×

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ နမ့္ခမ္းၿမိဳ႕မွာ မူးယစ္ေဆး၀ါးသယ္ေဆာင္လာတဲ့ ရဲတပ္သားတေယာက္နဲ႔ အရပ္သားတေယာက္ကို ရပ္ကြက္လူငယ္ေတြက ဖမ္းဆီးၿပီး ရဲစခန္းကို လႊဲေျပာင္းေပးခဲ့ပါတယ္။

နမ့္ခမ္းၿမိဳ႕ ေကာင္းဆာရပ္ကြက္မွာ ဇန္န၀ါရီ ၂၃ ရက္ ည ၁၀ ေက်ာ္အခ်ိန္က ဖမ္းဆီးမိခဲ့တာျဖစ္ၿပီး ရက္ကြက္လံုျခံဳေရးယူေနတဲ့ လူငယ္အဖြဲ႔က ဖမ္းတာလို႔ ေဒသခံတဦးက ေျပာပါတယ္။

“နမ့္ခမ္းရဲစခန္းက ရဲတပ္သား သိန္းေဌးေအာင္ အသက္ ၂၀ ႏွစ္၊ ကိုယ္ပိုင္နံပတ္က လ/၂၄၀၂၆၄။ ေနာက္တေယာက္က စိုင္းထြန္းစံ၊ အသက္ ၃၀၊ ေပါက္ေနရပ္ကြက္။ သူတို႔ဆီကေန ဆိုင္ကယ္တစီးနဲ႔ လက္ထိတ္တခု၊ ယာဘေဆးျပားက ၉၇ လံုး၊ ဘိန္းျဖဴက တပုလင္းခြဲနဲ႔မိတာ။ အဲ့ဒီေကာင္းဆာရပ္ကြက္က လူငယ္အဖြဲ႔၊ အုပ္ခ်ဳပ္ေရးမွဴးတို႔၊ ဘာတို႔ ပါတဲ့အဖြဲ႔က ကင္းလွည့္ရင္း သူတို႔ဆိုင္ကယ္ကိုတားၿပီး စစ္ရင္း ဖမ္းမိတာ။ ဒီေန႔မနက္ေတာ့ ရဲစခန္းကို အပ္လိုက္ၿပီ။”

နမ့္ခမ္းရဲစခန္းမွဴးက မူးယစ္ေဆးနဲ႔မိတဲ့ ရဲတပ္သားကို ဥပေဒအရ အေရးယူသြား မယ္လို႔ ကတိေပးေျပာၾကားတယ္လို႔လည္း ေျပာပါတယ္။ ဒီဗြီဘီက ရဲစခန္းကုိ ဆက္သြယ္ေမးျမန္းဖုိ႔ ႀကိဳးစားေပမယ့္ မရဘူးျဖစ္ေနပါတယ္။

နမ့္ခမ္းၿမိဳ႕မွာ ရပ္ကြက္အလိုက္ လံုၿခံဳေရးအဖြဲ႔ေတြ ဖြဲ႔ထားၿပီး မူးယစ္ေဆး၀ါး ေရာင္း၀ယ္ေဖာက္ကားသူေတြကို ဖမ္းဆီးေလ့ရွိပါတယ္။ ရဲတဦးမွာ မူးယစ္ေဆးဖမ္းမိတာ ပထမဆံုးအႀကိမ္ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေရႊေအာင္(DVB)

#Unicode Version#

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့မှာ မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့ ရဲတပ်သားတယောက်နဲ့ အရပ်သားတယောက်ကို ရပ်ကွက်လူငယ်တွေက ဖမ်းဆီးပြီး ရဲစခန်းကို လွှဲပြောင်းပေးခဲ့ပါတယ်။

နမ့်ခမ်းမြို့ ကောင်းဆာရပ်ကွက်မှာ ဇန်နဝါရီ ၂၃ ရက် ည ၁၀ ကျော်အချိန်က ဖမ်းဆီးမိခဲ့တာဖြစ်ပြီး ရက်ကွက်လုံခြုံရေးယူနေတဲ့ လူငယ်အဖွဲ့က ဖမ်းတာလို့ ဒေသခံတဦးက ပြောပါတယ်။

“နမ့်ခမ်းရဲစခန်းက ရဲတပ်သား သိန်းဌေးအောင် အသက် ၂၀ နှစ်၊ ကိုယ်ပိုင်နံပတ်က လ/၂၄၀၂၆၄။ နောက်တယောက်က စိုင်းထွန်းစံ၊ အသက် ၃၀၊ ပေါက်နေရပ်ကွက်။ သူတို့ဆီကနေ ဆိုင်ကယ်တစီးနဲ့ လက်ထိတ်တခု၊ ယာဘဆေးပြားက ၉၇ လုံး၊ ဘိန်းဖြူက တပုလင်းခွဲနဲ့မိတာ။ အဲ့ဒီကောင်းဆာရပ်ကွက်က လူငယ်အဖွဲ့၊ အုပ်ချုပ်ရေးမှူးတို့၊ ဘာတို့ ပါတဲ့အဖွဲ့က ကင်းလှည့်ရင်း သူတို့ဆိုင်ကယ်ကိုတားပြီး စစ်ရင်း ဖမ်းမိတာ။ ဒီနေ့မနက်တော့ ရဲစခန်းကို အပ်လိုက်ပြီ။”

နမ့်ခမ်းရဲစခန်းမှူးက မူးယစ်ဆေးနဲ့မိတဲ့ ရဲတပ်သားကို ဥပဒေအရ အရေးယူသွား မယ်လို့ ကတိပေးပြောကြားတယ်လို့လည်း ပြောပါတယ်။ ဒီဗွီဘီက ရဲစခန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရဘူးဖြစ်နေပါတယ်။

နမ့်ခမ်းမြို့မှာ ရပ်ကွက်အလိုက် လုံခြုံရေးအဖွဲ့တွေ ဖွဲ့ထားပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေကို ဖမ်းဆီးလေ့ရှိပါတယ်။ ရဲတဦးမှာ မူးယစ်ဆေးဖမ်းမိတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: ရွှေအောင်(DVB)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top