မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

 ေဖေဖနဲ႔ ေမေမ ကြာရွင္းၾကမလို႕တဲ႕ ။
အေၾကာင္းအရင္းက အရမ္းကို စည္းကမ္းတင္းက်ပ္ၿပီး သူစိုက္ထားတဲ႕ အပင္ေတြကို သိပ္ခ်စ္တတ္တဲ႕ ေမေမ့ရဲ႕ indoor plant ပန္းအိုးထဲကို ေဖေဖက ကြမ္းတံေတြးေထြးခ်လို႕ ။

က်ေနာ္သိတဲ႕ ေမေမဟာ အၿမဲသပ္သပ္ရပ္ရပ္ ေနတတ္တဲ႕သူ ။ စည္းကမ္းတင္းက်ပ္ေပမယ့္ အိမ္သားေတြကို အၿမဲလိုလို ေဒါသမပါတဲ႕ ေလသံေအးေအးနဲ႕ ေျပာဆိုသတိေပးတတ္တယ္ ။ ေမေမ့ကို သိပ္ခ်စ္လြန္းတဲ႕ က်ေနာ္ကေတာ့ ေမေမမႀကိဳက္ဘူးလို႕ ေျပာထားတာေတြကို ေရွာင္ၾကဥ္မိတယ္ ။ ဒါေၾကာင့္မို႕ ေမေမ့ဆီက ေဒါသနဲ႕ မာန္မဲတာမ်ိဳးကို တစ္ခါမွ မၾကံဳခဲ႕ရဖူးဘူး ။

ဒီေတာ့ ေမေမ ဒီအေၾကာင္းအရာေလးနဲ႕ ကြာရွင္းတာဟာ ဘာေၾကာင့္မွန္းမသိေပမယ့္ ေမေမ့ကို အျပစ္မျမင္မိသလို က်ေနာ့္ကို အၿမဲအလိုလိုက္တဲ႕ ေဖေဖ့ကိုလည္း သနားမိတယ္ ။

ကြာရွင္းမယ္ဆိုတဲ႕ သတင္းကိုၾကားေတာ့ ေမေမ့သူငယ္ခ်င္းေတြက ေမေမ့ကို လာေျဖာင္းျဖၾကပါတယ္ ။
ေမေမကေတာ့ တစ္ခြန္းပဲေျပာပါတယ္
"ကိုစိုးႏိုင္က သိပ္ေတာ္တဲ႔ ယာက်ာ္းေကာင္းပါ ၊ ဒါေပမယ့္ ေရွ႕ဆက္သြားဖို႕ မျဖစ္ႏိုင္ေတာ့ဘူး "
ဒီစကားၾကားေတာ့ ေမေမ့ သူငယ္ခ်င္းေတြက ေမေမ့ကို
" နင္ကိုက အေတြးေခါင္တာပါဟယ္ ၊ ဘာမဟုတ္တာေလးနဲ႕ အျပစ္ကိုဇာခ်ဲ႕ေနေတာ့တာ "
ဆိုေတာ့ ေမေမက " ဘာမဟုတ္တာေလးေတြ မ်ားလာေတာ့ ဟုတ္သြားတာေပါ့၊ ဒီကြမ္းတံေတြးေထြးတာ တစ္ခါႏွစ္ခါမွ မဟုတ္တာ ၊ ငါအၿမဲသတိေပးဖူးတယ္ ၊ ဒီလိုပဲ ငါသိပ္ရြံတတ္တာကိုမွ ဒီကြမ္းစားတာကို သည္းခံေပးထားတယ္ ၊ တစ္ခ်ိဳ႕ ငါသူႀကိဳက္တာသူ႕လြတ္လပ္ခြင့္ပဲဆိုၿပီး ငါမပိတ္ပင္ဘူး ။ ဒါေပမယ့္လည္း ေရခ်ိဳးခန္းေဘဇင္ထဲလည္း ေထြးထည့္လိုက္တာပဲ ဘယ္ေတာ့မွ ျပန္မေဆးဘူး ၊ ငါသိပ္ခ်စ္တဲ႕ ပန္းပင္အိုးထဲလဲ ဘယ္လိုေျပာေျပာ ျဗစ္ကနဲ ေထြးထည့္လိုက္တာပဲ "

ဒီေျပာသံေတြကို နားေထာင္ရင္း ေဘးက ေမေမ့ရဲ႕အေဒၚႀကီးက ဝင္ေျပာျပန္ေရာ
" ညီးကိုက အျဖစ္သည္းတာပါ ၊ ေမာင္စိုးႏိုင္မွာ ဒါေလးပဲ ေျပာစရာရွိတာ ၊ က်န္တဲ႕အပိုင္းဘာရွိလို႕လဲ ၊ မိသားစုကိုလည္း လိုေလးေသးမရွိ လုပ္ေပးလိုက္တာ ဘယ္မွာသြားရွာမလဲ "

ဘြားဘြားေျပာတာလည္း ဟုတ္ပါရဲ႕ ။ ေဖေဖဟာ မိန္းမနဲ႔သားကို လိုေသးမရွိေအာင္ အၿမဲေငြရွာေပးႏိုင္တယ္ ။ ဒီေန႕ထိ ႀကီးႀကီးမားမား ရန္ျဖစ္တာ မေတြ႕ခဲ႕ရဖူးပါ။ ဘယ္သူဘာေျပာေျပာ ေမေမ့ရဲ႕ ဆံုးျဖတ္ခ်က္ေတြက ခိုင္မာလြန္းခဲ႕တယ္ ။

ဘြားဘြားကေတာ့ သူ႕တူမ အလြန္လို႕ပဲျမင္တယ္ ။
ဒါေပမယ့္ က်ေနာ္ ထပ္နားစြင့္မိရင္းၾကားတာကေတာ့ ေဖေဖဟာ သပ္သပ္ရပ္ရပ္ႀကိဳက္လြန္းတဲ႕ ေမေမ့အလိုက် ဘယ္ေတာ့မွ သပ္ရပ္သန္႕ရွင္းစြာ မေနတတ္တဲ႕သူ ၊ ေရခ်ိဴးဖို႕ အၿမဲေျပာရတယ္ ၊ ဒါေတာ့လည္း ဟုတ္တယ္ ေဖေဖေရခ်ိဳးဖို႕ ေမေမအၿမဲ တဂ်ီဂ်ီေျပာရတယ္ ။

အဝတ္စားေတြကို အဝတ္ျခင္းထဲ ထည့္ေစခ်င္ရင္ ေဖေဖက ေတြ႕ရာေနရာခြ်တ္တယ္ ေမေမကလိုက္ေကာက္သိမ္းရတယ္။
ထမင္းစားခ်ိန္ အ႐ိုးကို ပန္းကန္ထဲထည့္ပါဆိုရင္ ေဖေဖက ခံုေပၚပဲ ၿပီးစလြယ္ခ်လိုက္တယ္ ။ ေဘာ္ဘီ့ကို အစာခ်ေကြ်းရင္ ေဖေဖက သူထမင္းစားေနရင္းနဲ႕ ပစ္ပစ္ခ်ေကြ်းတတ္တယ္ ၊ ဒါကိုေမေမကို မႀကိဳက္လို႕ အၿမဲေျပာေပမယ့္ ေဖေဖကေတာ့ ပစ္ၿမဲ ၊ ေမေမကလည္း ထမင္းစားၿပီးရင္ ပန္းကန္ေတြအျပင္ ၾကမ္းျပင္ကို သန္႕ရွင္းေရးလုပ္ရေတာ့ ေတာ္ေတာ္နဲ႕ မနားရ ။ ဟုတ္သား .... ေခြ်တာလြန္းတဲ႕ ေမေမ အိမ္အကူမေခၚတတ္တဲ႕ေမေမ... ေတာ္ေတာ္ပင္ပန္းခဲ႕ရတာ။

အၿမဲလိုလို အလုပ္မ်ားေနတဲ႕ ေဖေဖဟာ မိသားစုကို အခ်ိန္ေပးႏိုင္တာရွားတယ္ ။ အလုပ္တြက္ ခရီးသြားရင္သြား မသြားရတဲ႕ရက္ေတြဆို သူငယ္ခ်င္းေတြနဲ႕ စားပြဲေတြသြားေလ့ရွိတယ္ ။

တစ္ခါက ေမေမက ေဖေဖ့ကို ေမးတယ္ ဒီေန႕ကိုမွတ္မိေသးလားဆိုေတာ့ ေဖေဖက မမွတ္မိ ။ အဲ႕ဒီေန႕က သူတို႕ရဲ႕ မဂၤလာေဆာင္တဲ႕ေန႕။ ျငဴစူတာသိပ္မရွိတဲ႕ ေမေမဟာ ဒါေလးပဲေမးျပီးေတာ့ မမွတ္မိတဲ႕ ေဖ့ေဖ့ကို အျပစ္တင္သံေတာ့ မၾကားရ ။ ေဖေဖ့ဆီကလည္း ဘာလက္ေဆာင္ေပးတာကိုမွ မေတြ႕ရ ။

က်ေနာ့္ေမြးေန႕ဆို ကိတ္ေလးဝယ္ သားေလး Happy birthday ေနာ္ဆိုၿပီး ေမေမက အၿမဲလုပ္ေပးေလ့ရွိတယ္ ။ ေဖေဖကေတာ့ အလုပ္ေတြမ်ားေတာ့ က်ေနာ္က သားေမြးေန႕ ဘာေပးမွာလဲဆိုေတာ့မွ " ေအးဟုတ္သား ဒီေန႕ ငါ့သားေမြးေန႕ပဲကြ ေရာ့မုန္႕ဘိုး ႀကိဳက္တာဝယ္ကြား " ဆိုတဲ႕ေဖေဖ ။
က်ေနာ္ေတာင္ ေဖေဖဆီက ရတဲ႕မုန္႕ဘိုးထက္ ေဖေဖ့ရဲ႔ Happy birthday သားရယ္ဆိုတာေလးကို လိုခ်င္ခဲ႕တာ ေမေမဆိုရင္လည္း လိုခ်င္မွာေပါ့ ။

ေမေမဖ်ားတဲ႕အခ်ိန္ေတြဆိုရင္ က်ေနာ္အရမ္းစိတ္ပူရတယ္ ။ ေမေမက ေတာ္ရံုဖ်ားခဲတဲ႕သူ သူဖ်ားၿပီဆိုရင္လည္း အိမ္အလုပ္ေတြနဲ႕ က်ေနာ္စားဖို႕ စီစဥ္ေပးတတ္တယ္ ။ တစ္ခါက ေမေမ ေဖေဖ့ကိုဖုန္းဆက္သံၾကားမိတယ္ ။ ေဆးခန္းပို႕ေပးဖို႕ ... ဒါေပမယ့္ အဲ႔ဒီေန႕က ေဖေဖက ႏိုင္ငံျခားသား ဧည့္သည္ေတြနဲ႕ ေတြ႕ေနလို႕ အခ်ိန္မွီျပန္မေရာက္လာဘူး ။ ေမေမကေတာ့ သူဖါသာသူ Taxi ငွားၿပီး ေဆးခန္းသြားျပခဲ႕တယ္ ။ ေနာက္ေန႕မွ ျပန္ေရာက္လာတဲ႕ ေဖေဖ့ကိုေတြ႕ေတာ့ အျပစ္တင္သံေတာ့ မၾကားမိသလို ေမေမစိတ္ေကာက္တဲ႕ အရိပ္အေယာင္ေတာင္ မေတြ႕မိ။

ဘယ္လိုပဲျဖစ္ျဖစ္ အားတင္းရင္း က်ေနာ္ ေမ့ေမ့ကို မ်က္ႏွာခ်င္းဆိုင္ၿပီး
" ဘာလို႕ေမေမတို႕ ကြာရွင္းရတာလဲဟင္ " လို႕ က်ေနာ္ မေနႏိုင္လြန္းလို႕ အရဲစြန္႕ေမးမိတယ္ ။
"သားရယ္ ဘဝႀကီးက တိုတယ္ေျပာလည္းရတယ္ ရွည္တယ္ေျပာလည္းရတယ္ ။ အဆင္ေျပသူနဲ႕ဆို ရက္စြဲေတြ ဘယ္လိုကုန္သြားမွန္းမသိရေတာ့ ဘဝကတိုတယ္ ။ သားေဖေဖနဲ႕က ေမေမအရွည္ႀကီး ဆက္သြားရမွာ " ဆိုတဲ႕စကားေတြကို တကယ္ဆိုရင္ က်ေနာ္နားမလည္ခဲ႕ပါဘူး ။

ဒီလိုနဲ႕ က်ေနာ့္အသက္ ၁၃ ႏွစ္မွာ ေဖေဖနဲ႕ ေမေမကြာရွင္းခဲ႕ ၾကတယ္ ။ က်ေနာ္ကေတာ့ ေမေမ့ေနာက္ကို လိုက္လာခဲ႕ပါတယ္ ။ အစစအရာရာ အလိုလိုက္တတ္တဲ႕ ေဖေဖ့ကိုလည္း ခ်စ္ေပမယ့္ က်ေနာ္ကေတာ့ စည္းကပ္တင္းက်ပ္တယ္ဆိုတဲ႕ ေမေမ့ေနာက္ကိုပဲ လိုက္ခ်င္ခဲ႔တယ္ ။

အိမ္ကေန ထြက္လာခ်ိန္မွာ က်ေနာ့္လက္ကိုဆြဲရင္း ေမေမက်ေနာ့္ကိုေျပာတယ္ " သားေမ့ေမ့ကို ခြင့္လႊတ္ေနာ္ " တဲ႕ ။ ေမေမ့မ်က္ႏွာမွာ ဝမ္းနည္းတဲ႕ အရိပ္အေယာင္ေတြ႕ရမလားလို႕ က်ေနာ္ရွာၾကည့္လိုက္ေသးတယ္။

-------
ေဖေဖကေတာ့ က်ေနာ္အသက္ ၁၅ ႏွစ္ျပည့္ခါနီးမွာ ေနာက္အိမ္ေထာင္ျပဳသြားပါတယ္ ။ အဲ႕ဒီအတြက္ ေမေမ့ဘာခံစားရမလဲလို႕ က်ေနာ္အကဲခတ္ၾကည့္ေပမယ့္ ဘာအရိပ္အေယာင္မွ မေတြ႕ခဲ႕ရပါ။
အိမ္ေထာင္ထပ္ျပဳေပမယ့္လည္း က်ေနာ္ လိုတာေလးေတြကို ေဖေဖကဆက္ျဖည့္ဆည္းေပးပါတယ္ ။

ေဖေဖ့အိမ္ကိုေတာ့ က်ေနာ္ သိပ္မသြားျဖစ္ပါ။ ကိုယ့္ေရွ႕မေရွာင္ ေနာက္အိမ္ေထာင္အမ်ိဳးသမီးရဲ႕ တဂ်ီဂ်ီနဲ႕ ခြ်ဲတဲ႕တဲ႕အသံကို သေဘာမက်လို႕ မသြားျဖစ္ခဲ႕တာပါ ။ ဒါေပမယ့္လည္း ေဖေဖသေဘာက်ဖို႕ပဲ လိုပါတယ္ေလ က်ေနာ္ ေဖေဖ့ကို ဘာမွထင္ျမင္ခ်က္ မေပးခဲ႕။

တစ္ခါတစ္ေလ ဒီအမ်ိဳးသမီးကို ေမေမနဲ႕ ယွဥ္ၿပီးၾကည့္မိေသးတယ္ ။ ေမေမက တည္ၿငိမ္ေအးေဆးတဲ႕သူ၊ ေဖေဖ့ကို သိပ္မပူဆာတတ္သလို ေထာင့္ေစ့ေအာင္ အိမ္ေထာင့္တာဝန္ထမ္းတဲ႕သူ... ခုေတာ့ ေဖေဖ့အိမ္မွာ အိမ္ေဖၚေလးေတြ ၂ေယာက္နဲ႕ ။ ဒါေပမယ့္ အိမ္ကေတာ့ ေမေမရွိတုန္းကလို႕ မသပ္ရပ္ေတာ့ မီးဖိုေခ်ာင္ကအစ အရင္လို သန္႕ျပန္႕ျခင္းမရွိဆိုေတာ့ ထမင္းစားဖို႕ ေနခိုင္းတိုင္း က်ေနာ္အလိုလို ျငင္းဆန္မိခဲ႕တယ္ ။ ယုတ္စြဆံုး အိမ္သာေတာင္ အနံ႕သက္မေကာင္းလို႕ အိမ္ေရာက္တိုင္း မဝင္ျဖစ္ခဲ႕ ။ ေဖေဖဘယ္လိုေနေနသလဲေတာ့ စဥ္းစားလို႕မရ ။

ဒီလိုနဲ႕ က်ေနာ္ အသက္ ၂၀ မွာ ေမေမဟာ ေနာက္အိမ္ေထာင္ ျပဳေတာ့မယ္လို႕ က်ေနာ့္အသိေပးလာတယ္ ။ ခြင့္ေတာင္းတာမ်ိဳးမဟုတ္ေပမယ့္ က်ေနာ့္ဘက္ကလည္း ကန္႕ကြက္တာမ်ိဳး မလုပ္ခဲ႕မိပါ ။
ေမေမ ေဖေဖနဲ႕ ကြာရွင္းၿပီးကတည္းက အထည္ဆိုင္ဖြင့္ၿပီး က်ေနာ့္ကို ေစာင့္ေရွာက္လာတာ ပင္ပန္းခဲ႕ၿပီးၿပီ ။ ေနာက္ၿပီး ႏိုင္ငံျခားမွာ ဘြဲ႕ထပ္ယူဖို႕ ေက်ာင္းတက္ရဦးမွာဆိုေတာ့ ေမေမ့ကိုထားခဲ႕ရမွာ တကယ္လည္း စိတ္မခ် ။ က်ေနာ္က ေမေမ စိတ္ခ်မ္းသာဖို႕ကိုပဲ အဓိကထားမိခဲ႕ပါတယ္။

ဒက္ဒီလို႕ပဲ က်ေနာ္သူ႕ကိုေခၚမိတယ္ ။
ဒက္ဒီက ေမေမ့ထက္ ၃ ႏွစ္ေလာက္အသက္ႀကီးတယ္ ။ ေဖေဖနဲ႕ ဘာရယ္မဟုတ္ က်ေနာ္ ထပ္ယွဥ္ၾကည့္မိခဲ႕တယ္ ။ ေဖေဖ့ေလာက္ေတာ့ ခန္႕ညားမႈမရွိေပမယ့္ ေႏြးေထြးၾကင္နာတဲ႕ ႐ုပ္ရည္ေတာ့ရွိတယ္ ။ ေငြေၾကးကေတာ့ အရမ္းခ်မ္းသာတဲ႕ပံုေတာ့မရွိပါ ။ Foreign Company တစ္ခုမွ အရာရွိတစ္ဦး ဆိုေတာ့ လခစားဝန္ထမ္းပဲ ေျပာရမယ္ ။

ဒက္ဒီက ပန္းပင္သိပ္ခ်စ္တဲ႕ ေမေမ့အတြက္ တစ္ခါတစ္ေလ အလုပ္က ျပန္လာရင္ ပန္းအိုးခပ္ဆန္းဆန္းေလးေတြ ဝယ္လာေပးတတ္တယ္ ။ အဲ႕ဒီရက္ေတြဆို ေမေမသေဘာေတြက်ၿပီး အသံေလးေတြရႊင္လို႕ ။

ထမင္းစားခါနီးဆိုလည္း က်ေနာ္ကေတာ့ ေမေမ့ကို ဝင္မကူေပးမိပါ။ ဒါမိန္းမေတြအလုပ္လို႕ က်ေနာ္ကိုယ္တိုင္ မသိစိတ္က သတ္မွတ္ထားခဲ႕တယ္ ။
ဒါေပမယ့္ ဒက္ဒီကေတာ့ ပိတ္ရက္ဆိုအိမ္မွာ ကပ္ေလ့ရွိေတာ့ ဟင္းကူခ်က္ေပးေနတာကို ေတြ႕ရတတ္တယ္ ။

ညေန ထမင္းစားဝိုင္းၾကံဳတိုင္း ပန္းကန္ေဆးေပးေနတာက ဒက္ဒီ ။ ေမေမကေဆးမယ္ဆိုတိုင္း မင္းတေနကုန္ run ထားတာ နားေတာ့လို႕ အၿမဲလုေျပာလုေဆး လုပ္ေနၾက။ က်ေနာ္ကေတာ့ က်ေနာ္နဲ႕ မဆိုင္သလိုပဲ စားၿပီးထသြားၿပီး TV ၾကည့္ေနတတ္တယ္ ။

ဒက္ဒီနဲ႕ ေမေမ ကေလးထပ္မရေတာ့ က်ေနာ္ကိုပဲ သူ႕သားလိုသေဘာထားၿပီး တစ္ခါတစ္ေလ က်ေနာ္စိတ္ဝင္စားတဲ႕ ကြန္ျပဴတာပညာရပ္ဆိုင္ရာ စာအုပ္ေတြကို ႏိုင္ငံျခားကေန တကူးတက ဝယ္လက္ေဆာင္ေပးတတ္တယ္ ။ ဝယ္ရခက္တဲ႕ original စာအုပ္ေလးေတြရတိုင္း က်ေနာ္သိပ္ေပ်ာ္မိတယ္ ။

ေမေမ့ေမြးေန႕ဆိုရင္ ဒက္ဒီက က်ေနာ့္ကို တကူးတကတိုင္ပင္ၿပီး "မင္းအေမကို suprise လုပ္ခ်င္လို႕ " ဆိုၿပီး တစ္ႏွစ္တစ္ႏွစ္ မတူေအာာင္ ဘာလုပ္ေပးရမလဲလို႕တိုင္ပင္တတ္တယ္ ။ တစ္ခါတစ္ေလဆို ေဖေဖက သိပ္လူငယ္ဆန္ခ်င္တာပဲလို႕ေတာင္ က်ေနာ္ေတြးမိတယ္ ။ ဒါေပမယ့္ က်ေနာ္နဲ႕မဆိုင္ပါဘူးေလ ။ ေမေမက ဒက္ဒီေပးတဲ႕ ဘာမွမဟုတ္တဲ႕ အပင္ေလးေတြပိုက္ၿပီးေတာင္ ေပ်ာ္ေနတတ္တာ က်ေနာ္လည္း ေက်နပ္မိပါရဲ႕ ။

တစ္ေန႕ေတာ့ ေမေမ အမ်ိဳးသမီးေရာဂါနဲ႕ ခြဲစိတ္ဖို႕ ျဖစ္လာတယ္ ။ ေဆးရံုကို ေန႕ညေစာင့္ေရွာက္ေပးတာက ဒက္ဒီ ။ က်ေနာ္က ေဘးကေန လိုအပ္တာေလးေလာက္ပဲ ျဖည့္ေပးခဲ႕ရတယ္ ။ ဒက္ဒီ ရံုးက ခြင့္ေတြမ်ားေနမွာေပါ့ဆိုေတာ့ " မင္းအေမ က်န္းမာေရးကအဓိကကြ " ဆိုေတာ့ ေမေမ့မ်က္ႏွာမွာ ျပံဳးရိပ္ေတြသန္းလို႕ ။

ေန႕လည္ဘက္ က်ေနာ္ ခဏသြားေစာင့္ေပးရင္ အိမ္ျပန္ၿပီး ေမေမ့အဝတ္ေတြျပန္ေလွ်ာ္ ေပးျပန္တယ္ ။ " ျပန္ေလွ်ာ္ဦးမယ္သားေရ မင္းအေမ ေဒၚအသန္႕ႀကိဳက္က အဝတ္စားပံုေနရင္ မႀကိဳက္ဘူးေလ " ဆိုၿပီး ရယ္ရယ္ေမာေမာနဲ႕ အထုပ္ႀကီးအထုပ္ငယ္နဲ႕ အိမ္ကိုျပန္ ညေနေစာင္းေလာက္ဆို က်ေနာ္နဲ႕ အလွည့္ျပန္ခ်ိန္းရင္ မီးပူတိုက္ၿပီးသားေလးေတြ ျပန္ပါလာတယ္ ။ မီးပူတိုက္ထားတာ မသပ္မရပ္ေပမယ့္ ေမေမ့စိတ္အလိုက်ေတာ့ ျဖစ္ခဲ႕တယ္ ။ က်ေနာ္ဒီအလုပ္ေတြ လုပ္ရမယ္ဆိုရင္ ေသခ်ာတယ္ မလုပ္ေပးႏိုင္ ။

ဒါေပမယ့္ ေမေမ ေဆးရံုတက္ေနခ်ိန္မွာ ကိုယ့္အလုပ္ကိုယ္လုပ္ရေတာ့ ေတာ္ေတာ္ပင္ပန္းခဲ႕ရသလို ေတာ္ေတာ္ေလး အဆင္မေျပျဖစ္ခဲ႕ရတယ္ ။ အစားေသာက္ကအစ ဟင္းတစ္မယ္ျဖစ္ဖို႕ေတာင္ ေျဖာင့္ေအာင္ခ်က္မစားႏိုင္လို႕ အျပင္မွာခ်ည္း ဝယ္စားခဲ႕ရတယ္ ။ ေနာက္ၿပီး ဟင္းတစ္ခါခ်က္ၿပီး မီးဖိုေခ်ာင္ျပန္ရွင္းလင္းရတာကလည္း မသက္သာ ။
အိမ္သန္႕ရွင္းက်ျပန္ေတာ့လည္း ၾကမ္းေလးတိုက္ရံုနဲ႕ကို ေဟာဟဲက လိုက္ခ်င္ၿပီ ဒါေတာင္ ေမေမလုပ္တုန္းကလို မေျပာင္။ ကိုယ္ခ်င္းစာမိတယ္ဆိုတာ သူ႕အလုပ္ေတြဝင္လုပ္ၾကည့္မိေတာ့မွ သိရတယ္ ။ ဒါေတာင္ ဒက္ဒီလိုေတာင္ က်ေနာ္ေမေမ့နားေနတာ ဒီေလာက္ၾကာတာ မကူညီေပးခဲ႕မိ။

ဒီမွာ က်ေနာ္ နားလည္လိုက္တာတစ္ခုက က်ေနာ့္အသက္ ၁၃ ႏွစ္တုန္းက ေမေမေျပာခဲ႕တဲ႕ ဘဝခရီးလမ္းက ရွည္လြန္းတယ္ဆိုတဲ႔စကား က်ေနာ္ ခုမွ သေဘာေပါက္လာတယ္ ။ ေမေမက သူနဲ႕ အသြင္တူတဲ႕ သူတစ္ေယာက္နဲ႕ ခ်မ္းခ်မ္းသာသာမေနရေပမယ့္ သူေပ်ာ္ရႊင္ေနရတယ္။ ေဖေဖကေတာ့ ေမေမ့ကိုခ်စ္တယ္လို႕ ထင္ခဲ႕မိေပမယ့္ တကယ္က သူ႕ကိုယ္သူပိုခ်စ္တာကို ေတြ႕ရတယ္ ။

ဒက္ဒီကေတာ့ ေမေမက မႀကိဳက္ဖူးလို႕ ေျပာရတာ မေတြ႕ရေလာက္တဲ႕အထိကို အလိုက္သိလြန္းသူ ။ လာကူပါဦးလို႕ မေျပာရပဲ ေမေမ့ကို စလိုက္ေနာက္လိုက္နဲ႕ ေဘးကကူညီေပးေနတတ္တဲ႕သူ။

တကယ္ေတာ့ အိမ္ေထာင္ေရးတစ္ခုမွာ အေသးမႊားေလးလို႕ထင္ရတာဟာလည္း အင္မတန္ကို ႀကီးမားတဲ႕ ျပႆနာျဖစ္ႏိုင္တယ္ ။ ေငြေၾကးဟာ အဓိကက်ေပမယ့္ ေငြေၾကးနဲ႕ ဝယ္ယူမရတဲ႕ ဂ႐ုစိုက္ျခင္းေတြ ၊ နားလည္မႈေတြ ၊ အျပန္လွန္ေလးစားမႈေတြကလည္း အေရးႀကီးေသးတယ္ ။

တစ္ခါတစ္ေလ သူစီးထားတဲ႕ ဖိနပ္ကို မစီးၾကည့္ဖူးရင္ ဒီဖိနပ္နဲ႕ လမ္းဆက္ေလွ်ာက္ရတာ ဘယ္ေလာက္ အဆင္မေျပျဖစ္ရလဲ ၊ ဘယ္ေလာက္နာက်င္ေနရလဲ ဆိုတာ မသိၾကရဘူး ။

ဒီေနရာမွာ က်ေနာ္ သိလိုက္ရတဲ႕အသိ ၊ သင္ခန္းစာေတြဟာ တစ္ခ်ိန္မွာ က်ေနာ့္ဘဝခရီးလမ္းကိုလည္း အေထာက္အကူျဖစ္မွာလို႕ က်ေနာ္ယံုၾကည္တယ္ ။ အခ်စ္ခ်ည္းသက္သက္နဲ႕လည္း ဘဝတည္ေဆာက္လို႕မရသလို ၊ ေငြေၾကးနဲ႕ခ်ည္းလည္းပဲ သာယာတဲ႕ဘဝကို မဖန္တီးႏိုင္ဘူး ။ အားလံုးဟာ သမမွ်တမႈရွိဦးမွ။

က်ေနာ့္အလွည့္မွာေတာ့ ဖိနပ္အေရြးမမွားခ်င္ဘူး ။
က်ေနာ္ဟာလည္း သူမ်ားအတြက္ အဆင္ေျပတဲ႕ ဖိနပ္ေလးတစ္ရန္ပဲ ျဖစ္ခ်င္မိတယ္ ။ သူမ်ားစီးနင္းတဲ႕အခါ က်ေနာ့္ရဲ႕အတၱေတြနဲ႕ သူတို႕ကို မနာက်င္ေစခ်င္ဘူး ။ သူတို႕အတၱနဲ႕လည္း က်ေနာ့္လမ္းခရီး မေႏွာင့္ေႏွးခ်င္ဘူး ။

ေဖေဖေရာ ေမေမေရာ အသြင္တူတဲ႕ ဘဝအေဖၚကိုယ္စီနဲ႕ ေပ်ာ္ရႊင္ၾကပါေစေလ။

— မာရင္ရင္ • မႏုႆ ရဲ႕ စာမ်က္ႏွာေလးမ်ား

ႏိုင္ငံျခားက စာတစ္ပိုဒ္ဖတ္မိၿပီး ဇာတ္လမ္းျပန္ခ်ဲ႕ ေရးသားလိုက္ပါတယ္ ။ Message ေကာင္းေလးတစ္ခု ရလိမ့္မယ္လို႕ ေမွ်ာ္လင့္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:မႏုႆ ရဲ႕ စာမ်က္ႏွာေလးမ်ား
# Unicode Version ျဖင့္ ဖတ္ပါ #
 ဖေဖေနဲ့ မေမေ ကွာရှင်းကြမလို့တဲ့ ။
အကြောင်းအရင်းက အရမ်းကို စည်းကမ်းတင်းကျပ်ပြီး သူစိုက်ထားတဲ့ အပင်တွေကို သိပ်ချစ်တတ်တဲ့ မေမေ့ရဲ့ indoor plant ပန်းအိုးထဲကို ဖေဖေက ကွမ်းတံတွေးထွေးချလို့ ။

ကျနော်သိတဲ့ မေမေဟာ အမြဲသပ်သပ်ရပ်ရပ် နေတတ်တဲ့သူ ။ စည်းကမ်းတင်းကျပ်ပေမယ့် အိမ်သားတွေကို အမြဲလိုလို ဒေါသမပါတဲ့ လေသံအေးအေးနဲ့ ပြောဆိုသတိပေးတတ်တယ် ။ မေမေ့ကို သိပ်ချစ်လွန်းတဲ့ ကျနော်ကတော့ မေမေမကြိုက်ဘူးလို့ ပြောထားတာတွေကို ရှောင်ကြဉ်မိတယ် ။ ဒါကြောင့်မို့ မေမေ့ဆီက ဒေါသနဲ့ မာန်မဲတာမျိုးကို တစ်ခါမှ မကြုံခဲ့ရဖူးဘူး ။

ဒီတော့ မေမေ ဒီအကြောင်းအရာလေးနဲ့ ကွာရှင်းတာဟာ ဘာကြောင့်မှန်းမသိပေမယ့် မေမေ့ကို အပြစ်မမြင်မိသလို ကျနော့်ကို အမြဲအလိုလိုက်တဲ့ ဖေဖေ့ကိုလည်း သနားမိတယ် ။

ကွာရှင်းမယ်ဆိုတဲ့ သတင်းကိုကြားတော့ မေမေ့သူငယ်ချင်းတွေက မေမေ့ကို လာဖြောင်းဖြကြပါတယ် ။
မေမေကတော့ တစ်ခွန်းပဲပြောပါတယ်
"ကိုစိုးနိုင်က သိပ်တော်တဲ့ ယာကျာ်းကောင်းပါ ၊ ဒါပေမယ့် ရှေ့ဆက်သွားဖို့ မဖြစ်နိုင်တော့ဘူး "
ဒီစကားကြားတော့ မေမေ့ သူငယ်ချင်းတွေက မေမေ့ကို
" နင်ကိုက အတွေးခေါင်တာပါဟယ် ၊ ဘာမဟုတ်တာလေးနဲ့ အပြစ်ကိုဇာချဲ့နေတော့တာ "
ဆိုတော့ မေမေက " ဘာမဟုတ်တာလေးတွေ များလာတော့ ဟုတ်သွားတာပေါ့၊ ဒီကွမ်းတံတွေးထွေးတာ တစ်ခါနှစ်ခါမှ မဟုတ်တာ ၊ ငါအမြဲသတိပေးဖူးတယ် ၊ ဒီလိုပဲ ငါသိပ်ရွံတတ်တာကိုမှ ဒီကွမ်းစားတာကို သည်းခံပေးထားတယ် ၊ တစ်ချို့ ငါသူကြိုက်တာသူ့လွတ်လပ်ခွင့်ပဲဆိုပြီး ငါမပိတ်ပင်ဘူး ။ ဒါပေမယ့်လည်း ရေချိုးခန်းဘေဇင်ထဲလည်း ထွေးထည့်လိုက်တာပဲ ဘယ်တော့မှ ပြန်မဆေးဘူး ၊ ငါသိပ်ချစ်တဲ့ ပန်းပင်အိုးထဲလဲ ဘယ်လိုပြောပြော ဗြစ်ကနဲ ထွေးထည့်လိုက်တာပဲ "

ဒီပြောသံတွေကို နားထောင်ရင်း ဘေးက မေမေ့ရဲ့အဒေါ်ကြီးက ဝင်ပြောပြန်ရော
" ညီးကိုက အဖြစ်သည်းတာပါ ၊ မောင်စိုးနိုင်မှာ ဒါလေးပဲ ပြောစရာရှိတာ ၊ ကျန်တဲ့အပိုင်းဘာရှိလို့လဲ ၊ မိသားစုကိုလည်း လိုလေးသေးမရှိ လုပ်ပေးလိုက်တာ ဘယ်မှာသွားရှာမလဲ "

ဘွားဘွားပြောတာလည်း ဟုတ်ပါရဲ့ ။ ဖေဖေဟာ မိန်းမနဲ့သားကို လိုသေးမရှိအောင် အမြဲငွေရှာပေးနိုင်တယ် ။ ဒီနေ့ထိ ကြီးကြီးမားမား ရန်ဖြစ်တာ မတွေ့ခဲ့ရဖူးပါ။ ဘယ်သူဘာပြောပြော မေမေ့ရဲ့ ဆုံးဖြတ်ချက်တွေက ခိုင်မာလွန်းခဲ့တယ် ။

ဘွားဘွားကတော့ သူ့တူမ အလွန်လို့ပဲမြင်တယ် ။
ဒါပေမယ့် ကျနော် ထပ်နားစွင့်မိရင်းကြားတာကတော့ ဖေဖေဟာ သပ်သပ်ရပ်ရပ်ကြိုက်လွန်းတဲ့ မေမေ့အလိုကျ ဘယ်တော့မှ သပ်ရပ်သန့်ရှင်းစွာ မနေတတ်တဲ့သူ ၊ ရေချိူးဖို့ အမြဲပြောရတယ် ၊ ဒါတော့လည်း ဟုတ်တယ် ဖေဖေရေချိုးဖို့ မေမေအမြဲ တဂျီဂျီပြောရတယ် ။

အဝတ်စားတွေကို အဝတ်ခြင်းထဲ ထည့်စေချင်ရင် ဖေဖေက တွေ့ရာနေရာချွတ်တယ် မေမေကလိုက်ကောက်သိမ်းရတယ်။
ထမင်းစားချိန် အရိုးကို ပန်းကန်ထဲထည့်ပါဆိုရင် ဖေဖေက ခုံပေါ်ပဲ ပြီးစလွယ်ချလိုက်တယ် ။ ဘော်ဘီ့ကို အစာချကျွေးရင် ဖေဖေက သူထမင်းစားနေရင်းနဲ့ ပစ်ပစ်ချကျွေးတတ်တယ် ၊ ဒါကိုမေမေကို မကြိုက်လို့ အမြဲပြောပေမယ့် ဖေဖေကတော့ ပစ်မြဲ ၊ မေမေကလည်း ထမင်းစားပြီးရင် ပန်းကန်တွေအပြင် ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ရတော့ တော်တော်နဲ့ မနားရ ။ ဟုတ်သား .... ချွေတာလွန်းတဲ့ မေမေ အိမ်အကူမခေါ်တတ်တဲ့မေမေ... တော်တော်ပင်ပန်းခဲ့ရတာ။

အမြဲလိုလို အလုပ်များနေတဲ့ ဖေဖေဟာ မိသားစုကို အချိန်ပေးနိုင်တာရှားတယ် ။ အလုပ်တွက် ခရီးသွားရင်သွား မသွားရတဲ့ရက်တွေဆို သူငယ်ချင်းတွေနဲ့ စားပွဲတွေသွားလေ့ရှိတယ် ။

တစ်ခါက မေမေက ဖေဖေ့ကို မေးတယ် ဒီနေ့ကိုမှတ်မိသေးလားဆိုတော့ ဖေဖေက မမှတ်မိ ။ အဲ့ဒီနေ့က သူတို့ရဲ့ မင်္ဂလာဆောင်တဲ့နေ့။ ငြူစူတာသိပ်မရှိတဲ့ မေမေဟာ ဒါလေးပဲမေးပြီးတော့ မမှတ်မိတဲ့ ဖေ့ဖေ့ကို အပြစ်တင်သံတော့ မကြားရ ။ ဖေဖေ့ဆီကလည်း ဘာလက်ဆောင်ပေးတာကိုမှ မတွေ့ရ ။

ကျနော့်မွေးနေ့ဆို ကိတ်လေးဝယ် သားလေး Happy birthday နော်ဆိုပြီး မေမေက အမြဲလုပ်ပေးလေ့ရှိတယ် ။ ဖေဖေကတော့ အလုပ်တွေများတော့ ကျနော်က သားမွေးနေ့ ဘာပေးမှာလဲဆိုတော့မှ " အေးဟုတ်သား ဒီနေ့ ငါ့သားမွေးနေ့ပဲကွ ရော့မုန့်ဘိုး ကြိုက်တာဝယ်ကွား " ဆိုတဲ့ဖေဖေ ။
ကျနော်တောင် ဖေဖေဆီက ရတဲ့မုန့်ဘိုးထက် ဖေဖေ့ရဲ့ Happy birthday သားရယ်ဆိုတာလေးကို လိုချင်ခဲ့တာ မေမေဆိုရင်လည်း လိုချင်မှာပေါ့ ။

မေမေဖျားတဲ့အချိန်တွေဆိုရင် ကျနော်အရမ်းစိတ်ပူရတယ် ။ မေမေက တော်ရုံဖျားခဲတဲ့သူ သူဖျားပြီဆိုရင်လည်း အိမ်အလုပ်တွေနဲ့ ကျနော်စားဖို့ စီစဉ်ပေးတတ်တယ် ။ တစ်ခါက မေမေ ဖေဖေ့ကိုဖုန်းဆက်သံကြားမိတယ် ။ ဆေးခန်းပို့ပေးဖို့ ... ဒါပေမယ့် အဲ့ဒီနေ့က ဖေဖေက နိုင်ငံခြားသား ဧည့်သည်တွေနဲ့ တွေ့နေလို့ အချိန်မှီပြန်မရောက်လာဘူး ။ မေမေကတော့ သူဖါသာသူ Taxi ငှားပြီး ဆေးခန်းသွားပြခဲ့တယ် ။ နောက်နေ့မှ ပြန်ရောက်လာတဲ့ ဖေဖေ့ကိုတွေ့တော့ အပြစ်တင်သံတော့ မကြားမိသလို မေမေစိတ်ကောက်တဲ့ အရိပ်အယောင်တောင် မတွေ့မိ။

ဘယ်လိုပဲဖြစ်ဖြစ် အားတင်းရင်း ကျနော် မေ့မေ့ကို မျက်နှာချင်းဆိုင်ပြီး
" ဘာလို့မေမေတို့ ကွာရှင်းရတာလဲဟင် " လို့ ကျနော် မနေနိုင်လွန်းလို့ အရဲစွန့်မေးမိတယ် ။
"သားရယ် ဘဝကြီးက တိုတယ်ပြောလည်းရတယ် ရှည်တယ်ပြောလည်းရတယ် ။ အဆင်ပြေသူနဲ့ဆို ရက်စွဲတွေ ဘယ်လိုကုန်သွားမှန်းမသိရတော့ ဘဝကတိုတယ် ။ သားဖေဖေနဲ့က မေမေအရှည်ကြီး ဆက်သွားရမှာ " ဆိုတဲ့စကားတွေကို တကယ်ဆိုရင် ကျနော်နားမလည်ခဲ့ပါဘူး ။

ဒီလိုနဲ့ ကျနော့်အသက် ၁၃ နှစ်မှာ ဖေဖေနဲ့ မေမေကွာရှင်းခဲ့ ကြတယ် ။ ကျနော်ကတော့ မေမေ့နောက်ကို လိုက်လာခဲ့ပါတယ် ။ အစစအရာရာ အလိုလိုက်တတ်တဲ့ ဖေဖေ့ကိုလည်း ချစ်ပေမယ့် ကျနော်ကတော့ စည်းကပ်တင်းကျပ်တယ်ဆိုတဲ့ မေမေ့နောက်ကိုပဲ လိုက်ချင်ခဲ့တယ် ။

အိမ်ကနေ ထွက်လာချိန်မှာ ကျနော့်လက်ကိုဆွဲရင်း မေမေကျနော့်ကိုပြောတယ် " သားမေ့မေ့ကို ခွင့်လွှတ်နော် " တဲ့ ။ မေမေ့မျက်နှာမှာ ဝမ်းနည်းတဲ့ အရိပ်အယောင်တွေ့ရမလားလို့ ကျနော်ရှာကြည့်လိုက်သေးတယ်။

-------
ဖေဖေကတော့ ကျနော်အသက် ၁၅ နှစ်ပြည့်ခါနီးမှာ နောက်အိမ်ထောင်ပြုသွားပါတယ် ။ အဲ့ဒီအတွက် မေမေ့ဘာခံစားရမလဲလို့ ကျနော်အကဲခတ်ကြည့်ပေမယ့် ဘာအရိပ်အယောင်မှ မတွေ့ခဲ့ရပါ။
အိမ်ထောင်ထပ်ပြုပေမယ့်လည်း ကျနော် လိုတာလေးတွေကို ဖေဖေကဆက်ဖြည့်ဆည်းပေးပါတယ် ။

ဖေဖေ့အိမ်ကိုတော့ ကျနော် သိပ်မသွားဖြစ်ပါ။ ကိုယ့်ရှေ့မရှောင် နောက်အိမ်ထောင်အမျိုးသမီးရဲ့ တဂျီဂျီနဲ့ ချွဲတဲ့တဲ့အသံကို သဘောမကျလို့ မသွားဖြစ်ခဲ့တာပါ ။ ဒါပေမယ့်လည်း ဖေဖေသဘောကျဖို့ပဲ လိုပါတယ်လေ ကျနော် ဖေဖေ့ကို ဘာမှထင်မြင်ချက် မပေးခဲ့။

တစ်ခါတစ်လေ ဒီအမျိုးသမီးကို မေမေနဲ့ ယှဉ်ပြီးကြည့်မိသေးတယ် ။ မေမေက တည်ငြိမ်အေးဆေးတဲ့သူ၊ ဖေဖေ့ကို သိပ်မပူဆာတတ်သလို ထောင့်စေ့အောင် အိမ်ထောင့်တာဝန်ထမ်းတဲ့သူ... ခုတော့ ဖေဖေ့အိမ်မှာ အိမ်ဖေါ်လေးတွေ ၂ယောက်နဲ့ ။ ဒါပေမယ့် အိမ်ကတော့ မေမေရှိတုန်းကလို့ မသပ်ရပ်တော့ မီးဖိုချောင်ကအစ အရင်လို သန့်ပြန့်ခြင်းမရှိဆိုတော့ ထမင်းစားဖို့ နေခိုင်းတိုင်း ကျနော်အလိုလို ငြင်းဆန်မိခဲ့တယ် ။ ယုတ်စွဆုံး အိမ်သာတောင် အနံ့သက်မကောင်းလို့ အိမ်ရောက်တိုင်း မဝင်ဖြစ်ခဲ့ ။ ဖေဖေဘယ်လိုနေနေသလဲတော့ စဉ်းစားလို့မရ ။

ဒီလိုနဲ့ ကျနော် အသက် ၂၀ မှာ မေမေဟာ နောက်အိမ်ထောင် ပြုတော့မယ်လို့ ကျနော့်အသိပေးလာတယ် ။ ခွင့်တောင်းတာမျိုးမဟုတ်ပေမယ့် ကျနော့်ဘက်ကလည်း ကန့်ကွက်တာမျိုး မလုပ်ခဲ့မိပါ ။
မေမေ ဖေဖေနဲ့ ကွာရှင်းပြီးကတည်းက အထည်ဆိုင်ဖွင့်ပြီး ကျနော့်ကို စောင့်ရှောက်လာတာ ပင်ပန်းခဲ့ပြီးပြီ ။ နောက်ပြီး နိုင်ငံခြားမှာ ဘွဲ့ထပ်ယူဖို့ ကျောင်းတက်ရဦးမှာဆိုတော့ မေမေ့ကိုထားခဲ့ရမှာ တကယ်လည်း စိတ်မချ ။ ကျနော်က မေမေ စိတ်ချမ်းသာဖို့ကိုပဲ အဓိကထားမိခဲ့ပါတယ်။

ဒက်ဒီလို့ပဲ ကျနော်သူ့ကိုခေါ်မိတယ် ။
ဒက်ဒီက မေမေ့ထက် ၃ နှစ်လောက်အသက်ကြီးတယ် ။ ဖေဖေနဲ့ ဘာရယ်မဟုတ် ကျနော် ထပ်ယှဉ်ကြည့်မိခဲ့တယ် ။ ဖေဖေ့လောက်တော့ ခန့်ညားမှုမရှိပေမယ့် နွေးထွေးကြင်နာတဲ့ ရုပ်ရည်တော့ရှိတယ် ။ ငွေကြေးကတော့ အရမ်းချမ်းသာတဲ့ပုံတော့မရှိပါ ။ Foreign Company တစ်ခုမှ အရာရှိတစ်ဦး ဆိုတော့ လခစားဝန်ထမ်းပဲ ပြောရမယ် ။

ဒက်ဒီက ပန်းပင်သိပ်ချစ်တဲ့ မေမေ့အတွက် တစ်ခါတစ်လေ အလုပ်က ပြန်လာရင် ပန်းအိုးခပ်ဆန်းဆန်းလေးတွေ ဝယ်လာပေးတတ်တယ် ။ အဲ့ဒီရက်တွေဆို မေမေသဘောတွေကျပြီး အသံလေးတွေရွှင်လို့ ။

ထမင်းစားခါနီးဆိုလည်း ကျနော်ကတော့ မေမေ့ကို ဝင်မကူပေးမိပါ။ ဒါမိန်းမတွေအလုပ်လို့ ကျနော်ကိုယ်တိုင် မသိစိတ်က သတ်မှတ်ထားခဲ့တယ် ။
ဒါပေမယ့် ဒက်ဒီကတော့ ပိတ်ရက်ဆိုအိမ်မှာ ကပ်လေ့ရှိတော့ ဟင်းကူချက်ပေးနေတာကို တွေ့ရတတ်တယ် ။

ညနေ ထမင်းစားဝိုင်းကြုံတိုင်း ပန်းကန်ဆေးပေးနေတာက ဒက်ဒီ ။ မေမေကဆေးမယ်ဆိုတိုင်း မင်းတနေကုန် run ထားတာ နားတော့လို့ အမြဲလုပြောလုဆေး လုပ်နေကြ။ ကျနော်ကတော့ ကျနော်နဲ့ မဆိုင်သလိုပဲ စားပြီးထသွားပြီး TV ကြည့်နေတတ်တယ် ။

ဒက်ဒီနဲ့ မေမေ ကလေးထပ်မရတော့ ကျနော်ကိုပဲ သူ့သားလိုသဘောထားပြီး တစ်ခါတစ်လေ ကျနော်စိတ်ဝင်စားတဲ့ ကွန်ပြူတာပညာရပ်ဆိုင်ရာ စာအုပ်တွေကို နိုင်ငံခြားကနေ တကူးတက ဝယ်လက်ဆောင်ပေးတတ်တယ် ။ ဝယ်ရခက်တဲ့ original စာအုပ်လေးတွေရတိုင်း ကျနော်သိပ်ပျော်မိတယ် ။

မေမေ့မွေးနေ့ဆိုရင် ဒက်ဒီက ကျနော့်ကို တကူးတကတိုင်ပင်ပြီး "မင်းအမေကို suprise လုပ်ချင်လို့ " ဆိုပြီး တစ်နှစ်တစ်နှစ် မတူအောာင် ဘာလုပ်ပေးရမလဲလို့တိုင်ပင်တတ်တယ် ။ တစ်ခါတစ်လေဆို ဖေဖေက သိပ်လူငယ်ဆန်ချင်တာပဲလို့တောင် ကျနော်တွေးမိတယ် ။ ဒါပေမယ့် ကျနော်နဲ့မဆိုင်ပါဘူးလေ ။ မေမေက ဒက်ဒီပေးတဲ့ ဘာမှမဟုတ်တဲ့ အပင်လေးတွေပိုက်ပြီးတောင် ပျော်နေတတ်တာ ကျနော်လည်း ကျေနပ်မိပါရဲ့ ။

တစ်နေ့တော့ မေမေ အမျိုးသမီးရောဂါနဲ့ ခွဲစိတ်ဖို့ ဖြစ်လာတယ် ။ ဆေးရုံကို နေ့ညစောင့်ရှောက်ပေးတာက ဒက်ဒီ ။ ကျနော်က ဘေးကနေ လိုအပ်တာလေးလောက်ပဲ ဖြည့်ပေးခဲ့ရတယ် ။ ဒက်ဒီ ရုံးက ခွင့်တွေများနေမှာပေါ့ဆိုတော့ " မင်းအမေ ကျန်းမာရေးကအဓိကကွ " ဆိုတော့ မေမေ့မျက်နှာမှာ ပြုံးရိပ်တွေသန်းလို့ ။

နေ့လည်ဘက် ကျနော် ခဏသွားစောင့်ပေးရင် အိမ်ပြန်ပြီး မေမေ့အဝတ်တွေပြန်လျှော် ပေးပြန်တယ် ။ " ပြန်လျှော်ဦးမယ်သားရေ မင်းအမေ ဒေါ်အသန့်ကြိုက်က အဝတ်စားပုံနေရင် မကြိုက်ဘူးလေ " ဆိုပြီး ရယ်ရယ်မောမောနဲ့ အထုပ်ကြီးအထုပ်ငယ်နဲ့ အိမ်ကိုပြန် ညနေစောင်းလောက်ဆို ကျနော်နဲ့ အလှည့်ပြန်ချိန်းရင် မီးပူတိုက်ပြီးသားလေးတွေ ပြန်ပါလာတယ် ။ မီးပူတိုက်ထားတာ မသပ်မရပ်ပေမယ့် မေမေ့စိတ်အလိုကျတော့ ဖြစ်ခဲ့တယ် ။ ကျနော်ဒီအလုပ်တွေ လုပ်ရမယ်ဆိုရင် သေချာတယ် မလုပ်ပေးနိုင် ။

ဒါပေမယ့် မေမေ ဆေးရုံတက်နေချိန်မှာ ကိုယ့်အလုပ်ကိုယ်လုပ်ရတော့ တော်တော်ပင်ပန်းခဲ့ရသလို တော်တော်လေး အဆင်မပြေဖြစ်ခဲ့ရတယ် ။ အစားသောက်ကအစ ဟင်းတစ်မယ်ဖြစ်ဖို့တောင် ဖြောင့်အောင်ချက်မစားနိုင်လို့ အပြင်မှာချည်း ဝယ်စားခဲ့ရတယ် ။ နောက်ပြီး ဟင်းတစ်ခါချက်ပြီး မီးဖိုချောင်ပြန်ရှင်းလင်းရတာကလည်း မသက်သာ ။
အိမ်သန့်ရှင်းကျပြန်တော့လည်း ကြမ်းလေးတိုက်ရုံနဲ့ကို ဟောဟဲက လိုက်ချင်ပြီ ဒါတောင် မေမေလုပ်တုန်းကလို မပြောင်။ ကိုယ်ချင်းစာမိတယ်ဆိုတာ သူ့အလုပ်တွေဝင်လုပ်ကြည့်မိတော့မှ သိရတယ် ။ ဒါတောင် ဒက်ဒီလိုတောင် ကျနော်မေမေ့နားနေတာ ဒီလောက်ကြာတာ မကူညီပေးခဲ့မိ။

ဒီမှာ ကျနော် နားလည်လိုက်တာတစ်ခုက ကျနော့်အသက် ၁၃ နှစ်တုန်းက မေမေပြောခဲ့တဲ့ ဘဝခရီးလမ်းက ရှည်လွန်းတယ်ဆိုတဲ့စကား ကျနော် ခုမှ သဘောပေါက်လာတယ် ။ မေမေက သူနဲ့ အသွင်တူတဲ့ သူတစ်ယောက်နဲ့ ချမ်းချမ်းသာသာမနေရပေမယ့် သူပျော်ရွှင်နေရတယ်။ ဖေဖေကတော့ မေမေ့ကိုချစ်တယ်လို့ ထင်ခဲ့မိပေမယ့် တကယ်က သူ့ကိုယ်သူပိုချစ်တာကို တွေ့ရတယ် ။

ဒက်ဒီကတော့ မေမေက မကြိုက်ဖူးလို့ ပြောရတာ မတွေ့ရလောက်တဲ့အထိကို အလိုက်သိလွန်းသူ ။ လာကူပါဦးလို့ မပြောရပဲ မေမေ့ကို စလိုက်နောက်လိုက်နဲ့ ဘေးကကူညီပေးနေတတ်တဲ့သူ။

တကယ်တော့ အိမ်ထောင်ရေးတစ်ခုမှာ အသေးမွှားလေးလို့ထင်ရတာဟာလည်း အင်မတန်ကို ကြီးမားတဲ့ ပြဿနာဖြစ်နိုင်တယ် ။ ငွေကြေးဟာ အဓိကကျပေမယ့် ငွေကြေးနဲ့ ဝယ်ယူမရတဲ့ ဂရုစိုက်ခြင်းတွေ ၊ နားလည်မှုတွေ ၊ အပြန်လှန်လေးစားမှုတွေကလည်း အရေးကြီးသေးတယ် ။

တစ်ခါတစ်လေ သူစီးထားတဲ့ ဖိနပ်ကို မစီးကြည့်ဖူးရင် ဒီဖိနပ်နဲ့ လမ်းဆက်လျှောက်ရတာ ဘယ်လောက် အဆင်မပြေဖြစ်ရလဲ ၊ ဘယ်လောက်နာကျင်နေရလဲ ဆိုတာ မသိကြရဘူး ။

ဒီနေရာမှာ ကျနော် သိလိုက်ရတဲ့အသိ ၊ သင်ခန်းစာတွေဟာ တစ်ချိန်မှာ ကျနော့်ဘဝခရီးလမ်းကိုလည်း အထောက်အကူဖြစ်မှာလို့ ကျနော်ယုံကြည်တယ် ။ အချစ်ချည်းသက်သက်နဲ့လည်း ဘဝတည်ဆောက်လို့မရသလို ၊ ငွေကြေးနဲ့ချည်းလည်းပဲ သာယာတဲ့ဘဝကို မဖန်တီးနိုင်ဘူး ။ အားလုံးဟာ သမမျှတမှုရှိဦးမှ။

ကျနော့်အလှည့်မှာတော့ ဖိနပ်အရွေးမမှားချင်ဘူး ။
ကျနော်ဟာလည်း သူများအတွက် အဆင်ပြေတဲ့ ဖိနပ်လေးတစ်ရန်ပဲ ဖြစ်ချင်မိတယ် ။ သူများစီးနင်းတဲ့အခါ ကျနော့်ရဲ့အတ္တတွေနဲ့ သူတို့ကို မနာကျင်စေချင်ဘူး ။ သူတို့အတ္တနဲ့လည်း ကျနော့်လမ်းခရီး မနှောင့်နှေးချင်ဘူး ။

ဖေဖေရော မေမေရော အသွင်တူတဲ့ ဘဝအဖေါ်ကိုယ်စီနဲ့ ပျော်ရွှင်ကြပါစေလေ။

— မာရင်ရင် • မနုဿ ရဲ့ စာမျက်နှာလေးများ

နိုင်ငံခြားက စာတစ်ပိုဒ်ဖတ်မိပြီး ဇာတ်လမ်းပြန်ချဲ့ ရေးသားလိုက်ပါတယ် ။ Message ကောင်းလေးတစ်ခု ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:မနုဿ ရဲ့ စာမျက်နှာလေးများ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top