ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ျမဝတီၿမိဳ႕၊ (၅)ရပ္ကြက္၊ တ႐ုတ္ဘုံေက်ာင္းေရွ႕၌ ျမဝတီခ႐ိုင္ရဲတပ္ဖြဲ႕မႉး ဒုရဲမႉးႀကီး ေအာင္ႏိုင္ထြန္း ဦးစီးပူးေပါင္းအဖြဲ႕သည္ ယေန႔နံနက္ပိုင္းက ယာဥ္မ်ားအားစစ္ေဆးရွာေဖြစဥ္ ျမဝတီၿမိဳ႕တြင္းမွ ၿမိဳ႕ျပင္သို႔ အမွတ္(၅)ရပ္ကြက္ေန ေက်ာ္ခိ ေမာင္းႏွင္ၿပီး တစ္ၿမိဳ႕တည္းေန နန္းညိဳညိဳေအး၊ ေစာေက်ာ္ထု၊ လႈိင္းဘြဲၿမိဳ႕နယ္ေန ေစာဒိကလူးလိုက္ပါလာသည့္ ယာဥ္အား ရပ္တန္႔စစ္ေဆးရာ ေစာဒိကလူးထံမွ တ႐ုတ္ႏိုင္ငံလုပ္ 5-85900 လက္ပစ္ဗုံး (၁) လုံး(ျဖဴ႕စ္ပါ)ႏွင့္ ယာဥ္ေမာင္းထိုင္ခုံ ေနာက္ေက်ာတြင္ ခ်ိတ္ဆြဲထားသည့္ လြယ္အိတ္အတြင္းမွ ပြိဳင့္ ၂၂ က်ည္ (၂၀)ေတာင့္၊ WY/Rစာတမ္းပါ စိတ္ႂကြေဆးျပား (၄၄၅) ျပားႏွင့္ေငြက်ပ္ (၁၀၀,၀၀၀) တို႔အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့သည္။

ထို႔ေနာက္ (၄)ရပ္ကြက္ရွိ ေက်ာ္ခိ၏ေနအိမ္သို႔ ဆက္လက္ရွာေဖြရာ T-628 အမ်ိဳးအစား ဓာတ္ခဲ(၁၂)လုံးပါ အိမ္တြဲလ်က္မိုင္း(၈)လုံး၊ BELL SOUTH T-388 အမ်ိဳးအစားဓာတ္ခဲ(၁၂)လုံးပါ အိမ္တြဲလ်က္ မိုင္း(၆)လုံး၊ T-628 အမ်ိဳးအစားရီမု(၂)ခု၊ TESTစာတမ္းပါမိန္းခုံ(၂)ခု၊ အရွည္(၁၃)ေပခြဲခန္႔ရွိ ယမ္းႀကိဳး (၁)ေခ်ာင္း၊ TNTအမ်ိဳးအစားယမ္းေပ်ာ့(၁၅)ေတာင့္၊ ဒီတိုေနတာ(၂၀)ခု တို႔အား ထပ္မံသိမ္းဆည္း ရမိသျဖင့္ ေက်ာ္ခိ ပါ(၄)ဦးအား ျမဝတီၿမိဳ႕မရဲစခန္းက အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myanmar Digital News
https://www.facebook.com/MyanmarDigitalNews

#Unicode Version#
မြဝတီမြို့၊ (၅)ရပ်ကွက်၊ တရုတ်ဘုံကျောင်းရှေ့၌ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အောင်နိုင်ထွန်း ဦးစီးပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက ယာဉ်များအားစစ်ဆေးရှာဖွေစဉ် မြဝတီမြို့တွင်းမှ မြို့ပြင်သို့ အမှတ်(၅)ရပ်ကွက်နေ ကျော်ခိ မောင်းနှင်ပြီး တစ်မြို့တည်းနေ နန်းညိုညိုအေး၊ စောကျော်ထု၊ လှိုင်းဘွဲမြို့နယ်နေ စောဒိကလူးလိုက်ပါလာသည့် ယာဉ်အား ရပ်တန့်စစ်ဆေးရာ စောဒိကလူးထံမှ တရုတ်နိုင်ငံလုပ် 5-85900 လက်ပစ်ဗုံး (၁) လုံး(ဖြူ့စ်ပါ)နှင့် ယာဉ်မောင်းထိုင်ခုံ နောက်ကျောတွင် ချိတ်ဆွဲထားသည့် လွယ်အိတ်အတွင်းမှ ပွိုင့် ၂၂ ကျည် (၂၀)တောင့်၊ WY/Rစာတမ်းပါ စိတ်ကြွဆေးပြား (၄၄၅) ပြားနှင့်ငွေကျပ် (၁၀၀,၀၀၀) တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ထို့နောက် (၄)ရပ်ကွက်ရှိ ကျော်ခိ၏နေအိမ်သို့ ဆက်လက်ရှာဖွေရာ T-628 အမျိုးအစား ဓာတ်ခဲ(၁၂)လုံးပါ အိမ်တွဲလျက်မိုင်း(၈)လုံး၊ BELL SOUTH T-388 အမျိုးအစားဓာတ်ခဲ(၁၂)လုံးပါ အိမ်တွဲလျက် မိုင်း(၆)လုံး၊ T-628 အမျိုးအစားရီမု(၂)ခု၊ TESTစာတမ်းပါမိန်းခုံ(၂)ခု၊ အရှည်(၁၃)ပေခွဲခန့်ရှိ ယမ်းကြိုး (၁)ချောင်း၊ TNTအမျိုးအစားယမ်းပျော့(၁၅)တောင့်၊ ဒီတိုနေတာ(၂၀)ခု တို့အား ထပ်မံသိမ်းဆည်း ရမိသဖြင့် ကျော်ခိ ပါ(၄)ဦးအား မြဝတီမြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top