×

ညခ်မ္းအခါမွာ ေကာင္းကင္ႀကီးကို ေမာ့ၾကည့္ၿပီး ''အဲဒီအေပၚမွာ ဘာေတြျဖစ္ေနတာလဲ'' လို႔ အာကာသေဗဒပညာရွင္တစ္ဦးကို ေမးၾကည့္လိုက္ပါ။ ''ဘယ္နားက အေပၚလဲ''လို႔ သင့္ကို ျပန္ေမးပါလိမ့္မယ္။ အာကာသထဲမွာ

အေပၚဘက္တို႔၊ ေအာက္ဘက္တို႔ဆိုတာ ရွိမေနပါဘူး။ နည္းနည္း ေခါင္း႐ႈပ္သြားၿပီထင္မိပါတယ္။

၂၀၁၆ စက္တင္ဘာလမွာ ထုတ္ျပန္ခဲ့တဲ့ ေလ့လာမႈရလဒ္တစ္ခုအရ စၾကဝဠာမွာ အေရွ႕၊ အေနာက္၊ ေတာင္၊ ေျမာက္၊ အထက္၊ ေအာက္ ဆိုတဲ့ အရပ္မ်က္ႏွာေတြ ရွိမေနဘူး လို႔ ဆိုပါတယ္။ ဘယ္အရပ္မ်က္ႏွာကပဲ ၾကည့္ၾကည့္ စၾကဝဠာဟာ Isotropic (အနီးစပ္ဆုံး စကားလုံး အေနနဲ႔ ''ပုံေဆာင္မဲ့''လို႔ေခၚတြင္ႏိုင္ပါတယ္ ဘယ္အကြာအေဝးကေန တိုင္းတာသည္ျဖစ္ေစ မူလပမာဏ ေျပာင္းလဲျခင္း မရွိ) ျဖစ္ေနပါတယ္။

ေလ့လာသူေတြကေတာ့ စၾကဝဠာမွာ အရပ္မ်က္ႏွာရွိႏိုင္ေျခဟာ ၁၂၁၀၀၀ ပုံ ၁ ပုံပဲရွိတယ္လို႔ ဆိုပါတယ္။ ယခုေလာေလာဆယ္ေတာ့ Isotropic Universe ဆိုတာပဲရွိေနပါတယ္။ အရပ္မ်က္ႏွာေတြကို တိုင္းတာႏိုင္ဖို႔ ဘစ္ဘမ္း (Big Bang) ၿပီးကတည္းက တည္ရွိေနခဲ့တဲ့ CBM (Cosmic Microwave Background/အာကာသ ေနာက္ခံလႈိင္းမ်ား)ကို တြက္ခ်က္တိုင္းတာျခင္းအားျဖင့္ ျဖစ္ႏိုင္တယ္လို႔ဆိုပါတယ္။ ေလ့လာေရး အဖြဲ႕ဟာ ဥေရာပ အာကာသ ေအဂ်င္စီ ရဲ႕ပလန္႔ခ္ (Plank) အမည္ရ အာကာသလြန္းပ်ံယာဥ္ကို အသုံးျပဳၿပီး ၂၀၀၉ ကေန ၂၀၁၈ ထိ CBM တိုင္းတာခဲ့ၾကၿပီး ပိုမို တိက်တဲ့ ကိန္းဂဏန္းေတြကို ေပးႏိုင္မယ္လို႔ ခန္႔မွန္းရပါတယ္။

စၾကဝဠာမွာ ''ညာ'' ဘက္ရွိတယ္လို႔ စိတ္ကူးၾကည့္လိုက္ပါ။"ဘက္''တစ္ခုခုသာရွိေနခဲ့မယ္ဆိုရင္ စၾကဝဠာဟာ အလည္မွတ္တစ္ခုကေန ဘက္ေပါင္းစုံကို အလ်င္အမ်ိဳးမ်ိဳးနဲ႔ ျပန္႔ကားေနတာကို သိရမွာပါ။ ဒါဆိုရင္ စၾကဝဠာဟာ ''ပုံေဆာင္မဲ့'' မဟုတ္ေတာ့ပါဘူး၊ ''ပုံေဆာင္ခဲ'' ျဖစ္သြားမွာပါ။ (ကၽြန္ေတာ္တို႔ရဲ႕ စၾကဝဠာ ႀကီးဟာ Big Bang ေပါက္ကြဲမႈျဖစ္ပြားၿပီးကတည္းက ျပန္႔ကားေနလိုက္တာ ယခုခ်ိန္ပါပဲ၊ ဆက္လက္ၿပီးေတာ့လည္း ျပန္႔ကားေနဆဲပါပဲ၊ ပူစီေဖာင္းကို ေလမႈတ္သြင္းေနသလိုမ်ိဳး ျမင္ေယာင္ၾကည့္ႏိုင္ပါတယ္)

အဲဒီလို ျပန္႔ကားေနတာေၾကာင့္ CBM ေတြကို တိတိက်က် မဖမ္းယူႏိုင္တာ ျဖစ္ပါတယ္။ ေလ့လာသူေတြရဲ႕ ေဖာ္ျပခ်က္အရ CBM ေတြဟာ ႀကဳံရာက်ပန္း ေတြျဖစ္ေနၿပီး တိက်တဲ့ ပုံစံမရွိပါဘူးတဲ့။ ေနာက္ၿပီး ထပ္မံရရွိတဲ့ သဲလြန္စေတြကလည္း စၾကဝဠာဟာ ''ပုံေဆာင္ခဲ" ျဖစ္ရမယ္လို႔ ၫႊန္းေနၾကပါတယ္။ လိုအပ္ေနတာက စၾကဝဠာဟာ ''ပုံေဆာင္ခဲ'' ျဖစ္တယ္ဆိုရင္ ဘာ့ေၾကာင့္လဲ ဆိုတဲ့ေမးခြန္းျဖစ္ပါတယ္။ ေလ့လာသူေတြ ေလ့လာၿပီးသမၽွ၊ ေလ့လာေနသမၽွ၊ ဆက္ၿပီးေလ့လာဖို႔ရွိေနတာေတြဟာ စၾကဝဠာက ''ပုံေဆာင္ခဲ'' အျဖစ္ဆိုတဲ့အဆိုကိုပဲ တညီတည္း သြားေနပါတယ္။ တကယ္လို႔သာ စၾကဝဠာ ႀကီးဟာ ''ပုံေဆာင္မဲ့'' ျဖစ္ေနခဲ့မယ္ဆိုရင္ ကၽြန္ေတာ္တို႔ သိထားသမၽွ စၾကဝဠာအရပ္မ်က္ႏွာဆိုင္ရာအသိေတြကို အကုန္လုံးကို လႊင့္ပစ္လိုက္ရေတာ့မွာပါ။ (ယခုခ်ိန္အထိေတာ့ ''ပုံေဆာင္မဲ့'' အျဖစ္သက္မွတ္ထားတုန္း ျဖစ္ပါတယ္)
ဖိုးသူေတာ္ (www.phothutaw.com)
Credit:.yoyarlay.
# Unicode Version ျဖင့္ ဖတ္ပါ #
ညချမ်းအခါမှာ ကောင်းကင်ကြီးကို မော့ကြည့်ပြီး ''အဲဒီအပေါ်မှာ ဘာတွေဖြစ်နေတာလဲ'' လို့ အာကာသဗေဒပညာရှင်တစ်ဦးကို မေးကြည့်လိုက်ပါ။ ''ဘယ်နားက အပေါ်လဲ''လို့ သင့်ကို ပြန်မေးပါလိမ့်မယ်။ အာကာသထဲမှာ

အပေါ်ဘက်တို့၊ အောက်ဘက်တို့ဆိုတာ ရှိမနေပါဘူး။ နည်းနည်း ခေါင်းရှုပ်သွားပြီထင်မိပါတယ်။

၂၀၁၆ စက်တင်ဘာလမှာ ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုရလဒ်တစ်ခုအရ စကြဝဠာမှာ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အထက်၊ အောက် ဆိုတဲ့ အရပ်မျက်နှာတွေ ရှိမနေဘူး လို့ ဆိုပါတယ်။ ဘယ်အရပ်မျက်နှာကပဲ ကြည့်ကြည့် စကြဝဠာဟာ Isotropic (အနီးစပ်ဆုံး စကားလုံး အနေနဲ့ ''ပုံဆောင်မဲ့''လို့ခေါ်တွင်နိုင်ပါတယ် ဘယ်အကွာအဝေးကနေ တိုင်းတာသည်ဖြစ်စေ မူလပမာဏ ပြောင်းလဲခြင်း မရှိ) ဖြစ်နေပါတယ်။

လေ့လာသူတွေကတော့ စကြဝဠာမှာ အရပ်မျက်နှာရှိနိုင်ခြေဟာ ၁၂၁၀၀၀ ပုံ ၁ ပုံပဲရှိတယ်လို့ ဆိုပါတယ်။ ယခုလောလောဆယ်တော့ Isotropic Universe ဆိုတာပဲရှိနေပါတယ်။ အရပ်မျက်နှာတွေကို တိုင်းတာနိုင်ဖို့ ဘစ်ဘမ်း (Big Bang) ပြီးကတည်းက တည်ရှိနေခဲ့တဲ့ CBM (Cosmic Microwave Background/အာကာသ နောက်ခံလှိုင်းများ)ကို တွက်ချက်တိုင်းတာခြင်းအားဖြင့် ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ လေ့လာရေး အဖွဲ့ဟာ ဥရောပ အာကာသ အေဂျင်စီ ရဲ့ပလန့်ခ် (Plank) အမည်ရ အာကာသလွန်းပျံယာဉ်ကို အသုံးပြုပြီး ၂၀၀၉ ကနေ ၂၀၁၈ ထိ CBM တိုင်းတာခဲ့ကြပြီး ပိုမို တိကျတဲ့ ကိန်းဂဏန်းတွေကို ပေးနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

စကြဝဠာမှာ ''ညာ'' ဘက်ရှိတယ်လို့ စိတ်ကူးကြည့်လိုက်ပါ။"ဘက်''တစ်ခုခုသာရှိနေခဲ့မယ်ဆိုရင် စကြဝဠာဟာ အလည်မှတ်တစ်ခုကနေ ဘက်ပေါင်းစုံကို အလျင်အမျိုးမျိုးနဲ့ ပြန့်ကားနေတာကို သိရမှာပါ။ ဒါဆိုရင် စကြဝဠာဟာ ''ပုံဆောင်မဲ့'' မဟုတ်တော့ပါဘူး၊ ''ပုံဆောင်ခဲ'' ဖြစ်သွားမှာပါ။ (ကျွန်တော်တို့ရဲ့ စကြဝဠာ ကြီးဟာ Big Bang ပေါက်ကွဲမှုဖြစ်ပွားပြီးကတည်းက ပြန့်ကားနေလိုက်တာ ယခုချိန်ပါပဲ၊ ဆက်လက်ပြီးတော့လည်း ပြန့်ကားနေဆဲပါပဲ၊ ပူစီဖောင်းကို လေမှုတ်သွင်းနေသလိုမျိုး မြင်ယောင်ကြည့်နိုင်ပါတယ်)

အဲဒီလို ပြန့်ကားနေတာကြောင့် CBM တွေကို တိတိကျကျ မဖမ်းယူနိုင်တာ ဖြစ်ပါတယ်။ လေ့လာသူတွေရဲ့ ဖော်ပြချက်အရ CBM တွေဟာ ကြုံရာကျပန်း တွေဖြစ်နေပြီး တိကျတဲ့ ပုံစံမရှိပါဘူးတဲ့။ နောက်ပြီး ထပ်မံရရှိတဲ့ သဲလွန်စတွေကလည်း စကြဝဠာဟာ ''ပုံဆောင်ခဲ" ဖြစ်ရမယ်လို့ ညွှန်းနေကြပါတယ်။ လိုအပ်နေတာက စကြဝဠာဟာ ''ပုံဆောင်ခဲ'' ဖြစ်တယ်ဆိုရင် ဘာ့ကြောင့်လဲ ဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ လေ့လာသူတွေ လေ့လာပြီးသမျှ၊ လေ့လာနေသမျှ၊ ဆက်ပြီးလေ့လာဖို့ရှိနေတာတွေဟာ စကြဝဠာက ''ပုံဆောင်ခဲ'' အဖြစ်ဆိုတဲ့အဆိုကိုပဲ တညီတည်း သွားနေပါတယ်။ တကယ်လို့သာ စကြဝဠာ ကြီးဟာ ''ပုံဆောင်မဲ့'' ဖြစ်နေခဲ့မယ်ဆိုရင် ကျွန်တော်တို့ သိထားသမျှ စကြဝဠာအရပ်မျက်နှာဆိုင်ရာအသိတွေကို အကုန်လုံးကို လွှင့်ပစ်လိုက်ရတော့မှာပါ။ (ယခုချိန်အထိတော့ ''ပုံဆောင်မဲ့'' အဖြစ်သက်မှတ်ထားတုန်း ဖြစ်ပါတယ်)
ဖိုးသူတော် (www.phothutaw.com)
Credit:.yoyarlay.

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top