ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×
တူညီလေးဖြာ သတိရပါ
ဒါပေမဲ့ သာကီဝင်မင်းသားမင်းသမီးတွေဟာ သူများတစ်ခြားလူမျိုးများကို အိမ်ထောင်ပြုရင် ဇာတ်ပျက်မှာ စိုးတဲ့အတွက် အချင်းချင်းပဲ အိမ်ထောင်ပြုလိုက်ကြတယ်တဲ့ ညီမလေးရေ၊
*************************
 # Unicode Version ဖြင့် ဖတ်ပါ #
တူညီလေးဖြာ သတိရပါ
ညီမအခုရောက်ရှိနေတဲ့နေရာမှာ(ပတ်ဝန်းကျင်)ပေါ၊့ ဗမာလူမျိုး တွေဖြစ်ပြီး တစ်ဦးနဲ့တစ်ဦးစည်းကမ်းမရှိကြဘူး။
ညီမလေး တို့ရဲ့အလုပ်မှာလေ အမကြီး ကအသက်(၄၀)ကျော်နေပြီ ဒါပေမယ့်နိုင်ငံခြားဆိုတော့လဲ ဝတ်တာစားက ဟော့တော့ လဲနုနေသလိုပေါ့ သူကခရစ်ယာန်။ အစ်ကိုကြီးကတော့ (၂၅) ကျော်ကျော်ပဲရှိသေးတယ် သူတိူ့ကအတွဲတွေပေါ့၊
သူကတော့ဗုဒ္ဓဘာသာ အဲ့ဒီ အစ်ကိုကြီးက ဘုန်းကြီးကျောင်းကို သွားတာမတွေ့ဘူး၊ အမကြီးရဲ့ဘုရားကျောင်းပဲ လိုက်သွားတာတွေ့တွေ့နေတယ်၊
အခုကြားရသလောက်တော့ ခရစ်ယာန်ဘာသာထဲဝင်သွားပြီလို့တောင် ကြားနေရတယ်၊ ကောင်လေးရဲ့ မိဘတွေသာသိရင် သူ့ရဲ့သားကိုတော်တော်ရင်ကျိုးမရဖြစ်လောက်မယ်လို့ထင်တယ်၊
အဲဒီလိုမျိုးယောင်္ကျားလေးတွေအတွက် ပညာပေးစာလေးတွေလဲရေးပေးဖို့ ညီမလေးမှ တောင်းဆိုပါတယ်။ ဒီမှာက ရည်းစားရှိတယ်ဆိုရင် လူ(၁)ယောက်ကိုအထင်သေးချင်ကြတာ၊
ဒါ့ကြောင့် ညီမလေးတွေးထားတာက ရည်းစားမထားတော့ဘူး ယူဖိုအချိန်တန်မှပဲ စဉ်းစားပြီး ယူတော့မယ်လို့တွေးထားတာ၊ လူတွေရဲ့အထင်သေးတာကိုမခံချင်တာလေ။
ကျောင်းကပြန်ရောက်လို့ မေးကိုစစ်လိုက်တော့ အခုလို စာဖတ်ပရိတ်သတ်ထဲက ညီမလေးတစ်ယောက်ဆီက မေးတစ်ခုကို လက်ခံရရှိပါတယ်၊
စာရေးသူကလဲ ညီမ လေးတွေလိမ္မာကြရင် ညီမလေးတွေလိမ္မာကြမှာပဲထင်ပြီး ညီမလေးတွေအတွက်ပဲ တစိုက်မတ်မတ်ရေးဖြစ်နေပါတယ်၊
ခုတော့ ဒီလိုရောက်လာတဲ့ မေးတစ်စောင်ကြောင့် ညီလေး တွေကော ညီမလေးတွေ အတွက်ပါ ရည်ရွယ်ပြီး စာတစ်စောင်ရေးလိုက်ပါတယ်၊ ဆက်ဖတ်ကြည့်စေချင်ပါတယ်၊ ညီမလေးရေ ဆက်ဖတ်ပါဆိုတော့ သာကီမျိုးဖြစ်ပေါ်လာတာလေးက စပြောကြည့်ချင်ပါတယ်၊
မြန်မာလူမျိုးတွေ တော်တော်များများက တစ်ခါတစ်ခါ သာကီမျိုးဟေ့ တို့ဗမာဆိုပြီးပြောတတ်ကြတယ်လေ၊ သာကီမျိုးဆိုတာ ဘာကြောင့်ခေါ်တာလဲ ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာ
သိသင့်တယ်လဲထင်တယ်လေ ၊ ညီမလေးကော သိထားပြီးပြီလား၊
မသိသေရင် ဆက်ဖတ်လိုက်နော် ၊ သိပြီးသားဆိုရင်တော့ နှစ်ထပ်ရှိတော့ ပိုပြီး မှတ်မိသွားတာပေါ့ ညီမလေးရယ် ဇာတ်လမ်းလေးက ဒီလို ညီမလေးရဲ့၊ ဟိုးကမ္ဘာဦးအစကပေါ့ ၊ တိတိကျပြောရရင်တော့ သြက္ကာက မင်းကြီးလက်ထက်လို့ပြောလို့ရမယ်ထင်ပါတယ်၊
အဲဒီမင်းကြီလက်ထက်မှာ သာကီဝင် လူမျိုးရယ်လို့ဖြစ်လာမဲ့ မင်းသားတွေ မင်းသမီးတွေကို တိုင်းပြည်ကနေနှင်ထုတ်ခံကြရတယ်၊ နှင်ထုတ်လိုက်တော့ ကျွန်းတောကြီးတစ်ခုထဲမှာ ရသေ့တစ်ပါးရဲ့ညွှန်ပြမှုနဲ့ မြို့တော်ကြီးတည်ကြတယ်လေ၊ မြို့တော်တည်ပြီးတော့ လူဦးရေတိုးပွားဖို့ရာကြတော့ အခက်အခဲရှိနေပြန်တယ်တဲ့ ၊
ဒါပေမဲ့ သာကီဝင်မင်းသားမင်းသမီးတွေဟာ သူများတစ်ခြားလူူမျိုးများကို အိမ်ထောင်ပြုရင် ဇာတ်ပျက်မှာ
ဒီသတင်းကို သြက္ကာကမင်းကြီးကကြားတော့ သကျ=စွမ်းနိုင်တဲ့မင်းသား မင်းသ မီးတွေပါလားလို့ အံ့သြပြီးပြောဆိုတယ်ဆိုပဲ ၊
အဲဒီအချိန်ကစပြီ သကျ=သာကီ=သူတစ်ပါး လူမျိုးနဲ့ လက်မထက်ပဲ မိမိအမျိုးကိုသာလက်ထပ်ဖို့ စွမ်းနိုင်တဲ့လူမျိုးရယ်လို့ ကမ္ဘာမှာ စာတင်လာတာပေါ့ ညီမလေးရယ်၊
ဒီနေ့ခေတ်မှာ ကိုယ့်အမျိုးကိုမစောင့် ကိုယ့်ဘာသာကိုအရေးမထားပဲ သူတစ်ပါးလူမျိုး သူများဘာ သာများနဲ့ လက်ထက်နေရင်တော့ သာကီမျိုးဟေ့ ဒို့ဗမာလို့ခေါ်လို့ရပါဦးမလားဆိုတာ စဉ်းစားစရာပေါ့ ညီမလေးရယ်၊
ဒီအဖြစ်အပျက်လေးတွေကို နမူနာယူပြီး ညီမလေးတို့လဲ တတ်နိုင်သမျှ ကိုယ်လူမျိုးကိုယ်ဘာသာတူ သူနဲ့သာ လက်ထပ်စေချင်ပါတယ်၊ ကိုယ်နဲ့ အဆင့်အတန်းမတူ ဘာသာမတူ လူမျိုးမတူသူနဲ့ ဘဝတစ်ခုလုံး ပုံအပ်ပြီး လက်တွဲသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ညီမလေးရယ်၊
ညီမလေးရေ တစ်ယောက်ကို တစ်ယောက် ချစ်နေတုန်းအခါမှာ အပြစ်ဆိုတာ မမြင်သာပေမယ့် အချစ်တွေပြယ်သွားတဲ့ အချိန်မှာ အပြစ်တွေက ပေါ်လာတတ်တာ မဟုတ်လား၊
ဒါကြောင့် အကောင်းဆုံးကတော့ ကိုယ်နဲ့ လက်တွဲ့မယ့်သူဟာ-----
(၁) သမ သဒ္ဓါ = ကိုယ်နဲ့ ယုံကြည်ချက်တူညီတဲ့ သူ ဖြစ်နေရမယ်
(၂) သမ စာဂါ=ကိုယ်နဲ့ ပေးကမ်းရက်ရောတာ တူညီတဲ့ သူဖြစ်နေရမယ်
(၃) သမ သီလ= ကိုယ်နဲ့ ကိုယ်ကျင့် သီလခြင်း တူညီတဲ့ သူဖြစ်နေရမယ်
(၄) သမ ပညာ= ကိုယ်နဲ့ ပညာရေး အတွေးအခေါ်တူညီနေတဲ့သူ ဖြစ်နေရမယ်
ဒီလို အချက်လေးချက်နဲ့ ပြည့်စုံကြတဲ့ သူတွေဟာ ဘဝမှာ စိုပြေသာယာ ချစ်ခင်ကြင်နာနိုင်ကြ မှာပေါ့ ညီမလေးရယ်၊
ညီမလေးရေ အထက်ကပြောခဲ့တဲ့ အကြောင်းအရာတွေဟာ ကမ္ဘာဦးက အကြောင်းအရာကြီးတွေ ဖြစ်နေတော့ လာပြီးရွှီးနေတယ် ထင်ရင် ထင်နေမလားပဲ ၊
ဒါဆို လက်တလောဖြစ်သွားခဲ့တဲ့ အကြောင်းအရာလေးကိုပြောချင်မယ်နော် ၊ တစ်ခါက စလုံးမှာနေတဲ့ ညီမလေးတစ်ယောက်ရှိပါတယ်၊ သူကဗုဒ္ဓဘာသာမဟုတ်ပါ ဘူး၊ခရစ်ယာန်ဘာသာပါ၊
ဒါပေမဲ့ သူနဲ့တွဲနေတဲ့ကောင်လေးက ဗုဒ္ဓဘာသာပါ၊ တစ်နေ့ ချစ်သူတို့ရဲ့ထုံးစံအတိုင်းလျှောက်လည်ကြပါတယ်၊ လည်ရင်းနဲ့ ညဉ့်နက်သွားတော့ ကောင်လေးက ကောင်မလေးကို သူ့တိုက်ခန်းမှာ အိပ်ဖို့ခေါ်ပါတယ်၊ ဒါပေမဲ့ ကောင်မလေးက“ဟင့်အင်း”လို့ ငြင်းပါတယ်၊
ဒါနဲ့ ကောင်လေးက ထပ်ပြီးနင်က လဲဟာ ဒို့ကနောက်ဆိုလက်ထပ်တော့မှာ တစ်ညလေးနဲ့ဘာမှမဖြစ်ပါဘူးလို့ ဈေးဆစ်တော့ ကောင်မလေးက “လက်ထပ်မှာမှန်ပေမဲ့ ငါကမြန်မာအမျိုးသမီးလေ၊ လက်မထပ်ပဲ အတူတူနေလို့ ဘယ်ဖြစ်မလဲ”လို့ထပ်ငြင်းကာ သူ့တိုက်ခန်းသူပြန်သွားပါတယ်လေ ၊
ညီမလေးရေ ဒီအဖြစ်အပျက်လေးမှာ သတိထားစရာကောင်းတာက ကောင်မလေးဟာ ဘာသာအနေနဲ့ ခရစ် ယာန်ဖြစ်ပေမဲ့ မြန်မာမြေမှာကြီးပျင်းလာရတဲ့အတွက် မြန်မာဆိုတဲ့စိတ်၊မြန်မာဆိုတဲ့ အသိဝင်နေပါတယ်၊ လက်မထပ်ပဲအတူနေတဲ့ အနောက်တိုင်းအယူအဆကိုလဲ လက်မ ခံခဲ့ပါဘူးလေ၊
ညီမလေးသာ အဲဒီလို အဖြစ်အပျက်မျိုးနဲ့ ကြုံလာရင် ဘယ်လိုဆုံးဖြတ်မလဲ၊ ဘယ်လိုဆုံးဖြတ်ရမယ်ဆိုတာ ဒီစာလေးတွေ ဖတ်ပြီးရင် ညီမလေး ဆုံးဖြတ်နိုင်မှာပါ၊
ဒါအပြင် ညီမလေးကို သတိပေးချင်တာ သာကီမျိုးဟေ့ ဒို့ဗမာလို့ သီချင်းထဲ၊ စာထဲမှာသာမက အပြင်တကယ့်လက်တွေ့ဘဝမှာလည်း ကြွေးကျော်နိုင်အောင် ကျိုးစားကြစေချင်တယ် ညီမလေးရယ်၊
ဒီလိုပြောပြတာဟာ လူမျိုးကြီးဝါဒကို လက်ကိုင်ထားလို့ ပြောပြတာ မဟုတ်ပါဘူး ညီမလေးရေ၊
တစ်ယောက်နဲ့ တစ်ယောက် အဆင့်အတန်းချင်း ပညာအရေအချင်းချင်း မတူညီကြရင် ထာဝရ လက်တွဲသွားတဲ့အခါ အဆင်မပြေတာတွေနဲ့ တွေ့ကြုံနိုင်လို့ သတိပေးစကား ဆိုထားရတာပါ၊
ညီမလေးချစ်နေတဲ့ သူဟာ ကိုယ်နဲ့ ဘာသာမတူ လူမျိုးမတူခဲ့ရင် အခုရေးပြတာလေးတွေကို ပြန်သတိရလိုက်နော် ညီမလေး။ ။
*************************
ဖိုးသူတော် (www.phothutaw.com)
Credit:ရွှေမန်းသား ( အရှင်အင်္ကုရ)တူညီလေးဖြာ သတိရပါ
ဒါပေမဲ့ သာကီဝင်မင်းသားမင်းသမီးတွေဟာ သူများတစ်ခြားလူူမျိုးများကို အိမ်ထောင်ပြုရင် ဇာတ်ပျက်မှာ စိုးတဲ့အတွက် အချင်းချင်းပဲ အိမ်ထောင်ပြုလိုက်ကြတယ်တဲ့ ညီမလေးရေ၊
Credit:ရွှေမန်းသား ( အရှင်အင်္ကုရ)
စိုးတဲ့အတွက် အချင်းချင်းပဲ အိမ်ထောင်ပြုလိုက်ကြတယ်တဲ့ ညီမလေးရေ၊
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top