မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

က်န္းမာေရးအရ မေကာင္းလွတဲ့ အရာေတြက လူေတြအတြက္ အက်င့္စြဲတစ္ခုလိုျဖစ္လာဖို႔ အင္မတန္လြယ္ကူပါတယ္။ အသက္ကို ဥာဏ္ေစာင့္ ဆိုတဲ့စကားအတိုင္းပါပဲ။ ေန႔စဥ္လူမႈေနထိုင္မႈဘဝမွာ

မိမိကိုယ္ခႏၶာနဲ႔ က်န္းမာေရးအတြက္ သတိနဲ႔ ဂ႐ုတစိုက္ရွိေပးဖို႔ အထူးလိုအပ္လာပါၿပီ။


က်န္းမာေရးသုေတသနေတြအရ တစ္ေနကုန္ ႐ုံးမွာထိုင္ၿပီး အေညာင္းမိလာတဲ့ ကိုယ္ခႏၶာထိခိုက္မႈကို ညေနမွာ Gym မွာသြားကစားေပး႐ုံနဲ႔ မကာမိေစပါဘူး လို႔ ဆိုထားပါတယ္။ တစ္ေန႔တာမွာ အနည္းဆုံးေတာ့ အေပါ့စား ကိုယ္လက္လႈပ္ရွားေပးဖို႔ လိုပါတယ္။

- အရက္ေသာက္ျခင္း

- ေန႔စဥ္စားသုံးမႈ အစာအာဟာရ မမၽွတ၊ ခ်ိဳ႕တဲ့ျခင္း

- ကိုယ္လက္လႈပ္ရွားမႈမရွိျခင္း

- ေဆးလိပ္ေသာက္ျခင္း

- တစ္ရက္ကို အနည္းဆုံး ၇နာရီေလာက္ ထိုင္ေနရျခင္း

- တစ္ေန႔ကို ကိုးနာရီထက္ပို၍ အိပ္စက္ျခင္း


ဒီအက်င့္စြဲေတြဟာ ပြင့္ပြင့္လင္းလင္းဆိုရရင္ေတာ့ လူေတြအတြက္ အျမန္ဆုံးနဲ႔ အေစာဆုံး ေသဆုံးေစႏိုင္တဲ့ အေလ့အက်င့္ဆိုးေတြအျဖစ္ ေျပာလို႔ရပါတယ္။ ဒီအက်င့္ေတြထဲမွာမွ အထူးဆင္ျခင္စရာကေတာ့ " ၾကာရွည္အေညာင္းမိျခင္းနဲ႔ အခ်ိန္ၾကာျမင့္စြာအိပ္စက္ျခင္း " နဲ႔ " ေဆးလိပ္နဲ႔ အရက္ကို ၿပိဳင္တူသုံးစြဲျခင္း " စတဲ့ အက်င့္စြဲေတြဟာ လူကို ပိုၿပီး ေစာေစာေသဆုံးေစပါလိမ့္မယ္။


ဒါဟာ လူဦးေရ ႏွစ္သိန္းသုံးေသာင္းကို က်န္းမာေရးအရ စစ္ေဆးေလ့လာခဲ့တဲ့ ရလဒ္တစ္ခုက အေျဖေတြပဲ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:.yoyarlay
# Unicode Version ျဖင့္ ဖတ္ပါ #
ကျန်းမာရေးအရ မကောင်းလှတဲ့ အရာတွေက လူတွေအတွက် အကျင့်စွဲတစ်ခုလိုဖြစ်လာဖို့ အင်မတန်လွယ်ကူပါတယ်။ အသက်ကို ဉာဏ်စောင့် ဆိုတဲ့စကားအတိုင်းပါပဲ။ နေ့စဉ်လူမှုနေထိုင်မှုဘဝမှာ

မိမိကိုယ်ခန္ဓာနဲ့ ကျန်းမာရေးအတွက် သတိနဲ့ ဂရုတစိုက်ရှိပေးဖို့ အထူးလိုအပ်လာပါပြီ။

ကျန်းမာရေးသုတေသနတွေအရ တစ်နေကုန် ရုံးမှာထိုင်ပြီး အညောင်းမိလာတဲ့ ကိုယ်ခန္ဓာထိခိုက်မှုကို ညနေမှာ Gym မှာသွားကစားပေးရုံနဲ့ မကာမိစေပါဘူး လို့ ဆိုထားပါတယ်။ တစ်နေ့တာမှာ အနည်းဆုံးတော့ အပေါ့စား ကိုယ်လက်လှုပ်ရှားပေးဖို့ လိုပါတယ်။

- အရက်သောက်ခြင်း

- နေ့စဉ်စားသုံးမှု အစာအာဟာရ မမျှတ၊ ချို့တဲ့ခြင်း

- ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း

- ဆေးလိပ်သောက်ခြင်း

- တစ်ရက်ကို အနည်းဆုံး ၇နာရီလောက် ထိုင်နေရခြင်း

- တစ်နေ့ကို ကိုးနာရီထက်ပို၍ အိပ်စက်ခြင်း

ဒီအကျင့်စွဲတွေဟာ ပွင့်ပွင့်လင်းလင်းဆိုရရင်တော့ လူတွေအတွက် အမြန်ဆုံးနဲ့ အစောဆုံး သေဆုံးစေနိုင်တဲ့ အလေ့အကျင့်ဆိုးတွေအဖြစ် ပြောလို့ရပါတယ်။ ဒီအကျင့်တွေထဲမှာမှ အထူးဆင်ခြင်စရာကတော့ " ကြာရှည်အညောင်းမိခြင်းနဲ့ အချိန်ကြာမြင့်စွာအိပ်စက်ခြင်း " နဲ့ " ဆေးလိပ်နဲ့ အရက်ကို ပြိုင်တူသုံးစွဲခြင်း " စတဲ့ အကျင့်စွဲတွေဟာ လူကို ပိုပြီး စောစောသေဆုံးစေပါလိမ့်မယ်။

ဒါဟာ လူဦးရေ နှစ်သိန်းသုံးသောင်းကို ကျန်းမာရေးအရ စစ်ဆေးလေ့လာခဲ့တဲ့ ရလဒ်တစ်ခုက အဖြေတွေပဲ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:.yoyarlay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top