မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

၁၂ ႏွစ္ၾကာေပါင္းသင္းေနထုိင္ေသာ ခင္ပြန္းသည္ရွိသည့္တုိင္ ငယ္ရြယ္ေသာအမ်ဳိးသားတစ္ဦးႏွင့္ ေပါင္းေဖာက္ျပန္ေပါင္းသင္းေနထုိင္ေသာ အမ်ဳိးသမီးကုိ တစ္လင္တစ္မယားဥပေဒျဖင့္ အမႈဖြင့္ထားသည့္ျဖစ္စဥ္ ပုသိမ္ၾကီးျမိဳ ့နယ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျမန္မာႏုိင္ငံရဲတပ္ဖြဲ ့၏ စက္တင္ဘာ ၁၃ ရက္တြင္ သတင္းထုတ္ျပန္လာခ်က္အရ မႏၲေလးတိုင္းေဒသႀကီး၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ၿမိဳ႕ေတာေက်းရြာေန ေဇာ္လင္း(ခ)ကိုမင္း (၃၂) ႏွစ္သည္ လြန္ခဲ့ေသာ (၁၂) ႏွစ္ခန႔္က တစ္ရြာတည္းေန မခ်ိဳျမင့္ (၂၇)ႏွစ္ ႏွင့္တရားဝင္ေပါင္းသင္း ေနထိုင္ခဲ့ၿပီး သား(၁)ဦး ထြန္းကားခဲ့ေၾကာင္း၊

ဇနီးသည္ မခ်ိဳျမင့္မွာ တစ္ရြာတည္းေန ေက်ာ္မ်ိဳးလင္း (၂၃) ႏွစ္ႏွင့္ လူမႈေရးေဖာက္ျပန္ေနေၾကာင္း ပတ္ဝန္းက်င္၏ ေျပာျပခ်က္အရသိရွိရသျဖင့္ ေစာင့္ၾကည့္ေနခဲ့ရာမွ ယင္းကဲ့သုိ ့အျဖစ္မွန္ကုိ ကုိယ္တုိင္ျမင္ေတြ ့သိရွိခဲ့ျခင္းျဖစ္ေၾကာင္း ရဲမွတ္တမ္းတြင္ ေဖာ္ျပထားသည္။

အထူးသျဖင့္ စက္တင္ဘာ ၁၂ ရက္ နံနက္ ၃ နာရီအခ်ိန္တြင္ ၄င္း၏ေနအိမ္၌ မခ်ိဳျမင့္ႏွင့္ ေက်ာ္မ်ိဳးလင္းတို႔ အတူေပါင္းသင္းေနထိုင္လ်က္ရွိသည္ကိုေတြ႕ရွိရသျဖင့္ ၎တို႔(၂)ဦးအား အေရးယူေပးေရးအတြက္ စက္တင္ဘာလ ၁၂ ရက္ ေန ့လယ္ပုိင္း၌ နယ္ေျမရဲစခန္းထံ တုိင္ၾကားခဲ့သည္ဟု သိရသည္။

တုိင္ၾကားခ်က္အရ အုန္းေခ်ာနယ္ေျမရဲစခန္းက (ပ) ၁၉၆/၂၀၁၈၊ တစ္လင္တစ္မယားစနစ္ က်င့္သုံးျခင္းဆိုင္ရာဥပေဒပုဒ္မ ၁၃ ျဖင့္ အမႈဖြင့္ထားျပီျဖစ္ေၾကာင္းလည္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: http://shweblog.com

#Unicode Version#
၁၂ နှစ်ကြာပေါင်းသင်းနေထိုင်သော ခင်ပွန်းသည်ရှိသည့်တိုင် ငယ်ရွယ်သောအမျိုးသားတစ်ဦးနှင့် ပေါင်းဖောက်ပြန်ပေါင်းသင်းနေထိုင်သော အမျိုးသမီးကို တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်ထားသည့်ဖြစ်စဉ် ပုသိမ်ကြီးမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စက်တင်ဘာ ၁၃ ရက်တွင် သတင်းထုတ်ပြန်လာချက်အရ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြို့တောကျေးရွာနေ ဇော်လင်း(ခ)ကိုမင်း (၃၂) နှစ်သည် လွန်ခဲ့သော (၁၂) နှစ်ခန့်က တစ်ရွာတည်းနေ မချိုမြင့် (၂၇)နှစ် နှင့်တရားဝင်ပေါင်းသင်း နေထိုင်ခဲ့ပြီး သား(၁)ဦး ထွန်းကားခဲ့ကြောင်း၊

ဇနီးသည် မချိုမြင့်မှာ တစ်ရွာတည်းနေ ကျော်မျိုးလင်း (၂၃) နှစ်နှင့် လူမှုရေးဖောက်ပြန်နေကြောင်း ပတ်ဝန်းကျင်၏ ပြောပြချက်အရသိရှိရသဖြင့် စောင့်ကြည့်နေခဲ့ရာမှ ယင်းကဲ့သို့အဖြစ်မှန်ကို ကိုယ်တိုင်မြင်တွေ့သိရှိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အထူးသဖြင့် စက်တင်ဘာ ၁၂ ရက် နံနက် ၃ နာရီအချိန်တွင် ၎င်း၏နေအိမ်၌ မချိုမြင့်နှင့် ကျော်မျိုးလင်းတို့ အတူပေါင်းသင်းနေထိုင်လျက်ရှိသည်ကိုတွေ့ရှိရသဖြင့် ၎င်းတို့(၂)ဦးအား အရေးယူပေးရေးအတွက် စက်တင်ဘာလ ၁၂ ရက် နေ့လယ်ပိုင်း၌ နယ်မြေရဲစခန်းထံ တိုင်ကြားခဲ့သည်ဟု သိရသည်။

တိုင်ကြားချက်အရ အုန်းချောနယ်မြေရဲစခန်းက (ပ) ၁၉၆/၂၀၁၈၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေပုဒ်မ ၁၃ ဖြင့် အမှုဖွင့်ထားပြီဖြစ်ကြောင်းလည်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: http://shweblog.com


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top