ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×



























ႏိုင္ငံ ၁၀ႏိုင္ငံမွ ပါဝင္ယွဥ္ၿပိဳင္ခဲ့သည့္ ကရာေတးၿပိဳင္ပြဲတြင္ ေရႊတံဆိပ္ရရိွခဲ့ေသာ ေမာင္ဂ်ာလႏွင့္ မဆိုင္းႏူး (Lahpai Nangpri/Fb)

စင္ကာပူႏုိင္ငံတြင္ က်င္းပသည့္ ၁၀ ႏုိင္ငံဖိတ္ေခၚ ကရာေတးၿပိဳင္ပြဲ၌ ကခ်င္စစ္ ေဘးေရွာင္စခန္းမွ ကေလးႏွစ္ဦး ေရႊတံဆိပ္ဆုမ်ားရရွိခဲ့သည္။


ကခ်င္ျပည္နယ္ ဒူေထာင္း စစ္ေရွာင္စခန္းမွ ကစားသမား ေမာင္ဂ်ာလသည္ အသက္ (၈ႏွစ္ ႏွင့္ ၉ ႏွစ္)တန္းအမ်ိဳးသား ကရာ ေတးၿပိဳင္ပြဲတြင္ ေရႊတံဆိပ္ႏွင့္ ေရႊစက္စစ္ေရွာင္စခန္းမွ ကစား သမား မဆုိင္းႏူးက အသက္(၁၃ ႏွစ္ႏွင့္၁၄ ႏွစ္)တန္းအမ်ိဳးသမီးပြဲ၌ ေရႊတံဆိပ္ရရွိခဲ့သည္။

ယင္းကေလးႏွစ္ဦးသည္ တပ္မေတာ္ႏွင့္ေကအုိင္ေအတို႔ ၾကား ၂၀၁၆ တြင္ျဖစ္ပြားခဲ့သည့္ တုိက္ပြဲမ်ားေၾကာင့္ ျမစ္ႀကီးနား ၿမိဳ႕နယ္ တာေလာႀကီးေက်းရြာမွ စစ္ေဘးေရွာင္လာျခင္းျဖစ္ကာ လက္ရွိတြင္ ေမာင္ဂ်ာလက ဒူ ေထာင္းစစ္ေရွာင္စခန္း၊ မဆုိင္း ႏူးက ေရႊစက္စစ္ေရွာင္စခန္းတြင္ ေနထုိင္ေနသည္။ ကေလးႏွစ္ဦး သည္ စစ္ေရွာင္စခန္းတြင္ေနထိုင္ စဥ္ကာလအတြင္း ကခ်င္ျပည္ နယ္ရွိ IKO ကႀကီးမွဴးဖြင့္လွစ္ သည့္ကရာေတးသင္တန္း၌တက္ ေရာက္ခဲ့ကာ ၂ ႏွစ္ခန္႔အၾကာတြင္ ႏုိင္ငံတကာအဆင့္ၿပိဳင္ပြဲသုိ႔ ပထ မဆုံး ၀င္ေရာက္ယွဥ္ၿပိဳင္ျခင္း ျဖစ္သည္။

ဂ်ပန္ႏုိင္ငံ အေျခစုိက္ႏုိင္ငံ တကာကရာေတးအဖြဲ႕အစည္း (IKO-Kyokushin)သည္ ၁၉၈၂ ကစတင္ကာ ျမန္မာႏုိင္ငံ၌သင္ ခန္းခြဲမ်ားဖြင့္လွစ္၍ သင္ၾကား ေပးေနသည့္ကရာေတးအဖြဲ႕အ စည္းျဖစ္သည္။ ယင္းအဖြဲ႕အ စည္းသည္ ႏွစ္စဥ္ႏုိင္ငံတကာ ဖိတ္ေခၚကရာေတး(က်ိဳ႕ရွင္း) ၿပိဳင္ပြဲမ်ား၀င္ေရာက္ယွဥ္ၿပိဳင္ ေလ့ရွိၿပီး ၂၀၁၇ ဖိလစ္ပိုင္ဖိတ္ ေခၚၿပိဳင္ပြဲတြင္ ျမန္မာမွ MMA ကစားသမားဖုိးေသာ္က ဘူရွီဒုိ စိတ္ဓာတ္ဆုရရွိခဲ့သည္။

(၁၀) ႏုိင္ငံဖိတ္ေခၚကရာ ေတးၿပိဳင္ပြဲကုိ စက္တင္ဘာ ၈ ရက္က စင္ကာပူႏုိင္ငံ Tampines Safar Multi Purpose Hall တြင္က်င္းပခဲ့ၿပီး ျမန္မာအပါ အ၀င္ အိမ္ရွင္ စင္ကာပူ၊ တ႐ုတ္၊ အိႏၵိယ၊ ဖိလစ္ပိုင္၊ အင္ဒုိနီးရွား၊ မေလးရွား၊ သီရိလကၤာ၊ နီေပါ၊ ဘဂၤလားေဒ့ရွ္ႏုိင္ငံတို႔မွ ကစား သမား ၂၀၀ ေက်ာ္၀င္ေရာက္ယွဥ္ ၿပိဳင္ခဲ့သည္။ ၿပိဳင္ပြဲတြင္ ျမန္မာ ကရာေတးအဖြဲ႕မွ ကစားသမား ၁၈ ဦးသြားေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ကခ်င္ျပည္နယ္မွ ၁၅ ဦး၊ ရန္ ကုန္မွႏွစ္ဦးႏွင့္ မႏၲေလးမွ တစ္ဦး ပါ၀င္ခဲ့သည္။

ယင္းၿပိဳင္ပြဲ၌ ကခ်င္ျပည္ နယ္ကစားသမားေမာင္ဆန္း လတ္ေအာင္ႏွင့္ မဆိုင္းမန္ႏူးတို႔ ကလည္း အသက္(၄ႏွစ္ႏွင့္၅ ႏွစ္) တန္းအမ်ိဳးသားၿပိဳင္ပြဲႏွင့္ (၇ႏွစ္ ႏွင့္ ၈ ႏွစ္)တန္းအမ်ိဳးသမီးၿပိဳင္ပြဲ တို႔တြင္ ေရႊတံဆိပ္တစ္ခုစီ ထပ္မံ ဆြတ္ခူးခဲ့သည္။

ထုိ႔အျပင္ သက္ႀကီးတန္း အမ်ိဳးသား၊ အမ်ိဳးသမီးၿပိဳင္ပြဲတြင္ ရာကူႏွင့္ဂ်ာဆမ္ဘင္းတို႔က ေငြ တံဆိပ္တစ္ခုစီႏွင့္ ဓနေအာင္၊ ဆမ္၀ေအာင္၊ ဂ်ရန္ေအာင္တို႔က ေၾကးတံဆိပ္တစ္ခုစီအသီးသီး ရရွိခဲ့သည္။ ထုိ႔ေၾကာင့္ ၿပိဳင္ပြဲအ ၿပီး၌ ျမန္မာကရာေတးအဖြဲ႕က ေရႊေလးခု၊ ေငြႏွစ္ခုႏွင့္ ေၾကးသုံး ခုရရွိခဲ့သည္။

ထုိသုိ႔ေရႊတံဆိပ္မ်ားရရွိသ ျဖင့္ စစ္ေဘးေရွာင္စခန္းမွ ျပည္ သူမ်ားကုိယ္စား ဂုဏ္ယူ၀မ္းသာ မိေၾကာင္း စခန္းဆရာအာရြန္တူး က ေျပာသည္။

‘‘အခုလုိမ်ိဳး ကြၽန္ေတာ္တို႔ စစ္ေဘးေရွာင္စခန္းက ကေလး ေတြ ႏုိင္ငံတကာဆုရေတာ့ အ ရမ္း၀မ္းသာမိတယ္။ သူတို႔မိဘ ေဆြမ်ိဳးေတြလည္း အရမ္းေပ်ာ္ေန ၾကတယ္။ ေနာက္ထပ္လည္း သူ တို႔ေတြလုိတုိက္ခုိက္ေရးမွာ ထူး ခြၽန္တဲ့ကေလးေတြ ထြက္ေပၚလာ ေအာင္ ႀကိဳးပမ္းသြားပါမယ္’’ ဟု ၎ကေျပာသည္။

ထုိသုိ႔ဆုတံဆိပ္မ်ားဆြတ္ခူး ခဲ့သျဖင့္ ေျပာမျပတတ္ေအာင္ ၀မ္းသာၾကည္ႏူးမိေၾကာင္းShingni N’bat ကခ်င္စစ္ေဘးေရွာင္ ကူညီေရးအဖြဲ႕အစည္းဥကၠ႒ေဒၚ လဖုိင္နန္ပရိက ဆုိသည္။

‘‘ႏုိင္ငံ့ဂုဏ္ကုိေဆာင္ႏုိင္ခဲ့ တဲ့အတြက္ ကေလးေတြအစား ေျပာမျပတတ္ေအာင္ ၀မ္းသာမိ တယ္။ ေစာင့္ေရွာက္ေပးတဲ့ဘုရား သခင္ကုိလည္း ေက်းဇူးတင္ တယ္။ စစ္ေဘးေရွာင္စခန္းမွာ ေနေနရတဲ့ကေလးေတြဆုိလည္း ဒုကၡေတြေရာက္ေနေပမယ့္ အား ကစားနဲ႔သူတို႔ဘ၀ကုိ ေဖာက္ ထြက္ျပႏုိင္ခဲ့တယ္။ ေနာက္ထပ္ လည္း သူတို႔လုိကေလးေတြ ေပၚ ထြန္းလာဖုိ႔ ကူညီေထာက္ပံ့ေပး သြားပါမယ္’’ ဟု ၎ကေျပာ သည္။ စင္ကာပူတြင္ ေအာင္ပြဲခံခဲ့ သည့္ျမန္မာအသင္းကုိ ျမစ္ႀကီး နားၿမိဳ႕တြင္ ျပဳလုပ္သည့္ျပည္နယ္ ေပါင္းစုံကရာေတးၿပိဳင္ပြဲ၌ ေရြး ခ်ယ္ခဲ့ျခင္းျဖစ္သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
 # Unicode Version ျဖင့္ ဖတ္ပါ #
နိုင်ငံ ၁၀နိုင်ငံမှ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ကရာတေးပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သော မောင်ဂျာလနှင့် မဆိုင်းနူး (Lahpai Nangpri/Fb)

စင်ကာပူနိုင်ငံတွင် ကျင်းပသည့် ၁၀ နိုင်ငံဖိတ်ခေါ် ကရာတေးပြိုင်ပွဲ၌ ကချင်စစ် ဘေးရှောင်စခန်းမှ ကလေးနှစ်ဦး ရွှေတံဆိပ်ဆုများရရှိခဲ့သည်။


ကချင်ပြည်နယ် ဒူထောင်း စစ်ရှောင်စခန်းမှ ကစားသမား မောင်ဂျာလသည် အသက် (၈နှစ် နှင့် ၉ နှစ်)တန်းအမျိုးသား ကရာ တေးပြိုင်ပွဲတွင် ရွှေတံဆိပ်နှင့် ရွှေစက်စစ်ရှောင်စခန်းမှ ကစား သမား မဆိုင်းနူးက အသက်(၁၃ နှစ်နှင့်၁၄ နှစ်)တန်းအမျိုးသမီးပွဲ၌ ရွှေတံဆိပ်ရရှိခဲ့သည်။

ယင်းကလေးနှစ်ဦးသည် တပ်မတော်နှင့်ကေအိုင်အေတို့ ကြား ၂၀၁၆ တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မြစ်ကြီးနား မြို့နယ် တာလောကြီးကျေးရွာမှ စစ်ဘေးရှောင်လာခြင်းဖြစ်ကာ လက်ရှိတွင် မောင်ဂျာလက ဒူ ထောင်းစစ်ရှောင်စခန်း၊ မဆိုင်း နူးက ရွှေစက်စစ်ရှောင်စခန်းတွင် နေထိုင်နေသည်။ ကလေးနှစ်ဦး သည် စစ်ရှောင်စခန်းတွင်နေထိုင် စဉ်ကာလအတွင်း ကချင်ပြည် နယ်ရှိ IKO ကကြီးမှူးဖွင့်လှစ် သည့်ကရာတေးသင်တန်း၌တက် ရောက်ခဲ့ကာ ၂ နှစ်ခန့်အကြာတွင် နိုင်ငံတကာအဆင့်ပြိုင်ပွဲသို့ ပထ မဆုံး ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံ အခြေစိုက်နိုင်ငံ တကာကရာတေးအဖွဲ့အစည်း (IKO-Kyokushin)သည် ၁၉၈၂ ကစတင်ကာ မြန်မာနိုင်ငံ၌သင် ခန်းခွဲများဖွင့်လှစ်၍ သင်ကြား ပေးနေသည့်ကရာတေးအဖွဲ့အ စည်းဖြစ်သည်။ ယင်းအဖွဲ့အ စည်းသည် နှစ်စဉ်နိုင်ငံတကာ ဖိတ်ခေါ်ကရာတေး(ကျို့ရှင်း) ပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင် လေ့ရှိပြီး ၂၀၁၇ ဖိလစ်ပိုင်ဖိတ် ခေါ်ပြိုင်ပွဲတွင် မြန်မာမှ MMA ကစားသမားဖိုးသော်က ဘူရှီဒို စိတ်ဓာတ်ဆုရရှိခဲ့သည်။

(၁၀) နိုင်ငံဖိတ်ခေါ်ကရာ တေးပြိုင်ပွဲကို စက်တင်ဘာ ၈ ရက်က စင်ကာပူနိုင်ငံ Tampines Safar Multi Purpose Hall တွင်ကျင်းပခဲ့ပြီး မြန်မာအပါ အဝင် အိမ်ရှင် စင်ကာပူ၊ တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ သီရိလင်္ကာ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ကစား သမား ၂၀၀ ကျော်ဝင်ရောက်ယှဉ် ပြိုင်ခဲ့သည်။ ပြိုင်ပွဲတွင် မြန်မာ ကရာတေးအဖွဲ့မှ ကစားသမား ၁၈ ဦးသွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ကချင်ပြည်နယ်မှ ၁၅ ဦး၊ ရန် ကုန်မှနှစ်ဦးနှင့် မန္တလေးမှ တစ်ဦး ပါဝင်ခဲ့သည်။

ယင်းပြိုင်ပွဲ၌ ကချင်ပြည် နယ်ကစားသမားမောင်ဆန်း လတ်အောင်နှင့် မဆိုင်းမန်နူးတို့ ကလည်း အသက်(၄နှစ်နှင့်၅ နှစ်) တန်းအမျိုးသားပြိုင်ပွဲနှင့် (၇နှစ် နှင့် ၈ နှစ်)တန်းအမျိုးသမီးပြိုင်ပွဲ တို့တွင် ရွှေတံဆိပ်တစ်ခုစီ ထပ်မံ ဆွတ်ခူးခဲ့သည်။

ထို့အပြင် သက်ကြီးတန်း အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲတွင် ရာကူနှင့်ဂျာဆမ်ဘင်းတို့က ငွေ တံဆိပ်တစ်ခုစီနှင့် ဓနအောင်၊ ဆမ်ဝအောင်၊ ဂျရန်အောင်တို့က ကြေးတံဆိပ်တစ်ခုစီအသီးသီး ရရှိခဲ့သည်။ ထို့ကြောင့် ပြိုင်ပွဲအ ပြီး၌ မြန်မာကရာတေးအဖွဲ့က ရွှေလေးခု၊ ငွေနှစ်ခုနှင့် ကြေးသုံး ခုရရှိခဲ့သည်။

ထိုသို့ရွှေတံဆိပ်များရရှိသ ဖြင့် စစ်ဘေးရှောင်စခန်းမှ ပြည် သူများကိုယ်စား ဂုဏ်ယူဝမ်းသာ မိကြောင်း စခန်းဆရာအာရွန်တူး က ပြောသည်။

‘‘အခုလိုမျိုး ကျွန်တော်တို့ စစ်ဘေးရှောင်စခန်းက ကလေး တွေ နိုင်ငံတကာဆုရတော့ အ ရမ်းဝမ်းသာမိတယ်။ သူတို့မိဘ ဆွေမျိုးတွေလည်း အရမ်းပျော်နေ ကြတယ်။ နောက်ထပ်လည်း သူ တို့တွေလိုတိုက်ခိုက်ရေးမှာ ထူး ချွန်တဲ့ကလေးတွေ ထွက်ပေါ်လာ အောင် ကြိုးပမ်းသွားပါမယ်’’ ဟု ၎င်းကပြောသည်။

ထိုသို့ဆုတံဆိပ်များဆွတ်ခူး ခဲ့သဖြင့် ပြောမပြတတ်အောင် ဝမ်းသာကြည်နူးမိကြောင်းShingni N’bat ကချင်စစ်ဘေးရှောင် ကူညီရေးအဖွဲ့အစည်းဥက္ကဋ္ဌဒေါ် လဖိုင်နန်ပရိက ဆိုသည်။

‘‘နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်ခဲ့ တဲ့အတွက် ကလေးတွေအစား ပြောမပြတတ်အောင် ဝမ်းသာမိ တယ်။ စောင့်ရှောက်ပေးတဲ့ဘုရား သခင်ကိုလည်း ကျေးဇူးတင် တယ်။ စစ်ဘေးရှောင်စခန်းမှာ နေနေရတဲ့ကလေးတွေဆိုလည်း ဒုက္ခတွေရောက်နေပေမယ့် အား ကစားနဲ့သူတို့ဘဝကို ဖောက် ထွက်ပြနိုင်ခဲ့တယ်။ နောက်ထပ် လည်း သူတို့လိုကလေးတွေ ပေါ် ထွန်းလာဖို့ ကူညီထောက်ပံ့ပေး သွားပါမယ်’’ ဟု ၎င်းကပြော သည်။ စင်ကာပူတွင် အောင်ပွဲခံခဲ့ သည့်မြန်မာအသင်းကို မြစ်ကြီး နားမြို့တွင် ပြုလုပ်သည့်ပြည်နယ် ပေါင်းစုံကရာတေးပြိုင်ပွဲ၌ ရွေး ချယ်ခဲ့ခြင်းဖြစ်သည်။
ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top