×

လူတစ္ေယာက္ဟာ သူ႕ရဲ႕ အက်င့္စ႐ိုက္တစ္ခုကို ျပဳျပင္ဖို႔ခက္ပါတယ္၊ ဘဝတစ္ခုလုံးရဲ႕ေနထိုင္မႈစ႐ိုက္ပုံစံဆိုရင္ ပိုၿပီးေတာ့ေတာင္ ခက္ခဲပါတယ္။ အက်င့္စ႐ိုက္တစ္ခုကို ျပဳျပင္လိုက္တယ္ဆိုတာ ခက္ခဲေပမဲ့

အက်ိဳးခံစားရတာက ထိုက္တန္ပါတယ္။ ဆမ္႐ိုဝမ္ (Sam Rouen) ကေတာ့ ေနထိုင္မႈစ႐ိုက္ပုံစံကို ေျပာင္းလဲမႈရဲ႕ တန္ဖိုးကို လူတိုင္းထက္ ပိုသိေနမွာပါ။ သူရဲ႕ဘဝကို သူ ဘယ္လိုေျပာင္းလဲလိုက္တယ္ဆိုတာကို သင္တို႔အခုသိရင္ ယုံႏိုင္မွာေတာင္ မဟုတ္ပါဘူး။

ဆမ္႐ိုဝမ္ဟာ ၂၀၀၉ ခုႏွစ္က ''The biggest Loser'' အစီအစဥ္မွာ အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။ (The biggest Loser အစီအစဥ္ဆိုတာကေတာ့ ၁၂ ပတ္အတြင္း weight အမ်ားဆုံးေလ်ာ့ခ်ႏိုင္ရတဲ့ ၿပိဳင္ပြဲျဖစ္ပါတယ္။) ဆမ္ဟာ အဲဒီအခ်ိန္တုန္းက အသက္ ၁၉ ႏွစ္ျဖစ္ၿပီးေတာ့ သူ႕ရဲ႕ ကိုယ္ခႏၶာ အေလးခ်ိန္ေၾကာင့္ ေတာ္ေတာ္ေလး အဆင္မေျပ ျဖစ္ေနခဲ့တာပါ။အဲ့ဒီ အစီအစဥ္က သူ႕ရဲ႕ ေနထိုင္မႈပုံစံေတြကို ေျပာင္းလဲဖို႔ တြန္းအားေတြ ေပးခဲ့ပါတယ္။


ဆမ္ဟာ မူလတုန္းက ၁၅၄ ကီလိုဂရမ္ (ေပါင္ ၄၀၀ နီးပါး) ရွိေနခဲ့ၿပီး The biggest loser အစီအစဥ္အတြင္းမွာ ၇၁ ကီလိုဂရမ္ (၁၅၆ ေပါင္=သာမန္လူတစ္ေယာက္ရဲ႕ အေလးခ်ိန္နီးပါး) ေလ်ာ့ခ် ႏိုင္ခဲ့ၿပီး အႏိုင္ရခဲ့တာ ျဖစ္ပါတယ္။ ၿပိဳင္ပြဲၿပီးတဲ့ေနာက္မွာ ဆမ္ဟာ ဝိတ္ခ်တဲ့အစီအစဥ္ကို ဆက္လက္ျပဳလုပ္ေနခဲ့ၿပီး သူရဲ႕ ရည္႐ြယ္ခ်က္က အေသခံမီးသတ္တပ္သား ျဖစ္လာဖို႔ပါ။ ၁၀ ႏွစ္ေလာက္ၾကာၿပီးတဲ့အခါမွာေတာ့ သင္ဟာ ဆမ္ကို မမွတ္မိႏိုင္ေတာ့ပါဘူး။ ဆမ္ဟာ ၫိုမြဲၿပီး မာေက်ာလြန္းတဲ့ မီးသတ္တပ္သား တစ္ေယာက္ျဖစ္ေနပါၿပီ။ သူရဲ႕ ျပင္းျပင္းထန္ထန္ အလုပ္ႀကိဳးစားမႈေၾကာင့္ သူ႕ရဲ႕ အိပ္မက္ေတြ အေကာင္ထည္ေပၚလာတဲ့အျပင္ ကမၻာႀကီးကိုပါ ပိုမိုလုံၿခဳံေစခဲ့ပါၿပီ။


ဆမ္ဟာ ေလ့က်င့္ခန္းေတြကို ေသခ်ာစြာ ပုံမွန္ျပဳလုပ္ရင္း သူ႕ရဲ႕ ကိုယ္ခႏၶာပုံစံကို ဆက္ထိန္းသိမ္းထားပါတယ္။ ''ကၽြန္ေတာ္ ေလ့က်င့္ခန္းလုပ္ရတာကို စြဲလန္းေနပါၿပီ။ ကၽြန္ေတာ့္အစ္ကိုနဲ႔အတူ ေျပးရတာ၊ ေလ့က်င့္ခန္းလုပ္ရတာကို ေတာ္ေတာ္ေလး ႏွစ္သက္ပါတယ္။ ကိုယ္ခႏၶာပုံစံကို ထိန္းထားႏိုင္တဲ့ ေလ့က်င့္ခန္းေတြကို အကုန္ႀကိဳက္ပါတယ္'' လို႔ေျပာပါတယ္။


"အခုပိုစ့္ကို တင္ခ်င္ရဲ႕လားလို႔ သိပ္မေသခ်ာပါဘူး၊ ၁၀ ႏွစ္တာကာလက ေက်ာ္လြန္လာခဲ့ပါၿပီ။ ေကာင္းတာေတြ၊ ဆိုးတာေတြ အျမင့္ဆုံးေတြ အနိမ့္ဆုံးေတြကို ႀကဳံေတြ႕ခဲ့ရတယ္။ ကၽြန္ေတာ္သိထားတာကေတာ့ ကၽြန္ေတာ္ဟာ အံ့ဩဖြယ္ရာလူေတြထဲက တစ္ေယာက္ျဖစ္ၿပီးေတာ့ ကၽြန္ေတာ္ကလည္း အဲဒါကို ေတာ္ေတာ္ေလး ေက်နပ္အားရပါတယ္'' လို႔သူရဲ႕တြစ္တာအေကာင့္ စာမ်က္ႏွာမွာ တင္ခဲ့ပါတယ္။ သူရဲ႕ ေျပာဆိုျပဳမူပုံအရ သူဟာ ႐ုပ္ပိုင္းဆိုင္ရာသာမက စိတ္ပိုင္းဆိုင္ရာပါ ေျပာင္းလဲသြားခဲ့တာ ျဖစ္ပါတယ္။


ဆမ္ဟာ အခ်စ္ေရးမွာလည္း ကံေကာင္းသူျဖစ္ၿပီး သူရဲ႕ခ်စ္သူ ဒန္နီယ္လာ (Daniella) နဲ႔ ေစ့စပ္ခဲ့ပါတယ္။ တစ္ခါတေလမွာေတာ့ ဆမ္ဟာ သူရဲ႕အေကာင္းဆုံးပုံစံကို ေရာက္ရွိေနတာေတာင္မွပဲ သတိလြတ္သြားတာေတြ ရွိေနပါေသးတယ္။ ကမ္းေျခမွာ ႐ုတ္တရက္ တီရွပ္ကို မခၽြတ္ရဲတာမ်ိဳးေပါ့၊ သူ႕ရဲ႕တစ္ခ်ိန္တုန္းက အငုံ႔စိတ္ေတြရွိေနေသးတယ္လို႔ ဆိုပါတယ္။ ''သင္ဟာ သင့္ရဲ႕ အနိမ့္ဆုံးအမွတ္ မွာေရာက္ေနခဲ့တယ္ဆိုရင္ ျပင္းျပင္ထန္ထန္ တိုက္ခိုက္အႏိုင္ယူပါ။ သင့္ကိုယ္သင္ ျပန္လည္ ဆယ္ယူႏိုင္ၿပီး သင့္အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ႏိုင္မွာပါ'' လို႔ ဆမ္ကေျပာပါတယ္။

ဆမ္ရဲ႕ ဘဝက အတုယူစရာပါ။ ၁၀ ႏွစ္အတြင္း သူရဲ႕ဘဝကို ေျပာင္းလဲျပႏိုင္ခဲ့သလိုမ်ိဳး သင္လည္းပဲေျပာင္းႏိုင္ပါတယ္။ အက်င့္ေကာင္းေလးေတြက သင့္ရဲ႕ ဘဝတစ္ခုလုံးကို ေျပာင္းလဲႏိုင္တယ္ဆိုတာ ဘယ္ေတာ့မွ မေမ့ပါနဲ႔။ ဘဝက တိုေတာင္းလြန္းပါတယ္။ သင္ျဖစ္ခ်င္တာေတြကို ျဖစ္ေအာင္ လုပ္ယူဖို႔ အခုပဲ စတင္လိုက္ပါ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:yoyarlay.
# Unicode Version ျဖင့္ ဖတ္ပါ #
လူတစ်ယောက်ဟာ သူ့ရဲ့ အကျင့်စရိုက်တစ်ခုကို ပြုပြင်ဖို့ခက်ပါတယ်၊ ဘဝတစ်ခုလုံးရဲ့နေထိုင်မှုစရိုက်ပုံစံဆိုရင် ပိုပြီးတော့တောင် ခက်ခဲပါတယ်။ အကျင့်စရိုက်တစ်ခုကို ပြုပြင်လိုက်တယ်ဆိုတာ ခက်ခဲပေမဲ့

အကျိုးခံစားရတာက ထိုက်တန်ပါတယ်။ ဆမ်ရိုဝမ် (Sam Rouen) ကတော့ နေထိုင်မှုစရိုက်ပုံစံကို ပြောင်းလဲမှုရဲ့ တန်ဖိုးကို လူတိုင်းထက် ပိုသိနေမှာပါ။ သူရဲ့ဘဝကို သူ ဘယ်လိုပြောင်းလဲလိုက်တယ်ဆိုတာကို သင်တို့အခုသိရင် ယုံနိုင်မှာတောင် မဟုတ်ပါဘူး။

ဆမ်ရိုဝမ်ဟာ ၂၀၀၉ ခုနှစ်က ''The biggest Loser'' အစီအစဉ်မှာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ (The biggest Loser အစီအစဉ်ဆိုတာကတော့ ၁၂ ပတ်အတွင်း weight အများဆုံးလျော့ချနိုင်ရတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။) ဆမ်ဟာ အဲဒီအချိန်တုန်းက အသက် ၁၉ နှစ်ဖြစ်ပြီးတော့ သူ့ရဲ့ ကိုယ်ခန္ဓာ အလေးချိန်ကြောင့် တော်တော်လေး အဆင်မပြေ ဖြစ်နေခဲ့တာပါ။အဲ့ဒီ အစီအစဉ်က သူ့ရဲ့ နေထိုင်မှုပုံစံတွေကို ပြောင်းလဲဖို့ တွန်းအားတွေ ပေးခဲ့ပါတယ်။

ဆမ်ဟာ မူလတုန်းက ၁၅၄ ကီလိုဂရမ် (ပေါင် ၄၀၀ နီးပါး) ရှိနေခဲ့ပြီး The biggest loser အစီအစဉ်အတွင်းမှာ ၇၁ ကီလိုဂရမ် (၁၅၆ ပေါင်=သာမန်လူတစ်ယောက်ရဲ့ အလေးချိန်နီးပါး) လျော့ချ နိုင်ခဲ့ပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲပြီးတဲ့နောက်မှာ ဆမ်ဟာ ဝိတ်ချတဲ့အစီအစဉ်ကို ဆက်လက်ပြုလုပ်နေခဲ့ပြီး သူရဲ့ ရည်ရွယ်ချက်က အသေခံမီးသတ်တပ်သား ဖြစ်လာဖို့ပါ။ ၁၀ နှစ်လောက်ကြာပြီးတဲ့အခါမှာတော့ သင်ဟာ ဆမ်ကို မမှတ်မိနိုင်တော့ပါဘူး။ ဆမ်ဟာ ညိုမွဲပြီး မာကျောလွန်းတဲ့ မီးသတ်တပ်သား တစ်ယောက်ဖြစ်နေပါပြီ။ သူရဲ့ ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားမှုကြောင့် သူ့ရဲ့ အိပ်မက်တွေ အကောင်ထည်ပေါ်လာတဲ့အပြင် ကမ္ဘာကြီးကိုပါ ပိုမိုလုံခြုံစေခဲ့ပါပြီ။

ဆမ်ဟာ လေ့ကျင့်ခန်းတွေကို သေချာစွာ ပုံမှန်ပြုလုပ်ရင်း သူ့ရဲ့ ကိုယ်ခန္ဓာပုံစံကို ဆက်ထိန်းသိမ်းထားပါတယ်။ ''ကျွန်တော် လေ့ကျင့်ခန်းလုပ်ရတာကို စွဲလန်းနေပါပြီ။ ကျွန်တော့်အစ်ကိုနဲ့အတူ ပြေးရတာ၊ လေ့ကျင့်ခန်းလုပ်ရတာကို တော်တော်လေး နှစ်သက်ပါတယ်။ ကိုယ်ခန္ဓာပုံစံကို ထိန်းထားနိုင်တဲ့ လေ့ကျင့်ခန်းတွေကို အကုန်ကြိုက်ပါတယ်'' လို့ပြောပါတယ်။

"အခုပိုစ့်ကို တင်ချင်ရဲ့လားလို့ သိပ်မသေချာပါဘူး၊ ၁၀ နှစ်တာကာလက ကျော်လွန်လာခဲ့ပါပြီ။ ကောင်းတာတွေ၊ ဆိုးတာတွေ အမြင့်ဆုံးတွေ အနိမ့်ဆုံးတွေကို ကြုံတွေ့ခဲ့ရတယ်။ ကျွန်တော်သိထားတာကတော့ ကျွန်တော်ဟာ အံ့ဩဖွယ်ရာလူတွေထဲက တစ်ယောက်ဖြစ်ပြီးတော့ ကျွန်တော်ကလည်း အဲဒါကို တော်တော်လေး ကျေနပ်အားရပါတယ်'' လို့သူရဲ့တွစ်တာအကောင့် စာမျက်နှာမှာ တင်ခဲ့ပါတယ်။ သူရဲ့ ပြောဆိုပြုမူပုံအရ သူဟာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။

ဆမ်ဟာ အချစ်ရေးမှာလည်း ကံကောင်းသူဖြစ်ပြီး သူရဲ့ချစ်သူ ဒန်နီယ်လာ (Daniella) နဲ့ စေ့စပ်ခဲ့ပါတယ်။ တစ်ခါတလေမှာတော့ ဆမ်ဟာ သူရဲ့အကောင်းဆုံးပုံစံကို ရောက်ရှိနေတာတောင်မှပဲ သတိလွတ်သွားတာတွေ ရှိနေပါသေးတယ်။ ကမ်းခြေမှာ ရုတ်တရက် တီရှပ်ကို မချွတ်ရဲတာမျိုးပေါ့၊ သူ့ရဲ့တစ်ချိန်တုန်းက အငုံ့စိတ်တွေရှိနေသေးတယ်လို့ ဆိုပါတယ်။ ''သင်ဟာ သင့်ရဲ့ အနိမ့်ဆုံးအမှတ် မှာရောက်နေခဲ့တယ်ဆိုရင် ပြင်းပြင်ထန်ထန် တိုက်ခိုက်အနိုင်ယူပါ။ သင့်ကိုယ်သင် ပြန်လည် ဆယ်ယူနိုင်ပြီး သင့်အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မှာပါ'' လို့ ဆမ်ကပြောပါတယ်။

ဆမ်ရဲ့ ဘဝက အတုယူစရာပါ။ ၁၀ နှစ်အတွင်း သူရဲ့ဘဝကို ပြောင်းလဲပြနိုင်ခဲ့သလိုမျိုး သင်လည်းပဲပြောင်းနိုင်ပါတယ်။ အကျင့်ကောင်းလေးတွေက သင့်ရဲ့ ဘဝတစ်ခုလုံးကို ပြောင်းလဲနိုင်တယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ ဘဝက တိုတောင်းလွန်းပါတယ်။ သင်ဖြစ်ချင်တာတွေကို ဖြစ်အောင် လုပ်ယူဖို့ အခုပဲ စတင်လိုက်ပါ။
ဖိုးသူတော် (www.phothutaw.com)
Credit:yoyarlay.
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top