ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အသည္းကြဲထားသူ ခ်စ္ေမတၱာေရးနဲ႔ ပတ္သက္ၿပီး ျပင္းျပင္းထန္ထန္ ခံစားထားရသူ တစ္ခုလပ္၊ ဇနီး၊ ခင္ပြန္း ဆံုးပါးထားသူေတြ၊ လင္မယား ကြဲေနသူေတြ၊ ႏွလံုးေရာဂါတစ္ခုခု ခံစားရတဲ့အခါ တျခားလက္ထပ္ထားသူေတြ တစ္ကိုယ္တည္း အပ်ိဳႀကီး၊ လူပ်ိဳႀကီးေတြထက္ ေနေကာင္းတာ ေနာက္က်တတ္ၿပီး ျပန္လည္ထူေထာင္ေရးမွာ အခက္ေတြ႕ႏိုင္ပါတယ္။

          အခ်စ္နဲ႔ အိမ္ေထာင္ေရးနဲ႔ ပတ္သက္လို႔  စိတ္ႏွလံုး ေၾကကြဲရတာေတြ၊ ခံစားထားရသူေတြမွာ ကံမေကာင္း အေၾကာင္းမလွလို႔ ႏွလံုးခြဲစိတ္မႈ ျပဳလုပ္ရတဲ့အခါ နလန္ထတာ ၾကာတတ္ၿပီး စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာ ေနာက္ဆက္တြဲျပႆနာတစ္ခုခု ေပၚေပါက္လာတာ ေသဆံုးတာေတြ ျဖစ္တာကို ေတြ႕ရပါတယ္လို႔ အေမရိကန္သုေတသီမ်ားက ဆိုထားပါတယ္။

          ဒီေတာ့ အသည္းကြဲထားသူေတြဟာ ႏွလံုးက်န္းမာေရးျပႆနာေတြ ၾကံဳတဲ့အခါ တျခားအိမ္ေထာင္ဖက္ရွိသူ၊ မိသားစုရွိသူေတြထက္ ထူထူေထာင္ေထာင္ ျပန္ျဖစ္လာဖို႔ ခက္ခဲေနတတ္ပါတယ္။

          စိတ္ပိုင္းဆိုင္ရာ နစ္နာခံစားထားရတဲ့အတြက္ ပိုမိုအားငယ္ေနတတ္တာမို႔ စိတ္မခ်မ္းမသာ ျဖစ္ေနတတ္ၾကပါတယ္။ စိတ္ဖိစီးေလ လိုအပ္တဲ့ဂ႐ုစိုက္မႈမရေလ ႏွလံုးနဲ႔ ေသြးေၾကာေပၚမွာ သက္ေရာက္မႈဆိုးေလလို႔ပဲ ဆိုရမွာ ျဖစ္ပါတယ္။

          ဒါေၾကာင့္ ေဆး႐ံုမွာ ဆရာဝန္နဲ႔ လူမႈဝန္ထမ္းေတြ စိတ္ပညာရွင္ေတြ ႏွစ္သိမ့္ေဆြးေႏြးသူေတြအေနနဲ႔ ဘယ္လိုလူေတြ ႏွလံုးခြဲစိတ္မႈၿပီးတဲ့အခါ ျပႆနာေပၚတတ္သလဲ။ စိတ္ပိုင္းဆိုင္ရာ ကာကြယ္မႈရဖို႔ တတ္ႏိုင္သေလာက္ ဂ႐ုတစိုက္ ေႏြးေထြးၾကင္နာမႈေတြ လိုတတ္တယ္ဆိုတာ သတိျပဳမိၾကမွာ ျဖစ္ပါတယ္။

          သုေတသနေတြအရေတာ့ လင္မယားခြဲေနရသူေတြ တရားဝင္ကြဲထားသူေတြ ဇနီး၊ ခင္ပြန္း ဆံုးပါးထားသူေတြ အေနနဲ႔ ႏွလံုးခြဲစိတ္ခံယူၿပီးတဲ့အခါ ပိုမိုဂ႐ုစိုက္ေပးၿပီး ေႏြးေထြးၾကင္နာဆက္ဆံဖို႔ လိုအပ္ေနတာကို ျပသေနပါတယ္။

          အသည္းကြဲတာ အခ်စ္ေရး အိမ္ေထာင္ေရး ကံဆိုးမိုးေမွာင္က်တာေတြက ေရွာင္လို႔မရေပမယ့္ မိမိက်န္းမာေရးနဲ႔ စိတ္ဓာတ္အင္အားျမႇင့္တင္ဖို႔ကေတာ့ ကိုယ္တိုင္က အဓိက ျဖစ္ပါတယ္။ မိမိကိုယ္တိုင္ ႏွလံုးေရာဂါ အပါအဝင္ တျခားေရာဂါေတြ ကံမေကာင္းလို႔ ခံစားရတဲ့အခါ ကိုယ္အားစိတ္အားေတြကို အျမင့္ဆံုး ျမႇင့္တင္ထားၿပီး အနားမွာ အခ်စ္မရွိေတာင္ သူငယ္ခ်င္း၊ လုပ္ေဖာ္ကိုင္ဖက္ေတြ၊ ညီ၊ ညီမ၊ မိဘေမာင္ဖြားေတြရဲ႕ ေႏြးေထြးစြာ ၾကင္နာယုယမႈေတြနဲ႔ ဝန္းရံထားၾကဖို႔ လိုပါေၾကာင္း ဗဟုသုတ မွ်ေဝလိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)

#Unicode Version#
အသည်းကွဲထားသူ ချစ်မေတ္တာရေးနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ခံစားထားရသူ တစ်ခုလပ်၊ ဇနီး၊ ခင်ပွန်း ဆုံးပါးထားသူတွေ၊ လင်မယား ကွဲနေသူတွေ၊ နှလုံးရောဂါတစ်ခုခု ခံစားရတဲ့အခါ တခြားလက်ထပ်ထားသူတွေ တစ်ကိုယ်တည်း အပျိုကြီး၊ လူပျိုကြီးတွေထက် နေကောင်းတာ နောက်ကျတတ်ပြီး ပြန်လည်ထူထောင်ရေးမှာ အခက်တွေ့နိုင်ပါတယ်။

          အချစ်နဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်လို့  စိတ်နှလုံး ကြေကွဲရတာတွေ၊ ခံစားထားရသူတွေမှာ ကံမကောင်း အကြောင်းမလှလို့ နှလုံးခွဲစိတ်မှု ပြုလုပ်ရတဲ့အခါ နလန်ထတာ ကြာတတ်ပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာတစ်ခုခု ပေါ်ပေါက်လာတာ သေဆုံးတာတွေ ဖြစ်တာကို တွေ့ရပါတယ်လို့ အမေရိကန်သုတေသီများက ဆိုထားပါတယ်။

          ဒီတော့ အသည်းကွဲထားသူတွေဟာ နှလုံးကျန်းမာရေးပြဿနာတွေ ကြုံတဲ့အခါ တခြားအိမ်ထောင်ဖက်ရှိသူ၊ မိသားစုရှိသူတွေထက် ထူထူထောင်ထောင် ပြန်ဖြစ်လာဖို့ ခက်ခဲနေတတ်ပါတယ်။

          စိတ်ပိုင်းဆိုင်ရာ နစ်နာခံစားထားရတဲ့အတွက် ပိုမိုအားငယ်နေတတ်တာမို့ စိတ်မချမ်းမသာ ဖြစ်နေတတ်ကြပါတယ်။ စိတ်ဖိစီးလေ လိုအပ်တဲ့ဂရုစိုက်မှုမရလေ နှလုံးနဲ့ သွေးကြောပေါ်မှာ သက်ရောက်မှုဆိုးလေလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

          ဒါကြောင့် ဆေးရုံမှာ ဆရာဝန်နဲ့ လူမှုဝန်ထမ်းတွေ စိတ်ပညာရှင်တွေ နှစ်သိမ့်ဆွေးနွေးသူတွေအနေနဲ့ ဘယ်လိုလူတွေ နှလုံးခွဲစိတ်မှုပြီးတဲ့အခါ ပြဿနာပေါ်တတ်သလဲ။ စိတ်ပိုင်းဆိုင်ရာ ကာကွယ်မှုရဖို့ တတ်နိုင်သလောက် ဂရုတစိုက် နွေးထွေးကြင်နာမှုတွေ လိုတတ်တယ်ဆိုတာ သတိပြုမိကြမှာ ဖြစ်ပါတယ်။

          သုတေသနတွေအရတော့ လင်မယားခွဲနေရသူတွေ တရားဝင်ကွဲထားသူတွေ ဇနီး၊ ခင်ပွန်း ဆုံးပါးထားသူတွေ အနေနဲ့ နှလုံးခွဲစိတ်ခံယူပြီးတဲ့အခါ ပိုမိုဂရုစိုက်ပေးပြီး နွေးထွေးကြင်နာဆက်ဆံဖို့ လိုအပ်နေတာကို ပြသနေပါတယ်။

          အသည်းကွဲတာ အချစ်ရေး အိမ်ထောင်ရေး ကံဆိုးမိုးမှောင်ကျတာတွေက ရှောင်လို့မရပေမယ့် မိမိကျန်းမာရေးနဲ့ စိတ်ဓာတ်အင်အားမြှင့်တင်ဖို့ကတော့ ကိုယ်တိုင်က အဓိက ဖြစ်ပါတယ်။ မိမိကိုယ်တိုင် နှလုံးရောဂါ အပါအဝင် တခြားရောဂါတွေ ကံမကောင်းလို့ ခံစားရတဲ့အခါ ကိုယ်အားစိတ်အားတွေကို အမြင့်ဆုံး မြှင့်တင်ထားပြီး အနားမှာ အချစ်မရှိတောင် သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ညီ၊ ညီမ၊ မိဘမောင်ဖွားတွေရဲ့ နွေးထွေးစွာ ကြင်နာယုယမှုတွေနဲ့ ဝန်းရံထားကြဖို့ လိုပါကြောင်း ဗဟုသုတ မျှဝေလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top