ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

၁၃ ရက္ေန႔က မေနာ္ဟရီ G & G လား Abc လားမသိ၊ အဲ့ဆုိင္မွာ က်မ ေစ်းဝယ္္ေတာ့ တံခါးေပါက္ေ႐ွ႕မွာ ေတာင္းဖို႔ထိုင္ေနတဲ့ ကေလးေလးကုိေတြ႔ခဲ့တယ္။ သူေလးဖို႔ မုန္႔နဲ႔အေအးဝယ္သြားၿပီးေပးေတာ့ သူကမုန္႔ကုိယူၿပီးေဘးခ်ၿပီး ခဲလံုးေလးေတြနဲ႔ ဇယ္ခတ္ေနတယ္။ အဲ့ကလံုျခံဳေရးက ေစတနာနဲ႔ တံခါးဖြင့္ရင္ သူ႔ကုိ ခိုက္မိမွာစိုးလို႔ ဖယ္ခိုင္းေတာ့လဲ အဲ့အထုပ္ေလးေတြကုိယူ ေနရာေျပာင္းၿပီး ဆက္ေဆာ့ေနတယ္။ သူ႔လက္ထဲမွာ ၾကာဇံေၾကာ္ထုပ္ေလးေတြနဲ႔ က်မေပးထားတဲ့မုန္႔ထုပ္ေလးေတြ။ က်မကားထဲကေန အၾကာႀကီး ထိုင္ၾကည့္ေနသည္ထိတိုင္ေအာင္ က်မေပးတဲ့မုန္႔ကုိ သူမၾကည့္သလို၊ စားလဲမ စားဘူး။

ခဲလံုးေလးေတြပဲ ေဆာ့ေနတာနဲ႔ စိတ္က ဘယ္လိုမွမေကာင္းေတာ့ဘူး။ သူ႔ကုိ က်မ အ႐ုပ္ဝယ္ေပးခ်င္တာ၊ ကုိယ္တိုင္က လဲ ဒီကေလးကုိ သြားမေျပာရဲဘူးရယ္ ။ အဲ့တာနဲ႔အမ်ဳိးသားကုိ ေျပာျပေတာ့ သူကလဲ သေဘာတူတာနဲ႔ သူက ဒီကေလးေလးကုိ မမကအ႐ုပ္ဝယ္ေပးမယ္တဲ့၊ ယူမွာလားဆိုေတာ့ ယူမယ္တဲ့ဆိုၿပီး ဆုိင္ေဘးမွာထိုင္ေနတဲ့ သူ႔အစ္ကုိကုိ သြားေျပာဦးမယ္ဆိုၿပီး ေျပးသြားတယ္။

သူ႔အစ္ကုိကလဲ ေျပးလာၿပီး မမ သားကုိလဲ ဝယ္ေပးပါတဲ့။ မင္းက ဘာအ႐ုပ္လိုခ်င္တာလဲဆိုေတာ့ ရီမုကားတဲ့။ ကုိယ္လဲ ေအးေအးဆိုၿပီးဆိုင္ထဲ ေခၚလာေတာ့ ေစာနအႀကီးေလးက သူလိုခ်င္တဲ့အ႐ုပ္ေလးကုိ တန္းယူတယ္။ သူဘယ္ကထဲက လိုခ်င္ခဲ့လဲမွမသိတာ။ အငယ္ေလးကေတာ့ သူပ်ာယာေတြခတ္ၿပီး ေရြးေနတာ။ ဟယ္လီေကာ္ပတာ႐ုပ္ကုိ အဲ့တာယူမယ္တဲ့ ၁၆၀၀၀ တန္။ အဲ့တာနဲ႔ သူ႔အစ္ကုိဆုိသူက အငယ္ေလးကုိ ဟန္႔တယ္ဗ်ာ၊ အဲ့ေလာက္တန္ႀကီးမယူရဘူးတဲ့။

က်မေတာ္ေတာ္ အံ့ျသသြားတယ္။ အမွန္ဆုိ အလကားရတာကုိ ရလိုစိတ္နဲ႔ ယူခ်င္စိတ္မ႐ွိပဲ ဒီကေလးေလးက အလိုက္သိတတ္တာပါလားဆိုၿပီး က်မေလးစားအံ့ျသသြားတယ္။ က်မက ေျဖးေျဖးစဥ္းစားပါဆိုၿပီး ေျပာေတာ့မွ ေကာင္ေလးက ေသခ်ာစဥ္းစားၿပီး ကားအ႐ွည္ႀကီးကုိ ယူလိုက္တယ္။ ေကာင္တာမွာ ေငြ႐ွင္းေတာ့ရီမု ကားေလးအတြက္ ဓာတ္ခဲပါထည့္ေပးရင္း ပံုေလး႐ိုက္မိခဲ့ တယ္။ ဒီပံုေလးက ရီမုကားစမ္းေမာင္းျပတာကုိ ၾကည့္ေနၾကတာ ပါ။ က်မလဲ အငယ္ေကာင္ေလးကုိ မမေပးတဲ့မုန္႔ကုိ ဘာလို႔မစား တာလဲ၊မႀကိဳက္လို႔လားဆုိေတာ့ ေခါင္းေလးခါျပၿပီး အေမႀကီးဖို႔တဲ့။

ဘယ္ကအေမႀကီးလဲဆုိေတာ့ အႀကီးေကာင္ေလးက သူ႔အဘြားတဲ့။ က်မစိတ္မေကာင္းျဖစ္သြားတယ္။ ကေလးငယ္ေလးႀကိဳက္မယ့္မုန္႔ကုိက်မေရြးဝယ္ေပးတာေတာင္ အိမ္မွာ က်န္ေနတဲ့ သူ႔အဘြားအ တြက္တဲ့ ။ ဘယ္မွာေနလဲ ေမးၾကည့္ေတာ့ သံလမ္းေဘးလို႔ေျပာတယ္။ အငယ္ေလးက က်မသမီးႀကီးေလးနဲ႔ ရြယ္တူပဲ။

စိတ္ေတြထဲမေကာင္းလိုက္တာဆိုတာေလ။ က်မက ဒီလို ကေလးေတြေတြ႔တုိင္း မုန္႔၊ အ႐ုပ္ ဝယ္ေပးေနက်။ ေနာက္ခါမ်ားေတာ့ ဒီထက္ပုိ ကူညီႏိုင္ပါရေစ။

ဆိုင္ကအထြက္က် ေျပာသြားေသးတယ္။

မမ ေက်းဇူးပါတဲ့

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Saw Thae

#Unicode Version#
၁၃ ရက်နေ့က မနော်ဟရီ G & G လား Abc လားမသိ၊ အဲ့ဆိုင်မှာ ကျမ စျေးဝယ််တော့ တံခါးပေါက်ရှေ့မှာ တောင်းဖို့ထိုင်နေတဲ့ ကလေးလေးကိုတွေ့ခဲ့တယ်။ သူလေးဖို့ မုန့်နဲ့အအေးဝယ်သွားပြီးပေးတော့ သူကမုန့်ကိုယူပြီးဘေးချပြီး ခဲလုံးလေးတွေနဲ့ ဇယ်ခတ်နေတယ်။ အဲ့ကလုံခြုံရေးက စေတနာနဲ့ တံခါးဖွင့်ရင် သူ့ကို ခိုက်မိမှာစိုးလို့ ဖယ်ခိုင်းတော့လဲ အဲ့အထုပ်လေးတွေကိုယူ နေရာပြောင်းပြီး ဆက်ဆော့နေတယ်။ သူ့လက်ထဲမှာ ကြာဇံကြော်ထုပ်လေးတွေနဲ့ ကျမပေးထားတဲ့မုန့်ထုပ်လေးတွေ။ ကျမကားထဲကနေ အကြာကြီး ထိုင်ကြည့်နေသည်ထိတိုင်အောင် ကျမပေးတဲ့မုန့်ကို သူမကြည့်သလို၊ စားလဲမ စားဘူး။

ခဲလုံးလေးတွေပဲ ဆော့နေတာနဲ့ စိတ်က ဘယ်လိုမှမကောင်းတော့ဘူး။ သူ့ကို ကျမ အရုပ်ဝယ်ပေးချင်တာ၊ ကိုယ်တိုင်က လဲ ဒီကလေးကို သွားမပြောရဲဘူးရယ် ။ အဲ့တာနဲ့အမျိုးသားကို ပြောပြတော့ သူကလဲ သဘောတူတာနဲ့ သူက ဒီကလေးလေးကို မမကအရုပ်ဝယ်ပေးမယ်တဲ့၊ ယူမှာလားဆိုတော့ ယူမယ်တဲ့ဆိုပြီး ဆိုင်ဘေးမှာထိုင်နေတဲ့ သူ့အစ်ကိုကို သွားပြောဦးမယ်ဆိုပြီး ပြေးသွားတယ်။

သူ့အစ်ကိုကလဲ ပြေးလာပြီး မမ သားကိုလဲ ဝယ်ပေးပါတဲ့။ မင်းက ဘာအရုပ်လိုချင်တာလဲဆိုတော့ ရီမုကားတဲ့။ ကိုယ်လဲ အေးအေးဆိုပြီးဆိုင်ထဲ ခေါ်လာတော့ စောနအကြီးလေးက သူလိုချင်တဲ့အရုပ်လေးကို တန်းယူတယ်။ သူဘယ်ကထဲက လိုချင်ခဲ့လဲမှမသိတာ။ အငယ်လေးကတော့ သူပျာယာတွေခတ်ပြီး ရွေးနေတာ။ ဟယ်လီကော်ပတာရုပ်ကို အဲ့တာယူမယ်တဲ့ ၁၆၀၀၀ တန်။ အဲ့တာနဲ့ သူ့အစ်ကိုဆိုသူက အငယ်လေးကို ဟန့်တယ်ဗျာ၊ အဲ့လောက်တန်ကြီးမယူရဘူးတဲ့။

ကျမတော်တော် အံ့သြသွားတယ်။ အမှန်ဆို အလကားရတာကို ရလိုစိတ်နဲ့ ယူချင်စိတ်မရှိပဲ ဒီကလေးလေးက အလိုက်သိတတ်တာပါလားဆိုပြီး ကျမလေးစားအံ့သြသွားတယ်။ ကျမက ဖြေးဖြေးစဉ်းစားပါဆိုပြီး ပြောတော့မှ ကောင်လေးက သေချာစဉ်းစားပြီး ကားအရှည်ကြီးကို ယူလိုက်တယ်။ ကောင်တာမှာ ငွေရှင်းတော့ရီမု ကားလေးအတွက် ဓာတ်ခဲပါထည့်ပေးရင်း ပုံလေးရိုက်မိခဲ့ တယ်။ ဒီပုံလေးက ရီမုကားစမ်းမောင်းပြတာကို ကြည့်နေကြတာ ပါ။ ကျမလဲ အငယ်ကောင်လေးကို မမပေးတဲ့မုန့်ကို ဘာလို့မစား တာလဲ၊မကြိုက်လို့လားဆိုတော့ ခေါင်းလေးခါပြပြီး အမေကြီးဖို့တဲ့။

ဘယ်ကအမေကြီးလဲဆိုတော့ အကြီးကောင်လေးက သူ့အဘွားတဲ့။ ကျမစိတ်မကောင်းဖြစ်သွားတယ်။ ကလေးငယ်လေးကြိုက်မယ့်မုန့်ကိုကျမရွေးဝယ်ပေးတာတောင် အိမ်မှာ ကျန်နေတဲ့ သူ့အဘွားအ တွက်တဲ့ ။ ဘယ်မှာနေလဲ မေးကြည့်တော့ သံလမ်းဘေးလို့ပြောတယ်။ အငယ်လေးက ကျမသမီးကြီးလေးနဲ့ ရွယ်တူပဲ။

စိတ်တွေထဲမကောင်းလိုက်တာဆိုတာလေ။ ကျမက ဒီလို ကလေးတွေတွေ့တိုင်း မုန့်၊ အရုပ် ဝယ်ပေးနေကျ။ နောက်ခါများတော့ ဒီထက်ပို ကူညီနိုင်ပါရစေ။

ဆိုင်ကအထွက်ကျ ပြောသွားသေးတယ်။

မမ ကျေးဇူးပါတဲ့

ဖိုးသူတော် (www.phothutaw.com)
Credit: Saw Thae
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top