iMyanmarHouse.com - Best Property Website for Myanmar
×




Credit:  Tin Naing Tun

#Unicode Version#
၂၀.၉.၂၀၁၈ဖြစ်စဉ်မှာ ကို... (၂၈)နှစ်သည် လွန်ခဲ့သော(၃)နှစ် ခန့်က မ...နှင့် အိမ်ထောင်ကျပြီး ဇနီးဖြစ်သူ မ ၏ မိခင်ဒေါ် နှင့်ပထွေးဖြစ်သူ ဦးဆံရှည်တို့နှင့်အတူ နေထိုင်ခဲ့ရာ သားတစ်ယောက်ထွန်းကားခဲ့ ပြီး ကိုမှာ ဆိုက္ကားနင်းပြီးအလုပ်လုပ်ကိုင်လျှက်ရှိရာ

ကို...ဆိုက္ကား ထွက်နေစဉ်အခါတိုင်း မိန်းမဖြစ်သူ မ မှာ ပထွေးဖြစ်သူ ဦးဆံရှည်(ခ)မြင့်ကြည် နှင့် ဖောက်ပြန်လျှက်ရှိကြောင်း ပတ်ဝန်းကျင်မှပြောပြသိရှိရသည့်အပြင် ယောက္ခမဖြစ်သူ ဒေါ် ကိုယ်တိုင်ကလည်းသမီးဖြစ်သူ မနှင့် ခင်ပွန်းဖြစ်သူဦးဆံရှည် (ခ)မြင့်ကြည်တို့ နှစ်ဦးအား ခြင်ထောင် ထဲတွင် ကိုယ်တိုင်တွေ့မြင်ခဲ့ကြောင်း ပြောပြသဖြင့် ဇနီးဖြစ်သူအား မေးမြန်းခဲ့ရာ မှန်ကန်ကြောင်းဝန်ခံပြောကြားခဲ့သည်ဟု သိရှိရပါသည်။

သို့ဖြစ်ပါ၍ တရားဝင်ကွာရှင်းခြင်းမရှိပဲ ၎င်း၏ ပထွေးဖြစ်သူ ဦးဆံရှည်(ခ)မြင့်ကြည် နှင့်ထပ်မံပေါင်းသင်းနေထိုင်လျှက်ရှိသော ဇနီးဖြစ်သူ မယမင်းကျော်နှင့် ယောက္ခမဖြစ်သူ ဒေါ်နှင့်တရားဝင် ကွာရှင်းထားခြင်းမရှိပဲ ဇနီးဖြစ်သူနှင့် ထပ်မံပေါင်းသင်းနေထိုင်သူ ဦးဆံရှည်(ခ)မြင့်ကြည်တို့အား ဥပဒေအရ အရေးယူဆောင်ရွက်ပေးပါရန်တိုင်တန်းသဖြင့် လှိုင်သာယာမြို့မရဲစခန်းမှ ဦးဆံရှည်(ခ)မြင့်ကြည် နှင့် မယမင်းကျော် တို့ (၂)ဦးအား ပ/၃၅၄၇/၁၈ တစ်လင်တစ်မယားကျင့်ထုံးဥပဒေပုဒ်မ(၁၃) အရအရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:  Tin Naing Tun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top