ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ရွားပါးသည့္ ေအာင္ျမင္မႈသို႔ လွမ္းႏိုင္ခဲ့သူ————

သူ ငယ္စဥ္က သူတို႔ မိသားစုမွာ ခ်မ္းသာ ခဲ့ေသာ္လည္း အေဖ ေနာက္ အိမ္ေထာင္ျပဳ သြားခ်ိန္တြင္ မိသားစု စီးပြားေရးစတင္ ယိုင္လဲလာခဲ့သည္။ ေနာက္ဆုံးတြင္ စီးပြား ပ်က္ၿပီး မႏၲေလး ထီးတိုင္တန္းေဈးတြင္ ၾကက္သြန္ဗန္း ခင္းေရာင္းခဲ့ရသည္ အထိပင္ ဘဝေပး အေျခအေန ဆိုး႐ြား ခဲ့သည္။

အေမသည္ သူတို႔ ညီအစ္ကိုႏွစ္ဦးအတြက္ ထီးလို မိုးလို ျဖစ္သည္။ သူ႔ ဘဝတြင္ အေမ သည္ ေအးျမေသာ အရိပ္ကို ေပးစြမ္းႏိုင္ခဲ့သည္။ အေမက စားဝတ္ေနေရးအတြက္ ပင္ပန္းစြာ ရွာေဖြ ေကြၽးေမြးခဲ့သည္။

ထိုသို႔ ဆင္းရဲတြင္း နက္သထက္ နက္လ်က္ ပင္ပန္းဆင္းရဲ ႀကီးစြာ ႐ုန္းကန္ခဲ့ေသာ္လည္း သားမ်ားကိုမူ ပညာတတ္ႀကီး ျဖစ္ေစလိုသည့္ အတြက္ လူခ်မ္းသာေတြ အမ်ားစု တက္ ေရာက္ေသာ သာသနာျပဳ ေက်ာင္း (Father Lafon) တြင္ ထားေပးခဲ့သည္။

ေက်ာင္းလခသည္ တစ္လ ၁၅ က်ပ္ ျဖစ္ၿပီး ညီအစ္ကို ႏွစ္ေယာက္ေပါင္း ၃၀က်ပ္ ဆိုသည္မွာ ထိုေခတ္အခါက အလြန္ မ်ားေသာ ေငြျဖစ္သည္။

ပညာေရးကို ထိုသို႔ အားေပးခဲ့ေသာ အေမေၾကာင့္ သူ႔ ဘဝတြင္ ဆင္းရဲခဲ့ေသာ္ျငား ပညာေရး ခါးမျပတ္ ခဲ့ေပ။ အေမ ေက်ာင္း ေကာင္း ထားေပးခဲ့ သည့္ အတြက္ အေျခမယိုင္ခဲ့ေပ။

ထို႔ေၾကာင့္ ပင္ပင္ ပန္းပန္း ႐ုန္းကန္ေနရေသာ အေမ့အတြက္ တစ္ဖက္ တစ္လမ္းမွ အေထာက္အကူ ျဖစ္ေစရန္ သူ ဆယ္တန္း ၿပီးခ်ိန္တြင္ သူမ်ားေတြလို လတ္လ်ား လတ္လ်ား မေနပဲ ကိုယ္ပိုင္ဝင္ေငြျဖင့္ ေက်ာင္းဆက္ တက္မည္ ဟူေသာ ရည္႐ြယ္ခ်က္ျဖင့္ အလုပ္ရွာ ခဲ့သည္။

ထိုအခ်ိန္တြင္ မိုးေလဝသ ဌာနမွ အလုပ္ေခၚ ယူလ်က္ ရွိရာ အလုပ္လုပ္လိုေသာ သူ႔အဖို႔ သြားေရာက္ ေလွ်ာက္ထား ျဖစ္ခဲ့သည္။

ေရးေျဖစာေမးပြဲကို ေအာင္ျမင္ၿပီးေနာက္ လူေတြ႕ စစ္ေမး သည့္အခါ သူေနထိုင္ရာ မႏၲေလးၿမိဳ႕ တြင္ မဟုတ္ဘဲ လားရႈိးၿမိဳ႕တြင္ လုပ္ကိုင္ရမည္ ျဖစ္ေၾကာင္း သိလိုက္ ရသည္။

မျဖစ္ႏိုင္ေပ။ မိခင္ကို မထားသြားလိုသည္က တစ္ေၾကာင္း၊ အလုပ္လုပ္ရင္း ေက်ာင္း ဆက္ တက္ လိုသည္က တစ္ေၾကာင္းေၾကာင့္ ေတြေဝေနခဲ့မိသည္။

ထိုသို႔ ဒြိဟ ျဖစ္ေနစဥ္ တစ္ရက္တြင္ မိုးေလဝသ ဌာနမွ ဆရာႀကီး ဦးလွမွ သူ႔ကို ေခၚယူ ေတြ႕ဆုံ ခဲ့သည္။ ေရးေျဖ စာေမးပြဲရလဒ္ေၾကာင့္ ျဖစ္သည္။ သူ ေရးေျဖစာေမးပြဲ၌ ပထမရရွိခဲ့သည္။

ထိုမွ်သာ မကေသး။ ဒုတိယ ရရွိသူႏွင့္ အမွတ္ ၄၀ ေက်ာ္ ၅၀ နီးပါးအထိ အျပတ္အသတ္ကြာခဲ့သည္။ ဆရာႀကီး ဦးလွကို သူ၏ အခက္အခဲကို ေျပာျပခဲ့ရာ ဆရာႀကီးမွ မႏၲေလးတြင္ပင္ အလုပ္ လုပ္ႏိုင္ ရန္ စီမံေပး သျဖင့္ ဝမ္းသာခဲ့ရသည္။

ဤသို႔ျဖင့္ပင္ မိုးေလဝသအေၾကာင္း နကန္း တစ္လုံး မသိ႐ုံမက မိုးေလဝသဌာနတြင္ လုပ္ခ်င္လြန္း ၍ မဟုတ္ဘဲ စားဝတ္ေနေရးႏွင့္ ေက်ာင္းစားရိတ္ အတြက္ ရရစားစား လုပ္မည္ဟူေသာ ခံယူခ်က္ျဖင့္ ၁၉၆၅ ခုႏွစ္ ေမလ ၃ ရက္ေန႔၊ အသက္ ၁၇ ႏွစ္ေက်ာ္အ႐ြယ္တြင္ မိုးေလဝသဌာန၌ Junior Observer တိုင္းထြာေရးမႉးေလးအျဖစ္ စတင္ ဝင္ေရာက္ လုပ္ကိုင္ ခဲ့သည္။

လစာ ၁၂၆ က်ပ္ ရရွိခဲ့ၿပီး မိသားစု စားဝတ္ေနေရး အတြက္ တစ္ဖက္တစ္လမ္းမွ ေထာက္ပံ့ႏိုင္ ခဲ့သည္။ ဆယ္တန္း ေအာင္စာရင္း ထြက္လာသည့္ အခါ တြင္လည္း သူေမွ်ာ္မွန္း ထားသည့္ အတိုင္းပင္ ေအာင္ျမင္ခဲ့သည္။

ကံမ်က္ႏွာသာေပးလာသည္ဟု ေျပာရမလားပင္။ သူတို႔လို အလုပ္လုပ္ရင္း ေက်ာင္း တက္မည့္ သူမ်ား အတြက္ တိုးခ်ဲ႕ညေနသင္တန္း ကို အဆိုပါ ႏွစ္က စ၍ မႏၲေလး ဝိဇၨာ သိပၸံ တကၠသိုလ္ တြင္ ဖြင့္လွစ္ ေပးခဲ့သည္။

ငယ္စဥ္ကထဲက သခ်ၤာကို ဝါသနာ ပါခဲ့ၿပီး အထက္တန္း ပညာေရး အားထုတ္ခဲ့စဥ္ အခါတုန္းကလဲ သခ်ၤာ လူရည္ခြၽန္ဆု ရခဲ့သည့္ သူသည္ သခ်ၤာ ဘာသာရပ္ကို ေ႐ြးမည္ ႀကံမိ၏။

သို႔ေသာ္ ထိုသူငယ္တြင္ ထူးျခားေသာ စိတ္ တစ္မ်ိဳး ရွိသည္။ ဘယ္အလုပ္ကို မဆို ေပါက္ ေျမာက္ ေအာင္ျမင္ေအာင္ လုပ္လိုျခင္း ျဖစ္သည္။ သူ ယခု ေရာက္ေန ေသာ မိုးေလဝသဌာန ႏွင့္ တကယ္တမ္း နီးစပ္သည္က ႐ူပေဗဒ ဘာသာျဖစ္သည္။

ဤ မိုးေလဝသ လုပ္ငန္းခြင္တြင္လည္း အမွန္အကန္ ကို ေပါက္ေျမာက္ ေအာင္ျမင္လိုသည္။ ထို႔ေၾကာင့္ ဝါသနာေနာက္မလိုက္ပဲ မိမိ အလုပ္အကိုင္ ေအာင္ျမင္မႈ ကို သာ ဦးတည္မည့္ ႐ူပေဗဒကို လိုက္ရန္ ဆုံးျဖတ္လိုက္သည္။

ေက်ာင္းတက္ေနစဥ္ ၅ ႏွစ္တြင္ သူသည္ အလြန္ ႀကိဳးစား အပင္ပန္းခံခဲ့ရသည္။ ေန႔တြင္ အလုပ္လုပ္၍ ညတြင္ေက်ာင္းတက္ခဲ့သည္။ ထို႔ျပင္ အလုပ္ႏွင့္ ေက်ာင္း ပိတ္ရက္ျဖစ္ေသာ စေန၊ တနဂၤေႏြေန႔မ်ား ၌လည္း တစ္ေနကုန္က်ဴရွင္လိုက္ သင္ေပးသည္။

ထိုစဥ္က အိမ္၊ ေက်ာင္း၊ အလုပ္၊ စာသင္သည့္ ေနရာမ်ားမွာ အလွမ္းေဝးသျဖင့္ စက္ဘီးတစ္စီးျဖင့္ သြားခဲ့ရသည္။ ထိုသို႔အလုပ္ေတြတစ္ဖက္၊ ေက်ာင္း တစ္ဖက္ျဖစ္ေနေသာ္လည္း တစ္ခါမွ် မညီးညဴခဲ့။ ဘဝတြင္ အၿမဲတမ္း အေကာင္းဆုံးႏွင့္ အေတာ္ဆုံး ျဖစ္ေအာင္ႀကိဳးစားခဲ့သည္။

ထိုသို႔ရွိေနစဥ္ ေလာကဓံ ႐ိုက္ခ်က္ ျပင္းျပင္းကို သူတို႔ ညီအစ္ကို ႏွစ္ေယာက္ ခံခဲ့ရသည္။ အေမ သည္ သူ႔ဘဝတြင္ ဆင္းရဲ အပင္ပန္းခံကာ မိသားစု စားဝတ္ေနေရး၊ သားသမီး ႏွစ္ေယာက္ ေက်ာင္း ေကာင္း ေကာင္း ထားႏိုင္ေရးအတြက္ ႀကိဳးစား ႐ုန္းကန္ခဲ့မႈမ်ားမွ က်န္းမာေရး ပ်က္ၿပီး ပင္ပန္းမႈမွ ရေသာ ေရာဂါေၾကာင့္ ဆုံးပါး သြားခဲ့ျခင္း ျဖစ္သည္။

အေမ ဆုံးပါးသြားခဲ့သည့္အတြက္ ထိခိုက္ ေၾကကြဲ ရေသာ္လည္း ယခု သူ႔စိတ္သည္ ယခင္ကထက္ ပိုမို မာေက်ာလာခဲ့ၿပီ ျဖစ္သည္။ ဘဝေပး အေျခအေန အရ ကိုယ့္ဒူးကိုယ္ခြၽန္ ႀကိဳးစားႏိုင္မွျဖစ္ေပမည္။

ေက်ာေထာက္ေနာက္ခံ မရွိ၊ ေငြေၾကးမရွိ၊ ေဆြမ်ိဳး အသိုင္းအဝိုင္း မရွိသည့္ ဘဝတြင္ တိုးတက္မႈ အတြက္ ထြက္ေပါက္က ပညာသာရွိသည္ ဟု သူ ခံယူသည္။

ထို႔ေၾကာင့္ သူ ယခင္ကထက္ စာကို ပို ဖိလုပ္ခဲ့ မိသည္။ စာေမးပြဲ၌ ၆ပုဒ္ေပး ၄ ပုဒ္သာေျဖရမည္ ဆိုသည့္ တိုင္ ၆ ပုဒ္စလုံးကို ေျဖသည္။ စာဆိုလွ်င္ အကုန္ လုပ္သည္။ ဘယ္စာမွ အလြတ္မေပးခဲ့ေခ်။

စာက်က္သည့္ အခါတြင္လည္း ေရးက်က္သည့္ Note ကိုပင္ အတန္းေဖာ္မ်ားႏွင့္ ေနာက္မွ တက္ လာေသာ ဂ်ဴနီယာအတန္းမ်ားက မွတ္စု ယူရ ေလာက္သည္အထိ ႀကိဳးစားခဲ့သည္။

၁၉၇၁ ခုႏွစ္ မႏၲေလး တကၠသိုလ္ ဝင္း အတြင္းတြင္ ျဖစ္သည္။ တိုးခ်ဲ႕ ညေနအတန္း မွဘြဲ႕ရရွိသူမ်ားကို ဘြဲ႕လက္မွတ္အပ္ႏွင္းပြဲ အခမ္းအနား ျဖစ္သည္။

ဘြဲ႕ႏွင္းသဘင္ ခန္းမ စင္ျမင့္ထက္၌ ပါေမာကၡ ဌာနမႉး ဆရာဦးေက်ာ္ျမင့္က ဘာသာစုံ ဂုဏ္ထူး ျဖင့္ ေအာင္ျမင္ေသာ ေက်ာင္းသား တစ္ဦး၏ ဘဝ တစ္စိတ္ တစ္ေဒသ ကို ေျပာၾကားေနခဲ့သည္။ အလုပ္ လုပ္ရင္း ေက်ာင္းတက္ခဲ့ရေသာ ထို ေက်ာင္းသား၊ မိခင္မရွိရွာေတာ့ၿပီ ျဖစ္ေသာ္လည္း ဆက္လက္ တိုက္ပြဲဝင္လာသည့္ ထိုေက်ာင္းသား၊ ဝါသနာထက္ လိုအပ္ခ်က္ကို ေရွ႕တန္းတင္ ေ႐ြးခ်ယ္ ခဲ့ေသာ္ လည္း ထူးခြၽန္စြာ ေအာင္ျမင္ခဲ့ပါသည့္ ထို ေက်ာင္းသား အေၾကာင္းကို ေရလည္ေအာင္ ဂုဏ္ျပဳ ထုတ္ေဖာ္ ေျပာၾကားေနခဲ့သည္။

ထို႔ေနာက္ အဆိုပါ ေက်ာင္းသားကို ဆုယူရန္ စင္ျမင့္ထက္သို႔ ဖိတ္ေခၚေသာ္ သူ ထိုင္ေနရာမွ ထကာ အားလုံး၏ အလယ္တြင္ ဝံ့ႂကြားစြာ စင္ျမင့္ထက္သို႔ လွမ္းတက္လာခဲ့သည္။

ေျခလွမ္းတိုင္းတြင္ ပြဲတက္ေရာက္လာေသာ လူအမ်ား၏ အုတ္ေအာ္ေသာင္းနင္း တစ္ခဲနက္ အားေပးသံမ်ား ညံသြားခဲ့သည္။ ရင္ဘတ္ ထဲတြင္ ေရာ ပါးျပင္မွာ တြင္ပါ မ်က္ရည္တို႔အျပည့္။

စင္ျမင့္ထက္တြင္ ဆုယူလိုက္ေသာအခါ ဘြဲ႕ႏွင္း သဘင္သို႔ တက္ေရာက္ လာေသာ ေက်ာင္းသား မိဘမ်ား၊ သူငယ္ခ်င္း မိတ္ေဆြမ်ား အားလုံးက လည္း မတ္တပ္ရပ္ကာ လက္ခုပ္တီး ခ်ီးက်ဴး ေထာပနာ ျပဳၾကသည္။

အဆိုပါ ေက်ာင္းသား၏ ရင္ထဲမွာေတာ့ ဆုရသည့္ အတြက္ ေဖာ္မျပႏိုင္ေလာက္ေအာင္ ဝမ္းသာျခင္း၊ မိခင္ကို လြမ္းဆြတ္သျဖင့္ ဝမ္းနည္းျခင္း စသည့္ ခံစားခ်က္ တို႔အျပင္ မိမိ အခက္အခဲၾကားမွ ႀကိဳးစား ၿပီး ရရွိခဲ့ေသာ ေအာင္ျမင္မႈ ရလဒ္ အတြက္ ေက်နပ္ ပီတိျဖစ္ျခင္းတို႔ပါ ေရာယွက္လို႔ ေနသည္။

ထို ေက်ာင္းသား ကား အျခားသူမဟုတ္။ ေနာင္အခါ တြင္ မိုးေလဝသ ေဒါက္တာဦးထြန္းလြင္ ဟု နာမည္ ေက်ာ္လာေတာ့ မည့္ ျမန္မာ့ရွားပါး ပညာရွင္ တစ္ဦးပင္ ျဖစ္ေတာ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit –  သမိုင္းအေၾကာင္း page
# Unicode Version ျဖင့္ ဖတ္ပါ #
ရှားပါးသည့် အောင်မြင်မှုသို့ လှမ်းနိုင်ခဲ့သူ————

သူ ငယ်စဉ်က သူတို့ မိသားစုမှာ ချမ်းသာ ခဲ့သော်လည်း အဖေ နောက် အိမ်ထောင်ပြု သွားချိန်တွင် မိသားစု စီးပွားရေးစတင် ယိုင်လဲလာခဲ့သည်။ နောက်ဆုံးတွင် စီးပွား ပျက်ပြီး မန္တလေး ထီးတိုင်တန်းဈေးတွင် ကြက်သွန်ဗန်း ခင်းရောင်းခဲ့ရသည် အထိပင် ဘဝပေး အခြေအနေ ဆိုးရွား ခဲ့သည်။

အမေသည် သူတို့ ညီအစ်ကိုနှစ်ဦးအတွက် ထီးလို မိုးလို ဖြစ်သည်။ သူ့ ဘဝတွင် အမေ သည် အေးမြသော အရိပ်ကို ပေးစွမ်းနိုင်ခဲ့သည်။ အမေက စားဝတ်နေရေးအတွက် ပင်ပန်းစွာ ရှာဖွေ ကျွေးမွေးခဲ့သည်။

ထိုသို့ ဆင်းရဲတွင်း နက်သထက် နက်လျက် ပင်ပန်းဆင်းရဲ ကြီးစွာ ရုန်းကန်ခဲ့သော်လည်း သားများကိုမူ ပညာတတ်ကြီး ဖြစ်စေလိုသည့် အတွက် လူချမ်းသာတွေ အများစု တက် ရောက်သော သာသနာပြု ကျောင်း (Father Lafon) တွင် ထားပေးခဲ့သည်။

ကျောင်းလခသည် တစ်လ ၁၅ ကျပ် ဖြစ်ပြီး ညီအစ်ကို နှစ်ယောက်ပေါင်း ၃၀ကျပ် ဆိုသည်မှာ ထိုခေတ်အခါက အလွန် များသော ငွေဖြစ်သည်။

ပညာရေးကို ထိုသို့ အားပေးခဲ့သော အမေကြောင့် သူ့ ဘဝတွင် ဆင်းရဲခဲ့သော်ငြား ပညာရေး ခါးမပြတ် ခဲ့ပေ။ အမေ ကျောင်း ကောင်း ထားပေးခဲ့ သည့် အတွက် အခြေမယိုင်ခဲ့ပေ။

ထို့ကြောင့် ပင်ပင် ပန်းပန်း ရုန်းကန်နေရသော အမေ့အတွက် တစ်ဖက် တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန် သူ ဆယ်တန်း ပြီးချိန်တွင် သူများတွေလို လတ်လျား လတ်လျား မနေပဲ ကိုယ်ပိုင်ဝင်ငွေဖြင့် ကျောင်းဆက် တက်မည် ဟူသော ရည်ရွယ်ချက်ဖြင့် အလုပ်ရှာ ခဲ့သည်။

ထိုအချိန်တွင် မိုးလေဝသ ဌာနမှ အလုပ်ခေါ် ယူလျက် ရှိရာ အလုပ်လုပ်လိုသော သူ့အဖို့ သွားရောက် လျှောက်ထား ဖြစ်ခဲ့သည်။

ရေးဖြေစာမေးပွဲကို အောင်မြင်ပြီးနောက် လူတွေ့ စစ်မေး သည့်အခါ သူနေထိုင်ရာ မန္တလေးမြို့ တွင် မဟုတ်ဘဲ လားရှိုးမြို့တွင် လုပ်ကိုင်ရမည် ဖြစ်ကြောင်း သိလိုက် ရသည်။

မဖြစ်နိုင်ပေ။ မိခင်ကို မထားသွားလိုသည်က တစ်ကြောင်း၊ အလုပ်လုပ်ရင်း ကျောင်း ဆက် တက် လိုသည်က တစ်ကြောင်းကြောင့် တွေဝေနေခဲ့မိသည်။

ထိုသို့ ဒွိဟ ဖြစ်နေစဉ် တစ်ရက်တွင် မိုးလေဝသ ဌာနမှ ဆရာကြီး ဦးလှမှ သူ့ကို ခေါ်ယူ တွေ့ဆုံ ခဲ့သည်။ ရေးဖြေ စာမေးပွဲရလဒ်ကြောင့် ဖြစ်သည်။ သူ ရေးဖြေစာမေးပွဲ၌ ပထမရရှိခဲ့သည်။

ထိုမျှသာ မကသေး။ ဒုတိယ ရရှိသူနှင့် အမှတ် ၄၀ ကျော် ၅၀ နီးပါးအထိ အပြတ်အသတ်ကွာခဲ့သည်။ ဆရာကြီး ဦးလှကို သူ၏ အခက်အခဲကို ပြောပြခဲ့ရာ ဆရာကြီးမှ မန္တလေးတွင်ပင် အလုပ် လုပ်နိုင် ရန် စီမံပေး သဖြင့် ဝမ်းသာခဲ့ရသည်။

ဤသို့ဖြင့်ပင် မိုးလေဝသအကြောင်း နကန်း တစ်လုံး မသိရုံမက မိုးလေဝသဌာနတွင် လုပ်ချင်လွန်း ၍ မဟုတ်ဘဲ စားဝတ်နေရေးနှင့် ကျောင်းစားရိတ် အတွက် ရရစားစား လုပ်မည်ဟူသော ခံယူချက်ဖြင့် ၁၉၆၅ ခုနှစ် မေလ ၃ ရက်နေ့၊ အသက် ၁၇ နှစ်ကျော်အရွယ်တွင် မိုးလေဝသဌာန၌ Junior Observer တိုင်းထွာရေးမှူးလေးအဖြစ် စတင် ဝင်ရောက် လုပ်ကိုင် ခဲ့သည်။

လစာ ၁၂၆ ကျပ် ရရှိခဲ့ပြီး မိသားစု စားဝတ်နေရေး အတွက် တစ်ဖက်တစ်လမ်းမှ ထောက်ပံ့နိုင် ခဲ့သည်။ ဆယ်တန်း အောင်စာရင်း ထွက်လာသည့် အခါ တွင်လည်း သူမျှော်မှန်း ထားသည့် အတိုင်းပင် အောင်မြင်ခဲ့သည်။

ကံမျက်နှာသာပေးလာသည်ဟု ပြောရမလားပင်။ သူတို့လို အလုပ်လုပ်ရင်း ကျောင်း တက်မည့် သူများ အတွက် တိုးချဲ့ညနေသင်တန်း ကို အဆိုပါ နှစ်က စ၍ မန္တလေး ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ် တွင် ဖွင့်လှစ် ပေးခဲ့သည်။

ငယ်စဉ်ကထဲက သင်္ချာကို ဝါသနာ ပါခဲ့ပြီး အထက်တန်း ပညာရေး အားထုတ်ခဲ့စဉ် အခါတုန်းကလဲ သင်္ချာ လူရည်ချွန်ဆု ရခဲ့သည့် သူသည် သင်္ချာ ဘာသာရပ်ကို ရွေးမည် ကြံမိ၏။

သို့သော် ထိုသူငယ်တွင် ထူးခြားသော စိတ် တစ်မျိုး ရှိသည်။ ဘယ်အလုပ်ကို မဆို ပေါက် မြောက် အောင်မြင်အောင် လုပ်လိုခြင်း ဖြစ်သည်။ သူ ယခု ရောက်နေ သော မိုးလေဝသဌာန နှင့် တကယ်တမ်း နီးစပ်သည်က ရူပဗေဒ ဘာသာဖြစ်သည်။

ဤ မိုးလေဝသ လုပ်ငန်းခွင်တွင်လည်း အမှန်အကန် ကို ပေါက်မြောက် အောင်မြင်လိုသည်။ ထို့ကြောင့် ဝါသနာနောက်မလိုက်ပဲ မိမိ အလုပ်အကိုင် အောင်မြင်မှု ကို သာ ဦးတည်မည့် ရူပဗေဒကို လိုက်ရန် ဆုံးဖြတ်လိုက်သည်။

ကျောင်းတက်နေစဉ် ၅ နှစ်တွင် သူသည် အလွန် ကြိုးစား အပင်ပန်းခံခဲ့ရသည်။ နေ့တွင် အလုပ်လုပ်၍ ညတွင်ကျောင်းတက်ခဲ့သည်။ ထို့ပြင် အလုပ်နှင့် ကျောင်း ပိတ်ရက်ဖြစ်သော စနေ၊ တနင်္ဂနွေနေ့များ ၌လည်း တစ်နေကုန်ကျူရှင်လိုက် သင်ပေးသည်။

ထိုစဉ်က အိမ်၊ ကျောင်း၊ အလုပ်၊ စာသင်သည့် နေရာများမှာ အလှမ်းဝေးသဖြင့် စက်ဘီးတစ်စီးဖြင့် သွားခဲ့ရသည်။ ထိုသို့အလုပ်တွေတစ်ဖက်၊ ကျောင်း တစ်ဖက်ဖြစ်နေသော်လည်း တစ်ခါမျှ မညီးညူခဲ့။ ဘဝတွင် အမြဲတမ်း အကောင်းဆုံးနှင့် အတော်ဆုံး ဖြစ်အောင်ကြိုးစားခဲ့သည်။

ထိုသို့ရှိနေစဉ် လောကဓံ ရိုက်ချက် ပြင်းပြင်းကို သူတို့ ညီအစ်ကို နှစ်ယောက် ခံခဲ့ရသည်။ အမေ သည် သူ့ဘဝတွင် ဆင်းရဲ အပင်ပန်းခံကာ မိသားစု စားဝတ်နေရေး၊ သားသမီး နှစ်ယောက် ကျောင်း ကောင်း ကောင်း ထားနိုင်ရေးအတွက် ကြိုးစား ရုန်းကန်ခဲ့မှုများမှ ကျန်းမာရေး ပျက်ပြီး ပင်ပန်းမှုမှ ရသော ရောဂါကြောင့် ဆုံးပါး သွားခဲ့ခြင်း ဖြစ်သည်။

အမေ ဆုံးပါးသွားခဲ့သည့်အတွက် ထိခိုက် ကြေကွဲ ရသော်လည်း ယခု သူ့စိတ်သည် ယခင်ကထက် ပိုမို မာကျောလာခဲ့ပြီ ဖြစ်သည်။ ဘဝပေး အခြေအနေ အရ ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားနိုင်မှဖြစ်ပေမည်။

ကျောထောက်နောက်ခံ မရှိ၊ ငွေကြေးမရှိ၊ ဆွေမျိုး အသိုင်းအဝိုင်း မရှိသည့် ဘဝတွင် တိုးတက်မှု အတွက် ထွက်ပေါက်က ပညာသာရှိသည် ဟု သူ ခံယူသည်။

ထို့ကြောင့် သူ ယခင်ကထက် စာကို ပို ဖိလုပ်ခဲ့ မိသည်။ စာမေးပွဲ၌ ၆ပုဒ်ပေး ၄ ပုဒ်သာဖြေရမည် ဆိုသည့် တိုင် ၆ ပုဒ်စလုံးကို ဖြေသည်။ စာဆိုလျှင် အကုန် လုပ်သည်။ ဘယ်စာမှ အလွတ်မပေးခဲ့ချေ။

စာကျက်သည့် အခါတွင်လည်း ရေးကျက်သည့် Note ကိုပင် အတန်းဖော်များနှင့် နောက်မှ တက် လာသော ဂျူနီယာအတန်းများက မှတ်စု ယူရ လောက်သည်အထိ ကြိုးစားခဲ့သည်။

၁၉၇၁ ခုနှစ် မန္တလေး တက္ကသိုလ် ဝင်း အတွင်းတွင် ဖြစ်သည်။ တိုးချဲ့ ညနေအတန်း မှဘွဲ့ရရှိသူများကို ဘွဲ့လက်မှတ်အပ်နှင်းပွဲ အခမ်းအနား ဖြစ်သည်။

ဘွဲ့နှင်းသဘင် ခန်းမ စင်မြင့်ထက်၌ ပါမောက္ခ ဌာနမှူး ဆရာဦးကျော်မြင့်က ဘာသာစုံ ဂုဏ်ထူး ဖြင့် အောင်မြင်သော ကျောင်းသား တစ်ဦး၏ ဘဝ တစ်စိတ် တစ်ဒေသ ကို ပြောကြားနေခဲ့သည်။ အလုပ် လုပ်ရင်း ကျောင်းတက်ခဲ့ရသော ထို ကျောင်းသား၊ မိခင်မရှိရှာတော့ပြီ ဖြစ်သော်လည်း ဆက်လက် တိုက်ပွဲဝင်လာသည့် ထိုကျောင်းသား၊ ဝါသနာထက် လိုအပ်ချက်ကို ရှေ့တန်းတင် ရွေးချယ် ခဲ့သော် လည်း ထူးချွန်စွာ အောင်မြင်ခဲ့ပါသည့် ထို ကျောင်းသား အကြောင်းကို ရေလည်အောင် ဂုဏ်ပြု ထုတ်ဖော် ပြောကြားနေခဲ့သည်။

ထို့နောက် အဆိုပါ ကျောင်းသားကို ဆုယူရန် စင်မြင့်ထက်သို့ ဖိတ်ခေါ်သော် သူ ထိုင်နေရာမှ ထကာ အားလုံး၏ အလယ်တွင် ဝံ့ကြွားစွာ စင်မြင့်ထက်သို့ လှမ်းတက်လာခဲ့သည်။

ခြေလှမ်းတိုင်းတွင် ပွဲတက်ရောက်လာသော လူအများ၏ အုတ်အော်သောင်းနင်း တစ်ခဲနက် အားပေးသံများ ညံသွားခဲ့သည်။ ရင်ဘတ် ထဲတွင် ရော ပါးပြင်မှာ တွင်ပါ မျက်ရည်တို့အပြည့်။

စင်မြင့်ထက်တွင် ဆုယူလိုက်သောအခါ ဘွဲ့နှင်း သဘင်သို့ တက်ရောက် လာသော ကျောင်းသား မိဘများ၊ သူငယ်ချင်း မိတ်ဆွေများ အားလုံးက လည်း မတ်တပ်ရပ်ကာ လက်ခုပ်တီး ချီးကျူး ထောပနာ ပြုကြသည်။

အဆိုပါ ကျောင်းသား၏ ရင်ထဲမှာတော့ ဆုရသည့် အတွက် ဖော်မပြနိုင်လောက်အောင် ဝမ်းသာခြင်း၊ မိခင်ကို လွမ်းဆွတ်သဖြင့် ဝမ်းနည်းခြင်း စသည့် ခံစားချက် တို့အပြင် မိမိ အခက်အခဲကြားမှ ကြိုးစား ပြီး ရရှိခဲ့သော အောင်မြင်မှု ရလဒ် အတွက် ကျေနပ် ပီတိဖြစ်ခြင်းတို့ပါ ရောယှက်လို့ နေသည်။

ထို ကျောင်းသား ကား အခြားသူမဟုတ်။ နောင်အခါ တွင် မိုးလေဝသ ဒေါက်တာဦးထွန်းလွင် ဟု နာမည် ကျော်လာတော့ မည့် မြန်မာ့ရှားပါး ပညာရှင် တစ်ဦးပင် ဖြစ်တော့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit –  သမိုင်းအကြောင်း page
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top