×


လက်နဲ့ မျက်စိလိုပါပဲ
မျက်ရည်ကျပေးတယ်လေ။

အဖော်ဆိုတာ ရှားပါတယ်။


မှန်တစ်ချပ်လိုပါပဲ

လူတစ်ချို့က ကိုယ့်အတွက်ပျော်ရွှင်မှူကို
ပျော်ရွှင်မှူကို အခြားသူဆီက မျှော်လင့်နေသ၍
စစ်မှန်တဲ့ပျော်ရွှင်မှူနဲ့ ဝေးကွာနေရအုံးမှာပါ။

ကိုယ့်စိတ်ပါပဲ။
အားငယ်နေတာလည်း "စိတ်"
ပြောလို့ရတယ်။



စစ်မှန်တဲ့ အဖော်မွန်ကောင်းလို့ သင်လက်ခံလာနိုင်ရင်
အထီးကျန်မှူဆိုတာတွေကို အနိုင်ရသွားပါလိမ့်မယ်။

လေးစားစွာဖြင့်♥ ♥ ♥

Credit:ဇင်းနစ်​ မကွေး
# Unicode Version ဖြင့် ဖတ်ပါ #
လူ့သဘာဝက တစ်ယောက်တည်းနေရမှာထက်
အပေါင်းအဖော် ကို မျှော်လင့်ရှာဖွေတတ်ကြတယ်။

အဖော်မွန်ကောင်းဆိုတာ
လက်နဲ့ မျက်စိလိုပါပဲ
မျက်စိကမျက်ရည်ကျရင် လက်ကလေးက
မျက်ရည်သုတ်ပေးတတ်သလို
လက်ကလေးနာကျင်ခဲ့ရင်လည်း မျက်လုံးက
မျက်ရည်ကျပေးတယ်လေ။

ဒါပေမယ့် ကိုယ်နဲ့ တစ်စိတ်တစ်ဝမ်းတည်း
ကိုယ့်စိတ်ကို အကောင်းဆုံးနားလည်ပေးတတ်တဲ့
အဖော်ဆိုတာ ရှားပါတယ်။

တစ်ခါတစ်လေကျတော့လည်း
အထီးကျန်နေရလို့ အဖော်ရှာမိပါတယ်
ကိုယ့်အတွက် အဖော်ရတာကနည်းနည်း
ကိုယ်ကအလိုက်တသိ ဖြည့်ဆည်းပေးနေရတာက များများဖြစ်နေတတ်တယ်။

အဖော်မွန်ကောင်းဆိုတာ
မှန်တစ်ချပ်လိုပါပဲ
ကိုယ်ကရယ်ပြရင် သူကလိုက်ရယ်ပေးပီး
ကိုယ်ငိုနေရင်တော့ သူကရယ်မပြဘူးလေ။

လူတစ်ချို့က ကိုယ့်အတွက်ပျော်ရွှင်မူှကို
အခြားသူဆီက မျှော်လင့်နေတတ်ကြတယ်
ပျော်ရွှင်မူှကို အခြားသူဆီက မျှော်လင့်နေသ၍
စစ်မှန်တဲ့ပျော်ရွှင်မူှနဲ့ ဝေးကွာနေရအုံးမှာပါ။

လူသားတိုင်းအတွက် အကောင်းဆုံး အဖော်မွန်က
ကိုယ့်စိတ်ပါပဲ။
အားငယ်နေတာလည်း "စိတ်"
ဝမ်းသာဝမ်းနည်းတာလည်း "စိတ်"
ပျော်ရွှင်နေတာလည်း "စိတ်"ပါ
ကိုယ့်စိတ်နဲ့ကိုယ် တည့်အောင်ပေါင်းသင်းပီး
စိတ်ကိုနေရာချတတ်ရင် အကောင်းဆုံးအဖော်ရပီလို့
ပြောလို့ရတယ်။

ကိုယ်သည်သာကိုယ့်ဘဝအတွက် ပဲ့ကိုင်ရှင်ဖြစ်သလို
ကိုယ်ကိုယ်တိုင်သာ ကိုယ့်ဘဝအတွက်
လောကကြီးက ပေးထားသော အဖော်မွန်ကောင်းပါ။

အဖော်ပါရင် အဖော်နဲ့လျှောက်ပါ
အဖော်မပါရင် တစ်ယောက်တည်းလျှောက်ပါ
တစ်ခါတစ်ခါ တစ်ယောက်တည်းသွားတာထက်
လူများများပါလာရင် စကားများများပြောနေရပီး ခရီးမတွင်တတ်ပါ။

ကိုယ်သည်သာ ကိုယ့်ဘဝအတွက်
စစ်မှန်တဲ့ အဖော်မွန်ကောင်းလို့ သင်လက်ခံလာနိူင်ရင်
အထီးကျန်မူှဆိုတာတွေကို အနိူင်ရသွားပါလိမ့်မယ်။

လေးစားစွာဖြင့်♥ ♥ ♥
ဇင်းနစ် မကွေး(at8:15AM....8.3.2017) လူ့သဘာဝက တစ်ယောက်တည်းနေရမှာထက်

ဖိုးသူတော် (www.phothutaw.com)
Credit:ဇင်းနစ် မကွေး
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
Top