ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×






































 ျမန္မာႏုိင္ငံကုိ ေရာက္ရွိေနတဲ့ သေဘၤာပါ။
ေနာ္ေ၀သုေတသနလုပ္ငန္းသုံးေရယာဥ္ကုိ ၾကည့္ဖုိ႔အတြက္ ရွစ္နွစ္အရြယ္ မူလတန္းေက်ာင္းသားေလးတစ္ဦးက ေနာ္ေ၀သံအမတ္ဆီကုိ စာပို႔ခဲ့တယ္လုိ႔ စက္တင္ဘာ ၁၈ ရက္ေန႔ ရက္စြဲနဲ႔ လူမႈကြန္ရက္ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေနာ္ေ၀သံရုံးကထုတ္ျပန္ပါတယ္။

Photo-Norwegian embassy
ျမန္မာႏုိင္ငံကုိ လာေရာက္လည္ပတ္မယ့္ ေနာ္ေ၀က သုေတသနလုပ္ငန္းသုံးေရယာဥ္ Dr.Fritdjof Nansen က ျမန္မာႏုိင္ငံကုိ လာေရာက္မယ့္ ခရီးစဥ္မွာ မူလတန္းေက်ာင္းသားတစ္ဦးျဖစ္တဲ့ ၀ီလ်ံက အဲ့ဒီေရယာဥ္ေပၚကုိ လာေရာက္လည္ပတ္ခ်င္တယ္လုိ႔ သံအမတ္ဆီကုိ စာပုိ႕ခဲ့တာပါ။

ငါး၊နဲဲ႔ ဂဏန္းေတြကုိ စိတ္၀င္စားတဲ့ ၀ီလ်ံက ကမ္းရုိးတန္းသြားေရယာဥ္မွာ ငါးေတြ၊ အႏုၾကည့္မွန္ေျပာင္းေတြ ပါလာမယ္ဆုိတာကို သူ႔ရဲ႕ အေမကေန တစ္ဆင့္သိရတာေၾကာင့္ အဲ့ဒီေရယာဥ္ေပၚကုိ လည္ပတ္ခြင့္ျပဳဖုိ႔အတြက္ သံအမတ္ဆီကုိ စာေရးသားေပးပို႔ခဲ့တာပါ။


Photo-Norwegian embassy
ေရယာဥ္အမႈထမ္းေတြက ၀ီလ်ံနဲ႔ သူ႔မိခင္ကုိ ေရယာဥ္တစ္ပါတ္လုိက္ျပေပးခဲ့ၿပီးေတာ့ ကေလးငယ္စိတ္တုိင္းက်လွည့္ပတ္ၾကည့္ရႈေစခဲ့ပါတယ္။ ေနာင္အနာဂတ္မွာ ျမန္မာႏုိင္ငံရဲ႕ သိပၸံပညာရွင္ျဖစ္လာႏုိင္တဲ့ကေလးတစ္ေယာက္ကုိ လုိက္ျပခြင့္ရတဲ့အတြက္ ဂုဏ္ယူမိတယ္လုိ႔လည္း ေနာ္ေ၀သံရုံးကေန ထုတ္ျပန္ထားပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
 မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ သင်္ဘောပါ။
နော်ဝေသုတေသနလုပ်ငန်းသုံးရေယာဉ်ကို ကြည့်ဖို့အတွက် ရှစ်နှစ်အရွယ် မူလတန်းကျောင်းသားလေးတစ်ဦးက နော်ဝေသံအမတ်ဆီကို စာပို့ခဲ့တယ်လို့ စက်တင်ဘာ ၁၈ ရက်နေ့ ရက်စွဲနဲ့ လူမှုကွန်ရက်ဖေ့စ်ဘုတ်စာမျက်နှာမှာ နော်ဝေသံရုံးကထုတ်ပြန်ပါတယ်။

Photo-Norwegian embassy
မြန်မာနိုင်ငံကို လာရောက်လည်ပတ်မယ့် နော်ဝေက သုတေသနလုပ်ငန်းသုံးရေယာဉ် Dr.Fritdjof Nansen က မြန်မာနိုင်ငံကို လာရောက်မယ့် ခရီးစဉ်မှာ မူလတန်းကျောင်းသားတစ်ဦးဖြစ်တဲ့ ဝီလျံက အဲ့ဒီရေယာဉ်ပေါ်ကို လာရောက်လည်ပတ်ချင်တယ်လို့ သံအမတ်ဆီကို စာပို့ခဲ့တာပါ။

ငါး၊နဲ့ ဂဏန်းတွေကို စိတ်ဝင်စားတဲ့ ဝီလျံက ကမ်းရိုးတန်းသွားရေယာဉ်မှာ ငါးတွေ၊ အနုကြည့်မှန်ပြောင်းတွေ ပါလာမယ်ဆိုတာကို သူ့ရဲ့ အမေကနေ တစ်ဆင့်သိရတာကြောင့် အဲ့ဒီရေယာဉ်ပေါ်ကို လည်ပတ်ခွင့်ပြုဖို့အတွက် သံအမတ်ဆီကို စာရေးသားပေးပို့ခဲ့တာပါ။

Photo-Norwegian embassy
ရေယာဉ်အမှုထမ်းတွေက ဝီလျံနဲ့ သူ့မိခင်ကို ရေယာဉ်တစ်ပါတ်လိုက်ပြပေးခဲ့ပြီးတော့ ကလေးငယ်စိတ်တိုင်းကျလှည့်ပတ်ကြည့်ရှုစေခဲ့ပါတယ်။ နောင်အနာဂတ်မှာ မြန်မာနိုင်ငံရဲ့ သိပ္ပံပညာရှင်ဖြစ်လာနိုင်တဲ့ကလေးတစ်ယောက်ကို လိုက်ပြခွင့်ရတဲ့အတွက် ဂုဏ်ယူမိတယ်လို့လည်း နော်ဝေသံရုံးကနေ ထုတ်ပြန်ထားပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top