iMyanmarHouse.com - Best Property Website for Myanmar
×



အငယ္နဲ႔ဆံုဆံု အၾကီးနဲ႔ဆံုဆံု ရုပ္ရွင္ရိုက္ေကာင္းဖို႔က အဓိက ဆိုတဲ႔ စိုးသူ

ေျပာခ်င္လြန္းလို႕ ပရိသတ္ၾကီးေရ သရုပ္ေဆာင္၊ အဆိုေတာ္ စိုးသူရဲ႕ ဇာတ္ကားေတြကေတာ့ မၾကာမီ ရုပ္ရွင္ဖန္သားျပင္ေပၚ ေရာက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ အႏုပညာေလာကနဲ႕ ကင္းကြာေနတဲ့ စိုးသူက ဒါရိုက္တာ ေက်ာ္ေဇာလင္း (အေတြးပံုရိပ္) ရိုက္ကူးပံုေဖာ္တဲ့ “တရားလား” အမည္ရွိ ရုပ္ရွင္ဇာတ္ကားၾကီးကို ေျပတီဦး ၊ ဝတ္မႈံေရႊရည္ နဲ႕ အတူ အႏုပညာရွင္မ်ားစြာနဲ႕ ပါဝင္ရိုက္ကူးထားတာ ျဖစ္ပါတယ္။
“ ဒီဇာတ္ကားကို ရိုက္ဖို႕ေျပာေနတာ ၂ ႏွစ္ ၃ ႏွစ္ရွိပါျပီ။ အခုအေၾကာင္းတိုက္ဆိုင္လို႕ ရိုက္ျဖစ္သြားတာပါ။ ျပီးေတာ့ ကၽြန္ေတာ့္ရဲ႕ ပရိသတ္ေတြက ခုခ်ိန္ထိ ကၽြန္ေတာ့္ကို အားေပးေနတာ သိရေတာ့ ပရိသတ္ေတြကို အားနာတယ္။ ကိုယ့္ကိုယ္ကို တာဝန္မေက်ဘူးလို႕လည္း ခံစားရတယ္။ ကၽြန္ေတာ္ ျပန္ေရာက္လာေတာ့ အသက္အရြယ္ရလာျပီဆိုေတာ့ ကိုယ့္အသက္အရြယ္နဲ႕ လိုက္ဖက္မယ့္ ဇာတ္ရုပ္ေတြကို ေရြးရတယ္။ ကၽြန္ေတာ္တို႕ ဇာတ္ရုပ္ေတြ ေတာ္ေတာ္မ်ားမ်ား ရိုက္ဖူးခဲ့တယ္ဆိုေတာ့ အက်ိဳးျပဳတဲ့ ဟာရိုက္မယ္ဆိုေတာ့လည္း ေဖ်ာ္ေျဖေရးေတြပါမွေလ။ အဲ့့လိုစဥ္းစားရင္း ဂ်ီးမ်ားရင္းနဲ႕ မရိုက္ျဖစ္ေသးတာ။” ဆိုျပီး the Radar နဲ႕အင္တာဗ်ဴးမွာ ေျဖၾကားထားပါတယ္။

လတ္တေလာမွာ အမႈစြဲဆိုခံထားရတဲ့ စိုးသူက ပရိသတ္ေတြကို စိုးရိမ္စရာ မရွိေၾကာင္းနဲ႕ လူထဲကလူ ၊ အႏုပညာသမားထဲက အႏုပညာသမားျဖစ္တဲ့အတြက္ ဒါေတြက ရွိတတ္တယ္လို႕ ဆိုပါတယ္။ ေနာက္ထပ္ျပီးေတာ့ အႏုပညာလႈပ္ရွားမႈအေနနဲ႕ စိုင္းစိုင္းခမ္းလႈိင္ ၊ စိုးျမတ္သူဇာတို႕ နဲ႕တြဲဖက္ျပီး စာေရးဆရာမဂ်ဴးရဲ႕ “ကၽြန္မ၏သစ္ပင္” ဝတၳဳကို ပံုေဖာ္ရိုက္ကူးတဲ့ ရုပ္ရွင္ကားၾကီးမွာ စိုးသူပါဝင္သြားမယ္လို႕ သိရပါတယ္။ စိုင္းစိုင္းခမ္းလႈိင္ရဲ႕ တိုက္တြန္းမႈေၾကာင့္ ပါဝင္ျဖစ္သြားတဲ့ အေၾကာင္းကိုလည္း ခုလိုေျပာျပသြားပါတယ္။

“ စိုင္းစိုင္းက အားထားတယ္။ ဇာတ္္ကဘက္စံုေထာင့္စံုေကာင္းတယ္။ ကၽြန္ေတာ္ စဥ္းစားတာၾကာသြားလို႕ အခုေတာ့ အခ်ိန္ေရာက္လာလို႕ ရိုက္ျဖစ္သြားတာ။ ႏွစ္ေယာက္ကရုပ္ခ်င္းဆင္တယ္။ စိုင္းစိုင္းအေဖလုပ္ရတယ္ဆိုေတာ့ မာနၾကီးတဲ့ ဂီတသမား ဇာတ္ရုပ္က သရုပ္ေဆာင္ထားတာပါ။ ကိုဝိုင္း ၊ စိုင္းစိုင္းနဲ႕ ကၽြန္ေတာ္တို႕ လူခ်င္းေတြ႕ျပီးေတာ့ တိုင္ပင္စီစဥ္ထားတာပါ။” လို႕ဆိုပါတယ္။

မင္းသမီးေနရာမွာေတာ့စိုးျမတ္သူဇာနဲ႕သာလိုက္ဖက္တဲ့အေၾကာင္းကိုလည္း “ မင္းသမီးေနရာကလည္း ဆရာမေရးထားတဲ့ ဇာတ္ရုပ္နဲ႕ လိုက္မယ့္ မင္းသမီးမ်ိဳး လ်ာထားတယ္။ စိုးစိုးနဲ႕ပိုလိုက္တယ္။ မစိုးျမတ္သူဇာနဲ႕လိုက္သလို ဒီဇာတ္ရုပ္နဲ႕လိုက္တာက တစ္ေယာက္ ႏွစ္ေယာက္ သံုးေယာက္ပဲရွိတယ္။”လို႕ဆိုပါတယ္။

မၾကီးစိုးနဲ႕က အဆက္ေဟာင္း ျဖစ္ခဲ့ဖူးသလို လက္ရွိမွာလည္း မၾကီးစိုးရဲ႕ညီမ စိုးျမတ္နႏၵာနဲ႕ ခ်စ္သူေတြျဖစ္ေနတဲ႔ စိုးသူက ဘယ္လိုမ်ိဳး ရင္ခုန္ေနမလဲဆိုတာကေတာ့ “ ဘယ္သူနဲ႕ဆံုဆံု အငယ္နဲ႕ဆံုဆံု ၊ အၾကီးနဲ႕ ဆံုဆံု ရိုက္ၾကတယ္။ ကား အေကာင္းဆံုးျဖစ္ေအာင္ ေဆာင္ရြက္ၾကတယ္။ အႏုပညာေမာင္ႏွမေတြၾကိဳးစားၾကတယ္။ ဒါပဲေပါ့။” လို႕ ဆိုပါတယ္။

စိုးသူက ျမန္မာျပည္ အႏုပညာေလာကနဲ႕ ကင္းကြာေနတာ ဆယ္စုႏွစ္ တစ္စုေက်ာ္ၾကာခဲ့ေပမဲ့ ပရိသတ္ေတြရင္ထဲ အခိုင္အမာ ရွိေနဦးမလားဆိုတာကိုေတာ့ ရုပ္ရွင္ကားၾကီးေတြ ရံုတင္ရင္ သိရမွာ ျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Nanmalgyi
# Unicode Version ျဖင့္ ဖတ္ပါ #
By BaHuThu Ta / September 9, 2018

အငယ်နဲ့ဆုံဆုံ အကြီးနဲ့ဆုံဆုံ ရုပ်ရှင်ရိုက်ကောင်းဖို့က အဓိက ဆိုတဲ့ စိုးသူ

ပြောချင်လွန်းလို့ ပရိသတ်ကြီးရေ သရုပ်ဆောင်၊ အဆိုတော် စိုးသူရဲ့ ဇာတ်ကားတွေကတော့ မကြာမီ ရုပ်ရှင်ဖန်သားပြင်ပေါ် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အနုပညာလောကနဲ့ ကင်းကွာနေတဲ့ စိုးသူက ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ရိုက်ကူးပုံဖော်တဲ့ “တရားလား” အမည်ရှိ ရုပ်ရှင်ဇာတ်ကားကြီးကို ပြေတီဦး ၊ ဝတ်မှုံရွှေရည် နဲ့ အတူ အနုပညာရှင်များစွာနဲ့ ပါဝင်ရိုက်ကူးထားတာ ဖြစ်ပါတယ်။
“ ဒီဇာတ်ကားကို ရိုက်ဖို့ပြောနေတာ ၂ နှစ် ၃ နှစ်ရှိပါပြီ။ အခုအကြောင်းတိုက်ဆိုင်လို့ ရိုက်ဖြစ်သွားတာပါ။ ပြီးတော့ ကျွန်တော့်ရဲ့ ပရိသတ်တွေက ခုချိန်ထိ ကျွန်တော့်ကို အားပေးနေတာ သိရတော့ ပရိသတ်တွေကို အားနာတယ်။ ကိုယ့်ကိုယ်ကို တာဝန်မကျေဘူးလို့လည်း ခံစားရတယ်။ ကျွန်တော် ပြန်ရောက်လာတော့ အသက်အရွယ်ရလာပြီဆိုတော့ ကိုယ့်အသက်အရွယ်နဲ့ လိုက်ဖက်မယ့် ဇာတ်ရုပ်တွေကို ရွေးရတယ်။ ကျွန်တော်တို့ ဇာတ်ရုပ်တွေ တော်တော်များများ ရိုက်ဖူးခဲ့တယ်ဆိုတော့ အကျိုးပြုတဲ့ ဟာရိုက်မယ်ဆိုတော့လည်း ဖျော်ဖြေရေးတွေပါမှလေ။ အဲ့လိုစဉ်းစားရင်း ဂျီးများရင်းနဲ့ မရိုက်ဖြစ်သေးတာ။” ဆိုပြီး the Radar နဲ့အင်တာဗျူးမှာ ဖြေကြားထားပါတယ်။

လတ်တလောမှာ အမှုစွဲဆိုခံထားရတဲ့ စိုးသူက ပရိသတ်တွေကို စိုးရိမ်စရာ မရှိကြောင်းနဲ့ လူထဲကလူ ၊ အနုပညာသမားထဲက အနုပညာသမားဖြစ်တဲ့အတွက် ဒါတွေက ရှိတတ်တယ်လို့ ဆိုပါတယ်။ နောက်ထပ်ပြီးတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ စိုင်းစိုင်းခမ်းလှိုင် ၊ စိုးမြတ်သူဇာတို့ နဲ့တွဲဖက်ပြီး စာရေးဆရာမဂျူးရဲ့ “ကျွန်မ၏သစ်ပင်” ဝတ္ထုကို ပုံဖော်ရိုက်ကူးတဲ့ ရုပ်ရှင်ကားကြီးမှာ စိုးသူပါဝင်သွားမယ်လို့ သိရပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ တိုက်တွန်းမှုကြောင့် ပါဝင်ဖြစ်သွားတဲ့ အကြောင်းကိုလည်း ခုလိုပြောပြသွားပါတယ်။


“ စိုင်းစိုင်းက အားထားတယ်။ ဇာတ်ကဘက်စုံထောင့်စုံကောင်းတယ်။ ကျွန်တော် စဉ်းစားတာကြာသွားလို့ အခုတော့ အချိန်ရောက်လာလို့ ရိုက်ဖြစ်သွားတာ။ နှစ်ယောက်ကရုပ်ချင်းဆင်တယ်။ စိုင်းစိုင်းအဖေလုပ်ရတယ်ဆိုတော့ မာနကြီးတဲ့ ဂီတသမား ဇာတ်ရုပ်က သရုပ်ဆောင်ထားတာပါ။ ကိုဝိုင်း ၊ စိုင်းစိုင်းနဲ့ ကျွန်တော်တို့ လူချင်းတွေ့ပြီးတော့ တိုင်ပင်စီစဉ်ထားတာပါ။” လို့ဆိုပါတယ်။

မင်းသမီးနေရာမှာတော့စိုးမြတ်သူဇာနဲ့သာလိုက်ဖက်တဲ့အကြောင်းကိုလည်း “ မင်းသမီးနေရာကလည်း ဆရာမရေးထားတဲ့ ဇာတ်ရုပ်နဲ့ လိုက်မယ့် မင်းသမီးမျိုး လျာထားတယ်။ စိုးစိုးနဲ့ပိုလိုက်တယ်။ မစိုးမြတ်သူဇာနဲ့လိုက်သလို ဒီဇာတ်ရုပ်နဲ့လိုက်တာက တစ်ယောက် နှစ်ယောက် သုံးယောက်ပဲရှိတယ်။”လို့ဆိုပါတယ်။

မကြီးစိုးနဲ့က အဆက်ဟောင်း ဖြစ်ခဲ့ဖူးသလို လက်ရှိမှာလည်း မကြီးစိုးရဲ့ညီမ စိုးမြတ်နန္ဒာနဲ့ ချစ်သူတွေဖြစ်နေတဲ့ စိုးသူက ဘယ်လိုမျိုး ရင်ခုန်နေမလဲဆိုတာကတော့ “ ဘယ်သူနဲ့ဆုံဆုံ အငယ်နဲ့ဆုံဆုံ ၊ အကြီးနဲ့ ဆုံဆုံ ရိုက်ကြတယ်။ ကား အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ကြတယ်။ အနုပညာမောင်နှမတွေကြိုးစားကြတယ်။ ဒါပဲပေါ့။” လို့ ဆိုပါတယ်။

စိုးသူက မြန်မာပြည် အနုပညာလောကနဲ့ ကင်းကွာနေတာ ဆယ်စုနှစ် တစ်စုကျော်ကြာခဲ့ပေမဲ့ ပရိသတ်တွေရင်ထဲ အခိုင်အမာ ရှိနေဦးမလားဆိုတာကိုတော့ ရုပ်ရှင်ကားကြီးတွေ ရုံတင်ရင် သိရမှာ ဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top