×

ၿပီးခဲ့တဲ့ ၾသဂုတ္လ 28 ေန႔က ထိုင္းႏိုင္ငံအထူးစံုစမ္းစစ္ေဆးေရးဌာန (Department of Special Investigation : DSI) က တရားခံ ကိုေခါက္(တိန္)ႏွင့္ မအိန္(ခ်ိဳေအး) ျမန္မာႏိုင္ငံသား လင္မယားႏွစ္ဦးတို႔ကို ဖမ္းဆီးခဲ့ပါတယ္။ တရားခံမ်ား က်ဴးလြန္သည့္အမႈမွာ လူကုန္ကူးမႈ   ျဖစ္ပါတယ္ ျမန္မာႏိုင္ငံသားအခ်င္းခ်င္း လိမ္လည္ၿပီး ငါးဖမ္းေလွမ်ားတြင္ အတင္းအက်ပ္ အလုပ္ခိုင္းေစျခင္းျဖစ္ပါတယ္။ အတင္းအက်ပ္ အလုပ္ခိုင္းေစသည့္အျပင္ အသက္အႏၱရာယ္ ၿခိမ္းေျခာက္မႈလည္း ျပဳလုပ္ခဲ့ပါတယ္

ဇူလိုင္လတြင္ ျမန္မာႏိုင္ငံသား 11 ဦးအား ကိုေခါက္(တိန္)ႏွင့္ မအိန္(ခ်ိဳေအး) လင္မယားႏွစ္ဦးတို႔က ထိုင္းႏိုင္ငံတြင္ အလုပ္လုပ္ကိုင္ရန္ ေခၚလာခဲ့သည္ဟု အထူးစံုစမ္းေရးတာ၀န္ရွိသူမ်ားက စံုစမ္းသိရွိရပါတယ္။ အမ်ိဳးသားမ်ားကို ေလွဆိပ္နားတ၀ွိက္တြင္ အသံုးအေဆာင္ပစၥည္းမ်ား ေရာင္းခ်ရန္အတြက္ ေခၚလာျခင္းျဖစ္ၿပီး အမ်ိဳးသမီးမ်ားကို ငါးေရြးရန္ႏွင့္ ငါးတံတားတြင္ ကင္းမြန္ခြဲရန္အတြက္ ေခၚလာျခင္းျဖစ္တယ္ဟု စံုစမ္းသိရပါတယ္။ လုပ္အားခမွာ တရက္လွ်င္ 300-400 ဘတ္ခန္႔ရမည္ဟု ဆိုေသာေၾကာင့္ နစ္နာသူမ်ား ပရကြၽစီရီခန္ခရိုင္ရွိ နယ္စပ္ဂိတ္ကို ျဖတ္ေက်ာ္ၿပီး လိုက္လာျခင္း ျဖစ္ပါတယ္။
ျမန္မာလင္မယားႏွစ္ဦး

သို႕ေသာ္ အလုပ္ေနရာသို႔ ေရာက္ေသာအခါ ထြက္မေျပးႏိုင္ရန္အတြက္ ႏိုင္ငံကူးလက္မွတ္မ်ားကို အကုန္သိမ္းဆည္းၿပီး ခရီးစရိတ္ တည္းခိုစရိတ္ႏွင့္ စားစရိတ္မ်ားကို ေပးေခ်ေစခဲ့ပါတယ္ နစ္နာသူမ်ားက ထိုစရိတ္မ်ားေပးေခ်ရန္ ပိုက္ဆံမရွိေသာေၾကာင့္ ငါးဖမ္းေလွေပၚတြင္ အလုပ္လုပ္ကိုင္ရန္ အတင္းအက်ပ္ ခိုင္းေစျခင္းခံခဲ့ရပါတယ္ ငါးတံတားေပၚရွိအလုပ္မ်ားႏွင့္ အိမ္အလုပ္မ်ားကိုလည္း အတင္းအက်ပ္ ခိုင္းေစျခင္းခံရၿပီး ကိုယ္ထိလက္ေရာက္က်ဴးလြန္ျခင္း အသက္အႏၱရာယ္ ၿခိမ္းေျခာက္ျခင္းကိုလည္း ျပဳလုပ္ခဲ့ပါတယ္။

မွာၾကားထားသည့္အတိုင္း အလုပ္မလုပ္ကိုင္ပါက ျမန္မာႏိုင္ငံသားအလုပ္သမားမ်ား သေဘာတူညီထားသည့္အတိုင္း လုပ္အားခေပးမည္မဟုတ္ဘူးဟုလည္း သိရပါတယ္။ ဒါ့အျပင္ နစ္နာသူ ျမန္မာအမ်ိဳးသမီးတဦးမွာ ငါးဖမ္းေလွျမန္မာအလုပ္သမားတဦးႏွင့္ လက္ထပ္ရန္ အတင္းအက်ပ္ ခိုင္းေစျခင္း ခံခဲ့ရပါတယ္။ လက္ထပ္ပါက မိမိအေႂကြးမ်ားကို ငါးဖမ္းေလွအလုပ္သမားက ဆပ္ေပးမည္ျဖစ္ပါတယ္။ ထိုလုပ္ရပ္မ်ားသည္ လူကုန္ကူးမႈျဖစ္ေသာေၾကာင့္ တရားစြဲဆိုရန္အတြက္ DSI က ၀င္ေရာက္ဖမ္းဆီးစစ္ေဆးျခင္း ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  MYANMAR LIVE ျမန္မာထိုင္းမိဒီယာ

#Unicode Version#

ပြီးခဲ့တဲ့ သြဂုတ်လ 28 နေ့က ထိုင်းနိုင်ငံအထူးစုံစမ်းစစ်ဆေးရေးဌာန (Department of Special Investigation : DSI) က တရားခံ ကိုခေါက်(တိန်)နှင့် မအိန်(ချိုအေး) မြန်မာနိုင်ငံသား လင်မယားနှစ်ဦးတို့ကို ဖမ်းဆီးခဲ့ပါတယ်။ တရားခံများ ကျူးလွန်သည့်အမှုမှာ လူကုန်ကူးမှု   ဖြစ်ပါတယ် မြန်မာနိုင်ငံသားအချင်းချင်း လိမ်လည်ပြီး ငါးဖမ်းလှေများတွင် အတင်းအကျပ် အလုပ်ခိုင်းစေခြင်းဖြစ်ပါတယ်။ အတင်းအကျပ် အလုပ်ခိုင်းစေသည့်အပြင် အသက်အန္တရာယ် ခြိမ်းခြောက်မှုလည်း ပြုလုပ်ခဲ့ပါတယ်

ဇူလိုင်လတွင် မြန်မာနိုင်ငံသား 11 ဦးအား ကိုခေါက်(တိန်)နှင့် မအိန်(ချိုအေး) လင်မယားနှစ်ဦးတို့က ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ခေါ်လာခဲ့သည်ဟု အထူးစုံစမ်းရေးတာဝန်ရှိသူများက စုံစမ်းသိရှိရပါတယ်။ အမျိုးသားများကို လှေဆိပ်နားတဝှိက်တွင် အသုံးအဆောင်ပစ္စည်းများ ရောင်းချရန်အတွက် ခေါ်လာခြင်းဖြစ်ပြီး အမျိုးသမီးများကို ငါးရွေးရန်နှင့် ငါးတံတားတွင် ကင်းမွန်ခွဲရန်အတွက် ခေါ်လာခြင်းဖြစ်တယ်ဟု စုံစမ်းသိရပါတယ်။ လုပ်အားခမှာ တရက်လျှင် 300-400 ဘတ်ခန့်ရမည်ဟု ဆိုသောကြောင့် နစ်နာသူများ ပရကျွစီရီခန်ခရိုင်ရှိ နယ်စပ်ဂိတ်ကို ဖြတ်ကျော်ပြီး လိုက်လာခြင်း ဖြစ်ပါတယ်။
မြန်မာလင်မယားနှစ်ဦး

သို့သော် အလုပ်နေရာသို့ ရောက်သောအခါ ထွက်မပြေးနိုင်ရန်အတွက် နိုင်ငံကူးလက်မှတ်များကို အကုန်သိမ်းဆည်းပြီး ခရီးစရိတ် တည်းခိုစရိတ်နှင့် စားစရိတ်များကို ပေးချေစေခဲ့ပါတယ် နစ်နာသူများက ထိုစရိတ်များပေးချေရန် ပိုက်ဆံမရှိသောကြောင့် ငါးဖမ်းလှေပေါ်တွင် အလုပ်လုပ်ကိုင်ရန် အတင်းအကျပ် ခိုင်းစေခြင်းခံခဲ့ရပါတယ် ငါးတံတားပေါ်ရှိအလုပ်များနှင့် အိမ်အလုပ်များကိုလည်း အတင်းအကျပ် ခိုင်းစေခြင်းခံရပြီး ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း အသက်အန္တရာယ် ခြိမ်းခြောက်ခြင်းကိုလည်း ပြုလုပ်ခဲ့ပါတယ်။

မှာကြားထားသည့်အတိုင်း အလုပ်မလုပ်ကိုင်ပါက မြန်မာနိုင်ငံသားအလုပ်သမားများ သဘောတူညီထားသည့်အတိုင်း လုပ်အားခပေးမည်မဟုတ်ဘူးဟုလည်း သိရပါတယ်။ ဒါ့အပြင် နစ်နာသူ မြန်မာအမျိုးသမီးတဦးမှာ ငါးဖမ်းလှေမြန်မာအလုပ်သမားတဦးနှင့် လက်ထပ်ရန် အတင်းအကျပ် ခိုင်းစေခြင်း ခံခဲ့ရပါတယ်။ လက်ထပ်ပါက မိမိအကြွေးများကို ငါးဖမ်းလှေအလုပ်သမားက ဆပ်ပေးမည်ဖြစ်ပါတယ်။ ထိုလုပ်ရပ်များသည် လူကုန်ကူးမှုဖြစ်သောကြောင့် တရားစွဲဆိုရန်အတွက် DSI က ဝင်ရောက်ဖမ်းဆီးစစ်ဆေးခြင်း ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:  MYANMAR LIVE မြန်မာထိုင်းမိဒီယာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top