×






































Photo: ဟန္နာယူရီေဖ့စ္ဘြတ္
ဟန္နာယူရီတစ္ေယာက္ ထုိင္းမင္းသားေခ်ာေလး မာရီယုိနဲ႔ရုိက္ထားတဲ့ ဓာတ္ပုံေတြကုိ သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ မၾကာခင္က တင္ခဲ့ ပါတယ္။ သူဟာ မာရီယိုရဲ႕ Fan Girl တစ္ေယာက္ ျဖစ္ရတဲ့အတြက္လည္း အရမ္းကံေကာင္းတဲ့အေၾကာင္း ဆက္လက္ ေျပာျပ လာပါတယ္။
အရမ္းကံေကာင္းသူပါတဲ့။
မိတ္ကပ္ဖန္တီးရွင္မေလး ဟန္နာယူရီက သူအရမ္းႀကိဳက္တဲ့ Idol တစ္ေယာက္ျဖစ္တဲ့ ထုိင္းမင္းသားေခ်ာေလး မာရီယုိ နဲ႔တြဲရုိက္ထားတဲ့ ဓာတ္ပုံေတြကုိ အြန္လုိင္းေပၚမွာ မၾကာခဏ တင္ျဖစ္ပါတယ္။ သူ႔အေနနဲ႔ မာရီယုိရဲ႕ အမာခံ ပရိသတ္တစ္ေယာက္ျဖစ္ခြင့္ရတဲ့အတြက္လည္း အရမ္းေပ်ာ္တယ္လုိ႔ မီဒီယာေတြကေနတဆင့္ ေျပာျပလာပါတယ္။

'' ကုိယ့္အေနနဲ႔ သေဘာက်တဲ့ ေကာင္ေလးဆိုရင္လည္း သူျဖစ္တယ္။ သူ႔ကုိလည္း အရမ္းအားေပးတယ္။ ယိင္းကုိယ္တုိင္ကလည္း တကယ့္ Fan Girl ေပါ့ေနာ္။ ဟုိးအရင္တုန္းကတည္းက စိတ္ကူးထားတာ ရွိတယ္၊ တစ္ခ်ိန္က်ရင္ ငါ့အနာဂတ္မွာ သူ႔ကုိ အျပင္မွာေတြ႕ဖူးရမယ္ေပါ့။ အဲ့ဒီေတာ့ ၂၀၁၅ Pond ပြဲမွာ သူ႔ကုိ ပထမဆုံး စေတြ႔ဖူးတယ္'' လုိ႔ ဆုိပါတယ္။


ဟန္နာယူရီက မာရီယုိကုိ ၂၀၁၅ ခုႏွစ္က ပြဲတစ္ခုမွာ စတင္ေတြ႔ဆုံခဲ့တာျဖစ္ၿပီး အဲ့ဒီေနာက္မွာေတာ့ မာရီယုိ တက္ေရာက္လာတဲ့ ပြဲေတြမွာလည္း ဆုံခဲ့ၾကတယ္လုိ႔ ဆုိပါတယ္။ မာရီယုိရဲ႕ Fan Girl တစ္ေယာက္ျဖစ္တဲ့အတြက္လည္း ကုိယ့္ကုိယ္ကုိ ကံေကာင္းတယ္လုိ႔ သူက ဆုပါတယ္။

'' အဲ့ဒီေနာက္ပုိင္း အျပင္ Event ေတြမွာ ဆုိရင္လည္း ေတြ႔ျဖစ္တယ္။ သီးသန္႔ စီစဥ္တာ မဟုတ္ပဲနဲ႔ ေတြ႔ျဖစ္တယ္ေပါ့ေနာ္။ ဟုိတစ္ေန႔က ဆုိလည္း ယိင္းက ျပန္မယ္ဆုိၿပီးေတာ့ ဓာတ္ေလွကားနားသြားလုိက္တာအဲ့ဒီမွာ သူနဲ႔ ရုတ္တရက္ဆုံတယ္။ ဒီမွာ ပြဲရွိမွန္းလည္း ယိင္းမသိခဲ့ဘူး။ ယိင္းအရမ္းကံေကာင္းတယ္လုိ႔ ေျပာရမယ္'' လို႔ ဆုိပါတယ္။


Photo: ဟန္နာယူရီေဖ့စ္ဘြတ္
ထုိင္းမင္းသားေခ်ာေလး မာရီယုိရဲ႕ အမာခံပရိသတ္တစ္ဦးျဖစ္ခြင့္ရတဲ့ ခံစားခ်က္ကုိလည္း ဟန္နာယူရီက ေျပာျပခဲ့ပါတယ္။ သူ႔အေနနဲ႔ ခ်စ္သူ ရည္းစားမထားပဲ Fan Girl တစ္ေယာက္အေနနဲ႔ ရပ္တည္ေနရတာက ပုိစိတ္ခ်မ္းသာတယ္ ဆုိၿပီးေတာ့လည္း ဆက္လက္ ေျပာျပလာပါတယ္။

'' Fan Girl ဘဝေလးက ေအးခ်မ္းပါတယ္။ ပုိၿပီး ေအးခ်မ္းတယ္။ ဘာပဲျဖစ္ျဖစ္ Fan Girl အေနနဲ႔ ကုိယ့္ရဲ႕ Idol က ကုိယ့္ကုိ Follow လာလုပ္ တယ္၊ Like လုပ္တယ္ ဆုိရင္ အရမ္းေပ်ာ္ေနၿပီ။ ရည္းစားထားရင္ လုိက္ ဂရုစုိက္ေနရမွာစုိးလုိ႔'' ဆုိၿပီးေတာ့ စက္တင္ဘာလ ၁၁ ရက္ေန႔က တစ္ခါက ဆတ္ေခ်ာင္း ရုပ္ရွင္ကား ကန္ေတာ့ပြဲမွာေျဖဆုိေပးခဲ့ပါတယ္။

ဟန္နာယူရီဟာ အခုလက္ရွိမွာေတာ့ Make Up Arist တစ္ေယာက္အေနနဲ႔ ရပ္တည္ေနတာပဲျဖစ္ပါတယ္။ Make Up Arist တစ္ေယာက္အေနနဲ႔ ရုပ္ရွင္ဇာတ္ကားႀကီးေတြ ထဲက  ဇာတ္ေကာင္ေတြကုိလည္း သူ႔ရဲ႕ မိတ္ကပ္နဲ႔ ဖန္တီးေပးထားေသးတယ္လုိ႔ သိရပါတယ္။ ဟန္နာယူရီ ကုိေတာ့  နာမည္ေက်ာ္အဆုိေတာ္ Bunny Phyo ရဲ႕ ခ်စ္သူေဟာင္းအျဖစ္ ပရိသတ္ေတြ စတင္သိရွိခဲ့ၾကတာျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
 အရမ်းကံကောင်းသူပါတဲ့။
ဟန်နာယူရီတစ်ယောက် ထိုင်းမင်းသားချောလေး မာရီယိုနဲ့ရိုက်ထားတဲ့ ဓာတ်ပုံတွေကို သူ့ရဲ့ ဖေ့စ်ဘွတ်မှာ မကြာခင်က တင်ခဲ့ ပါတယ်။ သူဟာ မာရီယိုရဲ့ Fan Girl တစ်ယောက် ဖြစ်ရတဲ့အတွက်လည်း အရမ်းကံကောင်းတဲ့အကြောင်း ဆက်လက် ပြောပြ လာပါတယ်။

Photo: ဟန်နာယူရီဖေ့စ်ဘွတ်
မိတ်ကပ်ဖန်တီးရှင်မလေး ဟန်နာယူရီက သူအရမ်းကြိုက်တဲ့ Idol တစ်ယောက်ဖြစ်တဲ့ ထိုင်းမင်းသားချောလေး မာရီယို နဲ့တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကို အွန်လိုင်းပေါ်မှာ မကြာခဏ တင်ဖြစ်ပါတယ်။ သူ့အနေနဲ့ မာရီယိုရဲ့ အမာခံ ပရိသတ်တစ်ယောက်ဖြစ်ခွင့်ရတဲ့အတွက်လည်း အရမ်းပျော်တယ်လို့ မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

'' ကိုယ့်အနေနဲ့ သဘောကျတဲ့ ကောင်လေးဆိုရင်လည်း သူဖြစ်တယ်။ သူ့ကိုလည်း အရမ်းအားပေးတယ်။ ယိင်းကိုယ်တိုင်ကလည်း တကယ့် Fan Girl ပေါ့နော်။ ဟိုးအရင်တုန်းကတည်းက စိတ်ကူးထားတာ ရှိတယ်၊ တစ်ချိန်ကျရင် ငါ့အနာဂတ်မှာ သူ့ကို အပြင်မှာတွေ့ဖူးရမယ်ပေါ့။ အဲ့ဒီတော့ ၂၀၁၅ Pond ပွဲမှာ သူ့ကို ပထမဆုံး စတွေ့ဖူးတယ်'' လို့ ဆိုပါတယ်။

ဟန်နာယူရီက မာရီယိုကို ၂၀၁၅ ခုနှစ်က ပွဲတစ်ခုမှာ စတင်တွေ့ဆုံခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ မာရီယို တက်ရောက်လာတဲ့ ပွဲတွေမှာလည်း ဆုံခဲ့ကြတယ်လို့ ဆိုပါတယ်။ မာရီယိုရဲ့ Fan Girl တစ်ယောက်ဖြစ်တဲ့အတွက်လည်း ကိုယ့်ကိုယ်ကို ကံကောင်းတယ်လို့ သူက ဆုပါတယ်။

'' အဲ့ဒီနောက်ပိုင်း အပြင် Event တွေမှာ ဆိုရင်လည်း တွေ့ဖြစ်တယ်။ သီးသန့် စီစဉ်တာ မဟုတ်ပဲနဲ့ တွေ့ဖြစ်တယ်ပေါ့နော်။ ဟိုတစ်နေ့က ဆိုလည်း ယိင်းက ပြန်မယ်ဆိုပြီးတော့ ဓာတ်လှေကားနားသွားလိုက်တာအဲ့ဒီမှာ သူနဲ့ ရုတ်တရက်ဆုံတယ်။ ဒီမှာ ပွဲရှိမှန်းလည်း ယိင်းမသိခဲ့ဘူး။ ယိင်းအရမ်းကံကောင်းတယ်လို့ ပြောရမယ်'' လို့ ဆိုပါတယ်။

Photo: ဟန်နာယူရီဖေ့စ်ဘွတ်
ထိုင်းမင်းသားချောလေး မာရီယိုရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ခွင့်ရတဲ့ ခံစားချက်ကိုလည်း ဟန်နာယူရီက ပြောပြခဲ့ပါတယ်။ သူ့အနေနဲ့ ချစ်သူ ရည်းစားမထားပဲ Fan Girl တစ်ယောက်အနေနဲ့ ရပ်တည်နေရတာက ပိုစိတ်ချမ်းသာတယ် ဆိုပြီးတော့လည်း ဆက်လက် ပြောပြလာပါတယ်။

'' Fan Girl ဘဝလေးက အေးချမ်းပါတယ်။ ပိုပြီး အေးချမ်းတယ်။ ဘာပဲဖြစ်ဖြစ် Fan Girl အနေနဲ့ ကိုယ့်ရဲ့ Idol က ကိုယ့်ကို Follow လာလုပ် တယ်၊ Like လုပ်တယ် ဆိုရင် အရမ်းပျော်နေပြီ။ ရည်းစားထားရင် လိုက် ဂရုစိုက်နေရမှာစိုးလို့'' ဆိုပြီးတော့ စက်တင်ဘာလ ၁၁ ရက်နေ့က တစ်ခါက ဆတ်ချောင်း ရုပ်ရှင်ကား ကန်တော့ပွဲမှာဖြေဆိုပေးခဲ့ပါတယ်။

ဟန်နာယူရီဟာ အခုလက်ရှိမှာတော့ Make Up Arist တစ်ယောက်အနေနဲ့ ရပ်တည်နေတာပဲဖြစ်ပါတယ်။ Make Up Arist တစ်ယောက်အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ထဲက  ဇာတ်ကောင်တွေကိုလည်း သူ့ရဲ့ မိတ်ကပ်နဲ့ ဖန်တီးပေးထားသေးတယ်လို့ သိရပါတယ်။ ဟန်နာယူရီ ကိုတော့  နာမည်ကျော်အဆိုတော် Bunny Phyo ရဲ့ ချစ်သူဟောင်းအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top