ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×






Credit: popinvdo

#Unicode Version#
ခြိမ့်ကေကို လို့ ပြောလိုက်ရင် မိတ်ဆက်စရာ မလိုတော့အောင်ကို လူသိများသော “ငှက်ပျောသီး”အမည်ရ ဂီတကို ရူးသွပ်သူ လူငယ်လေးတစ်ယောက်ဆိုတာ အားလုံး သိကြမှာပါ။

ယခုအခါ ခြိမ့်ကေကို (ခ) ငှက်ပျောသီးမှ ဖေ့ဘုတ်စ်ပေါ်တွင် သူ၏ “မမရေ လွမ်းလို့”သီချင်းကို ပေါက်ပန်းလေးဆယ် လုပ်နေကြခြင်းဟာ မူပိုင်ခွင့် ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ ဖန်တီးသူ အနေဖြင့် အရမ်းနစ်နာကြောင်းကို ယခုလို ပြောလိုက်ပါတယ်။

“ကျနော် ဆရာ တေးရေးဆရာ ကိုကျော်မင်းဟန် ရေးသားပေးသောကျနော်ရဲ (မမရေလွမ်းလို)့ သီချင်းမှာ music (MZ) မကိုင်ထားသော အကြမ်း သံစဉ်များ Online Troll မှာ ပျံ့နံ့နေပေမဲ့ ဒီ သချင်းကို ဖန်တီးရေးသားသူ တီးခပ်သူ ကျနော် သီဆိုသူများ အနေနဲ့ အဲ့ လို ပေါက်ပင်းလေးဆယ် music တွေ troll ထည့်ပီး လျှောက်လုပ် နေတာ ဖန်တီးသူများ အရမ်းနစ်နာပါသည်

မူရင်သံစဉ်တီးလုံးများ နဲ့ မတူညီ ပါ ။ မူရင်း music က ကျနော် ရဲ့ Ofcl MTV မှာ ထည့်သွင်းပေးပါမည် မူရင်းနဲ့ troll music နဲ့ အရမ်းကွာခြားလွန်းပါသည်။

ဒါကြောင့် ကျနော်ရဲ့ Ofcl MTV မထွက်လာသရွေ့ငှင်း တီးလုံးသံစဉ်များသည် ကျနော်ရဲ့ မူရင်းသံစဉ် မဟုတ်ပါကြောင်းသိစေအပ်ပါသည် ။ တေးရေး ကျော်မင်းဟန် ရဲ့မူပိုင်ခွင့်ကိုလည်း ချိုးဖေါက်ရာရောက်ပါသည်။

ဒါကြောင့် ဒီ သီချင်းကို ဖန်တီးရေးသားသူ နဲ့ သီဆိုသူ ကျနော် Chaink K Ko နစ်ဦးစလုံး အရမ်းနစ်နာစေပါသည်” ဟူ၍ အသိပေး ထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: popinvdo

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top