မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×








Credit:Momolay
# Unicode Version ဖြင့် ဖတ်ပါ #
ပြည်သူ့အချစ်တော် အနူပညာရှင်နှစ်ဦးဖြစ်တဲ့ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူဟာ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ပြီး ဂရုစိုက်ကြတာမို့ ပရိသတ်တွေက အားကျခြင်းခံရတဲ့ စုံတွဲတစ်တွဲပါ။ သူမတို့နှစ်ဦးဟာ သူတို့ချစ်တဲ့အနုပညာလုပ်ငန်းတွေကို ကိုယ်စီလုပ်ကိုင်ရင်း သူမတို့ရဲ့ အချစ်လမ်းခရီးလေးကို သာယာဖြောင့်ဖြူးစွာ လျှောက်လှမ်းနေကြပါတယ်။ သူမနဲ့ရဲရင့်အောင်တို့က တစ်ယောက်ကို တစ်ယောက်နားလည်မှုအပြည့်နဲ့ ချစ်ခင်နေကြတာပဲဖြစ်ပါတယ်။

ဧငြိမ်းဖြူနဲ့ ရဲရင့်အောင်က အခုဆိုရင် ချစ်သူသက်တမ်း တစ်နှစ်ကျော်နေပြီဖြစ်ပါတယ်။ ရဲရင့်အောင်ကလဲ သူမတို့တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့က သူမရဲ့ပုံလေးကို Tattoo ထိုးပေးပြီး suprise လုပ်ခဲ့ပါသေးတယ်။ သူတို့နှစ်ဦးက တစ်ယောက်နဲ့တစ်ယောက် မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် ချစ်ကြတဲ့စုံတွဲအဖြစ် ပရိသတ်တွေက သတ်မှတ်ထားကြပါတယ်။

ရဲရင့်အောင်က သီချင်းတွေကိုလဲစဉ်ဆက်မပြတ်လုပ်ကိုင်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလဲ သရုပ်ဆောင်နေပြီဖြစ်ပါတယ်။ ဧငြိမ်းဖြူကလဲ အနုပညာလုပ်ငန်းတွေကို အဆက်မပြတ်လုပ်ကိုင်နေပါတယ်။

အခုလတ်တလောမှာတော့ သူမပါဝင်ရိုက်ကူးထားတဲ့ “ဘာတဲ့လဲဟေ့…လာ” ရုပ်ရှင်ဇာတ်ကားကြီးက ရုံတင်ဖို့နီးကပ်နေပြီဖြစ်ပါတယ်။ “ဘာတဲ့လဲဟေ့…လာ” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ThiDar Linn ကရိုက်ကူးထားတာဖြစ်ပြီး ဝါရင့်သရုပ်ဆောင်များဖြစ်တဲ့ အကယ်ဒမီ ရန်အောင်၊အကယ်ဒမီ မို့မို့မြင့်အောင်၊အကယ်ဒမီ ချမ်းသာကြည့်စိုး၊ ခင်လှိုင်၊ အကယ်ဒမီ တက္ကသိုလ် ဂွမ်းပုံတို့နဲ့အတူ အခြားသရုပ်ဆောင်များဖြစ်တဲ့ ဘလိတ်၊ဧငြိမ်းဖြူ၊ထက်နေချမ်း၊ဟိန်းရှိုင်း၊စောယုနန္ဒာ စတဲ့ သရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကို Laurel ( Film Production ) ကနေ ရိုက်ကူးထုတ်လုပ်တာပဲဖြစ်ပါတယ်။


ထူးခြားတတစ်ခုက “ဘာတဲ့လဲဟေ့…လာ” ရုပ်ရှင်ဇာတ်ကားရဲ့ပိုစတာက ဧငြိမ်းဖြူရဲ့ပုံဟာ ရဲရင့်အောင်နဲ့တော်တော်တူတယ်ဆိုပြီး လူပြောများနေကြတာပဲဖြစ်ပါတယ်။သမီးရည်းစားမို့လို့တွဲမြင်ရတာများလို့ ဒီလိုကြည့်တော့ တူသယောင်ယောင်ဖြစ်နေတာလားတော့မပြောတတ်ဘူးနော်။ တကယ်လဲတူတော့တူသလိုပဲနော်။

ပရိသတ်ကြီးရော သူတို့အတွဲလေးကို ကြည့်ရတာတူတယ်ထင်ကြလား။ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူကို ချစ်ကြရင် ဒီပို့စ်လေးကို Like & Share လုပ်ဖို့မမေ့ပါနဲ့နော်။ အချိန်ပေးပြီးဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။
ဖိုးသူတော် (www.phothutaw.com)
Credit:Momolay
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top