မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

တစ္ခါတစ္ရံမွာ ခ်စ္သူစံုတြဲေတြ တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈလြဲၿပီး အတူတူဆက္လက္တြဲဖို႔ ဘယ္လိုမွ အဆင္မေျပေတာ့တဲ့အခါ လမ္းခြဲလိုက္ရတာမ်ိဳးေတြ ႐ွိပါတယ္။ ခ်စ္ရက္နဲ႔ လမ္းခြဲလိုက္တာပဲျဖစ္ေစ မခ်စ္ေတာ့လို႔ လမ္းခြဲလိုက္တာပဲျဖစ္ေစ လမ္းခြဲၿပီးတဲ့ေနာက္မွာေတာ့ အနည္းနဲ႔အမ်ား အသည္းကြဲေဝဒနာကို ခံစားၾကရမွာပါ။ သင္တို႔ႏွစ္ေယာက္လမ္းခြဲၿပီးတဲ့ ေနာက္မွာ သင့္ရည္းစားေဟာင္းက စိတ္မျပတ္ႏိုင္ေသးလို႔ သင့္ဆီ ျပန္လာခ်င္ေနေသးတာကို သင္ဘယ္လိုသိႏိုင္မလဲ။

၁။ သင္မ႐ွိတဲ့ေနာက္မွာ ဘာမွ အဆင္မေျပဘူး

သင္တို႔ ျပႆနာေတြျဖစ္လို႔ လမ္းခြဲၿပီးတဲ့ေနာက္မွာ သူ႔အလုပ္အကိုင္၊ သူ႔တစ္ေန႔တာ ျဖတ္သန္းမႈက ဘယ္လိုမွ အဆင္မေျပေတာ့ပါဘူး။ စိတ္႐ွဳပ္ေထြးျခင္း၊ ေဒါသထြက္ျခင္း၊ အျပစ္႐ွိသလိုခံစားရျခင္း၊ ေၾကာက္႐ြံ႕ျခင္းေတြက သူ႔တစ္ေန႔တာဘဝကို တိုက္႐ိုက္ဆိုးက်ိဳးေတြ ေပးေနတာပါ။

၂။ သင္နဲ႔ျပတ္စဲၿပီးတဲ့ေနာက္မွာ သူငယ္ခ်င္းအျဖစ္ခင္မင္ခ်င္ေသးတယ္

သင္နဲ႔ လမ္းခြဲၿပီးတဲ့ေနာက္မွာေတာင္ အရင္းႏွီးဆံုးသူငယ္ခ်င္းအျဖစ္ ဆက္လက္႐ွိေနခ်င္ေသးတယ္ဆိုရင္ေတာ့ သင့္အေပၚမွာ အခုအခ်ိန္ထိစိတ္မျဖတ္ႏိုင္ေသးဘဲ စိတ္ဝင္စားမႈ႐ွိေနေသးလို႔ပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင္နဲ႔အဆက္အသြယ္မျပတ္ေအာင္ သင္တို႔ၾကားကအခ်စ္ေတြကို ျပန္လည္႐ွင္သန္ေနခ်င္ေသးလို႔ ႀကိဳးစားေနျခင္းျဖစ္ပါတယ္။

၃။ အလြန္အကြ်ံေတာင္းပန္ေနမယ္

အတိတ္က စိတ္သေဘာထားမတိုက္ဆိုင္မႈအတြက္ နားလည္မႈလြဲမွားမႈေတြအတြက္ မၿပီးဆံုးႏိုင္ေအာင္ ေတာင္းပန္ေနတာပါ။ ဒီလိုေတာင္းပန္ျခင္းက အတိတ္ကအမွားေတြကို ျပန္လည္ျပင္ဆင္ႏိုင္ဖို႔အတြက္ ဘာမဆိုႀကိဳးစားခ်င္ၿပီး သင္နဲ႔အတူ႐ွိေနခ်င္ေသးတဲ့ လကၡဏာတစ္ခုပါ။

၄။ သင့္ကိုယ္ပိုင္ဘဝကို ဝင္ေရာက္စြက္ဖက္ေနဦးမယ္

သင္တို႔လမ္းခြဲျပတ္စဲၿပီးတာေတာင္မွ သင့္ကိုယ္ေရးကိုယ္တာေတြ သင့္ဆံုးျဖတ္ခ်က္ခ်တာေတြမွာ သူက လိုက္လံအႀကံေပးေနဦးမယ္ဆိုတာ သင့္ကိုဂ႐ုစိုက္တုန္းပဲဆိုတာ ေဖာ္ျပေနပါတယ္။ သင့္ကို ဂ႐ုစိုက္တဲ့အတြက္ေၾကာင့္ သင္ဆံုးျဖတ္ခ်က္အမွားေတြ ျပဳလုပ္မိမွာ စိုးရိမ္တဲ့အတြက္ေၾကာင့္ပါ။

၅။ အတူ႐ွိေနစဥ္တုန္းက အခ်ိန္ကို ျပန္လည္တမ္းတေနျခင္း

သင္တို႔ႏွစ္ေယာက္အတူ႐ွိေနခ်ိန္ေတြက သိပ္ကိုေပ်ာ္႐ႊင္စရာေကာင္းခဲ့တယ္ဆိုတာကို သင့္ကိုေျပာျပေနျခင္းကလည္း သင္မ႐ွိတဲ့သူ႔ဘဝက သိပ္ကိုအထီးက်န္ဆန္တာမို႔လို႔ သင့္ဆီကိုျပန္လာခ်င္ေနတဲ့ အခ်က္တစ္ခ်က္ပါပဲ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mystyle

#Unicode Version#

တစ်ခါတစ်ရံမှာ ချစ်သူစုံတွဲတွေ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလွဲပြီး အတူတူဆက်လက်တွဲဖို့ ဘယ်လိုမှ အဆင်မပြေတော့တဲ့အခါ လမ်းခွဲလိုက်ရတာမျိုးတွေ ရှိပါတယ်။ ချစ်ရက်နဲ့ လမ်းခွဲလိုက်တာပဲဖြစ်စေ မချစ်တော့လို့ လမ်းခွဲလိုက်တာပဲဖြစ်စေ လမ်းခွဲပြီးတဲ့နောက်မှာတော့ အနည်းနဲ့အများ အသည်းကွဲဝေဒနာကို ခံစားကြရမှာပါ။ သင်တို့နှစ်ယောက်လမ်းခွဲပြီးတဲ့ နောက်မှာ သင့်ရည်းစားဟောင်းက စိတ်မပြတ်နိုင်သေးလို့ သင့်ဆီ ပြန်လာချင်နေသေးတာကို သင်ဘယ်လိုသိနိုင်မလဲ။

၁။ သင်မရှိတဲ့နောက်မှာ ဘာမှ အဆင်မပြေဘူး

သင်တို့ ပြဿနာတွေဖြစ်လို့ လမ်းခွဲပြီးတဲ့နောက်မှာ သူ့အလုပ်အကိုင်၊ သူ့တစ်နေ့တာ ဖြတ်သန်းမှုက ဘယ်လိုမှ အဆင်မပြေတော့ပါဘူး။ စိတ်ရှုပ်ထွေးခြင်း၊ ဒေါသထွက်ခြင်း၊ အပြစ်ရှိသလိုခံစားရခြင်း၊ ကြောက်ရွံ့ခြင်းတွေက သူ့တစ်နေ့တာဘဝကို တိုက်ရိုက်ဆိုးကျိုးတွေ ပေးနေတာပါ။

၂။ သင်နဲ့ပြတ်စဲပြီးတဲ့နောက်မှာ သူငယ်ချင်းအဖြစ်ခင်မင်ချင်သေးတယ်

သင်နဲ့ လမ်းခွဲပြီးတဲ့နောက်မှာတောင် အရင်းနှီးဆုံးသူငယ်ချင်းအဖြစ် ဆက်လက်ရှိနေချင်သေးတယ်ဆိုရင်တော့ သင့်အပေါ်မှာ အခုအချိန်ထိစိတ်မဖြတ်နိုင်သေးဘဲ စိတ်ဝင်စားမှုရှိနေသေးလို့ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သင်နဲ့အဆက်အသွယ်မပြတ်အောင် သင်တို့ကြားကအချစ်တွေကို ပြန်လည်ရှင်သန်နေချင်သေးလို့ ကြိုးစားနေခြင်းဖြစ်ပါတယ်။

၃။ အလွန်အကျွံတောင်းပန်နေမယ်

အတိတ်က စိတ်သဘောထားမတိုက်ဆိုင်မှုအတွက် နားလည်မှုလွဲမှားမှုတွေအတွက် မပြီးဆုံးနိုင်အောင် တောင်းပန်နေတာပါ။ ဒီလိုတောင်းပန်ခြင်းက အတိတ်ကအမှားတွေကို ပြန်လည်ပြင်ဆင်နိုင်ဖို့အတွက် ဘာမဆိုကြိုးစားချင်ပြီး သင်နဲ့အတူရှိနေချင်သေးတဲ့ လက္ခဏာတစ်ခုပါ။

၄။ သင့်ကိုယ်ပိုင်ဘဝကို ဝင်ရောက်စွက်ဖက်နေဦးမယ်

သင်တို့လမ်းခွဲပြတ်စဲပြီးတာတောင်မှ သင့်ကိုယ်ရေးကိုယ်တာတွေ သင့်ဆုံးဖြတ်ချက်ချတာတွေမှာ သူက လိုက်လံအကြံပေးနေဦးမယ်ဆိုတာ သင့်ကိုဂရုစိုက်တုန်းပဲဆိုတာ ဖော်ပြနေပါတယ်။ သင့်ကို ဂရုစိုက်တဲ့အတွက်ကြောင့် သင်ဆုံးဖြတ်ချက်အမှားတွေ ပြုလုပ်မိမှာ စိုးရိမ်တဲ့အတွက်ကြောင့်ပါ။

၅။ အတူရှိနေစဉ်တုန်းက အချိန်ကို ပြန်လည်တမ်းတနေခြင်း

သင်တို့နှစ်ယောက်အတူရှိနေချိန်တွေက သိပ်ကိုပျော်ရွှင်စရာကောင်းခဲ့တယ်ဆိုတာကို သင့်ကိုပြောပြနေခြင်းကလည်း သင်မရှိတဲ့သူ့ဘဝက သိပ်ကိုအထီးကျန်ဆန်တာမို့လို့ သင့်ဆီကိုပြန်လာချင်နေတဲ့ အချက်တစ်ချက်ပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: Mystyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top