ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ပဲခူးတိုင္းေဒသႀကီး ေရတာရွည္ၿမိဳ႕နယ္ အတြင္း ခိုးမႈျဖင့္ ေထာင္က်ေနစဥ္ ျပန္လည္ထြက္ေျပးလာခဲ့ၿပီး မိန္းကေလး တစ္ဦးကို သားမယားျပဳက်င့္မႈ ထပ္မံ က်ဴးလြန္ကာ ထြက္ေျပးတိမ္းေရွာင္ ေနသျဖင့္ ရဲတပ္ဖြဲ႕က ဝိုင္းဝန္းဖမ္းဆီးရာ ရဲတပ္ဖြဲ႕ဝင္ႏွစ္ဦးကိုပါ ဓားျဖင့္ခုတ္၍ ထြက္ေျပးတိမ္းေရွာင္ေနေသာ နာမည္ ႀကီး တရားခံေျပးတစ္ဦးအား စက္တင္ဘာ ၂၄ ရက္ နံနက္ ၅ နာရီက ဖမ္းဆီးရမိၿပီျဖစ္ ေၾကာင္း ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴး ေမာင္ေမာင္ဦးထံမွ သိရသည္။

စက္တင္ဘာ ၂၃ ရက္က ေရတာ ရွည္ ၿမိဳ႕မရဲစခန္းမွ ျပစ္မႈမ်ဳိးစံုျဖင့္ အလိုရွိေနေသာ ႏိုင္ဝင္း(၄၁ ႏွစ္) ေပါက္ေခ်ာင္းေက်းရြာေနသူသည္ ၄င္း၏ေနအိမ္သို႔ ျပန္လည္ေရာက္ရွိေနေၾကာင္း သတင္းအရ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴး ေမာင္ေမာင္ဦး၊ ေရတာရွည္ၿမိဳ႕မရဲစခန္း စခန္းမွဴး ဒုရဲမွဴး ၾကည္ေဖ ဦးေဆာင္ ေသာ ေရတာရွည္၊ ဆြာ၊ သာဂရ ရဲစခန္း မ်ားရွိ တပ္ဖြဲ႕ဝင္မ်ားက သြားဖမ္းဆီးခဲ့ရာ ႏိုင္ဝင္းသည္ အသာတၾကည္အဖမ္းခံျခင္း မရွိသည့္အတြက္ ၁၂ ဗို႔ေျပာင္းေခ်ာ ေသနတ္ျဖင့္ တစ္ခ်က္ပစ္ခတ္ကာ လံုးေထြး သတ္ပုတ္ဖမ္းဆီးရမိခဲ့သည္။

ႏုိင္ဝင္း၏ ထြက္ဆိုခ်က္မ်ားအရ ၂ဝ၁ဝ ျပည့္ႏွစ္ခန္႔က ဇနီးျဖစ္သူ မေထြးႏွင့္ကြဲကာ ႏြားထိုးႀကီးၿမိဳ႕နယ္ ျပင္စီကနားေက်းရြာေန မတင္တင္မြန္ ႏွင့္ ထပ္မံအိမ္ေထာင္က်ေနထိုင္စဥ္ လက္နက္ပုဒ္မျဖင့္ ျမင္းၿခံေထာင္၌ ေထာင္ ၆ လ က်ခံခဲ့ရေၾကာင္း၊ ေထာင္က် ေနခ်ိန္အတြင္း ေရတာရွည္ၿမိဳ႕ ခိုးမႈ က်ဴးလြန္ရာ၌ ပါဝင္ခဲ့၍ ေတာင္ငူ ေထာင္တြင္ ေထာင္တစ္ႏွစ္ထပ္မံ က်ခံခဲ့ ရေၾကာင္း၊ ျပစ္ဒဏ္က်ခံေနစဥ္အတြင္း ထြက္ေျပးလာခဲ့ၿပီး ၂ဝ၁၃ ခုႏွစ္တြင္ ေညာင္ပင္ကိုင္းေက်းရြာေန အသက္ (၁၉ ႏွစ္)အရြယ္ရွိ မိန္းကေလးအား သားမယားအျဖစ္ျပဳက်င့္ခဲ့ၿပီး ကိုယ္ဝန္ ႏွစ္လ ရရွိခဲ့သည့္အတြက္ ေရတာရွည္ၿမိဳ႕မ ရဲစခန္း၌ မုဒိမ္းမႈျဖင့္ ထပ္မံအမႈဖြင့္ခံခဲ့ ရၿပီး ထြက္ေျပးတိမ္းေရွာင္ေနခဲ့ျခင္းျဖစ္ ေၾကာင္း၊ ထိုသို႔ထြက္ေျပးတိမ္းေရွာင္ ေနရင္း ၂ဝ၁၈ ခုႏွစ္ မတ္ ၁၄ ရက္က ေနအိမ္သို႔ လာေရာက္ဖမ္းဆီးေသာ ရဲတပ္ဖြဲ႕ဝင္ႏွစ္ဦးအား ငွက္ႀကီးေတာင္ ဓားျဖင့္ခုတ္ကာ အျမန္လမ္းမႀကီး အေနာက္ဘက္ရွိ ႐ိုးမေတာအတြင္း ထြက္ေျပးတိမ္းေရွာင္ေနခဲ့ျခင္း ျဖစ္ၿပီး စက္တင္ဘာ ၂၄ ရက္ နံနက္ပိုင္းက ေနအိမ္သို႔ ျပန္လည္ေရာက္ရွိစဥ္ ဖမ္းဆီး ျခင္းခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရွိရၿပီး ရဲစခန္းတြင္ဖြင့္လွစ္ထားသည့္ ျပစ္မႈပုဒ္မ မ်ားအလိုက္ တရားစြဲဆို တင္ပို႔သြားမည္ ျဖစ္ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သန္းလြင္
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

#Unicode Version#
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် အတွင်း ခိုးမှုဖြင့် ထောင်ကျနေစဉ် ပြန်လည်ထွက်ပြေးလာခဲ့ပြီး မိန်းကလေး တစ်ဦးကို သားမယားပြုကျင့်မှု ထပ်မံ ကျူးလွန်ကာ ထွက်ပြေးတိမ်းရှောင် နေသဖြင့် ရဲတပ်ဖွဲ့က ဝိုင်းဝန်းဖမ်းဆီးရာ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကိုပါ ဓားဖြင့်ခုတ်၍ ထွက်ပြေးတိမ်းရှောင်နေသော နာမည် ကြီး တရားခံပြေးတစ်ဦးအား စက်တင်ဘာ ၂၄ ရက် နံနက် ၅ နာရီက ဖမ်းဆီးရမိပြီဖြစ် ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်ဦးထံမှ သိရသည်။

စက်တင်ဘာ ၂၃ ရက်က ရေတာ ရှည် မြို့မရဲစခန်းမှ ပြစ်မှုမျိုးစုံဖြင့် အလိုရှိနေသော နိုင်ဝင်း(၄၁ နှစ်) ပေါက်ချောင်းကျေးရွာနေသူသည် ၎င်း၏နေအိမ်သို့ ပြန်လည်ရောက်ရှိနေကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်ဦး၊ ရေတာရှည်မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး ကြည်ဖေ ဦးဆောင် သော ရေတာရှည်၊ ဆွာ၊ သာဂရ ရဲစခန်း များရှိ တပ်ဖွဲ့ဝင်များက သွားဖမ်းဆီးခဲ့ရာ နိုင်ဝင်းသည် အသာတကြည်အဖမ်းခံခြင်း မရှိသည့်အတွက် ၁၂ ဗို့ပြောင်းချော သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ကာ လုံးထွေး သတ်ပုတ်ဖမ်းဆီးရမိခဲ့သည်။

နိုင်ဝင်း၏ ထွက်ဆိုချက်များအရ ၂ဝ၁ဝ ပြည့်နှစ်ခန့်က ဇနီးဖြစ်သူ မထွေးနှင့်ကွဲကာ နွားထိုးကြီးမြို့နယ် ပြင်စီကနားကျေးရွာနေ မတင်တင်မွန် နှင့် ထပ်မံအိမ်ထောင်ကျနေထိုင်စဉ် လက်နက်ပုဒ်မဖြင့် မြင်းခြံထောင်၌ ထောင် ၆ လ ကျခံခဲ့ရကြောင်း၊ ထောင်ကျ နေချိန်အတွင်း ရေတာရှည်မြို့ ခိုးမှု ကျူးလွန်ရာ၌ ပါဝင်ခဲ့၍ တောင်ငူ ထောင်တွင် ထောင်တစ်နှစ်ထပ်မံ ကျခံခဲ့ ရကြောင်း၊ ပြစ်ဒဏ်ကျခံနေစဉ်အတွင်း ထွက်ပြေးလာခဲ့ပြီး ၂ဝ၁၃ ခုနှစ်တွင် ညောင်ပင်ကိုင်းကျေးရွာနေ အသက် (၁၉ နှစ်)အရွယ်ရှိ မိန်းကလေးအား သားမယားအဖြစ်ပြုကျင့်ခဲ့ပြီး ကိုယ်ဝန် နှစ်လ ရရှိခဲ့သည့်အတွက် ရေတာရှည်မြို့မ ရဲစခန်း၌ မုဒိမ်းမှုဖြင့် ထပ်မံအမှုဖွင့်ခံခဲ့ ရပြီး ထွက်ပြေးတိမ်းရှောင်နေခဲ့ခြင်းဖြစ် ကြောင်း၊ ထိုသို့ထွက်ပြေးတိမ်းရှောင် နေရင်း ၂ဝ၁၈ ခုနှစ် မတ် ၁၄ ရက်က နေအိမ်သို့ လာရောက်ဖမ်းဆီးသော ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား ငှက်ကြီးတောင် ဓားဖြင့်ခုတ်ကာ အမြန်လမ်းမကြီး အနောက်ဘက်ရှိ ရိုးမတောအတွင်း ထွက်ပြေးတိမ်းရှောင်နေခဲ့ခြင်း ဖြစ်ပြီး စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက နေအိမ်သို့ ပြန်လည်ရောက်ရှိစဉ် ဖမ်းဆီး ခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရပြီး ရဲစခန်းတွင်ဖွင့်လှစ်ထားသည့် ပြစ်မှုပုဒ်မ များအလိုက် တရားစွဲဆို တင်ပို့သွားမည် ဖြစ်ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: သန်းလွင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top