iMyanmarHouse.com - Best Property Website for Myanmar
×






































ဒုဌဝတီကုိ လြန္၍ အဖြဲ႕သားေတြနဲ႔ အတူ သြားေရာက္ခဲ့တာပါ။
အဆုိေတာ္ ေလးျဖဴဟာ ဒုဌဝတီကုိ လြန္၍ ရုပ္ရွင္အဖြဲ႕သားေတြနဲ႔အတူ စင္ကာပူႏုိင္ငံက ျမန္မာပရိသတ္ေတြနဲ႔ သြားေရာက္ ေတြ႔ဆုံခဲ့ပါတယ္။ ဒုဌဝတီကုိ လြန္၍ ရုပ္ရွင္ဇာတ္ကား ေအာင္ျမင္မႈကုိလည္း အခုလုိ ေျပာျပလာပါတယ္။

အဆုိေတာ္ ေလးျဖဴက ဒုဌဝတီကုိ လြန္၍ ရုပ္ရွင္ဇာတ္ကားအဖြဲ႕သားေတြနဲ႔အတူ စင္ကာပူႏိုင္ငံမွာရွိတဲ့ ျမန္မာပရိသတ္ေတြနဲ႔ ေတြ႔ဆုံဖုိ႔ ၅ ရက္အၾကာ အလည္အပတ္ ေရာက္ရွိသြားခဲ့ပါတယ္။ ဒုဌဝတီကုိ လြန္၍ ရုပ္ရွင္ဇာတ္ကားႀကီးကုိ ပရိသတ္ေတြ အားေပးၾကတဲ့အတြက္လည္း ဝမ္းသာေနတယ္လုိ႔ Duwun Media ကုိ ေျပာျပခဲ့ပါတယ္။


'' ကၽြန္ေတာ္ ဒီလိုမ်ဳိးပြဲလည္း တစ္ခါမွ မလုိက္ဖူးပါဘူး။ ထုတ္လုပ္ေရးက လူေတြနဲ႔လည္း အရင္ကတည္းက ခင္တာဆုိေတာ့ ဒီဇာတ္ကားစရုိက္ ကတည္းက ဝုိင္းကူညီၾကတာေပါ့ေနာ္။ စင္ကာပူမွာလည္း ျပခြင့္ရတယ္။ ပရိသတ္ေတြအေနနဲ႔ကလည္း သက္ေသာင့္သက္သာ ၾကည့္ရတယ္ ဆုိေတာ့ ဝမ္းသာပါတယ္။ လက္မွတ္ေရာင္းအားကလည္း ေကာင္းတယ္ေျပာတယ္'' လုိ႔ ဆုိပါတယ္။





































ဒုဌဝတီကုိ လြန္၍ ရုပ္ရွင္ဇာတ္ကားႀကီးရဲ႔ အဓိက ဇာတ္ဝင္ေတးသီခ်င္းျဖစ္တဲ့ ဒုဌဝတီကုိ လြန္၍ သီခ်င္းကလည္း ေအာင္ျမင္မႈေတြရရွိခဲ့ ပါေသးတယ္။ ဒီ သီခ်င္းကုိလည္း လူငယ္ပရိသတ္ေတြ အားေပးၾကတဲ့အေၾကာင္း ေလးျဖဴက ဆက္လက္ေျပာျပခဲ့ပါတယ္။

'' ဇာတ္ဝင္ခန္းထဲက သီခ်င္းေတြကုိ ကေလးေတြ ေတာ္ေတာ္မ်ားမ်ား ႀကိဳက္ၾကတယ္ေျပာတယ္။ ကၽြန္ေတာ္လည္း ႀကိဳက္တယ္ ဒီသီခ်င္းေလး ကုိ။ ဒီသီခ်င္းကလည္း နဂုိစၿပီးေရးတဲ့ ေတးေရးရဲ႕ Mood အတိုင္းပဲ IC Band ကပဲ Update လုပ္ယူထားတာေပါ့ေနာ္။ Melody က အစ ဘာ တစ္လုံးမွ မျပင္ထားဘူး'' လုိ႔ သူကေျပာပါတယ္။



ဒုဌဝတီကုိ လြန္၍ ရုပ္ရွင္ဇာတ္ကားႀကီးဟာ ျမန္မာႏုိင္ငံအတြင္းမွာလည္း ေအာင္ျမင္မႈမ်ားစြာ ရရွိခဲ့ပါတယ္။ အဲ့ဒီေနာက္ စင္ကာပူႏိုင္ငံမွာရွိတဲ့ ျမန္မာပရိသတ္ေတြကလည္း အားေပးမႈမ်ားစြာ ရွိခဲ့ပါတယ္။ေလးျဖဴဟာ ဇာတ္ဝင္ေတးသီခ်င္းနဲ႔ ဇာတ္အိမ္ဖြဲ႕စည္းမႈလုိက္ဖက္ေအာင္ ေတးဂီတပုိင္းမွာ ပါဝင္ေဆာင္ရြက္ခဲ့တဲ့ အေၾကာင္းလည္း ေျပာျပခ့ဲပါေသးတယ္။

'' သီခ်င္းရဲ႔ အေၾကာင္းအရာေလးကလည္း အရင္ကတည္းက ၾကားဖူးေနတာလည္းပါတယ္။ ၿပီးေတာ့ ဇာတ္ညႊန္းကလည္း ေျပာျပထားၿပီးသား ဆုိေတာ့ေလ'' ဆုိၿပီးေတာ့ ဒုဌဝတီကုိ လြန္၍ အဖြဲ႕သားေတြနဲ႔အတူ စင္ကာပူႏုိင္ငံက ခရီးစဥ္ေရာက္ရွိေနခ်ိန္မွာ  စက္တင္ဘာလ ၁၅ ရက္ေန႔က Duwun Media ကုိ ေျဖဆုိေပးခဲ့တာျဖစ္ပါတယ္။

ဒုဌဝတီကုိလြန္၍ ရုပ္ရွင္ဇာတ္ကားႀကီးကုိ ဒါရိုက္တာ အာကာက ရုိက္ကူးထားတာျဖစ္ၿပီး ႏုိင္းႏုိင္း၊ အမြန္း၊ ေဇာ္ေဇာ္ေအာင္၊ ေနာ္ေအာင္၊ Joe Moreira နဲ႔ ဆန္းထြဋ္ တုိ႔က အဓိက ပါဝင္သရုပ္ေဆာင္ထားပါတယ္။ ေနာက္ခံ ေတးသီခ်င္းကုိေတာ့ အဆုိေတာ္ ေလးျဖဴက သီဆုိတာျဖစ္ၿပီး Ic Band က တီးခတ္ေပးထားတာျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ
 ဒုဌဝတီကို လွန်၍ အဖွဲ့သားတွေနဲ့ အတူ သွားရောက်ခဲ့တာပါ။
အဆိုတော် လေးဖြူဟာ ဒုဌဝတီကို လွန်၍ ရုပ်ရှင်အဖွဲ့သားတွေနဲ့အတူ စင်ကာပူနိုင်ငံက မြန်မာပရိသတ်တွေနဲ့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဒုဌဝတီကို လွန်၍ ရုပ်ရှင်ဇာတ်ကား အောင်မြင်မှုကိုလည်း အခုလို ပြောပြလာပါတယ်။

အဆိုတော် လေးဖြူက ဒုဌဝတီကို လွန်၍ ရုပ်ရှင်ဇာတ်ကားအဖွဲ့သားတွေနဲ့အတူ စင်ကာပူနိုင်ငံမှာရှိတဲ့ မြန်မာပရိသတ်တွေနဲ့ တွေ့ဆုံဖို့ ၅ ရက်အကြာ အလည်အပတ် ရောက်ရှိသွားခဲ့ပါတယ်။ ဒုဌဝတီကို လွန်၍ ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်တွေ အားပေးကြတဲ့အတွက်လည်း ဝမ်းသာနေတယ်လို့ Duwun Media ကို ပြောပြခဲ့ပါတယ်။

'' ကျွန်တော် ဒီလိုမျိုးပွဲလည်း တစ်ခါမှ မလိုက်ဖူးပါဘူး။ ထုတ်လုပ်ရေးက လူတွေနဲ့လည်း အရင်ကတည်းက ခင်တာဆိုတော့ ဒီဇာတ်ကားစရိုက် ကတည်းက ဝိုင်းကူညီကြတာပေါ့နော်။ စင်ကာပူမှာလည်း ပြခွင့်ရတယ်။ ပရိသတ်တွေအနေနဲ့ကလည်း သက်သောင့်သက်သာ ကြည့်ရတယ် ဆိုတော့ ဝမ်းသာပါတယ်။ လက်မှတ်ရောင်းအားကလည်း ကောင်းတယ်ပြောတယ်'' လို့ ဆိုပါတယ်။


ဒုဌဝတီကို လွန်၍ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အဓိက ဇာတ်ဝင်တေးသီချင်းဖြစ်တဲ့ ဒုဌဝတီကို လွန်၍ သီချင်းကလည်း အောင်မြင်မှုတွေရရှိခဲ့ ပါသေးတယ်။ ဒီ သီချင်းကိုလည်း လူငယ်ပရိသတ်တွေ အားပေးကြတဲ့အကြောင်း လေးဖြူက ဆက်လက်ပြောပြခဲ့ပါတယ်။

'' ဇာတ်ဝင်ခန်းထဲက သီချင်းတွေကို ကလေးတွေ တော်တော်များများ ကြိုက်ကြတယ်ပြောတယ်။ ကျွန်တော်လည်း ကြိုက်တယ် ဒီသီချင်းလေး ကို။ ဒီသီချင်းကလည်း နဂိုစပြီးရေးတဲ့ တေးရေးရဲ့ Mood အတိုင်းပဲ IC Band ကပဲ Update လုပ်ယူထားတာပေါ့နော်။ Melody က အစ ဘာ တစ်လုံးမှ မပြင်ထားဘူး'' လို့ သူကပြောပါတယ်။


ဒုဌဝတီကို လွန်၍ ရုပ်ရှင်ဇာတ်ကားကြီးဟာ မြန်မာနိုင်ငံအတွင်းမှာလည်း အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် စင်ကာပူနိုင်ငံမှာရှိတဲ့ မြန်မာပရိသတ်တွေကလည်း အားပေးမှုများစွာ ရှိခဲ့ပါတယ်။လေးဖြူဟာ ဇာတ်ဝင်တေးသီချင်းနဲ့ ဇာတ်အိမ်ဖွဲ့စည်းမှုလိုက်ဖက်အောင် တေးဂီတပိုင်းမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ အကြောင်းလည်း ပြောပြခဲ့ပါသေးတယ်။

'' သီချင်းရဲ့ အကြောင်းအရာလေးကလည်း အရင်ကတည်းက ကြားဖူးနေတာလည်းပါတယ်။ ပြီးတော့ ဇာတ်ညွှန်းကလည်း ပြောပြထားပြီးသား ဆိုတော့လေ'' ဆိုပြီးတော့ ဒုဌဝတီကို လွန်၍ အဖွဲ့သားတွေနဲ့အတူ စင်ကာပူနိုင်ငံက ခရီးစဉ်ရောက်ရှိနေချိန်မှာ  စက်တင်ဘာလ ၁၅ ရက်နေ့က Duwun Media ကို ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။

ဒုဌဝတီကိုလွန်၍ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ အာကာက ရိုက်ကူးထားတာဖြစ်ပြီး နိုင်းနိုင်း၊ အမွန်း၊ ဇော်ဇော်အောင်၊ နော်အောင်၊ Joe Moreira နဲ့ ဆန်းထွဋ် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ နောက်ခံ တေးသီချင်းကိုတော့ အဆိုတော် လေးဖြူက သီဆိုတာဖြစ်ပြီး Ic Band က တီးခတ်ပေးထားတာဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top