ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×










Credit: MyanmarNote

#Unicode Version#

ကြည်ဥဆိုတာကတော့ ကျွန်တော်တို့အတွက် သိပ်ကို မထူးဆန်းတဲ့ စားနေကျ အရာတစ်ခုပါပဲ။ အားရှိအောင် ကြက်ဥစားဆိုသလို စားလွန်းရင်လည်း ရင်ပြည့်လွန်းပါတယ်။ ခက်တာက ပြီးပြီးရောဆိုပြီး ကျွန်တော်တို့ ကြက်ဥကို စားနေကျပုံစံတွေက ကျန်းမာရေးအတွက် လုံးဝအထောက်အကူ မပြုဘဲ မှားယွင်းနေတဲ့ နည်း တွေနဲ့ စားနေကြတယ် ဆိုတာပါပဲ။ အဲ့လို မဖြစ်ရလေအောင် အောက်မှာတော့MyanmarNote အိမ်ထောင်ရှင်မတွေအတွက် ဗဟုသုတအနေနဲ့ ထပ်ပြီး တင်ဆက်ပေးလိုက်ပါတယ်။

(၁)ပြုတ်တာကြာလွန်းတဲ့ ကြက်ဥ

တခါတလေ ကြက်ဥကို ထမင်းအိုးတည်ရင်း ထည့်ပြုတ်လိုက်မိပါတယ်။ အချိန်ကြာမှန်း သတိမထားမိဘဲ ကျက်ကျက်လေး စားရပြီးရော လုပ်လိုက်တာက ကြက်ဥရဲ့ အထဲမှာပါတဲ့ အာဟာရ ဓာတ်တွေကို မရှိသလောက်နီးပါး ကုန်သွားစေပါမယ်။ ပြုတ်ပြီးသားကို ချက်ရင်လည်း အချိန်လွန်သွားရင် အသားဓာတ်မရှိတော့ပါဘူး။ အကောင်းဆုံး ကြက်ဥပြုတ်တစ်လုံးရဲ့ ကြာချိန်ကတော့ (၈-၁၄) မိနစ်ပဲ ဖြစ်ပါတယ်။

(၂)ကြာအောင်ကြော်ထားတဲ့ ကြက်ဥ
တူးတဲ့ အဆင့်မဟုတ်ပါဘူး။ ကြက်ဥကို ကျက်အောင် ကြော်တယ်ဆိုတာနဲ့ ပိုးသေစားကောင်းတာ မဟုတ်ပါဘူး။ ကျက်အောင်ကြော်လိုက်တဲ့ အခါမှာ စားလိုက်ရင် ကိုယ်တွင်းက အမိုင်နို အက်ဆစ်ကို ဓာတုပစ္စည်းတွေ အဖြစ်ပြောင်းလိုက်တဲ့အတွက် ကျန်းမာရေးကို ထိခိုက်စေမှာပါ။

(၃)ကြက်ဥကို အစိမ်းစားတာ
ငယ်ငယ်ကဆို ကြက်ဥအစိမ်းစားတာ အားရှိတယ်လို့ ကြားဖူးမှာပါ။ အစိမ်းစားတာက ကျန်းမာရေးအတွက် ဘက်တီးရီးယားတွေ ပါဝင်သလို ကြက်ဥကြောင့် တွဲဖက်စားသုံးတဲ့ အစားအစာမှာ ပါတဲ့ အာဟာရဓာတ်ကိုလည်း လျှော့ချပေးပါတယ်။ အဲ့တာက အာဟာရဓာတ်မလုံလောက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(၄)ကြက်ဥထဲ အချိုမှုန့် ထည့်ကြော်တာ
ကြက်ဥကို အချိုမှုန့်ထည့်ရင် ချိုမှာတော့မှန်ပါတယ်။ ဒါပေမဲ့ အဲ့တာက ကြက်ဥမှာပါတဲ့ အာဟာရကို လုံးလုံး လျှော့ချလိုက်မှာပါ။ အချိုမှုန့်ကလည်း လူကို ကောင်းကျိုးပေးတာ လုံးဝမရှိတော့ မထည့်သင့်တာအမှန်ပါ။

(၅)ကြက်ဥစားပြီး ရေနွေးသောက်တာ
ကြက်ဥတွေ စားပြီးရေနွေးသောက်ရင် အနံ့ကင်းမယ်၊ အစာကြေမယ်ဆိုတာ မှန်သလိုနဲ့ မဟုတ်ပါဘူးတဲ့။ ကြက်ဥစားပြီး ရေနွေးသောက်လိုက်တဲ့ အခါ ကြက်ဥက အသားဓာတ်နဲ့ ရေနွေးက တာနစ်အက်ဆစ်တို့ ပေါင်းစပ်သွားပြီး အစာမကြေမှုကို ဖြစ်ပေါ်စေပါတယ်တဲ့။

(၆)ကြက်ဥနဲ့ ပဲနို့နဲ့တွဲသောက်တာ
လူတော်တော်များများက ကြက်ဥနဲ့ ပဲနို့ကို တွဲသောက်ပြီး မနက်စာစားတတ်ကြပါတယ်။ သတိမထားမိတာက ကြက်ဥက အသားဓာတ်နဲ့ ပဲနို့က ထရိုင်စင်တို့ဟာ အတူတူ ပေါင်းစည်းပြီး ခန္ဓာကိုယ်ရဲ့ အသားဓာတ် စုပ်ယူမှုကို အတူတူ ဟန့်တားတယ်ဆိုတာပါပဲ။

ကဲ ဒီလောက်ဆိုပရိသတ်ကြီး သဘောပေါက်လောက်ပြီ ထင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: MyanmarNote
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top