ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×






































သရုပ္ေဆာင္ ခင္လႈိင္တစ္ေယာက္ လူမင္းေပးတဲ့ လက္ေဆာင္ေၾကာင့္ အေပ်ာ္ႀကီး ေပ်ာ္လို႕ေနတာ ေတြ႕ရပါတယ္။ သူအရမ္းလိုခ်င္ေနတဲ့ Versace နားကပ္ကေလးကို လူမင္းတို႕ ဇနီးေမာင္ႏွံက လက္ေဆာင္ေပးခဲ့တာ ျဖစ္ပါတယ္။ Versace နားကပ္ေလးကို လူမင္းပန္ကတည္းက သူ ႀကိတ္ေၾကြေနခဲ့ရတာပါတဲ့။ ဒါကို လူမင္းတို႕ ဇနီးေမာင္ႏွံက သိတာေၾကာင့္ အသစ္တစ္စံုမွာၿပီး ခင္လိႈင္ကို လက္ေဆာင္ေပး ခဲ့တာ ျဖစ္တယ္လို႕ သိရပါတယ္။

"အန္ကယ္ေလးရဲ႕ကၽြန္ေတာ့္အတြက္လက္ေဆာင္ပါ ဒီနားကပ္ေလးကို အန္ကယ္ေလးပန္ထားထဲက ႀကိတ္ေႂကြေနခဲ့တာကၽြန္ေတာ္ သေဘာၾက မွန္းသိလို႔ အန္ကယ္ေလးနဲ႔ခင္စံပယ္ဦးတို႔ဇနီးေမာင္ႏွံကအသစ္မွာၿပီးလက္ေဆာင္ေပးတာပါေက်းဇူးအမ်ားႀကီးတင္ပါတယ္အန္ကယ္ေလးေရ" ဆိုၿပီး ခင္လိႈင္ရဲ႕ ေဖ့စ္ဘြတ္မွာ စက္တင္ဘာ(၂၄) ရက္ေန႕ (၁)နာရီ (၂၅)မိနစ္က ေရးသားထားတာေတြ႕ရပါတယ္။

လက္ေဆာင္က ရွယ္ပဲေနာ္။



နာမည္ႀကီး Brand ကို လက္ေဆာင္ရသြားခဲ့တဲ့ ခင္လိႈင္တစ္ေယာက္ ဘယ္ေလာက္ေတာင္ ေပ်ာ္ေနမလဲဆိုတာ ပံုေလးေတြကို ၾကည့္ၿပီး ေတြ႕ႏိုင္ပါတယ္။ပရိသတ္ေတြကလည္း  လက္ေဆာင္ရသြားတဲ့ ခင္လိႈင္အတြက္ ဝမ္းသာေနသလို လက္ေဆာင္ေပးတဲ့ လူမင္းတို႕ဇနီးေမာင္နွံရဲ႕ စိတ္သေဘာထားေလးကို သေဘာက်လို႕ေနၾကပါတယ္။

လူမင္းနဲ႕ခင္လိႈင္တို႕ဟာ အႏုပညာညီအစ္ကိုႏွစ္ေယာက္ျဖစ္ၿပီး အႏုပညာေလာကထဲမွာ အခ်ိန္အေတာ္ၾကာ ရပ္တည္ေနႏိုင္သူေတြလည္း ျဖစ္ပါတယ္။ ေျပတီဦးနဲ႔ ခင္လႈိင္တုိ႔ အႏုပညာညီအစ္ကုိ ႏွစ္ေယာက္ဟာ အႏုပညာသက္တမ္းလည္း ၾကာၿပီျဖစ္သလုိ တစ္ေယာက္နဲ႔ တစ္ေယာက္ကလည္း ကာရိုက္တာတုိင္းကုိ အခ်ိတ္အဆက္မိမိ အတူတြဲ သရုပ္ေဆာင္ႏုိင္ခဲ့သူေတြျဖစ္ပါတယ္။



အလွဴအတန္းျပဳလုပ္တဲ့ ေနရာမွာလည္း သူတုိ႔ ႏွစ္ဦး ရဲ႕ စိတ္ဓာတ္ေလးေတြက အရမ္းကုိ ေကာင္းပါတယ္။ သူတုိ႔ႏွစ္ဦး ပါဝင္သရုပ္ေဆာင္ ထားတဲ့ ဗီဒီယုိဇာတ္ကား၊ ရုပ္ရွင္ဇာတ္ကားေတြကလည္း အမ်ားႀကီးပါ။ ထပ္ဆင့္အကယ္ဒမီ လူမင္းဟာ၂၀၁၃ ဇြန္လက စတင္ကာ ၂၀၁၇ခုႏွစ္အထိ ျမန္မာႏုိုင္ငံရုပ္ရွင္အစည္းအရုံးရဲ႕ ဥကၠဌအျဖစ္ ေလးႏွစ္ေက်ာ္ ထမ္းေဆာင္ခဲ့ သူတစ္ဦးျဖစ္ပါတယ္။ လူမင္းဟာ ၂၀၀၂ခုႏွစ္မွာ ေရႊမံႈႀကဲတဲ့မိုးေကာင္ကင္ ရုပ္ရွင္ဇာတ္ကားမွာ အေကာင္းဆံုး အမ်ိဳးသားဇာတ္ေဆာင္ဆု၊ ၂၀၀၅ခုႏွစ္မွာေတာ့ က်န္စစ္မင္းနဲ႕ အကယ္ဒမီရရွိခဲ့ ၿပီး ဥကၠဌရာထူးကို ဆက္ခံၿပီးေနာက္ပိုင္း အကယ္ဒမီဆုမ်ားနဲ႕ ေဝးကြာေနသူ သရုပ္ေဆာင္တစ္ဦးလည္း ျဖစ္ပါတယ္။

၂၀၁၆ခုႏွစ္မွာေတာ့ လူမင္းက ပေရာ္ဖက္ဆာေဒါက္တာဆိတ္ဖြားနွင့္ၿမိဳင္ရာဇာတာေတ ရုပ္ရွင္ဇာတ္ကားနဲ႕ အေကာင္းဆံုး အမ်ိဳးသား ဇာတ္ပို႕ ဆုကို ရရွိခဲ့ပါေသးတယ္။ယခုလက္ရွိမွာေတာ့ ဥကၠဌတာဝန္ကေန အနားယူခဲ့ၿပီး သူဝါသနာပါရာအႏုပညာအလုပ္ေတြကို ျပန္လည္ လုပ္ကိုင္လ်က္ရွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version ျဖင့္ ဖတ္ပါ #
 လက်ဆောင်က ရှယ်ပဲနော်။

သရုပ်ဆောင် ခင်လှိုင်တစ်ယောက် လူမင်းပေးတဲ့ လက်ဆောင်ကြောင့် အပျော်ကြီး ပျော်လို့နေတာ တွေ့ရပါတယ်။ သူအရမ်းလို ချင်နေတဲ့ Versace နားကပ်ကလေးကို လူမင်းတို့ ဇနီးမောင်နှံက လက်ဆောင်ပေးခဲ့တာပါ။

သရုပ်ဆောင် ခင်လှိုင်တစ်ယောက် လူမင်းပေးတဲ့ လက်ဆောင်ကြောင့် အပျော်ကြီး ပျော်လို့နေတာ တွေ့ရပါတယ်။ သူအရမ်းလိုချင်နေတဲ့ Versace နားကပ်ကလေးကို လူမင်းတို့ ဇနီးမောင်နှံက လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ Versace နားကပ်လေးကို လူမင်းပန်ကတည်းက သူ ကြိတ်ကြွေနေခဲ့ရတာပါတဲ့။ ဒါကို လူမင်းတို့ ဇနီးမောင်နှံက သိတာကြောင့် အသစ်တစ်စုံမှာပြီး ခင်လှိုင်ကို လက်ဆောင်ပေး ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

"အန်ကယ်လေးရဲ့ကျွန်တော့်အတွက်လက်ဆောင်ပါ ဒီနားကပ်လေးကို အန်ကယ်လေးပန်ထားထဲက ကြိတ်ကြွေနေခဲ့တာကျွန်တော် သဘောကြ မှန်းသိလို့ အန်ကယ်လေးနဲ့ခင်စံပယ်ဦးတို့ဇနီးမောင်နှံကအသစ်မှာပြီးလက်ဆောင်ပေးတာပါကျေးဇူးအများကြီးတင်ပါတယ်အန်ကယ်လေးရေ" ဆိုပြီး ခင်လှိုင်ရဲ့ ဖေ့စ်ဘွတ်မှာ စက်တင်ဘာ(၂၄) ရက်နေ့ (၁)နာရီ (၂၅)မိနစ်က ရေးသားထားတာတွေ့ရပါတယ်။


နာမည်ကြီး Brand ကို လက်ဆောင်ရသွားခဲ့တဲ့ ခင်လှိုင်တစ်ယောက် ဘယ်လောက်တောင် ပျော်နေမလဲဆိုတာ ပုံလေးတွေကို ကြည့်ပြီး တွေ့နိုင်ပါတယ်။ပရိသတ်တွေကလည်း  လက်ဆောင်ရသွားတဲ့ ခင်လှိုင်အတွက် ဝမ်းသာနေသလို လက်ဆောင်ပေးတဲ့ လူမင်းတို့ဇနီးမောင်နှံရဲ့ စိတ်သဘောထားလေးကို သဘောကျလို့နေကြပါတယ်။

လူမင်းနဲ့ခင်လှိုင်တို့ဟာ အနုပညာညီအစ်ကိုနှစ်ယောက်ဖြစ်ပြီး အနုပညာလောကထဲမှာ အချိန်အတော်ကြာ ရပ်တည်နေနိုင်သူတွေလည်း ဖြစ်ပါတယ်။ ပြေတီဦးနဲ့ ခင်လှိုင်တို့ အနုပညာညီအစ်ကို နှစ်ယောက်ဟာ အနုပညာသက်တမ်းလည်း ကြာပြီဖြစ်သလို တစ်ယောက်နဲ့ တစ်ယောက်ကလည်း ကာရိုက်တာတိုင်းကို အချိတ်အဆက်မိမိ အတူတွဲ သရုပ်ဆောင်နိုင်ခဲ့သူတွေဖြစ်ပါတယ်။


အလှူအတန်းပြုလုပ်တဲ့ နေရာမှာလည်း သူတို့ နှစ်ဦး ရဲ့ စိတ်ဓာတ်လေးတွေက အရမ်းကို ကောင်းပါတယ်။ သူတို့နှစ်ဦး ပါဝင်သရုပ်ဆောင် ထားတဲ့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကလည်း အများကြီးပါ။ ထပ်ဆင့်အကယ်ဒမီ လူမင်းဟာ၂၀၁၃ ဇွန်လက စတင်ကာ ၂၀၁၇ခုနှစ်အထိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌအဖြစ် လေးနှစ်ကျော် ထမ်းဆောင်ခဲ့ သူတစ်ဦးဖြစ်ပါတယ်။ လူမင်းဟာ ၂၀၀၂ခုနှစ်မှာ ရွှေမှုံကြဲတဲ့မိုးကောင်ကင် ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၀၅ခုနှစ်မှာတော့ ကျန်စစ်မင်းနဲ့ အကယ်ဒမီရရှိခဲ့ ပြီး ဥက္ကဌရာထူးကို ဆက်ခံပြီးနောက်ပိုင်း အကယ်ဒမီဆုများနဲ့ ဝေးကွာနေသူ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။


၂၀၁၆ခုနှစ်မှာတော့ လူမင်းက ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့်မြိုင်ရာဇာတာတေ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ဆုကို ရရှိခဲ့ပါသေးတယ်။ယခုလက်ရှိမှာတော့ ဥက္ကဌတာဝန်ကနေ အနားယူခဲ့ပြီး သူဝါသနာပါရာအနုပညာအလုပ်တွေကို ပြန်လည် လုပ်ကိုင်လျက်ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top