×
#Unicode Version#
ဒါရိုက်တာစင်ရော်မောင်မောင်ကတော့ ဧကရာဇာရွက်ဖျန်း ဓာတ်မြေသြဇာကြော်ငြာကို Myanmar Idol Season 3 Winner ဆုရှင် ဖြိုးမြတ်အောgင်၊ သရုပ်ဆောင်ပိုင်ဖြိုးသုတို့နဲ့အတူ စက်တင်ဘာလ ၅ ရက်နေ့က ရိုက်ကူးခဲ့ပါတယ်။
ဖြိုးမြတ်အောင်နဲ့ ကြော်ငြာရိုက်ကူးဖြစ်တဲ့အချိန် အမှတ်တရများကိုလည်း ဒါရိုက်တာစင်ရော်မောင်မောင်က…
“ဖြိုးမြတ်အောင်က ပြည်သူတွေရဲ့ အချစ်ကိုရတဲ့ ကလေး လေးပေါ့နော်။ ကျွန်တော်တို့လည်း သူ့ကိုချစ်ပါတယ်။ နောက်ပြီးတော့ စက်အဖွဲ့တွေကလည်း သူ့ကိုအရမ်းအားပေးကြတာ။ ရှုတင်ကို သူ့အမေလည်းလိုက်လာတယ်။ သူကလည်း ယဉ်ယဉ်ကျေးကျေးနဲ့ သင်ပေးတဲ့အတိုင်း အကုန်ရပါတယ်။ နောက်တစ်ချက်က သူက ကံကောင်းတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ဦးဝင်းဦးတို့၊ ဦးဇော်ဝမ်းတို့ ဦးကျော်ဟိန်း တို့လိုပေါ့နော်။
ရောက်တဲ့နေရာမှာ စန်းပွင့်တယ်။ စန်းဆိုတာ မိန်းကလေးတွေကြိုက် တာထက် ပရိသတ်အချစ်ကိုရတယ်။ အ့ံသြဖို့ကောင်းလောက်အောင် သူ့ရဲ့ ဖေ့စ် ဘွတ်ခ်မှာရတဲ့ပရိသတ်အင်အားက အလွန်ကြီးမားတယ်။ အဲဒီတော့ အပြောမမှား ဖို့၊ အနေမမှားဖို့၊ ရှေ့လျှောက်မယ့်လမ်းမမှားဖို့သေချာလေး ဝိုင်းဆုံးမကြပါတယ်။ သူလည်း အဲဒီလမ်းကြောင်းလေးအတိုင်းသာလိုက်လာရင် အောင်မြင်တဲ့ကြယ် တစ်ပွင့်ဖြစ်လာမှာပါ်”လို့ ပြောပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:  popular journal
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top