ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဒုတိယကမၻာစစ္ ၿပီးဆံုုးခါနီးကာလမွာ အေရွ႕ဖက္ကေန ဒလႀကမ္းခ်ီလာတဲ့ ရပ္ရွားတပ္နီေတာ္ဟာ ဂ်ာမနီကိုု တက္သိမ္းတဲ့အခါ လက္စားေခ်တဲ့သေဘာနဲ႔ သန္းနဲ႔ခ်ီတဲ့ ဂ်ာမန္အမ်ိဳးသမီးေတြကိုု အဓမၼျပဳက်င့္ခဲ့ပါတယ္။ ထပ္ေျပာပါမယ္။ သန္းခ်ီေနတဲ့ မုုဒိန္းမႈေတြကိုုက်ဴးလြန္ခဲ့တာပါ။ ဒါေပမယ့္ အဲ့ဒီ အျဖစ္အပ်က္ႀကီးဟာ ဘယ္ေတာ့မွ ထင္ေပၚတဲ့ စစ္ရာဇ၀တ္မႈအျဖစ္ သမိုုင္းမွာ ေနရာေပးျခင္းမခံခဲ့ရပါ။

ဂ်ာမန္ေတြဟာ နာဇီေတြ၊က်ဴးေက်ာ္သူေတြ၊ ကမၻာစစ္မီးေမြးသူေတြျဖစ္တဲ့ အတြက္ မိမိတိုု႔ျပဳခဲ့သမ ွ်အတြက္ျပန္လည္ေပးဆပ္ရျခင္းသာျဖစ္တယ္လိုု႔ယူဆဟန္တူပါတယ္။ သမိုုင္းကိုု ေအာင္ႏိုုင္သူေတြသာ ေရးတယ္ ဆိုုတဲ့ စကားပံုုကိုု က်ေနာ္တိုု႔ အမွတ္ရစရာေပါ့။ ဒီေနရာမွာ က်ေနာ္ ေမးခြန္းထုုတ္လိုုတာက တစ္ဖက္က the Good ဆိုုရင္ တစ္ဖက္က the Evil ဆိုုတာမ်ိဳး ပံုုေသ ထာ၀ရယူဆႀကတာဟာ မွန္ကန္ႀကရဲ႕လားဆိုုတာပဲ။


အဲ့ဒီေမးခြန္းဟာ သမိုုင္းမွတ္တမ္းေတြဖတ္ရႈေလတိုုင္း က်ေနာ့္ဖာသာ ျပန္ေမးမိတဲ့ ေမးခြန္းပါပဲ။
မေန႔ညက ႀကည့္ခဲ့မိတဲ့ ရုုပ္ရွင္ဇာတ္ကား အဆံုုးမွာလည္း အဲ့ဒီေမးခြန္းကိုု က်ေနာ္ထပ္ေမးမိျပန္တယ္။
ဥေရာပ ရုုပ္ရွင္ပြဲေတာ္မွာျပေနတဲ့ Under sandet(သဲျပင္ေအာက္မွာ) (သိုု႔) Land of Mine (မိုုင္းကြင္း) ဆိုုတဲ့ ရုုပ္ရွင္ဇာတ္ကားကိုု ႀကည့္အပီးမွာေပါ့။ က်ေနာ့္ဘ၀မွာ စိတ္အထိခိုုက္ အတုုန္လႈပ္ဆံုုးဆိုုတဲ့ ရုုပ္ရွင္ဇာတ္ကားေတြဟာ သိပ္မ်ားမ်ားစားစားမရွိခဲ့ပါဘူး။ ဒီဇာတ္ကားဟာ အဲ့ဒီလိုုအမ်ိဳးအစားေတြထဲက တစ္ခုုအပါအ၀င္ျဖစ္သြားခဲ့ပါတယ္။ ေျပာေနႀကအတိုုင္းေျပာရရင္ လူျဖစ္ရတာတန္တယ္ေပါ့။


ဒုုတိယကမၻာစစ္အတြင္းမွာ ဂ်ာမန္စစ္တပ္ဟာ ဒိန္းမတ္ေျပမွာ ေျမျမဳပ္မိုုင္း၂သန္းေက်ာ္ကိုုေထာင္ထားခဲ့ပါတယ္။
၁၉ ၄၅ ေမလမွာ ဒိန္းမတ္ ဟာ ဂ်ာမန္လက္ေအာက္က လြတ္ေျမာက္တယ္။ ရႈံးနိမ့္သြားတဲ့ Wehrmacht ဂ်ာမန္စစ္တပ္ဟာ ဒိန္းမတ္ေျပထဲက လက္နက္မဲ့ ဆုုတ္ခြာေနခ်ိန္မွာ ဒိန္းမတ္စစ္တပ္က တပ္ႀကပ္ႀကီးဟာ POW လိုု႔ေခၚတဲ့ ဂ်ာမန္စစ္အက်ဥ္းသားလူတန္းႀကီးထဲက ဒိန္းမတ္ အလံကိုုင္လာတဲ့ ဂ်ာမန္စစ္သားကိုု ေဒါသတႀကီး ဆြဲထိုုးပါတယ္။ က်ဴးေက်ာ္သူေတြအေပၚထားတဲ့ သူ႔အမုုန္းတရားကိုု ဖြင့္လွစ္ပါတယ္။ မင္းနဲ႔ဒီအလံနဲ႔ ဘာဆိုုင္သလဲကြလိုု႔ ေအာ္ေအာ္ပီးထိုုးတာပါ။ ရႈံးနိမ့္သူ စစ္အက်ဥ္းသားေတြဟာ ခြန္းတံုု႔မျပန္ရဲပဲ ညွိဳးငယ္စြာနဲ႔ သူျပဳသမ ွ်ႏုုပီး ဆက္လက္ထြက္ခြာသြားရပါတယ္။


အဲ့ဒီဂ်ာမန္ေတြအေပၚအင္မတန္မုုန္းတီးသူ ဒိန္းမတ္ တပ္ႀကပ္ႀကီး Rassmussen ထံကိုု ဂ်ာမန္စစ္အက်ဥ္းသား ၁၄ ေယာက္တိတိ ဒိန္းမတ္ စစ္တပ္က ပိုု႔လိုုက္ပါတယ္။
သူတိုု႔ တာ၀န္ကေတာ့ ဒိန္းမတ္ အေနာက္ဖက္ ကမ္းေျခ သဲေသာင္ျပင္ေအာက္မွာ ေထာင္ထားတဲ့ ေျမျမဳပ္မိုုင္းေတြကိုု ဖယ္ရွားရွင္းလင္းဖိုု႔ပါပဲ။ အဲ့ဒီဂ်ာမန္စစ္သားေလးေတြဟာ ဥမမယ္စာမေျမာက္ ဆယ္ေက်ာ္သက္ေကာင္ေလးေတြပါ။ ဒိန္းမတ္ တပ္ႀကပ္ႀကီး Rassmussen ဟာ သူ႔လက္ေအာက္ေရာက္လာတဲ့ ဂ်ာမန္ခ်ာတိတ္ေတြကိုု စေတြ႕ကထဲက မညွာတာပါ။ ငါတိုု႔ ဒိန္း ေတြဆီက မင့္တိုု႔ သနားညွာတာမႈေတြ ဂရုုဏာေတြရလိမ့္မယ္ မထင္နဲ႔လိုု႔ သူ႔ အက်ဥ္းသားေတြကိုု ႀကိဳေျပာထားပါတယ္။တစ္နာရီကိုု ၆လံုုးနဲ႔ ေျမျမဳပ္မိုုင္းေတြေဖာ္ပီးရင္ ၃လဆိုုရင္ဂ်ာမနီကိုုျပန္ရမယ္လိုု႔ ဆိုုပါတယ္။ လက္ဗလာ ကိရိယာတန္ဆာ မပါပဲ ဒုုတ္ေခ်ာင္းေလးေတြနဲ႔ သဲျပင္ေပၚ ေမွာက္ပီး ေျမျမဳပ္မိုုင္းေတြကိုု တူး၊ စနက္တံကိုု ဖယ္ထုုတ္ရတဲ့ အသက္အႏၱရယ္နီးတဲ့ အလုုပ္ေတြကိုု တစ္ရက္မွာ နာရီေပါင္းမ်ားစြာႀကာေအာင္ ဂ်ာမန္စစ္သားေလးေတြလုုပ္ရပါတယ္။ အစာေရစာ မေပးပါ။


ကမ္းေျခသဲေသာင္ျပင္မွာ တေနကုုန္မိုုင္းတူး၊ အလုုပ္ပီးရင္ အနီးအနားက အခ်ဳပ္ေဆာင္ထဲ၀င္အိပ္ ဒါပါပဲ။
သူတိုု႔နဲ႔ မလွမ္းမကမ္းက ယာေတာအိမ္တစ္ခုုမွာ ဒိန္း အမ်ိဳးသမီးတစ္ဦးနဲ႔ သမီးေလးတစ္ေယာက္ေနပါတယ္။ ဂ်ာမန္ေတြကိုု တူးတူးခါးခါးမုုန္းတဲ့အတြက္ သူတိုု႔ကိုုအဆက္အဆံမလုုပ္ပါ။ ရက္အနည္းငယ္အႀကာမွာ အစာေရစာ မရတဲ့ အတြက္ သူတိုု႔ အားအင္ခ်ိနွဲ႕လာပါပီ။ တပ္ႀကပ္ႀကီး Russmussen ထံတင္ျပေပမယ့္ ဂ်ာမန္ေတြအတြက္ အစာ မရွိဘူးကြလိုု႔ ခပ္တင္းတင္းပဲ ျပန္ေျပာတာခံရပါတယ္။(စစ္ႀကီးေႀကာင့္ အစာေရစာျပတ္လတ္ေနပါတယ္)


အဲ့ဒီလိုု အင္အားခ်ိႏွဲ႔စြာ မိုုင္းေဖာ္ရင္း သူတိုု႔ထဲက Wilhem ဆိုုတဲ့ ဂ်ာမန္စစ္သားေလးဟာ မိုုင္းထေပါက္ပီး လက္၂ဖက္စလံုုး ဖြာထြက္သြားပါတယ္။
ေသြးအလူးလူးနဲ႔ ေ၀ဒနာခံစားေနရတံုုး သူ ငိုုယိုုရင္း ေအာ္ပါတယ္။

ေမေမေရ.. ေမေမ ..
က်ေနာ္ ဂ်ာမနီျပန္ခ်င္ပီဗ်ာ တဲ့..

တပ္ႀကပ္ႀကီး Russmussen က ေမာ္ဖင္းတစ္လံုုးခ်က္ခ်င္းထိုုးေပးပီး စစ္တပ္ေဆးရံုုကိုုပိုု႔လိုုက္ေပမယ့္။ Wilhem ေသသြားရွာပါတယ္။
ေနာက္တေန႔မွာ ေဆးရံုုကိုု လိုုက္သြားေတာ့ဂ်ာမန္ေကာင္ေလး ေသပီျဖစ္ေႀကာင္းသာ သိလိုုက္ရတဲ့ Russmussen ဟာ သူ႔အက်ဥ္းသားေတြဆီျပန္လာပီး Wilhem ဘာမွမျဖစ္ေႀကာင္း၊ ဂ်ာမနီျပန္ခြင့္ရသြားပီျဖစ္ေႀကာင္းလိမ္လိုုက္ပါတယ္။ ဒါေပမယ့္ ဒိန္းမတ္ တပ္ႀကပ္ႀကီးဟာ စိတ္ထဲမွာ လူသားဆန္တဲ့ စိတ္ေတြ၀င္စျပဳလာပါပီ။ စစ္တပ္ဂိုုေဒါင္က ေပါင္မုုန္႔နဲ႔အာလူးေတြခိုုးလာပီး သူ႔အက်ဥ္းသား ဂ်ာမန္ေကာင္ေလးေတြကိုု ေပးစ ျပဳလာပါတယ္။ ေကာင္းေကာင္းမြန္မြန္ ဆက္ဆံစျပဳလာပါတယ္။


တစ္ညမွာ ေအာ္ဟစ္ငိုုယိုုသံေတြေႀကာင့္ Russmussen လန္႔ႏိုုးလာပါတယ္။
မူးရူးေနတဲ့ မဟာမိတ္စစ္သားေတြဟာ သူ႔အက်ဥ္းသား ဂ်ာမန္စစ္သားေလးေတြကိုု အခ်ဳပ္ခန္းထဲက ထုုတ္ပီး ေသးနဲ႔ပန္းပီး ႏွိပ္စက္ကလူျပဳေနပါတယ္။ ဒိန္းမတ္တပ္ႀကပ္ႀကီးဟာ အေျပးအလႊားသြားပီး အဲ့ဒီလုုပ္ရပ္ကိုု တားျမစ္တဲ့ အခါ မဟာမိတ္စစ္သားေတြနဲ႔ အတူပါလာတဲ့ ဒိန္းမတ္စစ္တပ္ အရာရွိက စြပ္စြဲပါတယ္။ မင္းဟာ ဒီဂ်ာမန္ေခြးေတြကိုု ဂရုုဏာသက္ေနတာေပါ့ ဟုုတ္လားေပါ့။ Russmussen က ခပ္တင္းတင္းပဲ ျပန္ေျပာခဲ့တယ္။ သူတိုု႔က ကေလးေလးေတြပါကြာတဲ့။


အဲ့ဒီအျဖစ္အပ်က္ေနာက္မွာ ဂ်ာမန္အက်ဥ္းသားေလးေတြဟာ သူတိုု႔ကိုု အုုပ္ခ်ဳပ္တဲ့ ဒိန္းမတ္ တပ္ႀကပ္ႀကီးနဲ႔ အေတာ္အဆင္ေျပလာႀကပါတယ္။
မိုုင္းေတြဆက္တူးႀကတယ္။ အျမႊာညီအကိုု ၂ေယာက္ျဖစ္တဲ့ Wernerနဲ႔ Ernst ဆိုုတဲ့ ဂ်ာမန္ေကာင္ေလး၂ေယာက္ဟာ မိုုင္းေတြတူးရင္း သူတိုု႔ အနာဂတ္အတြက္တိုုင္ပင္ရင္းေပါ့။ ျပိဳက်ပ်က္စီးေနတဲ့ ဂ်ာမနီေျပ ကိုုျပန္ေရာက္ရင္ ပန္းရံလုုပ္စားႀကမယ္။ စစ္ႀကီးေႀကာင့္ အရာရာဟာ ျပန္လည္တည္ေဆာက္ရမွာဆိုုေတာ့ ပန္းရံလုုပ္ငန္းက ေထာမွာကြေပါ့။ အဲ့ဒီလိုုစိတ္ကူးနဲ႔ ေပ်ာ္ေနႀကစဥ္မွာပဲ Werner တစ္ေယာက္ မိုုင္းအႀကီးႀကီးတစ္ခုုကိုု အျဖဳတ္မွာထေပါက္ပီး ေပ်ာက္သြားတယ္။ တစ္စစီျဖစ္ပီး ရွာလိုု႔မေတြ႕ေတာ့ပါ။ Ernst ဟာ အရူးတစ္ေယာက္လိုု ေအာ္ဟစ္ပီး Werner ကိုု လိုုက္ရွာေနပါတယ္။ ေနာက္ပိုုင္းမွာ Ernst ဟာ abnegation လိုု႔ ေခၚတဲ့ အရွိတရားကိုု ျငင္းဆန္တဲ့ စိတ္ေ၀ဒနာရသြားပီး သူ႔အျမႊာညီအကိုု Werner ေသသြားတာကိုု လက္မခံတဲ့ေကာင္ေလးျဖစ္သြားပါတယ္။

တေန႔မွာ သူတိုု႔ စခန္းနား ယာေတာအိမ္က ဒိန္း အမ်ိဳးသမီးရဲ႕ သမီးေလးေပ်ာက္သြားပါတယ္။
လိုုက္ရွာေတာ့ မိုုင္းကြင္းရဲ႕ အလယ္မွာ အရုုပ္ကေလးနဲ႔ေဆာ့ေနတာသြားေတြ႕ပါတယ္။ ဒိန္းအမ်ိဳးသမီးဟာ သူမ အင္မတန္မုုန္းတဲ့ ဂ်ာမန္ေကာင္ေလးေတြဆီအေျပးလာပီး အကူအညီေတာင္းတဲ့ အခါ အုုပ္စုုလိုုက္ ေျပးလိုုက္သြားပီး မိုုင္းကြင္းအလယ္က ကေလးမေလးကိုု ကယ္ဖိုု႔ တစ္လက္မခ်င္း မိုုင္းေတြကိုု စမ္းပီးသြားေနရပါတယ္။ တပ္ႀကပ္ႀကီး Russmussen က ေနာက္ကလိုုက္လာပီး ရင္တမမနဲ႔ ကေလးကိုုကယ္ဖိုု႔လုုပ္ေနတာကိုု ရပ္ႀကည့္ေနရပါတယ္။

အဲ့ဒီအခ်ိန္မွာ Ernst ေရာက္လာပီး မိုုင္းကြင္းအလယ္ကိုု ခံစားခ်က္မဲ့မ်က္နာနဲ႔ မေႀကာက္မရြံ႕ ေလ ွ်ာက္သြားပီး ကေလးကိုု ေပြ႕ေခၚတယ္။
လာကယ္တဲ့လူေတြလက္ထဲ ကေလးကိုု ထည့္ပီးတာနဲ႔ ခ်ာကနဲ လွည့္ထြက္ပီး မိုုင္းကြင္းထဲကိုု ဆက္ေလ ွ်ာက္သြားပါတယ္။ သူငယ္ခ်င္းေတြရဲ႕ ေႀကာက္လန္႔တႀကားေအာ္ဟစ္တားျမစ္တာကိုု ႀကားဟန္မတူေတာ့ပါဘူး။ သူတိုု႔နဲ႔ ခပ္လွမ္းလွမ္းအေရာက္မွာ ျပင္းထန္တဲ့ ေပါက္ကြဲသံနဲ႔အတူ မိႈပြင့္ႀကီးတစ္ခုုေပၚလာပီး Ernst ဆိုုတဲ့ ဂ်ာမန္ေကာင္ေလးေပ်ာက္ကြယ္သြားပါတယ္။ ဂ်ာမနီမွာ က်န္ခဲ့တဲ့ မိဘေတြဟာ ေသသည္ရွင္သည္မသိပါ။ တြယ္တာရာ အျမႊာညီအကိုုျဖစ္သူဟာ ေသဆံုုးခဲ့ပီးပါပီ။ ယခုုအခါ တြယ္တာရာလိုု႔ ဘာမွမက်န္ အနာဂတ္ရယ္လိုု႔ ေတြးဆႏိုုင္စြမ္းမရွိေတာ့တဲ့ ဆယ္ေက်ာ္သက္ ဂ်ာမန္စစ္သားပိန္ပိန္ေလးဟာ မိုုင္းကြင္းထဲ ျဖတ္ေလ ွ်ာက္ပီး အေသခံသြားခဲ့ပါတယ္။

စိတ္ႏွလံုုးမခ်မ္းေျမ့ဖြယ္ရာအျဖစ္အပ်က္ေတြေနာက္မွာ က်န္ခဲ့တဲ့ ဂ်ာမန္စစ္သားေလးေတြနဲ႔ သူတိုု႔ကိုုအုုပ္ခ်ဳပ္တဲ့ ဒိန္းမတ္ တပ္ႀကပ္ႀကီးဟာ မိုုင္းေတြအဆက္မျပတ္ေဖာ္ႏိုုင္ခဲ့ပါတယ္။

တေန႔မွာ သူတိုု႔တူးေဖာ္ထားတဲ့ ေျမျမဳပ္မိုုင္းေတြ ရာေထာင္ခ်ီပီး ထရပ္ကားတစ္ခုုေပၚတင္ေနႀကပါတယ္။
ခ်ာတိတ္ေလးေတြဟာ စိတ္ကူးယဥ္ေနႀကပါတယ္။ ဘာလင္ကိုုျပန္ေရာက္ရင္ အမဲသားနဲ႔အာလူးဟင္း ငါ့အေမခ်က္တာ စားရေတာ့မယ္။ ဘီယာေသာက္ရေတာ့မယ္။ ရည္းစားလည္းထားဦးမယ္ေပါ့။ သူတိုု႔ ျပံဳးေပ်ာ္ရႊင္စြာ တိုုင္ပင္ေနတံုုးမွာပဲ။ ျပင္းထန္တဲ့ ေပါက္ကြဲသံႀကီးနဲ႔အတူ ေျမျပင္ဟာ သိမ့္သိမ့္တုုန္သြားပါတယ္။ တပ္ႀကပ္ႀကီး Russmussen နဲ႔ မိုုင္းေဖာ္ေနတဲ့ ဂ်ာမန္ေကာင္ေလး၄ေယာက္ အေျပးအလႊားသြားႀကည့္ေတာ့ မဲနက္ေနတဲ့ ေျမျပင္ႀကီးသာ က်န္ခဲ့ပါတယ္။ သူတိုု႔ သူငယ္ခ်င္းေတြ ထပ္မံေပ်ာက္ဆံုုးခဲ့ရပါပီ။ စနက္တံမျပဳတ္တဲ့ မိုုင္းတစ္လံုုးက အစျပဳပီး ရာေထာင္ခ်ီတဲ့ မိုုင္းေတြထကြဲသြားဟန္တူပါတယ္။

လူ၁၄ေယာက္နဲ႔အစျပဳခဲ့တဲ့ သူတိုု႔ အုုပ္စုုေလးဟာ ေနာက္ဆံုုးမွာ Sebastian,Ludwig,Helmut,Rodolf ဆိုုတဲ့ ဂ်ာမန္ေကာင္ေလး ၄ေယာက္သာက်န္ပါေတာ့တယ္။
ေျမျမဳပ္မိုုင္းေတြေဖာ္ပီးတဲ့ အခ်ိန္မွာ ဂတိ၀တ္အတိုုင္း ဂ်ာမနီကိုု ျပန္ပိုု႔မယ္ဆိုုတာကိုု ဒိန္းမတ္ စစ္တပ္က မလုပ္ေပးပါဘူး။
ေနာက္ထပ္ မိုုင္းေတြထပ္ေဖာ္ဖိုု႔ အျခားကမ္းေျခတစ္ခုုကိုု က်န္ရစ္တဲ့ ဂ်ာမန္စစ္သားေလး ၄ေယာက္ကိုု ပိုု႔ပစ္လိုုက္ပါတယ္။

ခ်ာတိတ္ေတြကိုု သံေယာဇဥ္တြယ္တာေနပီျဖစ္တဲ့ ဒိန္းမတ္ တပ္ႀကပ္ႀကီးRussmussen ဟာ သူအထက္အရာရွိနဲ႔ ထိပ္တိုုက္ေတြ႕ပါတယ္။
ကေလးေတြကိုု ဂ်ာမနီျပန္ပိုု႔ေပးဖိုု႔ေတာင္းဆိုုပါတယ္။
မရပါ။
ဂ်ာမန္ေတြဟာ သူတိုု႔ အျပစ္ေတြကိုုေပးဆပ္ရမယ္။ ဒီမိုုင္းေတြကိုု ရွင္းရမယ္။ ဒါအထက္အမိန္႔ပဲလိုု႔ အျငင္းဆန္ခံရပါတယ္။
Russmussen က ေအာ္ဟစ္တယ္။

သူတိုု႔က ကေလးေတြကြ အျပစ္မဲ့တဲ့ကေလးေတြ မင္းတိုု႔မတရားမလုုပ္နဲ႔ ေပါ့

ဒါေပမယ့္ မေအာင္ျမင္ပါဘူး။

ေျမျမဳပ္မိုုင္းေတြ အျပည့္နဲ႔ ေနာက္ထပ္ကမ္းေျခတစ္ခုုမွာ ဂ်ာမန္အက်ဥ္းသားေတြ ရပ္ေနႀကတယ္။
မိုုးေတြခိုုက္ခိုုက္တုုန္ေအာင္ရြာလိုု႔။

အဲ့ဒီမွာ ဒိန္းမတ္စစ္တပ္အမိန္႔နဲ႔ ဂ်ာမန္အက်ဥ္းသားေတြကိုု ေရႊ႕ေျပာင္းဖိုု႔ အေႀကာင္းႀကားစာေရာက္လာတယ္။

Sebastian
Ludwig
Helmut
Rodolf

အဲ့ဒီ၄ေယာက္ကိုု ေရြးထုုတ္ပီး တာလပတ္အုုပ္ထားတဲ့ ထရပ္ကားေပၚတက္ေစတယ္။
ထရပ္ကားေမာင္းထြက္တယ္။
အတန္ႀကာတဲ့ အခါ ေတာစပ္တစ္ခုုနားေရာက္တယ္။
တာလဘတ္ဖြင့္ပီး ဆင္းခိုုင္းတဲ့ အခါ သူတိုု႔ရဲ႕ ဒိန္းမတ္တပ္ႀကပ္ႀကီး Russmussen ျဖစ္ေနေႀကာင္း ဂ်ာမန္စစ္သားေလးေတြေတြ႕ရတယ္။

ဟိုုးမွာေတြ႕လား မီတာ၅၀၀ေလာက္ေ၀းတယ္။
မင္းတိုု႔ ေျပးႀကေပေတာ့။
ဟိုုဖက္က ဂ်ာမနီပဲ။
အိမ္ျပန္ႀကေတာ့ ေကာင္ေလးေတြ.. တဲ့။

ဂ်ာမန္ခ်ာတိတ္ေလးေတြက ေႀကာင္ေငးေနႀကတယ္။

ဒိန္းမတ္တပ္ႀကပ္ႀကီးက ေအာ္ဟစ္တယ္။
ဘာလုုပ္ေနတာလဲ ေျပးႀကေတာ့ေလတဲ့။

ေကာင္ေလးေတြေျပးတယ္။
ေျပးရင္း ေနာက္ျပန္လွည့္ႀကည့္တယ္။
မ်က္ရည္ေတြႀကားထဲမွာ တခါက သူတိုု႔ကိုု အင္မတန္မုုန္းတီးတဲ့ ဒိန္းမတ္ တပ္ႀကပ္ႀကီးဟာ ေငးရင္းက်န္ရစ္ခဲ့ရွာတယ္။

ရုုပ္ရွင္ဇာတ္လမ္းက ဒါပါပဲ။
ဟားလီး၀ုုဒ္ ရုုပ္ရွင္ေတြထဲက the Good & the Evil (နာဇီဂ်ာမန္ေတြဟာ ထာ၀ရဆိုုးယုုတ္ပီး မဟာမိတ္ေတြဟာ လူေကာင္းေတြ) ဆိုုတာမ်ိဳးကေန ကြဲထြက္ေနတယ္။
လူသား၀ါဒကိုု မီးေမာင္းထိုုးျပထားတယ္။ ႀကင္နာသနားတတ္မႈ၊တြယ္တာမႈ၊ေပ်ာက္ဆံုုးမႈ၊စစ္ရဲ႕ ဆိုုးယုုတ္မႈေႀကာင့္ ဓားစားခံျဖစ္ရရွာတဲ့ကေလးေတြ အစရွိသျဖင့္ ရင္နင့္စရာေကာင္းတဲ့ ေလာကီထုုပၺတ္ကိုု ျပထားတယ္။

ရုုပ္ရွင္မျပပီ အဖြင့္စကားေျပာတဲ့ ဒိန္းမတ္ (သံအရာရွိထင္တာပဲ) လူႀကီးရဲ႕ မိန္႔ခြန္းဟာ တန္ဖိုုးရွိလြန္းလွတယ္။
သမိုုင္းကေန က်ေနာ္တိုု႔ သင္ယူရမယ္တဲ့။
ယဥ္ေက်းတဲ့လူေတြဟာ ဆိုုးယုုတ္တဲ့ အတိတ္သမိုုင္းေတြကိုု မဖံုုးကြယ္ထားဘူး။ ငါတိုု႔ခ်ည့္ပဲ မွန္ခဲ့တယ္လိုု႔မေျပာဘူး။
ခဏခဏျပန္လွစ္ဟျပပီး ငါတိုု႔ ေနာက္ထပ္ အျဖစ္မခံႏိုုင္ဘူးဆိုုပီး ေနာက္မ်ိဳးဆက္ေတြကိုု သြန္သင္တယ္။
ဒါပါပဲ။

ဥေရာပ ရုုပ္ရွင္ပြဲေတာ္ဟာ မပီးေသးပါဘူး။
ခင္ဗ်ားမွာ အခ်ိန္၂နာရီေလာက္ရႏိုုင္မယ္ဆိုုရင္ ဒိန္းမတ္ ဒါရိုုက္တာ Martin Zandvliet ရိုုက္တဲ့ Land of Mine(Under sandet) ဆိုုတဲ့ ဂ်ာမန္စကားေျပာ အဂၤလိပ္စာတန္းထိုုး ရုုပ္ရွင္ဇာတ္ကားကိုု သြားေရာက္ခံစားႀကည့္ပါလိုု႔ အႀကံေပးခ်င္ပါတယ္။

ခင္ဗ်ားလူျဖစ္ရတာ တန္ခ်င္တယ္ဆိုုရင္ေပါ့ေလ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit – http://bahuthuta.net
# Unicode Version ျဖင့္ ဖတ္ပါ #
ဒုတိယကမ္ဘာစစ် ပြီးဆုံးခါနီးကာလမှာ အရှေ့ဖက်ကနေ ဒလကြမ်းချီလာတဲ့ ရပ်ရှားတပ်နီတော်ဟာ ဂျာမနီကို တက်သိမ်းတဲ့အခါ လက်စားချေတဲ့သဘောနဲ့ သန်းနဲ့ချီတဲ့ ဂျာမန်အမျိုးသမီးတွေကို အဓမ္မပြုကျင့်ခဲ့ပါတယ်။ ထပ်ပြောပါမယ်။ သန်းချီနေတဲ့ မုဒိန်းမှုတွေကိုကျူးလွန်ခဲ့တာပါ။ ဒါပေမယ့် အဲ့ဒီ အဖြစ်အပျက်ကြီးဟာ ဘယ်တော့မှ ထင်ပေါ်တဲ့ စစ်ရာဇဝတ်မှုအဖြစ် သမိုင်းမှာ နေရာပေးခြင်းမခံခဲ့ရပါ။

ဂျာမန်တွေဟာ နာဇီတွေ၊ကျူးကျော်သူတွေ၊ ကမ္ဘာစစ်မီးမွေးသူတွေဖြစ်တဲ့ အတွက် မိမိတို့ပြုခဲ့သမ ျှအတွက်ပြန်လည်ပေးဆပ်ရခြင်းသာဖြစ်တယ်လို့ယူဆဟန်တူပါတယ်။ သမိုင်းကို အောင်နိုင်သူတွေသာ ရေးတယ် ဆိုတဲ့ စကားပုံကို ကျနော်တို့ အမှတ်ရစရာပေါ့။ ဒီနေရာမှာ ကျနော် မေးခွန်းထုတ်လိုတာက တစ်ဖက်က the Good ဆိုရင် တစ်ဖက်က the Evil ဆိုတာမျိုး ပုံသေ ထာဝရယူဆကြတာဟာ မှန်ကန်ကြရဲ့လားဆိုတာပဲ။

အဲ့ဒီမေးခွန်းဟာ သမိုင်းမှတ်တမ်းတွေဖတ်ရှုလေတိုင်း ကျနော့်ဖာသာ ပြန်မေးမိတဲ့ မေးခွန်းပါပဲ။
မနေ့ညက ကြည့်ခဲ့မိတဲ့ ရုပ်ရှင်ဇာတ်ကား အဆုံးမှာလည်း အဲ့ဒီမေးခွန်းကို ကျနော်ထပ်မေးမိပြန်တယ်။
ဥရောပ ရုပ်ရှင်ပွဲတော်မှာပြနေတဲ့ Under sandet(သဲပြင်အောက်မှာ) (သို့) Land of Mine (မိုင်းကွင်း) ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ကြည့်အပီးမှာပေါ့။ ကျနော့်ဘဝမှာ စိတ်အထိခိုက် အတုန်လှုပ်ဆုံးဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ သိပ်များများစားစားမရှိခဲ့ပါဘူး။ ဒီဇာတ်ကားဟာ အဲ့ဒီလိုအမျိုးအစားတွေထဲက တစ်ခုအပါအဝင်ဖြစ်သွားခဲ့ပါတယ်။ ပြောနေကြအတိုင်းပြောရရင် လူဖြစ်ရတာတန်တယ်ပေါ့။

ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမန်စစ်တပ်ဟာ ဒိန်းမတ်ပြေမှာ မြေမြုပ်မိုင်း၂သန်းကျော်ကိုထောင်ထားခဲ့ပါတယ်။
၁၉ ၄၅ မေလမှာ ဒိန်းမတ် ဟာ ဂျာမန်လက်အောက်က လွတ်မြောက်တယ်။ ရှုံးနိမ့်သွားတဲ့ Wehrmacht ဂျာမန်စစ်တပ်ဟာ ဒိန်းမတ်ပြေထဲက လက်နက်မဲ့ ဆုတ်ခွာနေချိန်မှာ ဒိန်းမတ်စစ်တပ်က တပ်ကြပ်ကြီးဟာ POW လို့ခေါ်တဲ့ ဂျာမန်စစ်အကျဉ်းသားလူတန်းကြီးထဲက ဒိန်းမတ် အလံကိုင်လာတဲ့ ဂျာမန်စစ်သားကို ဒေါသတကြီး ဆွဲထိုးပါတယ်။ ကျူးကျော်သူတွေအပေါ်ထားတဲ့ သူ့အမုန်းတရားကို ဖွင့်လှစ်ပါတယ်။ မင်းနဲ့ဒီအလံနဲ့ ဘာဆိုင်သလဲကွလို့ အော်အော်ပီးထိုးတာပါ။ ရှုံးနိမ့်သူ စစ်အကျဉ်းသားတွေဟာ ခွန်းတုံ့မပြန်ရဲပဲ ညှိုးငယ်စွာနဲ့ သူပြုသမ ျှနုပီး ဆက်လက်ထွက်ခွာသွားရပါတယ်။

အဲ့ဒီဂျာမန်တွေအပေါ်အင်မတန်မုန်းတီးသူ ဒိန်းမတ် တပ်ကြပ်ကြီး Rassmussen ထံကို ဂျာမန်စစ်အကျဉ်းသား ၁၄ ယောက်တိတိ ဒိန်းမတ် စစ်တပ်က ပို့လိုက်ပါတယ်။
သူတို့ တာဝန်ကတော့ ဒိန်းမတ် အနောက်ဖက် ကမ်းခြေ သဲသောင်ပြင်အောက်မှာ ထောင်ထားတဲ့ မြေမြုပ်မိုင်းတွေကို ဖယ်ရှားရှင်းလင်းဖို့ပါပဲ။ အဲ့ဒီဂျာမန်စစ်သားလေးတွေဟာ ဥမမယ်စာမမြောက် ဆယ်ကျော်သက်ကောင်လေးတွေပါ။ ဒိန်းမတ် တပ်ကြပ်ကြီး Rassmussen ဟာ သူ့လက်အောက်ရောက်လာတဲ့ ဂျာမန်ချာတိတ်တွေကို စတွေ့ကထဲက မညှာတာပါ။ ငါတို့ ဒိန်း တွေဆီက မင့်တို့ သနားညှာတာမှုတွေ ဂရုဏာတွေရလိမ့်မယ် မထင်နဲ့လို့ သူ့ အကျဉ်းသားတွေကို ကြိုပြောထားပါတယ်။တစ်နာရီကို ၆လုံးနဲ့ မြေမြုပ်မိုင်းတွေဖော်ပီးရင် ၃လဆိုရင်ဂျာမနီကိုပြန်ရမယ်လို့ ဆိုပါတယ်။ လက်ဗလာ ကိရိယာတန်ဆာ မပါပဲ ဒုတ်ချောင်းလေးတွေနဲ့ သဲပြင်ပေါ် မှောက်ပီး မြေမြုပ်မိုင်းတွေကို တူး၊ စနက်တံကို ဖယ်ထုတ်ရတဲ့ အသက်အန္တရယ်နီးတဲ့ အလုပ်တွေကို တစ်ရက်မှာ နာရီပေါင်းများစွာကြာအောင် ဂျာမန်စစ်သားလေးတွေလုပ်ရပါတယ်။ အစာရေစာ မပေးပါ။

ကမ်းခြေသဲသောင်ပြင်မှာ တနေကုန်မိုင်းတူး၊ အလုပ်ပီးရင် အနီးအနားက အချုပ်ဆောင်ထဲဝင်အိပ် ဒါပါပဲ။
သူတို့နဲ့ မလှမ်းမကမ်းက ယာတောအိမ်တစ်ခုမှာ ဒိန်း အမျိုးသမီးတစ်ဦးနဲ့ သမီးလေးတစ်ယောက်နေပါတယ်။ ဂျာမန်တွေကို တူးတူးခါးခါးမုန်းတဲ့အတွက် သူတို့ကိုအဆက်အဆံမလုပ်ပါ။ ရက်အနည်းငယ်အကြာမှာ အစာရေစာ မရတဲ့ အတွက် သူတို့ အားအင်ချိနှဲ့လာပါပီ။ တပ်ကြပ်ကြီး Russmussen ထံတင်ပြပေမယ့် ဂျာမန်တွေအတွက် အစာ မရှိဘူးကွလို့ ခပ်တင်းတင်းပဲ ပြန်ပြောတာခံရပါတယ်။(စစ်ကြီးကြောင့် အစာရေစာပြတ်လတ်နေပါတယ်)

အဲ့ဒီလို အင်အားချိနှဲ့စွာ မိုင်းဖော်ရင်း သူတို့ထဲက Wilhem ဆိုတဲ့ ဂျာမန်စစ်သားလေးဟာ မိုင်းထပေါက်ပီး လက်၂ဖက်စလုံး ဖွာထွက်သွားပါတယ်။
သွေးအလူးလူးနဲ့ ဝေဒနာခံစားနေရတုံး သူ ငိုယိုရင်း အော်ပါတယ်။

မေမေရေ.. မေမေ ..
ကျနော် ဂျာမနီပြန်ချင်ပီဗျာ တဲ့..

တပ်ကြပ်ကြီး Russmussen က မော်ဖင်းတစ်လုံးချက်ချင်းထိုးပေးပီး စစ်တပ်ဆေးရုံကိုပို့လိုက်ပေမယ့်။ Wilhem သေသွားရှာပါတယ်။
နောက်တနေ့မှာ ဆေးရုံကို လိုက်သွားတော့ဂျာမန်ကောင်လေး သေပီဖြစ်ကြောင်းသာ သိလိုက်ရတဲ့ Russmussen ဟာ သူ့အကျဉ်းသားတွေဆီပြန်လာပီး Wilhem ဘာမှမဖြစ်ကြောင်း၊ ဂျာမနီပြန်ခွင့်ရသွားပီဖြစ်ကြောင်းလိမ်လိုက်ပါတယ်။ ဒါပေမယ့် ဒိန်းမတ် တပ်ကြပ်ကြီးဟာ စိတ်ထဲမှာ လူသားဆန်တဲ့ စိတ်တွေဝင်စပြုလာပါပီ။ စစ်တပ်ဂိုဒေါင်က ပေါင်မုန့်နဲ့အာလူးတွေခိုးလာပီး သူ့အကျဉ်းသား ဂျာမန်ကောင်လေးတွေကို ပေးစ ပြုလာပါတယ်။ ကောင်းကောင်းမွန်မွန် ဆက်ဆံစပြုလာပါတယ်။

တစ်ညမှာ အော်ဟစ်ငိုယိုသံတွေကြောင့် Russmussen လန့်နိုးလာပါတယ်။
မူးရူးနေတဲ့ မဟာမိတ်စစ်သားတွေဟာ သူ့အကျဉ်းသား ဂျာမန်စစ်သားလေးတွေကို အချုပ်ခန်းထဲက ထုတ်ပီး သေးနဲ့ပန်းပီး နှိပ်စက်ကလူပြုနေပါတယ်။ ဒိန်းမတ်တပ်ကြပ်ကြီးဟာ အပြေးအလွှားသွားပီး အဲ့ဒီလုပ်ရပ်ကို တားမြစ်တဲ့ အခါ မဟာမိတ်စစ်သားတွေနဲ့ အတူပါလာတဲ့ ဒိန်းမတ်စစ်တပ် အရာရှိက စွပ်စွဲပါတယ်။ မင်းဟာ ဒီဂျာမန်ခွေးတွေကို ဂရုဏာသက်နေတာပေါ့ ဟုတ်လားပေါ့။ Russmussen က ခပ်တင်းတင်းပဲ ပြန်ပြောခဲ့တယ်။ သူတို့က ကလေးလေးတွေပါကွာတဲ့။

အဲ့ဒီအဖြစ်အပျက်နောက်မှာ ဂျာမန်အကျဉ်းသားလေးတွေဟာ သူတို့ကို အုပ်ချုပ်တဲ့ ဒိန်းမတ် တပ်ကြပ်ကြီးနဲ့ အတော်အဆင်ပြေလာကြပါတယ်။
မိုင်းတွေဆက်တူးကြတယ်။ အမြွှာညီအကို ၂ယောက်ဖြစ်တဲ့ Wernerနဲ့ Ernst ဆိုတဲ့ ဂျာမန်ကောင်လေး၂ယောက်ဟာ မိုင်းတွေတူးရင်း သူတို့ အနာဂတ်အတွက်တိုင်ပင်ရင်းပေါ့။ ပြိုကျပျက်စီးနေတဲ့ ဂျာမနီပြေ ကိုပြန်ရောက်ရင် ပန်းရံလုပ်စားကြမယ်။ စစ်ကြီးကြောင့် အရာရာဟာ ပြန်လည်တည်ဆောက်ရမှာဆိုတော့ ပန်းရံလုပ်ငန်းက ထောမှာကွပေါ့။ အဲ့ဒီလိုစိတ်ကူးနဲ့ ပျော်နေကြစဉ်မှာပဲ Werner တစ်ယောက် မိုင်းအကြီးကြီးတစ်ခုကို အဖြုတ်မှာထပေါက်ပီး ပျောက်သွားတယ်။ တစ်စစီဖြစ်ပီး ရှာလို့မတွေ့တော့ပါ။ Ernst ဟာ အရူးတစ်ယောက်လို အော်ဟစ်ပီး Werner ကို လိုက်ရှာနေပါတယ်။ နောက်ပိုင်းမှာ Ernst ဟာ abnegation လို့ ခေါ်တဲ့ အရှိတရားကို ငြင်းဆန်တဲ့ စိတ်ဝေဒနာရသွားပီး သူ့အမြွှာညီအကို Werner သေသွားတာကို လက်မခံတဲ့ကောင်လေးဖြစ်သွားပါတယ်။

တနေ့မှာ သူတို့ စခန်းနား ယာတောအိမ်က ဒိန်း အမျိုးသမီးရဲ့ သမီးလေးပျောက်သွားပါတယ်။
လိုက်ရှာတော့ မိုင်းကွင်းရဲ့ အလယ်မှာ အရုပ်ကလေးနဲ့ဆော့နေတာသွားတွေ့ပါတယ်။ ဒိန်းအမျိုးသမီးဟာ သူမ အင်မတန်မုန်းတဲ့ ဂျာမန်ကောင်လေးတွေဆီအပြေးလာပီး အကူအညီတောင်းတဲ့ အခါ အုပ်စုလိုက် ပြေးလိုက်သွားပီး မိုင်းကွင်းအလယ်က ကလေးမလေးကို ကယ်ဖို့ တစ်လက်မချင်း မိုင်းတွေကို စမ်းပီးသွားနေရပါတယ်။ တပ်ကြပ်ကြီး Russmussen က နောက်ကလိုက်လာပီး ရင်တမမနဲ့ ကလေးကိုကယ်ဖို့လုပ်နေတာကို ရပ်ကြည့်နေရပါတယ်။

အဲ့ဒီအချိန်မှာ Ernst ရောက်လာပီး မိုင်းကွင်းအလယ်ကို ခံစားချက်မဲ့မျက်နာနဲ့ မကြောက်မရွံ့ လေ ျှာက်သွားပီး ကလေးကို ပွေ့ခေါ်တယ်။
လာကယ်တဲ့လူတွေလက်ထဲ ကလေးကို ထည့်ပီးတာနဲ့ ချာကနဲ လှည့်ထွက်ပီး မိုင်းကွင်းထဲကို ဆက်လေ ျှာက်သွားပါတယ်။ သူငယ်ချင်းတွေရဲ့ ကြောက်လန့်တကြားအော်ဟစ်တားမြစ်တာကို ကြားဟန်မတူတော့ပါဘူး။ သူတို့နဲ့ ခပ်လှမ်းလှမ်းအရောက်မှာ ပြင်းထန်တဲ့ ပေါက်ကွဲသံနဲ့အတူ မှိုပွင့်ကြီးတစ်ခုပေါ်လာပီး Ernst ဆိုတဲ့ ဂျာမန်ကောင်လေးပျောက်ကွယ်သွားပါတယ်။ ဂျာမနီမှာ ကျန်ခဲ့တဲ့ မိဘတွေဟာ သေသည်ရှင်သည်မသိပါ။ တွယ်တာရာ အမြွှာညီအကိုဖြစ်သူဟာ သေဆုံးခဲ့ပီးပါပီ။ ယခုအခါ တွယ်တာရာလို့ ဘာမှမကျန် အနာဂတ်ရယ်လို့ တွေးဆနိုင်စွမ်းမရှိတော့တဲ့ ဆယ်ကျော်သက် ဂျာမန်စစ်သားပိန်ပိန်လေးဟာ မိုင်းကွင်းထဲ ဖြတ်လေ ျှာက်ပီး အသေခံသွားခဲ့ပါတယ်။

စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာအဖြစ်အပျက်တွေနောက်မှာ ကျန်ခဲ့တဲ့ ဂျာမန်စစ်သားလေးတွေနဲ့ သူတို့ကိုအုပ်ချုပ်တဲ့ ဒိန်းမတ် တပ်ကြပ်ကြီးဟာ မိုင်းတွေအဆက်မပြတ်ဖော်နိုင်ခဲ့ပါတယ်။

တနေ့မှာ သူတို့တူးဖော်ထားတဲ့ မြေမြုပ်မိုင်းတွေ ရာထောင်ချီပီး ထရပ်ကားတစ်ခုပေါ်တင်နေကြပါတယ်။
ချာတိတ်လေးတွေဟာ စိတ်ကူးယဉ်နေကြပါတယ်။ ဘာလင်ကိုပြန်ရောက်ရင် အမဲသားနဲ့အာလူးဟင်း ငါ့အမေချက်တာ စားရတော့မယ်။ ဘီယာသောက်ရတော့မယ်။ ရည်းစားလည်းထားဦးမယ်ပေါ့။ သူတို့ ပြုံးပျော်ရွှင်စွာ တိုင်ပင်နေတုံးမှာပဲ။ ပြင်းထန်တဲ့ ပေါက်ကွဲသံကြီးနဲ့အတူ မြေပြင်ဟာ သိမ့်သိမ့်တုန်သွားပါတယ်။ တပ်ကြပ်ကြီး Russmussen နဲ့ မိုင်းဖော်နေတဲ့ ဂျာမန်ကောင်လေး၄ယောက် အပြေးအလွှားသွားကြည့်တော့ မဲနက်နေတဲ့ မြေပြင်ကြီးသာ ကျန်ခဲ့ပါတယ်။ သူတို့ သူငယ်ချင်းတွေ ထပ်မံပျောက်ဆုံးခဲ့ရပါပီ။ စနက်တံမပြုတ်တဲ့ မိုင်းတစ်လုံးက အစပြုပီး ရာထောင်ချီတဲ့ မိုင်းတွေထကွဲသွားဟန်တူပါတယ်။

လူ၁၄ယောက်နဲ့အစပြုခဲ့တဲ့ သူတို့ အုပ်စုလေးဟာ နောက်ဆုံးမှာ Sebastian,Ludwig,Helmut,Rodolf ဆိုတဲ့ ဂျာမန်ကောင်လေး ၄ယောက်သာကျန်ပါတော့တယ်။
မြေမြုပ်မိုင်းတွေဖော်ပီးတဲ့ အချိန်မှာ ဂတိဝတ်အတိုင်း ဂျာမနီကို ပြန်ပို့မယ်ဆိုတာကို ဒိန်းမတ် စစ်တပ်က မလုပ်ပေးပါဘူး။
နောက်ထပ် မိုင်းတွေထပ်ဖော်ဖို့ အခြားကမ်းခြေတစ်ခုကို ကျန်ရစ်တဲ့ ဂျာမန်စစ်သားလေး ၄ယောက်ကို ပို့ပစ်လိုက်ပါတယ်။

ချာတိတ်တွေကို သံယောဇဉ်တွယ်တာနေပီဖြစ်တဲ့ ဒိန်းမတ် တပ်ကြပ်ကြီးRussmussen ဟာ သူအထက်အရာရှိနဲ့ ထိပ်တိုက်တွေ့ပါတယ်။
ကလေးတွေကို ဂျာမနီပြန်ပို့ပေးဖို့တောင်းဆိုပါတယ်။
မရပါ။
ဂျာမန်တွေဟာ သူတို့ အပြစ်တွေကိုပေးဆပ်ရမယ်။ ဒီမိုင်းတွေကို ရှင်းရမယ်။ ဒါအထက်အမိန့်ပဲလို့ အငြင်းဆန်ခံရပါတယ်။
Russmussen က အော်ဟစ်တယ်။

သူတို့က ကလေးတွေကွ အပြစ်မဲ့တဲ့ကလေးတွေ မင်းတို့မတရားမလုပ်နဲ့ ပေါ့

ဒါပေမယ့် မအောင်မြင်ပါဘူး။

မြေမြုပ်မိုင်းတွေ အပြည့်နဲ့ နောက်ထပ်ကမ်းခြေတစ်ခုမှာ ဂျာမန်အကျဉ်းသားတွေ ရပ်နေကြတယ်။
မိုးတွေခိုက်ခိုက်တုန်အောင်ရွာလို့။

အဲ့ဒီမှာ ဒိန်းမတ်စစ်တပ်အမိန့်နဲ့ ဂျာမန်အကျဉ်းသားတွေကို ရွှေ့ပြောင်းဖို့ အကြောင်းကြားစာရောက်လာတယ်။

Sebastian
Ludwig
Helmut
Rodolf

အဲ့ဒီ၄ယောက်ကို ရွေးထုတ်ပီး တာလပတ်အုပ်ထားတဲ့ ထရပ်ကားပေါ်တက်စေတယ်။
ထရပ်ကားမောင်းထွက်တယ်။
အတန်ကြာတဲ့ အခါ တောစပ်တစ်ခုနားရောက်တယ်။
တာလဘတ်ဖွင့်ပီး ဆင်းခိုင်းတဲ့ အခါ သူတို့ရဲ့ ဒိန်းမတ်တပ်ကြပ်ကြီး Russmussen ဖြစ်နေကြောင်း ဂျာမန်စစ်သားလေးတွေတွေ့ရတယ်။

ဟိုးမှာတွေ့လား မီတာ၅၀၀လောက်ဝေးတယ်။
မင်းတို့ ပြေးကြပေတော့။
ဟိုဖက်က ဂျာမနီပဲ။
အိမ်ပြန်ကြတော့ ကောင်လေးတွေ.. တဲ့။

ဂျာမန်ချာတိတ်လေးတွေက ကြောင်ငေးနေကြတယ်။

ဒိန်းမတ်တပ်ကြပ်ကြီးက အော်ဟစ်တယ်။
ဘာလုပ်နေတာလဲ ပြေးကြတော့လေတဲ့။

ကောင်လေးတွေပြေးတယ်။
ပြေးရင်း နောက်ပြန်လှည့်ကြည့်တယ်။
မျက်ရည်တွေကြားထဲမှာ တခါက သူတို့ကို အင်မတန်မုန်းတီးတဲ့ ဒိန်းမတ် တပ်ကြပ်ကြီးဟာ ငေးရင်းကျန်ရစ်ခဲ့ရှာတယ်။

ရုပ်ရှင်ဇာတ်လမ်းက ဒါပါပဲ။
ဟားလီးဝုဒ် ရုပ်ရှင်တွေထဲက the Good & the Evil (နာဇီဂျာမန်တွေဟာ ထာဝရဆိုးယုတ်ပီး မဟာမိတ်တွေဟာ လူကောင်းတွေ) ဆိုတာမျိုးကနေ ကွဲထွက်နေတယ်။
လူသားဝါဒကို မီးမောင်းထိုးပြထားတယ်။ ကြင်နာသနားတတ်မှု၊တွယ်တာမှု၊ပျောက်ဆုံးမှု၊စစ်ရဲ့ ဆိုးယုတ်မှုကြောင့် ဓားစားခံဖြစ်ရရှာတဲ့ကလေးတွေ အစရှိသဖြင့် ရင်နင့်စရာကောင်းတဲ့ လောကီထုပ္ဗတ်ကို ပြထားတယ်။

ရုပ်ရှင်မပြပီ အဖွင့်စကားပြောတဲ့ ဒိန်းမတ် (သံအရာရှိထင်တာပဲ) လူကြီးရဲ့ မိန့်ခွန်းဟာ တန်ဖိုးရှိလွန်းလှတယ်။
သမိုင်းကနေ ကျနော်တို့ သင်ယူရမယ်တဲ့။
ယဉ်ကျေးတဲ့လူတွေဟာ ဆိုးယုတ်တဲ့ အတိတ်သမိုင်းတွေကို မဖုံးကွယ်ထားဘူး။ ငါတို့ချည့်ပဲ မှန်ခဲ့တယ်လို့မပြောဘူး။
ခဏခဏပြန်လှစ်ဟပြပီး ငါတို့ နောက်ထပ် အဖြစ်မခံနိုင်ဘူးဆိုပီး နောက်မျိုးဆက်တွေကို သွန်သင်တယ်။
ဒါပါပဲ။

ဥရောပ ရုပ်ရှင်ပွဲတော်ဟာ မပီးသေးပါဘူး။
ခင်ဗျားမှာ အချိန်၂နာရီလောက်ရနိုင်မယ်ဆိုရင် ဒိန်းမတ် ဒါရိုက်တာ Martin Zandvliet ရိုက်တဲ့ Land of Mine(Under sandet) ဆိုတဲ့ ဂျာမန်စကားပြော အင်္ဂလိပ်စာတန်းထိုး ရုပ်ရှင်ဇာတ်ကားကို သွားရောက်ခံစားကြည့်ပါလို့ အကြံပေးချင်ပါတယ်။

ခင်ဗျားလူဖြစ်ရတာ တန်ချင်တယ်ဆိုရင်ပေါ့လေ။

ဖိုးသူတော် (www.phothutaw.com)
Credit – http://bahuthuta.net



 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top