဲ့ဝင်များကပြုစုစောင့်ရှောက်ကူညီဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။

သတင်း – တင့်ဇော်ထွန်း
ဖိုးသူတော် (www.phothutaw.com)
Credit:http://bahuthuta.net
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top